လွန်ခဲ့တဲ့ရက်က မနက်စောစော တိုင်းရင်းသား ကျေးရွာထဲ ရောက်ဖြစ်တော့ ဈေးဆိုင်တန်းတွေ ရှိတဲ့ ဒီရေတောဘက်ကနေ လမ်းလျှောက်ရင်း တွေ့နေကျ ငှက်ကလေးတွေ တွေ့ရမလားလို့ လျှောက်ကြည့်ဖြစ်တယ်။ လမ်းခရီးမှာ ငှက်ဖမ်းသမားတွေရဲ့ ပိုက်နဲ့မိလို့လား ပတ်ဝန်းကျင် ပြောင်းလဲကုန်လို့လား အရင်လို ငှက်တွေ ပေါပေါများများ သိပ်မတွေ့ရဘူး။
အဲ့ဒီလမ်းလေး တစ်လျှောက်မှာ သဘာဝ အရိုင်းပန်း 🌼 လေးတွေလည်း ရှိတော့ လိပ်ပြာ 🦋 လေးတွေလည်း ပေါပေါများများ တွေ့ရတယ်။ ငှက်မတွေ့ တော့ လိပ်ပြာလေးတွေ ဓါတ်ပုံရိုက်ရင်း လမ်းလျှောက်လာလိုက်တာ "ကယားရိုးရာအိမ်"နဲ့ တောင်ကွဲစေတီ ရေကန်နားအရောက် ပိန်ညင်းငှက် အသံပေးပြီး ပျံလာတာ လှမ်းမြင်လိုက်တာနဲ့ ကန်ဘေးကနေ စောင့်ကြည့်တာ အထီး/အမ စုံတွဲရှိနေတဲ့အပြင် တခြားကန်ဖက်မှာလဲ အသံကြားနေရတယ်။
ဒီနှစ်တော့ ပြည်သူ့ရင်ပြင်ထဲမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတဲ့ ဒီငှက်ကလေးကို တိုင်းရင်းသားမှာ အလွယ်တကူပဲ ဓါတ်ပုံ မှတ်တမ်း တင်ခွင့် ရခဲ့လိုက်ပါတယ်။ မိတ်ဆွေ အားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေ ... ❤️❤️❤️
ID - Common Kingfisher
မြန်မာအမည် - ပိန်ညင်း/ပိန်ညင်းလေး

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(အောက်တိုဘာ - ၃၀ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၉၃၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၇၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၂၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၂၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၈၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၈၄၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၁၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၁၂၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၇၆၀၀၀၀ ကျပ်
ဝယ်ဈေး ၇၇၂၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၇၀ ကျပ်
ဝယ်ဈေး - ၃၉၇၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၄၀ ကျပ်
ဝယ်ဈေး - ၃၀၆၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၃၀ ကျပ်
ဝယ်ဈေး - ၄၆၁၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၆၉ ကျပ်
ဝယ်ဈေး - ၉၄၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၄ ကျပ်
ဝယ်ဈေး - ၅၅၉ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၆၉ ကျပ်
ဝယ်ဈေး - ၂၆.၀၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၀၆ ကျပ်
ဝယ်ဈေး - ၄၄.၉၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၆ ကျပ်
ဝယ်ဈေး - ၂.၇၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၇၅ ကျပ်
ဝယ်ဈေး - ၅၂၄၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၈၂ ကျပ်
ဝယ်ဈေး - ၂၆၁၆ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၂၀ ကျပ်
ဝယ်ဈေး - ၂၈၅၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၄ ကျပ်
ဝယ်ဈေး - ၅၁၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၀၈ ကျပ်
ဝယ်ဈေး - ၁၀၈၁ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

ရီးရဲလ်မက်ဒရစ်ပရိသတ်များကို ဗီနီရှပ်စ်တောင်းပန်လာ
=====================

ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမားဗီနီရှပ်စ်ဂျူနီယာဟာ ဘာစီလိုနာအား ၂-၁ ဖြင့် အနိုင်ရတဲ့ El Clasico ပွဲတွင် လူစားလဲလှယ်ခြင်းခံရမှုအပေါ် ဒေါသတကြီးတုံ့ပြန်ခဲ့မှုအတွက် ပရိသတ်များကို တောင်းပန်လာပါတယ်။

ဗီနီရှပ်စ်ဟာ ယင်းပွဲရဲ့ ပွဲချိန် ၇၂ မိနစ်တွင် လူစားလဲလှယ်ခြင်းခံခဲ့ရခြင်း ဖြစ်ပြီး ယင်းအပေါ် အကြီးအကျယ်ဒေါသထွက်ကာ ဥမင်လှိုဏ်ခေါင်းသို့ ဆင်းသွားခဲ့ပါတယ်။

နောက်ပိုင်းတွင် ဘရာဇီးကစားသမားဟာ အရန်ခုံသို့ ပြန်ရောက်လာခဲ့ပြီးနောက် ပွဲပြီးဆုံးချိန်တွင် ပွဲမတိုင်မီ ရီးရဲလ်မက်ဒရစ်အား ထိုးနှက်ပြောဆိုခဲ့တဲ့ လာမိန်းယာမဲလ်အား ရန်မူရန် ကြိုးပမ်းခဲ့ပါတယ်။

ယခုအခါ ဗီနီရှပ်စ်က "ဒီကနေ့မှာ Clasico ပွဲမှာ လူစားလဲလှယ်ခံရတုန်းက ကျွန်တော့်တုံ့ပြန်မှုအတွက် မက်ဒရစ်ပရိသတ်တွေကို တောင်းပန်လိုပါတယ်။ ဒီကနေ့ လေ့ကျင့်ရေးကွင်းမှာလည်း လုပ်ခဲ့ပြီးပြီ။ ကစားဖော်တွေ၊ ကလပ်နဲ့ ဥက္ကဌကို ထပ်မံတောင်းပန်လိုခဲ့လို့ပါ။ တခါတလေ စိတ်အားထက်သန်မှုက ကျွန်တော့်ရဲ့အကောင်းဆုံးကို ထွက်ပေါ်လာစေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အမြဲအနိုင်ရချင်တယ်၊ အသင်းကို ကူညီချင်လို့ပါ။ ကျွန်တော့်ရဲ့ ပြိုင်ဆိုင်လိုစိတ်တွေက ဒီကလပ်နဲ့ ဒီကလပ်ကို ကိုယ်စားပြုတဲ့လူတွေအားလုံးအပေါ် ထားတဲ့ ကျွန်တော့် ချစ်ခြင်းမေတ္တာကနေ ပေါက်ဖွားလာတာပါ" လို ဆိုရှယ်မီဒီယာတွင် တင်သွားပါတယ်။

၂၀၁၈ ခုနှစ်တွင် ဖလာမင်ဂိုမှ ပေါင် ၃၈.၇ သန်းဖြင့် ပြောင်းလာတဲ့ ဗီနီရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ၃၃၅ ပွဲကစားထားရာမှာ ၁၁၁ ဂိုးသွင်းယူထားနိုင်ပါတယ်။

သူဟာ ပြီးခဲ့တဲ့လများအတွင်းတွင် စာချုပ်သစ်ချုပ်ဆို‌ရေး ဆွေးနွေးမှု အဆင်မပြေမှုနှင့်အတူ ရီးရဲလ်မက်ဒရစ်ဘက်က သင့်တော်တဲ့ကမ်းလှမ်းမှု ရရှိလာလျှင် ရောင်းချမယ်လို့လည်း သတင်းထွက်နေပါတယ်။

တနင်္ဂနွေနေ့တုန်းက လူစားလဲလှယ်ခြင်းခံရချိန်တွင် ဗီနီရှပ်စ်က "ငါပဲ အမြဲတမ်းအလဲခံရတာလား။ ဒီအသင်းက ထွက်ပြီ။ ငါထွက်သွားရင် အကောင်းဆုံး။ ငါ ထွက်ပြီ"လို့ အော်ဟစ် ပြောဆိုခဲ့ကြောင်း Dazn က ရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ

🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ

💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image
45 w - Translate

President Trump said he approves of South Korea building a nuclear-powered submarine after he and President Lee Jae Myung reached a trade agreement during a bilateral meeting on Wednesday.
The economic agreements that Trump said were made during the meeting include South Korea paying the U.S. $350 billion in exchange for the Trump administration granting the country a lower tariff rate.
Read more: https://abcnews.visitlink.me/TXhZmZ

image

This Day in History
Voice of Myanmar
ဆွီဒင်သည် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် အသိအမှတ်ပြုခဲ့ပြီး ယင်းသို့အသိအမှတ်ပြုသည့် ပထမဆုံးသော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။

image
45 w - Translate

◾️မိုးကုတ်နှင့်မိုးမိတ်တို့မှ ဆုတ်ခွာပေးရန် သဘောတူခဲ့ဟု TNLA ထုတ်ပြန်
တရုတ်အစိုးရကြား၀င်မှုဖြင့် နှစ်ဖက်ဆွေးနွေး သဘောတူညီချက်များအရ မိုးကုတ်နှင့်မိုးမိတ်မြို့များ မှပြန်လည်ဆုတ်ခွာသွားမည်ဖြစ်ကြောင်း တအာင်းအဖွဲ့ (TNLA) က ယနေ့ (အောက်တိုဘာ ၂၉ ရက်)တွင် ထုတ်ပြန်သည်။
PSLF/TNLA အဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် NSPNC မှ ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ၊ကူမင်းမြို့၌ အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကိုးကြိမ်မြောက် တွေ့ဆုံဆွေးနွေးရာတွင် ထိုသို့ သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲ၌ သဘောတူညီချက်များအရ သတ်မှတ်ကာလအတွင်း TNLA တပ်ဖွဲ့ဝင်များက လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော မိုးကုတ်နှင့်မိုးမိတ်မြို့များမှ ပြန်လည်ဆုတ်ခွာမည်ဖြစ်ပြီး အောက်တိုဘာလ ၂၉ ရက်မှစ၍ နှစ်ဖက်တပ်များ ရောက်ရှိရာနေရာတွင် ရပ်တန့်ကာ အပစ်ရပ်ရန်လည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အပြန်အလှန်အားဖြင့် အပစ်ရပ်ကာလအတွင်း တအာင်းဒေသသို့ ဗုံးကြဲခြင်း၊ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုလုပ်ရန်လည်း နှစ်ဖက်သဘောတူခဲ့ကြကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းတက်ရောက်ကာ ကြားဝင်ညှိနှိုင်းခဲ့ကြောင်းသိရသည်။
TNLA ဘက်ကထုတ်ပြန်သည့် နှစ်ဖက်သဘောတူညီချက်များနှင့်ပတ်သက်၍ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။
မိုးကုတ်နှင့်မိုးမိတ်မြို့များကို TNLA က ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ဆင်ရေးများအတွင်း TNLA နှင့်ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ခဲ့သည့် နောင်ချို၊ကျောက်မဲ၊သီပေါမြို့များကိုလည်း ပြီးခဲ့သည့် ဇူလိုင်လမှယခုလအတွင်း ဆက်တိုက် လက်လွှတ်ခဲ့ရပြီးဖြစ်သည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း

image
45 w - Translate

President Trump and Chinese President Xi Jinping shake hands as they meet for their first face-to-face talks in six years in South Korea, with hopes of securing a trade deal and ending a monthslong trade war.
Read more: https://abcnews.visitlink.me/pR0aH8

image

လုံလောက်စွာ ပျော်ရွှင်ပြီးရင်
လုံလောက်စွာ တိတ်ဆိတ်ရဦးမယ်။

ကမ္ဘာတွေခြားလည်း နေကြာပန်းတွေဟာ
နေမင်းကြီးဆီ မျက်နှာမူခဲ့ကြတာပါပဲ။

#ဂန္ဓမာ