အမျိုးသမီးကစ်ဘောင်ဆင်တွင် မြန်မာကစားသမား (၂) ဦး ငွေတံဆိပ် (၂) ခု ရရှိ
၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲမှ အမျိုးသမီးကစ်ဘောင်ဆင်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတဲ့ မြန်မာအမျိုးသမီးဖိုက်တာ နှစ်ဦးဖြစ်တဲ့ မေသဇင်ထူးနဲ့ လင်းစန္ဒာဌေးတို့ဟာ ငွေတံဆိပ်ဆုများ ရယူပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
အမျိုးသမီးကစ်ဘောင်ဆင် (၅၂) ကီလိုတန်းပြိုင်ပွဲမှာ မေသဇင်ထူးဟာ ဆီမီးဖိုင်နယ်မှာ အင်ဒိုနီးရှားအမျိုးသမီးဖိုက်တာကို (၃-၀) မှတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
မေသဇင်ထူးဟာ ဗိုလ်လုပွဲမှာ အိမ်ရှင်ထိုင်းအမျိုးသမီးကစားသမား ရတ်တနာဖုန်းကို (၁-၂) မှတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
အမျိုးသမီးကစ်ဘောင်ဆင် (၅၀) ကီလိုတန်းပြိုင်ပွဲမှာ လင်းစန္ဒာဌေးဟာ ဆီမီးဖိုင်နယ်မှာ အိမ်ရှင်ထိုင်းအမျိုးသမီးဖိုက်တာကို (၈-၄) မှတ်နဲ့အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
လင်းစန္ဒာဌေးဟာ ဗိုလ်လုပွဲမှာ ဗီယက်နမ်အမျိုးသမီးကစားသမား ဟောင်ငီထုဂိုင်ကို (၂-၁၂) မှတ်နဲ့ ရှုံးနိမ့်ပြီး ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။