ငလျင်ဒ-ဏ်ကြောင့် ပျ-က်စီးသွားသည့် ဝန်ထမ်းအိမ်ရာများပြုပြင်ခြင်းနှင့် အိမ်ရာအသစ်များ ဆက်လက်တည်ဆောက်နေ
အပြာရောင်အဆင့် သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာ ၆၈၃ လုံးရှိသည့်အနက် ၆၇၅ လုံး ပြင်ဆင်ပြီးဖြစ်
မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့သော နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာများပြုပြင်လျက်ရှိရာတွင် နိုင်ငံတော်က အိမ်ရာအသစ်များ တည်ဆောက်ပေးနေရာ ပျ-က်စီးမှုနည်းသော အပြာရောင်အဆင့် သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာ ၆၈၃ လုံးရှိသည့်အနက် ၆၇၅ လုံး ပြင်ဆင်ပြီးဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ပျ-က်စီးခဲ့ရသော အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ပျက်စီးမှုအဆင့်အလိုက် အပြာရောင်၊ လိမ္မော်ရောင်နှင့် အနီရောင်အဆင့် ခွဲခြားသတ်မှတ်၍ အဆင့်အလိုက် ပြင်ဆင်ဆောင်ရွက်ရန် စီမံဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
ထိုနည်းတူ လိမ္မော်ရောင်အဆင့် ဝန်ထမ်းအိမ်ရာ ၄၂၆ လုံးရှိသည့်အနက် အလုံး ၆၀ ပြင်ဆင်ပြီးဖြစ်ကာ ဝန်ထမ်းများ ပြန်လည်နေရာချထားမှုအနေဖြင့် အမှုထမ်း၊ အရာထမ်း စုစုပေါင်း ၁၁၅၈၅ ဦးအား မူလအိမ်ခန်းများတွင် ပြန်လည်နေရာချထားပြီးဖြစ်သည်ဟုလည်း သိရသည်။
ထို့ပြင် အသစ်ပြန်လည်တည်ဆောက်နေသည့် နေပြည်တော်ကောင်စီနယ်မြေ အကွက်အမှတ်(၈-က)ရှိ ဝန်ထမ်းအိမ်ရာ အဆောက်အဦးသစ်များကိုလည်း မဂ္ဂနီကျု ၈ အထိ ငလျင်ဒ-ဏ်ခံနိုင်စေရေး စနစ်တကျ တွက်ချက်တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု သိရသည်။