အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေ ချက်ချင်းပြန်စမ်းသပ်ဖို့ ဒေါ်နယ်ထရန့် အမိန့်ပေး

အမေရိကန်အနေနဲ့ ရုရှား၊ တရုတ်တို့လို တခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့ နျူကလီးယားလက်နက်တွေ ပြန်လည်စမ်းသပ်ဖို့ သမ္မတ ဒေါ်နယ်ထရန့်က စစ်ဘက်တာဝန်ရှိသူတွေကို အမိန့်ပေးလိုက်ပါတယ်။

"အခြားနိုင်ငံတွေက နျူကလီးယား စမ်းသပ်အစီအစဉ်တွေကြောင့် မိမိတို့ရဲ့ နျူကလီးယားလက်နက်တွေကို တန်းတူရည်တူ စတင်စမ်းသပ်ဖို့ စစ်ဘက်တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့တယ် "လို့ တောင်ကိုရီးယားမှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံမှုမပြုမီ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်မှာ တခြားနိုင်ငံတွေထက် နျူကလီးယားလက်နက်တွေ ပိုမိုပိုင်ဆိုင်ထားကြောင်း ထရန့်ကပြောကြားခဲ့ပါတယ်။ ရုရှားက ဒုတိယနဲ့ တရုတ်က တတိယနေရာမှာ ခပ်ခွာခွာ လိုက်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ၁၉၉၂ ခုနှစ်မှစပြီး နျူကလီးယားလက်နက်စမ်းသပ်မှုတွေ မလုပ်ခဲ့ပါဘူး။

အကွာအဝေး အကန့်အသတ်မရှိ ပစ်ခတ်နိုင်တဲ့ နျူကလီးယားစွမ်းအင်သုံး ဒုံးကျည်တစင်းကို ရုရှားက စမ်းသပ်မှုအတွက် ထရန့်က ရှုချခဲ့ပြီး ရက်ပိုင်းအကြားမှာ အခုလို အမိန့်ပေးလိုက်တာပါ။ သူရဲ့ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း အမေရိကန်လက်နက်တိုက်ကို အဆင့်မြှင့်တင်ပြီး ပြန်လည်ပြုပြင်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိလို့ ဆိုပါတယ်။

အမေရိကန်ရဲ့ နျူကလီးယား စမ်းသပ်မှုတွေကို ဘယ်လိုလုပ်မယ်ဆိုတာ အသေးစိတ်မဖော်ပြပေမယ့် ဒီလုပ်ငန်းစဉ်ကို ချက်ချင်းစတင်မယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဒါဟာ နျူကလီးယားလက်နက်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ကာလရှည်ကြာ မူဝါဒကို ပြောင်းပြန်လုပ်ဆောင်သွားဖွယ်ရှိတယ်လို့ ရှုမြင်ရပါတယ်။

အမေရိကန်ဟာ နျူကလီးယားဗုံးကို နောက်ဆုံးစမ်းသပ်ခဲ့တာက ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာဖြစ်ပြီး စမ်းသပ်မှုကို အနောက်ပိုင်းနီဗားဒါးပြည်နယ်ရှိ မြေအောက်အဆောက်အအုံတခုမှ ပြုလုပ်ခဲ့တာဖြစ်ကာ နောက်ပိုင်းမှာတော့ ယခင်ရီပတ်ဘလီကန်သမ္မတ ဂျော့ချ် အိပ်ချ်ဒဗလျူဘုရှ်က စမ်းသပ်မှုတွေ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

image

ဘဏ္ဍာရေးပြဿနာကြုံနေရတဲ့ ကလပ်မှ ထွက်ခွာလာမှာဖြစ်ပြီး ၁၃ ခုမြောက် ကလပ်သစ် ရှာဖွေနေရတဲ့ ရီးရဲလ်မက်ဒရစ်စတားဟောင်း
====================

ရီးရဲလ်မက်ဒရစ်အလယ်တန်းကစားသမားဟောင်းဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဘဏ္ဍာရေးပြဿနာကြောင့် 2025 Apertura ပြိုင်ပွဲအလွန် စာချုပ်သက်တမ်းတိုးလာနိုင်ခြင်း မရှိတဲ့ ကလပ်လီယွန်နှင့် လမ်းခွဲလာတော့မှာလည်း ဖြစ်ပါတယ်။

ကိုလံဘီယာလက်ရွေးစင်ကစားသမားဟာ ကလပ်လီယွန်မှ ထွက်ခွာလာတော့မှာ ဖြစ်ပြီး မက္ကကိုနှင့် ပြည်ပကလပ်များရဲ့ ကမ်းလှမ်းမှုအား တံခါးဖွင့်ထားကာ ကစားသမားဘဝ ၁၃ ခုမြောက် ကလပ်သို့ ပြောင်းလာတော့မှာလည်း ဖြစ်ပါတယ်။

သူဟာ မက္ကဆီကိုကလပ် ကလပ်လီယွန်တွင် တစ်နှစ်ကြာသာ ကစားပြီးနောက် ထွက်ခွာလာမှာလည်း ဖြစ်ပါတယ်။

ကလပ်လီယွန်ဟာ ကလပ်ရဲ့ ဘဏ္ဍာရေးပိုင်ရော ကွင်းတွင် ရလဒ်ပိုင်းပါ မကောင်းမွန်မှုနှင့်အတူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့တာပါ။

ကလပ်လီယွန်ဟာ နွေရာသီ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံခဲ့ရသလို လက်ရှိအချိန်တွင် အမှတ်ပေးဇယားအဆင့် ၁၇ နေရာမှာလည်း ရပ်တည်နေရပါတယ်။

အသက် ၃၄ နှစ်ရှိ ကိုလံဘီယာအသင်းခေါင်းဆောင်ဟာ ကလပ်လီယွန်အတွက် လိဂ်ပွဲ ၁၂ ပွဲကစားထားရာမှာ ၃ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။ သူဟာ ကလပ်အတွက် စုစုပေါင်း ၃၂ ပွဲကစားထားရာမှာ ၅ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။

သူဟာ ကိုလံဘီယာကလပ် အန်ဗီဂါဒိုတွင် ကစားသမားဘဝစတင်ပြီးနောက် ပေါ်တို၊ မိုနာကို၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ အဲဗာတန်အပါအဝင် ကလပ် ၁၂ ခုတို့တွင် ကျင်လည်ခဲ့ဖူးပါတယ်။

သူဟာ ၂၀၁၄ ကမ္ဘာဖလားရွှေဖိနပ်ဆု၊ ကမ္ဘာ့အကောင်းဆုံးဂိုးဆု ဆွတ်ခူးဖူးသလို ချန်ပီယံလိဂ်ဖလားလည်း ၂ ကြိမ် ဆွတ်ခူးထားပါတယ်။

image
45 w - Translate

စက္ကော့-ဇလွန်-ဓနုဖြူ ကားလမ်းမကြီးပေါ်တွင် ယာဥ်တို-က်မှုဖြစ် (၁)ဦး‌ေ-သ (၁)ဦးဒ-ဏ်ရာရ
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်တွင် ယနေ့ အောက်တို ဘာ ၃၀ ရက်နံနက် ၅ နာရီ ၂၀ မိနစ်ခန့်က ယာဥ်တို-က်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ စက္ကော့-ဇလွန်-ဓနုဖြူကားလမ်းမကြီး၏ မိုင်တိုင်အမှတ်(၁၈/၄) အနီးတွင်ယာဉ်တို-က်မှုဖြစ်ပွား၍ ဓနုဖြူမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် အမျိုးသား(၁)ဦးမှာ ထိခို-က်ဒ-ဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား (၁)ဦးတွင်လည်း ထိခို-က်ဒ-ဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းနှင့် ထိခိုက်ဒ-ဏ်ရာရသူတို့အား လပြည့်ဝန်းလူမှုကူညီရေးအသင်းမှ ဓနုဖြူပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image
45 w - Translate

Tattoo ideas

image
45 w - Translate

Tattoo ideas

image
45 w - Translate

Tattoo ideas

image
45 w - Translate

Tattoo ideas

image
45 w - Translate

Tattoo ideas

image
45 w - Translate

Tattoo ideas

image
45 w - Translate

Tattoo ideas

imageimage
+4