16 w - Translate

ဂျမေကာနိုင်ငံက N. Gray ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ Super Lotto ထီပေါက်သွားပါတယ်။ ထီပေါက်တဲ့အကြောင်းအရာထက် ပိုသဘောကျစရာကောင်းသွားတာကတော့ သူမရဲ့ ထီဆုလာထုတ်ယူပုံပဲ။ ဘယ်လိုသွားထုတ်ခဲ့တာလဲဆိုတော့…မျက်စိတစ်ဖက်မှိတ်ပြနေတဲ့ Emoji မျက်နှာဖုံးကြီး ဝတ်ပြီး သွားထုတ်ခဲ့လို့ပါ။ ဘာလို့လဲဆိုတော့ အမျိုးတွေ မသိစေချင်ဘူးတဲ့လေ 🤣
အံ့ဩစရာတော့ မဟုတ်ပါဘူး။ ထီပေါက်တာကို လူအများသိတဲ့အခါ အလုအယက်ခံရတာ၊ ဒါမှမဟုတ် ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းတွေက ငွေတောင်းတာ၊ ပိုက်ဆံချေးတာမျိုးတွေ ကြုံရနိုင်တယ်လေနော်။ သူ အခုလို မျက်နှာဖုံးနဲ့ တက်ယူလိုက်တော့ လူသိရှင်ကြား ထီပေါက်ကြောင်း ကြေညာလို့လည်းရသလို သူ့ဘဝ လုံခြုံမှုနဲ့ စိတ်အေးချမ်းမှုကိုလည်း လုံးဝမထိခိုက်တော့ဘူးပေါ့ 😇
ရယ်စရာလိုလိုထင်ရပေမဲ့ တကယ့်တကယ်တော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ လုပ်ရပ်ပါပဲ 😎
ကဲ... ထီကံ၊ ကံစမ်းမဲကံကတော့ ဘယ်တော့လာမယ်မှန်းမသိပေမယ့် ဆုထုတ်ယူတဲ့အခါ သုံးဖို့ မျက်နှာဖုံးလေးလောက်တော့ အသင့်ပြင်ထားလိုက်ကြတော့မလား...😝

image

လာမည့် အောက်တိုဘာ ၁ ရက်မှ စတင်၍ ​မြန်မာနိုင်ငံသားများ မလေးရှားသို့ ဗီဇာမလိုဘဲ ၁၄ ရက်ကြာ သွားရောက်လည်ပတ်နိုင်မည်

စက်တင်ဘာ ၂၆

လာမည့် အောက်တိုဘာ ၁ ရက်မှ စတင်၍ ​မြန်မာနိုင်ငံသားများ မလေးရှားသို့ ဗီဇာမလိုဘဲ ၁၄ ရက်ကြာ သွားရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

​၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ တရားဝင် မြန်မာနိုင်ငံကူးလက်မှတ် (Myanmar Passport) ကိုင်ဆောင်သူများသည် မလေးရှားနိုင်ငံသို့ ကာလတိုလူမှုရေး လည်ပတ်ခရီး သွားရောက်ခြင်းအတွက် ဗီဇာကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်းနှင့် ဤကင်းလွတ်ခွင့်ဖြင့် ခွင့်ပြုထားသော အများဆုံးနေထိုင်ခွင့်ကာလမှာ ၁၄ ရက် ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော် ​ဗီဇာကင်းလွတ်ခွင့် ရရှိခြင်းသည် မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ကို အာမခံသည်မဟုတ်ဘဲ၊ သတ်မှတ်ဝင်ထွက်ပေါက်များရှိ လူဝင်မှု ကြီးကြပ်ရေးအရာရှိ၏ ခွင့်ပြုချက်အပေါ် မူတည်သည်ကို သတိပြုသင့်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားပြီး မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရရန် လိုအပ်သည့် အထောက်အထားများအားလုံးပြည့်စုံစွာ ယူဆောင်သွားရန် လိုအပ်မည်လည်းဖြစ်သည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
---------------------------------------------------
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်
==========================================
ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ် နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက် ဘက်သို့ရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်‌တောင်ပိုင်း ကမ်းလွန်-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေ)တို့တွင် နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ ၂၇-၉-၂၀၂၅ ရက်နေ့တွင် ဩရိဿပြည်နယ်‌တောင်ပိုင်း-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

image
16 w - Translate

ချစ်တဲ့သူဟာတော့ ချစ်နေမှာပါပဲ တဲ့ ။
ဒီစကားလေးနဲ့ အကျွမ်းတဝင်ရှိကြမယ်ထင်ပါတယ်။
တကယ်လက်တွေ့မှာလည်း
ချစ်တဲ့သူက အကြောင်းပြချက်တွေမရှိဘဲ
ကိုယ်ဘယ်လိုပဲဖြစ်ဖြစ် ဆက်ပြီးရွေးချယ်နေမှာလေ။
လုပ်ယူထားစရာမလိုဘဲ
ကိုယိ့ရဲ့ ဖြစ်တည်မှုအတိုင်း တန်ဖိုးထားပေးမယ့်
အချစ်ရဆုံးသူစိမ်းလေးတစ်ဦးပေါ့လေ။
မချစ်တဲ့သူဆိုတာ…
ကိုယ်ဘယ်လောက်ပဲ ကြိုးစားနေပါစေ
ကိုယ့်ကိုအသိအမှတ်ပြုမှာမဟုတ်သလို
ချစ်တဲ့သူဆီကျတော့လည်း
ကိုယ့်ရဲ့ဘာမှမကြိုးစားထားတဲ့
နဂိုမူလလေးကိုပဲ လက်ခံပေးပြန်တယ်။
ချစ်ခြင်းမေတ္တာဟာ …
လုပ်ယူခြင်းတွေမဟုတ်ဘူး။
ကိုယ့်ကိုယ်ရွေးချယ်မယ့်သူဆိုက
နောင်ဆုံးထွက်သက်ထိ
ကိုယ့်လက်ကလေးကို မြဲစွာ
ဆုပ်ကိုင်ထားမယ်ဆိုတာအသေချာပါပဲ ။
လူရွေးမှန်သွားတဲ့အခါ
ဘဝတစ်ခုလုံးမှာ အဲ့ဒီလူကြောင့်ပဲ
ထပ်ခါတလဲလဲ ပျော်ရွှင်သွားကြရတာပဲမဟုတ်လား။
ဘယ်လိုပဲဖြစ်ဖြစ်
ချစ်တဲ့သူဟာတော့ ချစ်နေမှာပါပဲ …

image

☸ ဆရာဝန်နဲ့ ပြသဖို့လိုအပ်တဲ့ လက်ထုံခြင်း ဆိုင်ရာအချက်များ ☸
သာမန်လူတစ်ယောက် အနေနဲ့ လက်ထုံခြင်း ၊ လက်ကျဉ်ခြင်းတွေကို ဖြစ်ဖူးကြမယ် ထင်ပါတယ်။ ဒီလို လက်ထုံခြင်းတွေဖြစ်ပေါ်ခဲ့ရင် စိတ်အနှောက်အယှက် ဖြစ်စေတာကတော့ အမှန်ပါပဲ။
များသောအားဖြင့် ထိုအခြေအနေတွေမှာ ဆေးဝါးများ မှီဝဲခြင်းဖြင့် ဖြေရှင်းတတ်သူများလည်း ရှိပါတယ်။ ဒါ့အပြင် တချို့သော် လက်ထုံခြင်းတွေဟာ ရောဂါများ နှင့် ဆက်စပ်ပြီး ဖြစ်ပေါ်စေတတ်တာကြောင့် ယခုဖော်ပြပေးမည့် လက်ထုံခြင်းဆိုင်ရာ အချက်များဖြစ်ပေါ်ခဲ့လျှင် ဆရာဝန်များနှင့် ပြသဖို့လိုအပ်ပါတယ်။
၁။ လေဖြတ်ခြင်း
လေဖြတ်ခါနီး အချိန်တွေမှာ လက်ထုံခြင်းဟာ စိုးရိမ်းစရာ လက္ခဏာ တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဒီလို ထုံခြင်း နှင့် အားနည်းခြင်းတွေဟာ ရုတ်တရက် ခန္ဓာကိုယ် တစ်ဖက်တစ်ခြမ်းမှာပဲ ဖြစ်ပေါ်လာတတ်ပါတယ်။ အခုလိုအခြေအနေတွေမှာ လေဖြတ်နိုင်ခြေရှိတဲ့လူတစ်ယောက် အနေဖြင့် သူတို့ရဲ့ လက်မောင်းတွေကို မြှောက်လိုက်တဲ့အခါ ခက်ခဲနေ တတ်ပါတယ်။ ဒါဟာ လေဖြတ်ခြင်းနှင့် ဆက်စပ်တဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပြီး တခြား စိုးရိမ်းဖွယ်ရှိတဲ့ လက္ခဏာတွေကိုလည်း သိထားဖို့လည်း လိုအပ်ပါတယ်။
၂။ လက်အကြောကပ်ခြင်း
နောက်ထပ် အဖြစ်များလေ့ရှိတာကတော့ လက်အကြောကပ်ခြင်း ဖြစ်ပါတယ်။ လက်မှာရှိတဲ့ အဓိက အာရုံကြောလေးများထဲမှ အာရုံကြော တစ်ခုကို ညှစ်မိ သို့မဟုတ် ဖိမိ တဲ့အခါ လက်ကြောကပ်ခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ အခုလို အကြောကပ်လာသည့်အပြင် တဆစ်ဆစ် နာကျင်လာမယ် ၊ လက်ကိုက်မယ် ၊ အကြောအားနည်းလာခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါတွေဟာ ရောဂါဖြစ်ခြင်း၏ ရှေ့ပြေး လက္ခဏာများ ဖြစ်တာကြောင့် ဆရာဝန်များ နဲ့ ပြသဖို့ လိုအပ်ပါတယ်။
၃။ လည်ပင် နှင့် ပခုံး တစ်ဝိုက် ထုံခြင်း
လည်ပင် အောက်ခြေမှာရှိတဲ့ ညှပ်ရိုး နဲ့ ပထမဦးဆုံး နံရိုးကြားမှာ ရှိတဲ့ သွေးကြောများ နှင့် အာရုံကြောတွေကို ဖိမိသွားတဲ့ အခါတွေမှာ လည်ပင် နှင့် ပခုံး တစ်ဝိုက် ထုံခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုဝေဒနာတွေဟာ များသောအားဖြင့် အမျိုးသမီးတွေမှာ အဖြစ်များလေ့ရှိပြီး လက် ၊ လည်ပင် နှင့် ပခုံးတွေမှာ နာကျင်ကိုက်ခဲခြင်း ၊ ထုံခြင်း ဒါမှမဟုတ် အရာတစ်ခုခု ကိုင်တွယ်ရာတွင် အားမရခြင်းတွေကို ခံစားရပါတယ်။
အမျိုးသမီးအများစုအနေဖြင့် ဒီလိုအခြေနေတွေကို ဇတ်ကြောတက်တယ်လို့ ယူဆကြပါတယ်။ အိမ်အလုပ်လုပ်ရတဲ့ အမျိုးသမီးအများစုကတော့ လက်မောင်းအရိုးထဲက တဆစ်ဆစ်ကိုက်ပြီး ညဘက် အိပ်မရခြင်းတွေကို ဖြစ်စေတက်ပါတယ်။ ဒီလိုဖြစ်လာပြီးဆိုရင် တက်နိုင်သမျှ စောစော ဆရာဝန်များနှင့် ပြသင့်ပါတယ်။
၄။ လက်များဖြူဖပ်ဖြူရော် ဖြစ်ခြင်း သို့မဟုတ် သွေးမလျောက်တဲ့ရောဂါ
အေးတဲ့အချိန်အခါတွေမှာ သင့်ရဲ့ လက်ချောင်းများ ဟာ အေးနေပေမယ့် အအေးဓာတ်ကို သင်ကိုယ်တိုင် မသိနိုင်ပါဘူး။ (ဥပမာ - တစ်စုံတစ်ယောက်က သင့်ရဲ့ လက်ကို ကိုင်တွယ်လိုက်တဲ့အခါ အေးနေပေမယ့် သင်ကိုယ် အေးနေတာကို မသိနိုင်ခြင်း ) ။ ဒီလို ဖြူဖပ်ဖြူရော် ဖြစ်နေတာကို ဝေဒနာ ခံစားရနေတယ်လို့ မသိရှိနိုင်ပဲ ဒါကို တစ်ချို့လူတစ်ယောက် အနေဖြင့် အရမ်းအေးစက်တယ်လို့ဘဲ ထင်မြင်လေ့ရှိပါတယ်။ ဒီရောဂါဟာဆိုရင် အအေး ပမာဏများလာတဲ့အခါ အစပြုလာတတ်ပါတယ်။ ဒီရောဂါစဖြစ်လာတဲ့အခါ လက်ချောင်း ဒါမှမဟုတ် ခြေချောင်းတွေ စတင် ဖြူလာတတ်ပါတယ်။
ဒီလိုဖြူလာပြီဆိုရင် လက်ချောင်းတွေစတင် အေးစက်လာမယ် ၊ အပြာရောင်ဘက်သို့ တဖြည်းဖြည်း ပြောင်းလဲလာတက်ပြီး နောက်ဆုံး ထုံ သွားတတ်ပါတယ်။ ဒီလို သွေးမလျောက်တဲ့ ရောဂါ ဖြစ်ပေါ်လာရတဲ့ အကြောင်းကတော့ သွေးတွေဟာ အကန့်သတ်ဖြင့် စီးဆင်တာကြောင့် ဖြစ်ပါတယ်။ နောက်ဆုံး အဆိုးဆုံး အခြေအနေထိရောက်လာခဲ့ရင် ခြေတွေ ၊ လက်တွေကို ပါ ဖြတ်ပစ်ရတဲ့ အထိ ဖြစ်ပေါ် စေနိုင်ပါတယ်။
Credit original writter

image

လျှာဂျွန်းပြန် မြေပဲကြော် 😋😋😋😋
ပျဥ်းတော်သိမ်းရွက်မွှေးမွှေးလေးနဲ့အရသာစပ်ရှိန်းရှိန်းလေး ရှယ်စားကောင်းသော😋😋ကလေးလူငယ်လူကြီးအကြိုက်တွေ့စေမှာအမှန်😊အိမ်မှာတော့၂၅ကျပ်သားတစ်ထုပ် ၂ရက်ဆိုကုန်ပီ😁ဟင်းတခွက်လိုလည်းစား😋အဆာပြေလည်းစား😋အားနေလည်းစား😋အလုပ်လုပ်ရင်းလည်းစား😋ကားမောင်းရင်းလည်းစား😛😋😋
အစပ်အဟပ်အတော်တဲ့ပီး အရသာရှိသောလေးမစားဘူးရင်စားကြည့်ပါနော်😁😁

Credit

image

လျှာဂျွန်းပြန် မြေပဲကြော် 😋😋😋😋
ပျဥ်းတော်သိမ်းရွက်မွှေးမွှေးလေးနဲ့အရသာစပ်ရှိန်းရှိန်းလေး ရှယ်စားကောင်းသော😋😋ကလေးလူငယ်လူကြီးအကြိုက်တွေ့စေမှာအမှန်😊အိမ်မှာတော့၂၅ကျပ်သားတစ်ထုပ် ၂ရက်ဆိုကုန်ပီ😁ဟင်းတခွက်လိုလည်းစား😋အဆာပြေလည်းစား😋အားနေလည်းစား😋အလုပ်လုပ်ရင်းလည်းစား😋ကားမောင်းရင်းလည်းစား😛😋😋
အစပ်အဟပ်အတော်တဲ့ပီး အရသာရှိသောလေးမစားဘူးရင်စားကြည့်ပါနော်😁😁

Credit

image

လျှာဂျွန်းပြန် မြေပဲကြော် 😋😋😋😋
ပျဥ်းတော်သိမ်းရွက်မွှေးမွှေးလေးနဲ့အရသာစပ်ရှိန်းရှိန်းလေး ရှယ်စားကောင်းသော😋😋ကလေးလူငယ်လူကြီးအကြိုက်တွေ့စေမှာအမှန်😊အိမ်မှာတော့၂၅ကျပ်သားတစ်ထုပ် ၂ရက်ဆိုကုန်ပီ😁ဟင်းတခွက်လိုလည်းစား😋အဆာပြေလည်းစား😋အားနေလည်းစား😋အလုပ်လုပ်ရင်းလည်းစား😋ကားမောင်းရင်းလည်းစား😛😋😋
အစပ်အဟပ်အတော်တဲ့ပီး အရသာရှိသောလေးမစားဘူးရင်စားကြည့်ပါနော်😁😁

Credit

imageimage
16 w - Translate

ချောက်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းကျောက်တန်းပြိုကျ
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ယနေ့ စက်တင်ဘာ ၂၆ ရက်နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းကျောက်တန်းပြိုကျခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
ချောက်မြို့နယ်၊ အောင်မြေပြည်တော်သာရပ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံကျောက်တန်းပြိုကျခဲ့သဖြင့် ချောက်မြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများနှင့် ကူညီရွှေ့ပြောင်းပေးခြင်းများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၅ ရက်နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်ကလည်း မကွေးတိုင်း၊ မင်းလှမြို့နယ်၊ သရက်-မင်းလှသွားကားလမ်း၏ မိုင်တိုင်အမှတ်(၅၀/၀)နှင့်(၅၀/၁) ကြားတွင်ချောင်းရေကြီး၍ တံတားအောက်တွင် သစ်ကိုင်းများပိတ်ဆို့နေသဖြင့် မင်းလှမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

image
16 w - Translate

ချောက်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းကျောက်တန်းပြိုကျ
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ယနေ့ စက်တင်ဘာ ၂၆ ရက်နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းကျောက်တန်းပြိုကျခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
ချောက်မြို့နယ်၊ အောင်မြေပြည်တော်သာရပ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံကျောက်တန်းပြိုကျခဲ့သဖြင့် ချောက်မြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများနှင့် ကူညီရွှေ့ပြောင်းပေးခြင်းများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၅ ရက်နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်ကလည်း မကွေးတိုင်း၊ မင်းလှမြို့နယ်၊ သရက်-မင်းလှသွားကားလမ်း၏ မိုင်တိုင်အမှတ်(၅၀/၀)နှင့်(၅၀/၁) ကြားတွင်ချောင်းရေကြီး၍ တံတားအောက်တွင် သစ်ကိုင်းများပိတ်ဆို့နေသဖြင့် မင်းလှမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

image