စာအုပ်မိတ်ဆက်ပွဲခရီးစဉ်တွင် ဦးလေးအရင်းဖြစ်သူရဲ့ ကြက်ဥဖြင့် ပစ်ပေါက်ခံခဲ့ရတဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဟောင်း
======================

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဟောင်းလူးဝစ်ရူဘီယာလက်စ်ဟာ စာအုပ်မိတ်ဆက်ပွဲခရီးစဉ်အတွင်း ပွဲတစ်ပွဲတွင် ကိုယ့်ဦးလေးအရင်း ဖြစ်သူရဲ့ ကြက်ဥဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရပါတယ်။

ကလေး ၃ ယောက်အဖေဟာ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်း ချန်ပီယံ ဖြစ်ပြီးနောက် စပိန်စတားဂျန်နီမိုဆိုအား နှုတ်ခမ်းကို နမ်းခဲ့မှုအတွက် အမှုရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။

သူဟာ ကြက်ဥဖြင့် ပစ်ပေါက်ခြင်းခံရပြီးနောက် ပစ်ပေါက်သူအား တိုက်ခိုက်ရန် ပြေးဝင်သွားခဲ့သော်လည်း ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ရုပ်သံမှတ်တမ်းအရ တိုက်ခိုက်သူဟာ ရူဘီယာလက်စ်ကို ကြက်ဥ ၃ လုံးဖြင့် ပစ်ပေါက်ခဲ့တာ ဖြစ်ပြီး တစ်လုံးက ကျောဘက်ကို ထိကာ တစ်လုံးက လက်ကို ထိခဲ့ကြောင်း သိရပါတယ်။

နောက်ပိုင်းတွင် စပိန်မီဒီယာများရဲ့ ဖော်ပြမှုအရ ရူဘီယာလက်စ်အား တိုက်ခိုက်သူမှ ဖခင်ဖြစ်သူမှ ဦးလေးတော်စပ်သူ ဖြစ်ကြောင်းလည်း သိရပါတယ်။

ယခုဖြစ်ရပ်ကြောင့် ရူဘီယာလက်စ်မှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် ဆောင်ရွက်စဉ်တုန်းက အရှုပ်တော်ပုံကြောင့် မိသားစုအတွင်း ပြဿနာများနှင့် ရင်ဆိုင်နေကြောင်းလည်း တွေ့ရပါမယ်။

ရူဘီယာလက်စ်ရဲ့ ဦးလေးတော်စပ်သူ ဟွန်ရူဘီယာလက်စ်က တူဖြစ်သူမှာ ငွေကြေး၊ အာဏာနှင့် မိန်းမများအပေါ်တွင် အလွန်သာယာနေသူ ဖြစ်ပြီး ပညာပေးအစီအစဉ်များသို့ တက်ရောက်သင့်ကြောင်း ဝေဖန်ခဲ့ဖူးပါတယ်။

တဖက်တွင် ရဲတပ်ဖွဲ့ကတော့ မက်ဒရစ်တွင် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွင် တိုက်ခိုက်ခဲ့သူက ဘယ်သူဆိုတာကို ကြေညာထားခြင်း မရှိပါဘူး။

image