39 w - Translate

iOS 26 မှာ လူတိုင်း မကြိုက်ကြတဲ့ Feature က Liquid Glass ဖြစ်နေမလားပဲ?
Liquid Glass လို့ စင်ပေါ်မှာပြောခဲ့ပြီး အခု တိုင်ပတ်နေတာက Apple ပါပဲ
iOS 26 Beta 1 မှာတည်းက Liquid Glass ရဲ့ Transparency တွင်းဖောက်မြင်နိုင်မှုက အရမ်း များနေတော့ ကွန်းပလိန်းဝိုင်းတက်ခဲ့ကြလို့ iOS 26 Beta 2 မှာ Transparency ကိုပြန်လျှော့ခဲ့ရပါတယ်
နောက်ထပ် Beta တွေမှာ Liquid Glass ရဲ့ Transparency ကိုလျှော့လိုက် ၊ တိုးလိုက် နဲ့ Apple တစ်ယောက် တိုင်ပတ်နေတာ အခုဆို iOS 26.1 Beta 4 ကိုရောက်ခဲ့ပါပြီ
ပြောရရင် Beta ပေါင်း 13 လောက်ရှိနေပါပြီ
ဒါ့အပြင် iOS 26 Official Release ကလည်း လုပ်ပြီးပါပြီ
ဒီအထိတောင်မှ Liquid Glass ကို တည်ငြိမ်အောင် Apple မလုပ်နိုင်သေးပါဘူး
ဒါနဲ့ပဲ iOS 26.1 Beta 4 မှာတော့ Liquid Glass ကို ဘယ်လိုထားမလဲ ရွေးနိုင်တဲ့ Option ထည့်ပေးလာရပြီပဲဖြစ်ပါတယ်
Mode (2) မျိူးရွေးနိုင်မယ် Clear နဲ့ Tinted ပါ
Clear ကတော့ Liquid Glass ကို ပိုပြီးတွင်းဖောက်မြင်နိုင်မယ့်ပုံစံမျိူး
Tinted ကတော့ Contrast ပိုများပြီး တွင်းဖောက်မြင်ရတာပိုနည်းမယ်ပေါ့
Apple ကနေ အခုလို Software UI အတွက် Option ထည့်ပေးတယ်ဆိုတာ တိုးလိုက် ၊ လျှော့လိုက်လုပ်ရင်း အကြံကုန်လို့ Option ပဲရွေးကြပါတော့ဆိုပြီး ထည့်ပေးရတဲ့ပုံပါပဲ
ကျနော်ကတော့ ဒါက အဆုံးသတ်လို့မထင်ပါဘူး Social Media တွေမှာ ဝိုင်းပြောနေကြတဲ့ Liquid Glass ရဲ့ Transparent ကို အတိုးအလျှော့လုပ်နိုင်တဲ့ Slider ပါထည့်ပေးလာမယ်လို့ ခန့်မှန်းမိပါတယ်

image

အနားမှာ ဘယ်သူမှမရှိလည်း တစ်ယောက်တည်း ဖြစ်အောင် နေရတာပဲမလား ၊ တစ်ယောက်တည်း ဖြစ်အောင် နေရတာချင်း အတူတူ “သူမရှိရင် မဖြစ်ဘူး ၊ သူရှိမှ ဖြစ်မယ်” ဆိုတာမျိုးတွေးပြီး စိတ်ပင်ပန်းခံမနေပါနဲ့ ။
ဘယ်လောက်ချစ်တဲ့သူပဲဖြစ်ဖြစ် ကိုယ့်အနားမှာ အချိန် ပြည့်တော့ ရှိနေမပေးနိုင်ပါဘူး ။ တစ်ချိန်မဟုတ်တစ်ချိန်တော့ ခွဲနေရမှာပါပဲ ။ ရှင်သန်ချိန်မှာ မခွဲရလည်း သေချိန်ကျရင်တော့ သေချာပေါက် ခွဲရမှာပဲလေ ။
သူများကို မှီခိုချင်တဲ့စိတ် ၊ အားကိုးချင်တဲ့စိတ် ၊ ဖက်တွယ်ချင်တဲ့စိတ် ၊ သူမရှိရင် မဖြစ်ဘူးဆိုတဲ့စိတ် အဲဒီစိတ်တွေဟာ ကိုယ့်ခွန်အားကို ချည့်နဲ့စေတတ်သလို ကိုယ့်ဘဝကိုလည်း ယိုင်နဲ့ပြိုလဲစေတတ်ပါတယ် ။ ဒါကြောင့် ကိုယ့်အနားမှာ ဘယ်သူမှရှိရှိ ၊ မရှိရှိ အဆင်ပြေအောင် နေပါ ၊ နေတတ်အောင် နေပါ ။ ဘယ်သူ့ကိုမှ အလွန်အကျွံ အားမကိုးပါနဲ့ ။ ဘယ်သူ့ကိုမှ အရမ်းကြီး ဖက်တွယ်မထားပါနဲ့ ။ ဘယ်သူ့ကိုမှ သိပ်ပြီး တမ်းတမနေပါနဲ့ ။ ဘယ်သူ့ကိုမှ သူ မရှိရင် မဖြစ်ဘူးဆိုတဲ့စိတ် မမွေးပါနဲ့ ။
#မောင်ဘုန်း (သပြု)

image
39 w - Translate

၂၀၂၅ ခုနှစ် Talker Research က Bezel Wines ရဲ့ ရန်ပုံငွေပံ့ပိုးမှုနဲ့ အမေရိကန်ပြည်ထောင်စုတစ်ဝန်းက အမျိုးသမီး ၂,၀၀၀ ကို စစ်တမ်းကောက်ယူ လေ့လာခဲ့ရာ အမျိုးသမီတွေရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ လူမှုရေးဆိုင်ရာ လိုအပ်ချက်တွေကို တွေ့ရှိခဲ့ရပါတယ်
စစ်တမ်းဖြေဆိုသူ အမျိုးသမီး ၇၈% ဟာ သူငယ်ချင်းတွေနဲ့ အပြင်ထွက် လည်ပတ်ခြင်းဟာမရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ် ထူးခြားတာက ဒါကို ရံဖန်ရံခါ ပျော်ပါးမှု သက်သက် မဟုတ်ဘူးလို့ ခံယူထားကြတာပါ
အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်လန်းဆန်းစေဖို့ လူမှုရေးအရ ဆက်သွယ်မှုရှိနေဖို့ နဲ့ ဘဝမှာနေရတာ ပျော်တယ်ဆိုတာကို ခံစားရဖို့အတွက် ပျမ်းမျှအားဖြင့် ၂၂ ရက်လျှင် တစ်ကြိမ်အပြင်ထွက်ဖို့ လိုအပ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်
ဒီလေ့လာမှုအရ သူငယ်ချင်းတွေနဲ့ ပုံမှန် ပေါင်းသင်းဆက်ဆံခြင်းက စိတ်ဖိစီးမှုကို လျှော့ချရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်နေတာကို တွေ့ရပါတယ်
ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ရယ်မောခြင်း၊ ဘဝအတွေ့အကြုံ ဇာတ်လမ်းတွေ ဖလှယ်ပြောဆိုခြင်း နဲ့ အဖျော်ယမကာတွေသောက်သုံးခြင်းတို့က ၎င်းတို့အား စိတ်ပိုင်းဆိုင်ရာကို ပြန်လည်ပြင်ဆင်ရန်အထောက်အကူပြုကြောင်း ပြောကြားခဲ့ကြပါတယ်
အဲ့လိုအပြင်ထွက်ခြင်းဖြင့် အလုပ်၊ မိသားစုတာဝန်တွေနဲ့ နေ့စဉ် ထပ်တလဲလဲ လုပ်ရတဲ့ အလုပ်တွေရဲ့ ဖိအားတွေမှ ခေတ္တခဏ လွတ်မြောက်အနားယူနိုင်တယ်လို့လည်း ဖြေဆိုခဲ့ကြပါတယ်
ဒီလေ့လာမှုဟာ ပညာရပ်ဆိုင်ရာ စစ်ဆေးအတည်ပြုခြင်းကို မခံယူရသေးပေမဲ့လည်း တွေ့ရှိချက်တွေဟာ စိတ်ပညာပညာရှင်တွေလက်ခံထားတဲ့ အမှန်တရားနဲ့ ကိုက်ညီနေပါတယ်
သူငယ်ချင်းတွေ နဲ့ ရည်ရွယ်ချက်ရှိရှိ အချိန်ပေးခြင်းဟာ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ခြင်း၊ စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်ခြင်း နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေကို ခိုင်မာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်
တစ်နည်းအားဖြင့်ဆိုသော် အမျိုးသမီးတွေအတွက် သူငယ်ချင်းတွေနဲ့ အပြင်ထွက်ခြင်းဟာ ပျော်ရွှင်စရာတစ်ခုထက် ကျော်လွန်ပြီး နေ့စဉ်ဘဝကို ကျန်းမာစွာ ဖြတ်သန်းနိုင်ရန် စိတ်ပိုင်းဆိုင်ရာအရလိုအပ်နေကြောင်းကို ဒီလေ့လာမှုက ပြသနေပါတယ်
#whatthefacts #knowledge #facts #ဗဟုသုတ

image
39 w - Translate

The Boy and the Heron (2023)

မဟိတိုဆိုတဲ့ကောင်လေး အမေဟာ ဆေးရုံမီးလောင်မှုမှာဆုံးပါးသွားခဲ့ပါတယ်။

မဟတိုဟာ နောက်တော့ သူ့အဖေနဲ့အတူ တိုကျိုမြိုကနေထွက်ခွာပြီး နယ်မြေလေးကိုပြောင်းရွှေ့ခဲ့တာပါ။

အဲ့ဒီနယ်မြိုလေးမှာက မဟိတိုရဲ့မိထွေးဖြစ်သူဟာ နေထိုင်နေတာလေ။

တရက်ကျတော့ ငဟစ်ငှက်ကြီးတစ်ကောင်ပေါ်လာပြီး မဟိတိုရဲ့အမေမသေသေးကြောင်း မဟိတိုကိုလာပြောပါတယ်။

အမေကိုပြန်တွေ့ချင်ရင် သူ့နောက်လိုက်ခဲ့ဖိုပါထပ်ပြောတယ်လေ။
နောက်ရက်အနည်းငယ်ကြာတော့ မဟိတိုရဲ့မိထွေးဟာ ပျောက်သွားခဲ့တယ်။

အဲ့လိုနဲ့မဟိတိုဟာ မိထွေးဖြစ်သူကိုလိုက်ရှာရင်းကနေ ငဟစ်ငှက်ကြီးနဲ့ပြန်ဆုံပါတယ်။
ငဟစ်ငှက်ကြီးဟာ တကယ်တော့.......

😍ကြည့်ရန်နှိပ်ပါ👇

t.me/animemovie1005/341

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

မနေ့က သတင်းတင်ဆက်ပေးခဲ့တဲ့ အလည်လာတဲ့ ဧည့်သည်တစ်ယောက်ဖြစ်တဲ့ ကြယ်တံခွန် Comet C/2025 A6 (Lemmon) ကမ္ဘာ အနားကဖြတ်သန်းသွားတာကို မြန်မာနိုင်ငံက နက္ခတ်တာရာဝါသနာရှင်နဲ့ ကြယ်လေ့လာသူ တစ်ဦးဖြစ်တဲ့ ကိုမျိုးလှိုင်က အာကာသ ပုံရိပ် ဖမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
Comet C/2025 A6 ဟာ ကြယ်တံခွန်တစ်ခုဖြစ်ပြီး နေကို နှစ်ပေါင်း ၁၃၅၀ ခန့် ကိုတစ်ကြိမ် လှည့်ပတ်နေတာ ပဲဖြစ်ပါတယ်။ဒီနေ့ကနေ လာမယ့် အောက်တိုဘာလ ၂၈ ရက်နေ့အထိ သူ့ကို မြင်ရနိုင်ချေရှိနေသေးတာကြောင့် လေ့လာဖို့ကောင်းတဲ့ ကြယ်တံခွန်တစ်ခုလည်းဖြစ်ပါတယ်။
သူ့အကြောင်း အသေးစိတ်ကိုတော့ အောက်က comment မှာ သွားရောက်ဖတ်ရူ့နိုင်ပါတယ်။
Happy hunting .....
~MASES
Credit Photo by Myo Hlaing

image
39 w - Translate

☀️28 Weeks Later
2007 ‧ Horror/Sci-fi ‧ 1h 40m

Zombie ကားလိုမျိုး တစ်တိုင်းပြည်လုံးဗိုင်းရပ်စ်ကူးစက်ခံရလိုပြေးရတဲ့ Survival ကားမျိုးကြိုက်သူတွေအတွက် 2007ခုနစ်ခုနှစ်ကထွက်ရှိထားတဲ့ 28 weeks later ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားမှာ Jeremy Rennerလည်းပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့
အင်္ဂလန်နိုင်ငံမှာ ကုသလိုမရတဲ့ဗိုင်းရပ်စ်တစ်မျိုးကူးစက်ပြန့်ပွားနေပြီး တစ်နိုင်ငံလုံးနီးပါးရောဂါကူးစက်ခံထားရပါတယ် ခြောက်လအကြာမှာတော့ ကူးစက်ခံထားသူတွေဟာအစာငတ်မွတ်မှုကြောင့်သေဆုံးသွားကြပါတယ် လန်ဒန်ကနေရာတစ်ခုမှာ ဗိုင်းရပ်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ပြီး အသက်ရှင်လွတ်မြောက်လာတဲ့သူတွေကအဲ့မှညပဲနေရပါတယ် အမေရိကန်စစ်တပ်နဲ့ဆေးအဖွဲကလည်း ပြန်လည်ထူထောင်ရေးအတွက်ကူညီပေးနေပါတယ်တမ်မီနဲ့အန်ဒီတိုမောင်နှမနှစ်ယောက်ဟာ ကျောင်းလေ့လာရေးခရီးသွားနေတာကြောင့် ဒီဖြစ်ရပ်နဲ့မကြုံတွေ့လိုက်ရပါဘူး သူတိုပြန်ရောက်လာတဲ့အခါမှာတော့ အသက်ရှင်သူတွေထဲမှာ သူတိုအဖေပဲပါလာပြီး သူတိုအမေပါမလာတော့တာကိုတွေ့လိုက်ရပါတယ် သူတိုနှစ်ယောက်သူ့အမေရဲ့ဓာတ်ပုံကိုလိုချင်လို လုံခြုံတယ်လိုသတ်မှတ်ထားတဲ့နေရာကိုကျော်ပြီး သူတိုအရင်အိမ်ကိုပြန်သွားရာကနေ ဗိုင်းရပ်စ်ပိုးပြန်လည်ပြန့်ပွားလာတဲ့အခါ……..

🚨📺Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯

☄️✏️Channel Link ကိုအရင် Join ပါဗျ👇👇

https://t.me/addlist/wZvYAaIr8Mk3MmU1

📺🔥အပေါ်က Link ကို Join ပြီးမှနိပ်ပါ 👇👇

https://t.me/zatkarsone7/1122

image

အမေရိကန်ဒေါ်လာ ၂.၆၆၇ သန်း ဗဟိုဘဏ် ရောင်းပေး

အောက်တိုဘာ ၂၃

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၂.၆၆၇ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၂၂ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။

FX Trading မှာ ဆောက်လုပ်ရေးပစ္စည်း၊ တိရစ္ဆာန်အစာ၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ တိရစ္ဆာန်အစာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ထုတ်ပိုးမှုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ သံမဏိ၊ စားသုံးကုန်စည် တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။

ဗဟိုဘဏ်အနေနဲ့ အောက်တိုဘာလ ၂၂ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၃၈ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။

image

အမေရိကန်ဒေါ်လာ ၂.၆၆၇ သန်း ဗဟိုဘဏ် ရောင်းပေး

အောက်တိုဘာ ၂၃

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၂.၆၆၇ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၂၂ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။

FX Trading မှာ ဆောက်လုပ်ရေးပစ္စည်း၊ တိရစ္ဆာန်အစာ၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ တိရစ္ဆာန်အစာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ထုတ်ပိုးမှုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ သံမဏိ၊ စားသုံးကုန်စည် တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။

ဗဟိုဘဏ်အနေနဲ့ အောက်တိုဘာလ ၂၂ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၃၈ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။

image

缅甸农村

image

缅甸农村

image