ထိုင်းဆောက်လုပ်ရေးမှ မြန်မာလုပ်သား ၁၇ ဦး လုပ်အားခ ဘတ်တစ်သိန်းကျော်ပြန်ရ

ထိုင်းနိုင်ငံ ချွန်ဘူလီမြို့ရှိ ဆောက်လုပ်ရေးဆိုက် တစ်ခုတွင် အလုပ်လုပ်နေသည့် မြန်မာ အလုပ် သမား၃၁ ဦးသည် လုပ်အားခမရသည့်အတွက် အကူအညီ တောင်းခံခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက် တွင် အလုပ်သမားများနှင့်အတူ မြို့နယ် ဆဝါဒီကန် အလုပ်သမားရုံး တွင် သွားရောက်တိုင်ကြားခဲ့ပြီးနောက် ဒီဇင်ဘာ ၁၆ရက်တွင် ကနဦး ၁၇ ဦး စာအတွက် ရရှိ ခဲ့ကြောင်းသိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းအလုပ် ရှင်က မြန်မာအလုပ်သမား ၁၇ ဦး အတွက် ဘတ် ၁ သိန်းကျော် (၁၀၂ ၁၁၅ ဘတ်) ကို ကနဦးထုတ်ပေးခဲ့ပြီး ကျန်ရှိနေသည့် အလုပ်သမား ၁၄ ဦး အတွက် လာမည့်နှစ် ဇန်နဝါရီလ ၂၅ ရက်တွင် ပေးဆောင်မည်ဟု မြို့နယ် ဆဝါဒီကန်ရုံးတွင် ကတိပေးခဲ့ကြောင်း သိရသည်။
မြန်မာ အလုပ်သမားများ လုပ်အားခ ပြန်ရရန်အတွက် WAG မဟာမိတ်အဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

image