17 w - Translate

🎬 The Bronenosets Potyomkin (2025)
Step back into the turbulent era of the 1905 Revolution with The Bronenosets Potyomkin (2025), a sweeping war epic starring acclaimed actors Jason Statham and Idris Elba. This ambitious reimagining brings to life the historic mutiny aboard the battleship Potemkin, where a crew of ordinary sailors dared to defy the ruthless tyranny of their commanding officers.
Audiences can expect a riveting fusion of action, drama, and historical gravity, as the film unfolds against the backdrop of a nation on the brink of revolution. With breathtaking scale and intensity, the story illuminates themes of courage, unity, and the unyielding fight for justice, capturing the indomitable spirit of men who risked everything to stand against oppression.
Jason Statham delivers a commanding turn as the fearless leader of the rebels, embodying raw determination and resolve, while Idris Elba gives a powerful performance as the influential figure who inspires the crew to reclaim their dignity and rights.
More than a tale of mutiny, The Bronenosets Potyomkin (2025) delves deep into the emotional battles waged within each man, blending visceral clashes on deck with the profound struggles of loyalty, sacrifice, and resilience. The result is a cinematic masterpiece—an unforgettable exploration of rebellion and the unbreakable human will

image

ဘင်္ဂလားပင်လယ်အော်အခြေအနေ
================================
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်
====================================================
ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် ၁-၁၀-၂၀၂၅ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
================================
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
-----------------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်”သည် အနောက်ဘက်သို့ ရွေ့လျာလျက်ရှိပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ယနေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေဒေသများကို တိုင်ဖွန်းမုန်တိုင်း“ဘူအလွိုင်” အဖြစ်ဖြင့်လည်းကောင်း၊၂၉-၉-၂၀၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ နှင့် လာအိုနိုင်ငံနယ်စပ်တို့ကို အပူပိုင်းမုန်တိုင်း “ဘူအလွိုင်”အဖြစ်ဖြင့်လည်းကောင်း၊ ၃၀-၉-၂၀၂၅ ရက်နေ့တွင် လာအိုနိုင်ငံကို အပူပိုင်း မုန်တိုင်းငယ်အဖြစ်ဖြင့်လည်းကောင်း ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။”
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
-------------------------------------------------------------------------------------
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၃၀။
လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၁၀ ပေမှ ၁၂ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
----------------------------------------------------------------------------------
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအ‌ခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၃၀။
လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၁၀ ပေမှ ၁၂ ပေခန့်။

17 w - Translate

🎬 Shrek 5 – First Trailer (2025) | DreamWorks
More than a decade after the last film, fans are still waiting for Shrek 5 to return to the land of Far, Far Away. When it was released in 2001, Shrek completely changed the world of animation, combining sophisticated humor for adults with magical innocence for children. The film broke fairy tale stereotypes with unique characters, a catchy soundtrack, and a meaningful message about self-acceptance. That success was quickly followed by Shrek 2 (2002), Shrek the Third (2007), and Shrek Forever After (201.
Despite many obstacles in the development process, Shrek 5 is finally coming to fruition. The success of Puss in Boots: The Last Wish has rekindled interest in the Shrek universe, as the spin-off film teases new adventures in Far, Far Away. After a long wait, Shrek 5 promises to be the most epic film yet, continuing to affirm DreamWorks' position in the field of CGI animation. 🌟🐉✨
By Nutshell meme

image
17 w - Translate

ဖြိုင်ဖြိုင်မိုးနေရပြီ 💔😭

image
17 w - Translate

အသက်ပေးချစ်တယ်ဆိုတာ…
ချိနပြည်မှာတဲ့ ( China )အထပ်မြင့်တိုက်ခန်းမီးလောင်တော့
အမျိုးသားတယောက်သူ့မိန်းမကို
ဝရံတာကနေအောက်တန်းလန်းချပြီးကိုင်ထားတယ်။
မီးဟပ်မှာစိုးရိမ်လို့ အောက်မပြုတ်ကျအောင်လည်း
လက်နှစ်ဖက်စလုံးအသေဆုပ်ကိုင်ထားတယ်။
မီးသတ်သမားလာချိန် အမျိုးသားတကိုယ်လုံးက
မီးတွေလောင်အရေပြားတွေလှန်နေတာမြင်ရတယ်။
သူ့ခန္ဓာရဲ့ ၉၅ % မီးလောင်ခံခဲ့ရတာတဲ့။
ဆေးရုံရောက်ပြီး ၉ ရက်အတွင်းဆုံးသွားတယ်တဲ့😭
အမျိုးသမီးကဘာမှမဖြစ်ဘူး။
သူအရှင်လတ်လတ်မီးအလောင်ခံပြီး
သူ့မိန်းမကိုကယ်တင်ခဲ့တယ်။
ယောက်ကျားကောင်းတယောက်ရဲ့
သူ့မိန်းမအပေါ်အသက်စွန့်ပေးဆပ်တဲ့
ချစ်ခြင်းမေတ္တာလေးစားဂုဏ်ပြုရပါတယ်။
၂၀၂၂ ခုနှစ်ကအဖြစ်အပျက်တခုပါ။

image

Microsoft Office ကို Activate (လိုင်စင်မှတ်ပုံတင်ခြင်း) လုပ်နည်း။ 🪪
Microsoft Office ကို Activate လုပ်ဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ သင်ပိုင်ဆိုင်တဲ့ Office ဗားရှင်းနဲ့ လိုင်စင်အမျိုးအစားပေါ်မူတည်ပါတယ်။
Activate မလုပ်ခင် အရင်ဆုံးစစ်ဆေးရမည့်အချက်များ ✔️
1. အင်တာနက်ချိတ်ဆက်မှု - Activate လုပ်ဖို့ အင်တာနက်အခြေခံပါတယ်။
2. Product Key (ထုတ်ကုန်သော့)
- Office ထုပ်ပိုးဗူးသစ် (Retail) ဝယ်ထားရင် 25 လုံးပါတဲ့ Product Key ပါပါမယ်။
- ကွန်ပျူတာနဲ့အတူ အသင့်ပါလာတဲ့ Office (OEM) ဆိုရင် Product Key က ကွန်ပျူတာရဲ့ BIOS ထဲမှာ သိမ်းထားပြီးသားဖြစ်နိုင်ပါတယ်။
- Microsoft 365 ဆိုရင် Product Key အစား သင့်ရဲ့ Microsoft Account (သို့) အလုပ်အသုံးပြုတဲ့ အီးမေးလ်အကောင့်နဲ့ ဝင်ရောက်အသုံးပြုရပါမယ်။
Activate လုပ်နည်း (၁) - Microsoft 365 / Office 2021 / 2019 / 2016 (အင်တာနက်ရှိပါက)
ဒီနည်းက လူအသုံးများဆုံးနည်းလမ်းဖြစ်ပါတယ်။ 📌
1. Office App ကိုဖွင့်ပါ - Word, Excel, PowerPoint တစ်ခုခုကို ဖွင့်ပါ။
2. အကောင့်ဝင်ပါ (Sign In)
- ညာဘက်အပေါ်ထောင့်မှာ "File" ကိုနှိပ်ပါ။
- ဘယ်ဘက်အောက်ခြေမှာ "Account" (သို့) "Office Account" ကိုနှိပ်ပါ။
- "Sign In" (သို့) "Sign in with a Microsoft Account" ကိုနှိပ်ပါ။
- သင့်ရဲ့ Microsoft Account (Outlook, Hotmail အကောင့်) (သို့) Microsoft 365 အတွက် သီးသန့်ပေးထားတဲ့ အလုပ်အကိုင်အီးမေးလ်အကောင့်နဲ့ ဝင်ရောက်လိုက်ပါ။
- ⚠️သတိထားရန် - Microsoft 365 သုံးနေသူဆိုရင် အကောင့်ဝင်လိုက်တာနဲ့ အလိုလိုသိပြီး Activate ဖြစ်သွားတတ်ပါတယ်။
3. Product Key ရိုက်ထည့်ပါ (လိုအပ်ရင်)
- အကောင့်ဝင်ပြီးလျှင် "Product Information" အောက်ကို ကြည့်ပါ။
- "Activate Product" (သို့) "Change License" ဆိုတဲ့ ခလုတ်ပေါ်ရင် နှိပ်ပါ။
- "Enter a Product Key" ကိုနှိပ်ပြီး သင့်မှာရှိတဲ့ 25 လုံးပါ Product Key ကို ချက်ချင်းရိုက်ထည့်ပါ။
- ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။
4. အတည်ပြုပါ။
- Activate ဖြစ်သွားပြီဆိုရင် "Product Information" အောက်မှာ "Product Activated" (သို့) Microsoft 365 လို့ စာသားနဲ့ အနီရောင်မှတ်ချက်တွေ ပျောက်ကွယ်သွားပါလိမ့်မယ်။
Activate လုပ်နည်း (၂) - Offline Activation (အင်တာနက်မရှိလျှင်)
အင်တာနက်မရှိရင် ဖုန်းကိုအသုံးပြုပြီး Activate လုပ်နိုင်ပါတယ်။
1. Office App (Word, Excel) ကိုဖွင့်ပါ။
2. File > Account > Activate Product ကိုနှိပ်ပါ။
3. "I want to activate over the telephone" (သို့) "Other activation options" ကို ရှာပါ။
4. Installation ID နံပါတ်ရှည်ကြီး တစ်ခုကိုပြပါလိမ့်မယ်။ ဒီနံပါတ်ကို မှတ်ထားပါ (သို့) ရေးထားပါ။
5. ဖုန်းဖြင့်ခေါ်ဆိုပါ - Microsoft ၏ အခမဲ့ Activate ဖုန်းနံပါတ်ကို သင့်နိုင်ငံအလိုက် ရှာပါ။ (မြန်မာနိုင်ငံဆိုရင် အိမ်နီးချင်းနိုင်ငံနံပါတ်ကို အသုံးပြုရပါမယ်)။
6. Confirmation ID ရယူပါ - ဖုန်းခေါ်ပြီး Automated System ကို သင့်ရဲ့ Installation ID နံပါတ်ကို နှိပ်ပြီးပေးပို့ပါ။ စက်ကနေ Confirmation ID နံပါတ်အသစ်ကို ပြန်ပြောပါလိမ့်မယ်။
7. Confirmation ID ကိုရိုက်ထည့်ပါ - ဖုန်းကရတဲ့ Confirmation ID ကို Office Activation Screen မှာ ရိုက်ထည့်ပါ။ Activate ဖြစ်သွားပါလိမ့်မယ်။
Activate လုပ်နည်း (၃) - Command Prompt (CMD) အသုံးပြု၍။
နည်းပညာရှင်များ သုံးလေ့ရှိသောနည်းဖြစ်ပါတယ်။
1. Command Prompt ကို Administrator အခွင့်အရေးဖြင့် ဖွင့်ပါ။
- Start Menu မှာ `cmd` (သို့) `Command Prompt` ရိုက်ရှာပါ။
- ညာဘက်-Click နှိပ် "Run as administrator" ကိုရွေးပါ။
2. Office လမ်းညွှန်သို့ သွားပါ။ အောက်ပါ Command ကို သင့်ရဲ့ Office ဗားရှင်းနဲ့ bit (32/64) အလိုက် ပြောင်းရိုက်ပါ။
- Office 2016/2019/2021/Microsoft 365 (64-bit) အတွက်:
cd "C:\Program Files\Microsoft Office\Office16"
- Office 2016/2019/2021/Microsoft 365 (32-bit) အတွက်:
cd "C:\Program Files (x86)\Microsoft Office\Office16"
- မှတ်ချက် - Office16 ဆိုတာ Office 2016, 2019, 2021, and Microsoft 365 အတွက်ဖြစ်ပါတယ်။ Office 2013 ဆိုရင် `Office15` ဟုပြောင်းရိုက်ရပါမယ်။
3. Product Key ထည့်သွင်းပါ။ အောက်ပါ Command ကို `XXXXX-XXXXX-XXXXX-XXXXX-XXXXX` အစား သင့်ရဲ့ တကယ့် Product Key နဲ့ အစားထိုးရိုက်ပါ။
cscript ospp.vbs /inpkey:XXXXX-XXXXX-XXXXX-XXXXX-XXXXX
4. Activate လုပ်ပါ။
cscript ospp.vbs /act
- "Product activation successful" ဆိုတဲ့စာတန်းပေါ်ရင် အောင်မြင်ပါပြီ။
ပြဿနာများနှင့် အဖြေရှာနည်းများ
- "Product Key you entered didn't work" - Product Key ကို သေချာပြန်စစ်ပါ။ O (အို) နဲ့ 0 (သုည)၊ I (အိုင်း) နဲ့ 1 (တစ်) မှားနေတတ်ပါတယ်။
- "We can't activate because we can't connect to your organization's server" - Office ဗားရှင်းနဲ့ Product Key အမျိုးအစား (တစ်ကိုယ်ရေသုံး၊ လုပ်ငန်းသုံး) မကိုက်ညီတာဖြစ်နိုင်ပါတယ်။
- "Your account doesn't have a license" (Microsoft 365) - သင့်အကောင့်ကို Microsoft 365 Admin က License မချိတ်ဆက်ထားတာ (သို့) သင့်အကောင့်နဲ့ ဝယ်ထားတဲ့ အကောင့်မတူတာဖြစ်နိုင်ပါတယ်။
- Office က Product Key ထည့်ဖို့ မတောင်းတော့ဘူး - ဒါက Trial (စမ်းသပ်ဗားရှင်း) ဖြစ်နေတာဖြစ်နိုင်ပါတယ်။ Office ကို Uninstall လုပ်ပြီး Retail ဗားရှင်း (သို့) Microsoft 365 ကို ပြန်လည်ထည့်သွင်းပါ။
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

image

ဝီစကီနှင့် အားဖြည့်အချိုရည် စွဲနေတယ်လို့ ပြောဆိုတဲ့ ဂျာနယ်လစ်ကို နေမာ တရားစွဲ

စက်တင်ဘာ ၂၈

နေမာဟာ ဝီစကီနှင့် အားဖြည့်အချိုရည်စွဲနေတဲ့အပြင် ညဉ့်နက်သန်းခေါင်ဂိမ်းကစားတယ်လို့ စွပ်စွဲ ပြောဆိုတဲ့ ဂျာနယ်လစ်ကို တရားစွဲဆိုလာပါတယ်။

အသက် ၃၃ နှစ်ရှိ ဘရာဇီးနှင့် ဆန်းတို့စ်စူပါစတားရဲ့ ကိုယ်စားလှယ်များဟာ ဂျာနယ်လစ် ရိုဒိုလ်ဖိုဂိုမက်စ်အား တရားစွဲဆိုလာတာလည်း ဖြစ်ပါတယ်။

ဂိုမက်စ်ဟာ Futeboteco အမည်ရှိ ချန်နယ်တွင် တင်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုတွင် "အားဖြည့်အချိုရည်ပါတဲ့ ဝီစကီ၊ ဆေးလိပ်၊ ရှီရှားစွဲနေတယ်။ မနက် ၄ နာရီ ၅ နာရီမှ အိပ်တယ်"ဆိုပြီး နေမာရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကို တိုက်ခိုက် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဂိုမက်စ်က နေမာမှာ ယခုနှစ်တွင် ဘောလုံးပြန်ကစားလာမှာ မဟုတ်ကြောင်းနှင့် နေမာရဲ့ ညနေ အမူအကျင့်များက ကစားဖော်များကိုပါ ထိခိုက်စေလျက် ရှိကြောင်း ပြောကြားသွားပါသေးတယ်။

ဒါတင်မကသေးပါဘူး။ ဆန်းတို့စ်နည်းပြဂျူအန်ပါဘလိုဗိုဗိုဒါမှာ လေ့ကျင့်ခန်းအစီအစဉ်ကို နံနက်ပိုင်းသို့ အချိန်ပြောင်းလဲပြုလုပ်စေကာ နေမာရဲ့အမူအကျင့်ပြောင်းလဲစေရေး လုပ်ဆောင်ရန် စီစဉ်နေကြောင်း ဂိုမက်စ်က ဖွင့်ချသွားပါတယ်။

ဂိုမက်စ်ရဲ့ ပြောဆိုမှုကို အခြားဘရာဇီးမီဒီယာများက ထပ်မံ ရေးသားဖော်ပြရာမှ နေမာရဲ့ သတင်းမှာ ဟိုးလေးတကျော် ဖြစ်နေပါတယ်။

နေမာရဲ့ ကိုယ်စားလှယ်များဟာ ဂိုမက်စ်ရဲ့ ပြောဆိုမှုအား တုံ့ပြန်ချေပခြင်း မရှိပေမဲ့လည်း ယခုအခါမှာတော့ တရားစွဲဆိုမှု ပြုလုပ်လာပြီ ဖြစ်ပါတယ်။

နေမာဟာ အသင်းဟောင်းဆန်းတို့စ်သို့ ပြန်လည်ပြောင်းရွှေ့လာချိန်တွင်လည်း ဒဏ်ရာပြဿနာများနှင့် နပန်းလုံးလာနေရပါတယ်။

သူဟာ နိုဝင်ဘာလ ၁၈ ရက်နေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာထပ်မံ ရရှိခဲ့ကာ နိုဝင်ဘာလအထိ အနားယူရဦးမှာ ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

ရုပ်ရှင်အစည်းအရုံးမှ မိမိသဘောဖြင့် နုတ်ထွက်သူ (၉၅) ရာခိုင်နှုန်း အစည်းရုံးဝင်အဖြစ် ပြန်လည်လျှောက်ထား

စက်တင်ဘာ ၂၈

(၂၀၂၁) ခုနှစ် နိုင်ငံရေးဖြစ်စဉ်အပြီး ရုပ်ရှင် အစည်းအရုံးမှ မိမိသဘောဖြင့် နုတ်ထွက်သူ (၉၅) ရာခိုင်နှုန်းသည် အစည်းရုံးဝင်အဖြစ်ပြန်လည် လျှောက်ထားလာသဖြင့် ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ရုပ်ရှင်အစည်းအရုံးဝင်အဖြစ် ပြန်လည် လက်ခံထားသူများမှာ နိုင်ငံပြင်ပ မထွက်ခွာဘဲ ပြည်တွင်းတွင် နေထိုင်သူများဖြစ်ကြောင်းသိရသည်။

“ရောက်ရှိထားတဲ့ စာရင်းအရဆိုရင်တော့ (၉၅)ရာခိုင်နှုန်းလောက်က ပြန်ပြီးတော့ ဒီထဲကိုဝင်ထားတယ်။ ဒီရုပ်ရှင်အစည်းအရုံးကို ပြန် လျှောက်ထားတယ်။ တချို့တလေက ဆုံးသွားတာရှိတယ်။ တချို့တလေကတော့ ဟိုး အရင်တုန်းကတည်းက အဆက်ပြတ်နေတာရှိတယ်။ တချို့က သိပ်မထင်ရှားဘူးပေါ့နော်။ အဲဒီတော့ ဒီလူတွေက တကယ်ရှိရဲ့လားဆိုတာလည်း နည်းနည်းလေး စိစစ်ထားတဲ့ စာရင်းထဲမှာ မရှိတဲ့လူပေါ့။ တစ်ယောက် တလေတော့ရှိ တယ်။ တစ်ယောက်ကျတော့ သေဆုံးသွားပြီ။ အဲဒီတော့ မသေဆုံးခင်တည်းက ပြန်မလာဘူး။ သရုပ်ဆောင်တွေ တော် တော်များများက တော့ပြန်ဝင်တယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

အစည်းအရုံးဝင်အဖြစ်ပြန်လည်ဝင် ရောက်လာသူများအတွင်း နာမည်ကြီးသရုပ်ဆောင်၊ ဇာတ်ပို့/ဇာတ်ရံ၊ ဒါရိုက်တာ၊ ဇာတ်လမ်း၊ ဇာတ်òန်း များပါဝင် ကြောင်း သိရသည်။

“နယ်စပ်ကိုဖြတ်ပြီး မသွားတဲ့ လူမှန်သမျှက ဒီထဲကပြန်ရောက်လာကြတာပါပဲ။ အကုန်ရှိတယ်။ သို့သော် ကျွန် တော်တို့ကလည်း စိုသောလက်ကို မခြောက်စေနဲ့ သဘောမျိုးပါပဲ” ၎င်းကပြောသည်။
ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်အဖြစ်မှ မိမိသဘောဆန္ဒအရ နုတ်ထွက်ခဲ့သော အနုပညာရှင်များ၏ အမည် စာရင်းကို (၂၀၂၁)ခုနှစ် ဇွန်လ (၁၅)ရက် တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ကြေညာချက်အတွင်း အလွှာအသီးသီးမှအနုပညာရှင်များစွာပါဝင်ခဲ့ပြီး ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသူများနှင့် လက်ရှိတွင်ရုပ် ရှင်အစည်းအရုံးအဖွဲ့ဝင်အဖြစ် ပြန်လည်စာရင်း သွင်းကာ ပြည်တွင်း၌ အနုပညာ အလုပ်များ ဆက်လက်လုပ်ကိုင်နေသူများလည်းရှိနေကြောင်း သိရသည်။

“အဲဒီဝင်လာတဲ့လူတွေကိုတော့ ခွင့်ပြု ပေးထားတယ်။ သို့သော် ဒီလူတွေကိုတော့ ရုပ်ရှင် အစည်းအရုံးအနေနဲ့ အမှုဆောင်အဖွဲ့မှာတော့ Record ရှိတယ်။ ဥပမာ တချို့က သက်ကြီးပူဇော် ပွဲမှာလာလျှောက်တယ်။ သက်ကြီးပူ ဇော်ပွဲမှာ ကန်တော့ခံမယ့်လူက ထင်ရှားတဲ့လူဖြစ်ရမယ်။ အများ ကြည်ညိုလေးစားတဲ့လူဖြစ်ရမယ်။ နောက် ပြစ်မှုပြစ် ဒဏ်နဲ့လွတ်ကင်းတဲ့လူဖြစ်ရမယ်ဆိုတော့ တချို့က ဆင်ဆာဥပဒေချိုးဖောက်တာတွေရှိတယ်။ အဲဒီဆင် ဆာနဲ့အရေး ယူခံရတာမျိုးတွေရှိတယ်ဆိုရင် သက်ကြီးပူဇော်ပွဲမှာထည့်ပြီးမစဉ်းစားတော့ဘူး။ အဲဒါက နောက်အမှုဆောင်က အဆင့် ဆင့်ဆုံးဖြတ်သွားမှာ”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် ရုပ်ရှင်အစည်းအရုံးဝင်အဖြစ် ပြန်လည်ဝင်ရောက်နေသူများအတွင်း ခင်လှိုင်၊ တိုင်ရွန်၊ ဆင်မ၊ နေရဲ အစရှိသော သရုပ်ဆောင်တို့သည် ရုပ်ရှင်အစည်းအရုံးမှ နုတ်ထွက်ခဲ့ဖူးကြောင်း အဆိုပါ အဖွဲ့အစည်းက (၂၀၂၁)ခုနှစ် အတွင်း ထုတ်ပြန်ခဲ့သောစာအရ သိရသည်။

Credit - NP News Agency

#centralnewsnaypyitaw

image

ဈေးကွက်အတွင်း ပြည်ပသွင်းကုန် လက်ကျန် နည်းပါးလာ

စက်တင်ဘာ ၂၈

သွင်းကုန် ကန့်သတ်မှုတွေကြောင့် ဈေးကွက်အတွင်း ပြည်ပကုန်စည်တွေ လက်ကျန် ပိုမိုနည်းပါးလာနေပြီး ဈေးနှုန်း ထပ်မံ မြင့်တက်လျက်ရှိတယ်လို့ သုံးစွဲသူတွေနဲ့ ရောင်းချသူတွေဆီက သိရပါတယ်။

လက်ရှိမှာ ပြည်ပမှတင်သွင်းနေတဲ့ ဆောက်လုပ်ရေးကုန်စည်၊ အလှကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနဲ့ ဆေးပစ္စည်း အစရှိတဲ့ လူသုံးကုန် ပစ္စည်းတွေဟာ ကိုဗစ်ကပ်ရောဂါ ကာလကထက်ကို ဈေးနှုန်း ပိုမို မြင့်တက်နေပြီး ဝယ်ယူရခက်နေတယ်လို့ သိရပါတယ်။

“ယိုးဒယား ကြာပန်း ဆပ်ပြာမှုန့်ဆို အရင် ၅၃၀၀ တန်တထုပ်က အခု ၇၀၀၀ ဈေး ဖြစ်နေတယ်။ ဒါတောင် ဝယ်မရဘူး။ ဆိုင်မှာပြန်ရောင်းဖို့ သွားဝယ်တာတောင် လိုသလောက်မရဘူး။ ခွဲတမ်းနဲ့ ရောင်းနေတယ်။ ပန်းကန်ဆေး ဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ အရင် ၆၀၀ ကျပ်ကနေ အခု ၁၀၀၀ အထက် ရောက်လာတယ်။ ကလေး သွားတိုက်ဆေးကလည် အရင် ၄၀၀၀ ကျော်ကနေ အခု ၅၀၀၀ ကျော် ဖြစ်နေပြီ။ ဈေးတွေက မနေ့ကဈေးနဲ့ ဒီနေ့ဈေးကိုမတူတာ” လို့ ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ တယောက်က ပြောပါတယ်။

ဒါအပြင် ဆေးဝါးဈေးနှုန်းတွေလည်း မြင့်တက်နေပြီး တချို့သော ဆေးဝါးတွေမှာ ဈေးကွက်အတွင်း မရှိတော့တာကြောင့် အာနိသင်တူ တခြားဆေးဝါးတွေကို ရောင်းချနေရတယ်လို့ ဆေးဆိုင် ဖွင့်လှစ်ထားသူ‌တွေက ပြောပါတယ်။

လက်ရှိမှာ ပြည်သူတွေ အများဆုံး ဝယ်ယူ သောက်သုံးနေတဲ့ ဆေးဝါးတွေဖြစ်တဲ့ ပါရာကပ် တကတ် ၁၆၀၀ ကျပ်၊ ဘိုင်အိုဂျက်ဆစ် တကတ် ၃၅၀၀ ကျပ်၊ ဒီကိုလ်ဂျင် တကတ် ၈၅၀၀ ကျပ်၊ ဒီကိုလ်ဂျင် တလုံး ၉၀၀ ကျပ်၊ Air-x တလုံး ၄၀၀ ကျပ်၊ Solmux တလုံး ၆၀၀ အထိဖြစ်နေတယ်လို့ သိရပါတယ်။

“ပစ္စည်းတွေ ပြတ်၊ အရောင်းအဝယ် မကောင်းဘူး။ တချို့ဆိုင်တွေဆို ခဏဆိုပြီး ပိတ်ထားကြတဲ့ ဆိုင်တွေတောင် ရှိတယ်။ ဈေးက အကုန်တက်တာ။ နိုင်ငံခြားဆေးတွေတင် မကဘူး။ တိုင်းရင်းဆေးတွေလည်း ဈေးတက်တာပဲ။ လူတိုင်းသုံးနေတဲ့ ဆရာခိုဆေးဆို အရင် ကျပ် ၃၀၀၊ ၄၀၀ ဈေးကနေ တက်လာလိုက်တာ အခု တဘူး ၁၆၀၀ ဖြစ်နေပြီ။ တိုင်းရင်းဆေး ဘာကြောင့်တက်လဲဆို အဓိက က ကုန်ကြမ်းရှားနေတာ။ ပြည်ပကလည်း ကုန်ကြမ်း ဝယ်မရဘူး။ ပြည်တွင်းမှာလည်း လိုသလောက် ဝယ်လို့မရဘူး။ ဒါကြောင့် တိုင်းရင်းဆေးတွေလည်း ဈေးတက်လာတယ်” လို့ ဆေးဆိုင် ဖွင့်လှစ်ထားသူက ပြောပါတယ်။

တိုင်းရင်းဆေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို ပြည်ပကနေ ထက်ဝက်နီးပါးလောက် တင်သွင်းနေရတာဖြစ်ပြီး ပြည်တွင်းမှာလည်း ကုန်ကြမ်း ဝယ်ယူနေရတာ ရှိပေမယ့် လတ်တလော ဖြစ်ပွားနေတဲ့ နယ်မြေ မအေးချမ်းမှုတွေကြောင့် လိုသလောက် ဝယ်ယူလို့မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဆေးဝါးတွေကို ရေကြောင်းကနေ တရားဝင် တင်သွင်းပါက ရာခိုင်နှုန်းအပြည့် အခွန် ပေးဆောင်ရတာကြောင့် ဈေးပိုကြီးလာနိုင်ပြီး နယ်စပ်ကနေ တင်သွင်းပါကလည်း ကန့်သတ်မှုတွေ၊ ဖမ်းဆီးခံရမှုတွေ ရှိနေတာကြောင့် အခက်အခဲများစွာ ရှိနေတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ စီးပွားရေးဈေးကွက် ကျွမ်းကျင်သူ တယောက်က “စီးပွားကူးသန်း ဝန်ကြီးကတော့ ပို့ကုန်ထက် သွင်းကုန် ပိုများနေတယ်။ သေချာ စိစစ်ရမယ်လို့ ပြောထားတာရှိတယ်။ ဘာကြောင့် သွင်းကုန်များပြီး ပို့ကုန် နည်းနေလဲ၊ အဖြေကတော့ ရှင်းပါတယ်။ ပြည်တွင်းမှာ ဘာမှ မယ်မယ်ရရ မထုတ်လုပ်နိုင်လို့ပါ။ ဒါကြောင့် သွင်းကုန်လျှော့ချင်ရင် ပိတ်ရမှာမဟုတ်ဘူး။ ကိုယ့်ပြည်တွင်းက လိုအပ်တာတွေကို ထုတ်လုပ်ပေးနိုင်အောင် ကြိုးစားရမှာ။ ကိုယ့်ဆီကမထွက်ဘဲ မသွင်းစေချင်ရင်တော့ ကုန်စျေးနှုန်းတက်အောင် လုပ်တာပဲ” လို့ ပြောပါတယ်။

လက်ရှိ ဆေးဝါးတွေ ပြတ်လပ်နေတာဟာ တနိုင်တပိုင် ရောင်းချတဲ့ ဆေးဆိုင်တွေတင် မကဘဲ ဈေးဝယ်စင်တာတွေ၊ ဆေးဆိုင်ကြီးတွေမှာပါ ပြတ်လပ်နေတာ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

လတ်တလော ပစ္စည်းရှားပါးမှု ဖြစ်ပွားနေတဲ့ ဆေးဝါးတွေထဲမှာ ဆီးချို၊ နှလုံး၊ အာရုံကြောနဲ့ သွေးတိုးရောဂါ ဆေးဝါးတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဒါအပြင် တခြား လူသုံးကုန် ပစ္စည်းတွေဖြစ်တဲ့ တစ်ရှူး၊ ဖယောင်းတိုင်၊ မီးသီး၊ မီးချောင်း၊ ထမင်းပေါင်းအိုး၊ ဒယ်နီ၊ အလှကုန်နဲ့ အဝတ်အထည်တွေဟာလည်း တင်သွင်းခွင့် ကန့်သတ်ချက်တွေကြောင့် ဈေးနှုန်း ကြီးမြင့်လာသလို ဈေးကွက်မှာလည်း ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။

“အခုလို ပြည်ပအဝင် ပိတ်ထားတာကတော့ ကုန်သည်တွေ အကြိုက်ပေါ့။ ပစ္စည်းတွေ မဝင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၀၀ တန်ပစ္စည်း တခုကို တသောင်းလောက် တင်ရောင်းနေကြတာ။ တရုတ်ကလာတဲ့ ဒယ်နီဆိုရင် သူတို့ ပစ္စည်းအဝင် မပိတ်ခင်က ကျပ် လေးသောင်းဝန်းကျင်၊ အခု ခုနစ်သောင်း ကျော်သွားပြီ။ ပစ္စည်း မရှိဘူး၊ နောက်လည်း ဒီပစ္စည်းက ဝင်ချင်မှဝင်တော့မှာဆိုပြီး ဆိုင်တွေက အဆမတန် ဈေးတက်ပစ်လိုက်တာ” လို့ ပြည်သူတယောက်က ပြောပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း အဆမတန် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်ဖို့ အစိုးရက အမေရိကန်ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီ၊ ဆန်၊ ဆီနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုတွေကို ရည်ညွှန်းဈေးတွေ သတ်မှတ်ခြင်းအပြင် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့်လည်း သွင်းကုန်တွေကို ထိန်းချုပ်ခြင်းတွေ ပြုလုပ်နေသလို သွင်းကုန်လိုင်စင် လျှောက်ထားရာမှာလည်း မူဝါဒ သတ်မှတ်ချက်တွေကြောင့် လနဲ့ချီ ကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ဆေးဝါး၊ စာသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ အပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးကို ယာယီတင်သွင်းခွင့် ပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

အဆိုပါသတင်း ထွက်ပေါ်လာပြီးတဲ့နောက် လက်ရှိမှာ ပြည်ပက တင်သွင်းတဲ့ စားသောက်ကုန် အပါအဝင် လူသုံးကုန်ပစ္စည်းတွေ ဈေးအဆမတန် မြင့်တက်လာပြီး ဝယ်ယူရ ခက်လာတယ်လို့ သိရပါတယ်။

Photo - CJ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image