Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Wall Art Market Research: Statistics, Growth & Forecasts
Access full data [TOC, Charts, and Full Insights]: https://www.thereportcubes.com..../report-store/wall-a
Pocket Door Market Research: Statistics, Growth & Forecasts
Access full data [TOC, Charts, and Full Insights]: https://www.thereportcubes.com..../report-store/pocket
Pet Toys Market Overview: Scope, Value & Key Insights
Access full data [TOC, Charts, and Full Insights]: https://www.thereportcubes.com..../report-store/pet-to
Digital Thermometer Market Overview: Scope, Value & Key Insights
Access full data [TOC, Charts, and Full Insights]: https://www.thereportcubes.com..../report-store/digita
အမေရိကန်တွင် အစိုးရ ရပ်ဆိုင်းမှု ကြာမြင့်လာသဖြင့် လေကြောင်းလိုင်းများက လေယာဉ်ခရီးစဉ် ရာနှင့်ချီ၍ ဖျ-က်သိမ်း
အစိုးရ ရပ်ဆိုင်းမှု(shutdown)ကြောင့် အမေရိကန်ရှိ အဓိက လေဆိပ် ၄၀ တွင် ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့ (FAA) က လေယာဉ်အစီးပမာဏကို ကန့်သတ်ရန် စတင်တော့မည် ဖြစ်သဖြင့်၊ အဓိက လေကြောင်းလိုင်းကြီးများက ၎င်းတို့၏ နေ့စဉ် ထောင်ပေါင်းများစွာသော ပျံသန်းမှုများအနက် လေယာဉ်ခရီးစဥ် ရာနှင့်ချီ၍ ဖျ-က်သိမ်းရန် စီစဉ်နေကြောင်း ယနေ့သောကြာနေ့တွင်ပြောကြားခဲ့သည်။
American Airlines က ၎င်း၏ နေ့စဉ် ပျံသန်းမှု ၆,၀၀၀ ခန့်အနက် ပျံသန်းမှု ၂၂၀ ခန့်ကို ယနေ့သောကြာနေ့မှစ၍ ယခု သီတင်းပတ်ကုန်အထိ ဖျ-က်သိမ်းမည်ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
United Airlines ကလည်း ၎င်း၏ နေ့စဉ် ပျံသန်းမှု ၅,၀၀၀ ကျော်အနက် ပျံသန်းမှု ၂၀၀ အောက်ကို သီတင်းပတ်ကုန်အထိ ဖျ-က်သိမ်းရန် စီစဉ်ထားကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
Delta Airlines ကလည်း ၎င်းတို့၏ နေ့စဉ် ပျံသန်းမှု ၁၇၀ ခန့်ကို ဖျ-က်သိမ်းရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ရှိ အကြီးဆုံး လေကြောင်းလိုင်းသုံးခုဖြစ်သည့် American, United နှင့် Delta တို့သည် ထိခိုက်နစ်နာသော ခရီးသည်အများစုကို အခြားလေယာဉ်များတွင် လိုက်ပါနိုင်ရန် စီစဉ်ပေးနိုင်လိမ့်မည်ဖြစ်သသည်။
ဤ ဖျ-က်သိမ်းမှုများသည် အစိုးရ ရပ်ဆိုင်းမှု စတင်ခဲ့သည်မှာ တစ်လကျော်ကြာပြီးနောက် လေကြောင်း ခရီးသွားလာရေးအတွက် ဤအကြိမ်သည် အကြီးမားဆုံးသော အနှောင့်အယှက် ဖြစ်နိုင်ခြေရှိသည်။
ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း မိုင်းခွဲဖျ-က်ဆီးခံရမှုကြောင့် ရထားခရီးစဥ်(၂)ခုကို ယာယီရပ်ဆိုင်း
ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၏ သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာကြားရှိ ရထားလမ်းအား အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ နိုဝင်ဘာ ၇ ရက်နံနက်ပိုင်းက မိုင်းခွဲဖျ-က်ဆီးခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။
အမှတ် (၆၈၆) အစုန်ကျောက်ရထားသည် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ရထားလမ်းမိုင်တိုင် ၁၂၅/၁၈ နှင့် ၁၂၅/၁၉ ကြားအရောက် အကြမ်းဖက်အဖွဲ့မှ ရထားလမ်းအားမိုင်းခွဲဖျ-က်ဆီးသဖြင့် ကျောက်ရထား၏ စက်ခေါင်းအပါအဝင် ရထားတွဲ (၄) တွဲလမ်းချော်ခဲ့ပြီး ရ ထားသံလမ်း (၂) ဆက်ခန့်ပျ-က်စီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များနှင့် မြန်မာ့မီးရထားမှတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ပျ-က်စီးသွားသည့် ရထားသံလမ်းအား ပြန်လည်ပြင်ဆင်နိုင်ရေးနှင့် လမ်းချော်နေသည့် ရထားတွဲများအား ပြန်လည်တည့်မတ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေမှုများကြောင့် ယနေ့ နိုဝင်ဘာ ၇ ရက်တွင် မော်လမြိုင်ဘူတာကြီးမှထွက်ခွာမည့် အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန်ရထားနှင့် ရန်ကုန်ဘူတာကြီးမှထွက်ခွာမည့် အမှတ် (၈၁) အဆန် ရန်ကုန်- မော်လမြိုင်ရထားခရီးစဥ်(၂)ခုအား ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ယာယီရပ်ဆိုင်းခဲ့ရမှုကြောင့် ယင်း ခရီးစဥ်များတွင်လိုက်ပါရန် လက်မှတ်ဝယ်ယူထားသူများ၏ ရထားလက်မှတ်ခများအား မော်လမြိုင်ဘူတာကြီးရှိ နေ့ချင်းလက်မှတ်ရုံ၌ နံနက် ၈ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။
Grade 12 အထိ မတက်လိုပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်
ပညာရေးကဏ္ဍတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများသည် Grade 12 အထိ မတက်ရောက်လိုပါက Grade -9 အောင်မြင်ပြီးသည်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်သည့် ကျောင်းများရှိနေကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။
ထိုကျောင်းများမှတဆင့် အဆင့်မြင့် စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ဆက်လက်ဆည်းပူးသင်ကြားနိုင်မည်လည်း ဖြစ်သည်။
လက်ရှိ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ ဖွင့်လှစ်ထားရှိမှုအနေဖြင့် (၈၉)ကျောင်း ရှိလာကြောင်း သိရသည်။
ထိုကျောင်းများကို ၂၀၂၃-၂၀၂၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အရည်အသွေးပြည့်ဝသည့် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် ချိတ်ဆက်ပေါင်းကူးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။
ထိုကျောင်းများ၌ Grade-10 တွင် ကျောင်းသား ကျောင်းသူ ငါးထောင်ကျော်၊ Grade -11 တွင် ကျောင်းသား ကျောင်းသူ ငါးထောင်ကျော်နှင့် Grade -12 တွင် ကျောင်သား ကျောင်းသူ သုံးထောင်ကျော် တက်ရောက်လျက်ရှိကြောင်းလည်း သိရသည်။
ထို့ကြောင့် Grade-9 ပြီးမြောက်ပါက ပညာဆက်လက်သင်ယူနိုင်ရန် ကျောင်းသား ကျောင်းသူများအနေဖြင့် တက်ရောက်လိုသည့် အခြေခံပညာဘာသာရပ်တွင် သက်မွေးပညာများဖြစ်သည့် စက်မှုနည်းပညာနှင့် စိုက်ပျိုးရေးနည်းပညာကို သင်ယူလေ့လာခွင့်ရရှိနိုင်မည်ဖြစ်သည်။