စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာကို လွဲပြောင်း ရယူလာတဲ့ အေစီမီလန်

စက်တင်ဘာ ၂၉

အေစီမီလန်ဟာ တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပေမယ့်လည်း နာပိုလီအား အနိုင်ယူကာ စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရယူလာပါတယ်။

မနေ့ညကပွဲတွင် ချဲလ်ဆီးစတားဟောင်းခရစ္စတီယန်ပူလီဆင်က ဦးဆောင်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သလို ပင်နယ်တီမှတဆင့် အနိုင်ဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။

အမေရိကန်လက်ရွေးစင်ဟာ ပွဲအစ ၃ မိနစ်မှာ အလက်ဆစ်ဆီလီမီကာ ဦးဆောင်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သလို ၃၁ မိနစ်မှာ ပင်နယ်တီကနေ ဒုတိယဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။

နာပိုလီဟာ ဒုတိယပိုင်းပွဲချိန် ၅၇ မိနစ်မှာ အက်စ်တူပီနန် အနီကတ်ပြထုတ်ပယ်ခံရလို့ တစ်ယောက်အသာဖြင့် ကစားခွင့်ရခဲ့ပါတယ်။ ဘယ်နောက်ခံလူဟာ အကာအကွယ်မဲ့နေတဲ့ ဂိုးပေါက်ကို အပိုင်ပိတ်သွင်းဖို့ အသင့် ဖြစ်နေတဲ့ ဂျီယိုဗန်နီဒီလိုရန်ဇိုကို ဆွဲခဲ့မှုအတွက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဘရိုက်တန်ကစားသမားဟောင်းဟာ အစောပိုင်းတုန်းက အဝါကတ်သာ ပြသခံခဲ့ရပေမယ့် VAR ကြားဝင်လာပြီးနောက် အနီကတ်ပြောင်းလဲပြသခံရတာလည်း ဖြစ်ပါတယ်။

ယင်းမှရရှိတဲ့ ပင်နယ်တီကနေ ကီဗင်ဒီဘရိုင်းက ချေပဂိုးသွင်းယူခဲ့ပါတယ်။

ကွန်တီရဲ့ နာပိုလီဟာ တစ်ယောက်အသာဖြင့် ကစားခွင့် ရရှိကာ ချေပဂိုး ရရှိရေး ကြိုးပမ်းခဲ့ပေမဲ့လည်း ရှာမတွေ့ခဲ့ပါဘူး။

နာပိုလီဟာ ယခုရာသီ ပထမဆုံး စီးရီးအေရှုံးပွဲ ကြုံတွေ့လာခဲ့တာလည်း ဖြစ်ပါတယ်။

အေစီမီလန်ဟာ နာပိုလီ၊ ရိုးမားတို့နှင့် ရမှတ် ၁၂ မှတ်တူညီကာ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လာပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image
16 w - Translate

ယခုတစ်ပတ်ရောင်းချရမည် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ပြောင်းလဲမှုမရှိ
ယခု စက်တင်ဘာ(၉၂)ရက်မှ အောက်တိုဘာ(၅)ရက်အထိ တစ်ပတ်တာကာလအတွင်း ရောင်းချရမည့် စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ (၆,၆၁၀)ကျပ်ဖြစ်ပြီး ပြီးခဲ့သည့် အပတ်က ရောင်းချရမည် စျေးအတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ(၂၂)ရက်မှ စက်တင်ဘာ(၂၈)ရက်အထိ တစ်ပတ်တာကာလာအတွင်း ရောင်းချရမည့်စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ ကျပ်(၆၆၁၀) ဖြစ်သည်။
ဇူလိုင်လ ဒုတိယအပတ်မှစပြီး ဈေးအနည်းငယ် ကျဆင်းခဲ့သော်လည်း ဩဂုတ်လွင် စျေးအနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ပြီး ယခုစက်တင်ဘာလထဲတွင် ကျပ်(၆,၆၁၀) ဖြစ် ဈေးငြိမ်နေခြင်းဖြစ်သည်။
စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။

image

ငါ တစ်ခုခုလုပ်မယ်ဆိုရင် အခြားလူတွေကိုပါ ထည့်ပြီးတော့ စဉ်းစားပေးရမယ် ။ ထည့်တွက်ရမယ် ။ အဲဒီလိုဆိုရင် ပြင်ပလောကမှာ ပိုပြီးတော့ သဘောထားပြည့်ဝတဲ့သူ ဖြစ်မယ် ။ အဲဒီလို သဘောထား ပြည့်ဝမှလည်းပဲ အပြင်လောကမှာ ပိုပြီးတော့ အဆင်ပြေတဲ့သူ ဖြစ်မယ် ။
အိမ်မှာ အမေနဲ့အဖေက တစ်ယောက်နဲ့တစ်ယောက် မတိုင် ပင်ဘူး ။ တစ်ယောက်တည်းက သူကြိုက်သလို လုပ်မယ် ။ တစ်ယောက်က ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ ၊ လုပ်သမျှခံရမယ်ဆိုရင် အဲဒီကလေးဟာ သူကိုယ်တိုင်က အဲဒီစရိုက် ပါသွားပြီး ကြီးလာတဲ့အခါမှာ ဘယ်သူကိုမှ မတိုင်ပင်ချင်ဘူး ။ သူလုပ်ချင်တာလုပ်မယ် ။ အဲဒီလိုဆိုရင် အပြင်လောက အသိုင်းအဝိုင်းထဲ ရောက်သွားတဲ့အခါမှာ သူက ညှိနှိုင်းရခက်တဲ့လူ ဖြစ်လာမယ် ။
ဟစ်တလာရဲ့ Biography ဖတ်ဖူးတယ် ။ ဟစ်တလာရဲ့အဖေက ဟစ်တလာကို ငယ်ငယ်တုန်းက သိပ်ရိုက်တာပဲတဲ့ ။ အမိန့်လည်း ပေးတယ် ။ ဘယ်တော့မှ ရှင်းမပြဘူး ။ သူ မကြိုက်တာ တစ်ခုတွေ့ပြီဆိုရင် သူ့အဖေက သူ့ကို ကောင်းကောင်းရိုက်တယ်တဲ့ ။ အဲဒီလူက ကြီးလာတော့ စိတ်က ကြမ်းတမ်းလာတယ် ။ သူကိုယ်တိုင်က အမိန့်ပေး ချင်တာပဲ ရှိတယ် ။ ဘယ်သူ့စကားမှ ပြန်နားထောင်ဖို့ စိတ်မကူးဘူး ။
ကြမ်းတမ်းတဲ့သူတွေ သေချာလေ့လာကြည့်တော့ မိဘမေတ္တာကို အပြည့်အဝမရခဲ့တဲ့ လူတွေပဲ ။ မိဘမေတ္တာကို ပြည့်ပြည့်ဝ၀ ရခဲ့တဲ့သူက ကြမ်းတမ်းတဲ့လူ မဖြစ်ဘူး ။ ဒါကြောင့် မိဘနဲ့ သားသမီး ဆက်ဆံရေး ၊ သားသမီးက မိဘအပေါ် ဆက်ဆံရေး ၊ ကိုယ့်သားသမီးနဲ့ ကိုယ် ဆက်ဆံရေး ၊ ကိုယ့်အိမ်သူအိမ်သားနဲ့ ဆက်ဆံရေး အဲဒါတွေဟာ လူ့ဘဝမှာ အရေးကြီးဆုံးဆက်ဆံရေး ဖြစ်တယ် ။ အဲဒါကို ကောင်းအောင် လုပ်ဖို့ လိုတယ် ။
#ဆရာတော်ဦးဇောတိက

image

ရွှေ့ပြောင်းမြန်မာလုပ်သားသုံးဦးပါဝင်သောနယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုကွန်ရက်မှ လူ ၁၉ ဦးပါ ဂိုဏ်းတစ်ခုလုံးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

စက်တင်ဘာ ၂၉

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်ရွှေ့ပြောင်းမြန်မာလုပ်သားသုံးဦးပါဝင်သောနယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုကွန်ရက်မှ လူ ၁၉ ဦးပါ ဂိုဏ်းတစ်ခုလုံးကို ထိုင်းနိုင်ငံ၊ ဘူရာဖာတပ်ဖွဲ့က စက်တင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်သည်။

ယနေ့ ​၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အနီး၊ စကဲယိုပြည်နယ်၊ အရညာပရာ့ထက်ခရိုင်၌ ဗိုလ်မှူးကြီး ချိန်းနရုန်း ကဆီး ဦးဆောင်သော ဘူရာဖာတပ်ဖွဲ့သည် ထိုင်းလူမျိုး လူကုန်ကူးသူ ၁ ဦး ဦးဆောင်ကာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူ ၁၈ ဦးကို ဖမ်းဆီးခဲ့သည်။

​ဖမ်းဆီး ​ထိန်းသိမ်းခံရသူများကို အဓိကအုပ်စုနှစ်ခုအဖြစ် ခွဲခြားခဲ့ရာ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိသော ထိုင်းလူမျိုး လူကုန်ကူးသူ အသက် ၄၇ နှစ်အရွယ် သဝီးအား လူကုန်ကူးသူအဖြစ် ဖမ်းဆီးခဲ့သည်။ သဝီးကို ရှာဖွေရာတွင် ၎င်း၏လွယ်အိတ်အတွင်း၌ ‘အိုက်စ်’ ခေါ် မက်သာဖက်တမင်း (Methamphetamine) ၀ ဒသမ ၃၈၅ ဂရမ်နှင့် မက်သာဖက်တမင်းဆေးပြား ၂ ပြားကို တွေ့ရှိခဲ့သဖြင့် မူးယစ်ဆေးဝါးမှုဖြင့်ပါ အပိုဆောင်းစွဲချက်တင်ခဲ့သည်။

သဝီး၏ ဦးဆောင်မှုအောက် နယ်စပ်ကို တရားမဝင် ဖြတ်ကျော်သူများ ၁၈ ဦးတွင် ထိုင်းလူမျိုး ၁၅ ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်သည်။

ထိုသူများကို ​စစ်ဆေးမေးမြန်းရာတွင် ထိုင်းနိုင်ငံသား ၁၅ ဦးသည် တရားမဝင် အလုပ်အမျိုးမျိုးလုပ်ကိုင်ရန် ကမ္ဘောဒီးယားသို့ နယ်စပ်ဖြတ်ကျော်ဖို့ ရည်ရွယ်ထားကြောင်း ဝန်ခံခဲ့ကြသည်။ အများစုမှာ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များတွင် အလုပ်လုပ်ရန် ရည်မှန်းထားကြပြီး၊ အချို့ကမူ ဘဏ်အကောင့်ဖွင့်ရန်နှင့် မျက်နှာစကန်ဖတ်ရန်အတွက် စည်းရုံးခံခဲ့ရကာ နယ်စပ်ဖြတ်ကျော်ကြေး ပေးစရာမလိုဟုဆိုသည်ကို တွေ့ရှိရသည်၊ ၎င်းသည် တရားမဝင် စည်းရုံးမှုပုံစံသစ်တစ်ခုဖြစ်သည်။

​မြန်မာနိုင်ငံသား ၃ ဦးမှာမူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးဖြစ်ပြီး ထိုင်းနိုင်ငံရှိ အပ်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ရန် သွားလိုကြောင်း ထွက်ဆိုခဲ့သည်။ ၎င်းတို့သည် မြန်မာအေးဂျင့်တစ်ဦးအား တစ်ဦးလျှင် မြန်မာငွေ ၂၅၀,၀၀၀ ကျပ်၊ သို့မဟုတ် ထိုင်းဘတ်ငွေ ၃,၉၅၆ ဘတ်ခန့် ပေးချေခဲ့ကြသော်လည်း တရားမဝင် ဝင်ရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

​ဖမ်းဆီးသူအရာရှိများသည် ဖမ်းဆီးရမိသူ ၁၉ ဦးလုံးကို ထပ်မံစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန်နှင့် ဖမ်းဆီးမှုမှတ်တမ်းတင်ရန် ခေါ်ဆောင်သွားခဲ့ကာ လူကုန်ကူးမှုကွန်ရက်ကို ဆက်လက်စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန်အတွက် ဆကဲယိုပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးနှင့် ခလောင်နမ်ဆိုင်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

Ref, Khaosod

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
16 w - Translate

ကနေဒါနိုင်ငံက အလက်ဇန္ဒား ဗာဗီလော့ဗ် (Alexander Bavilov) ရဲ့ မိဘတွေဖြစ်ကြတဲ့ အန်ဒရီဘက်ဇရူကော့ဗ် (Andrey Bezrukov) နဲ့ အယ်လီနာ ဗာဗီလိုဗာ (Elena Vavilova) တို့ဟာ ရုရှားနိုင်ငံက လျှို့ဝှက်ထောက်လှမ်းရေး KGB ရဲ့ သူလျှိုတွေဖြစ်ကြပါတယ်
သူတို့နှစ်ဦးဟာ "Illegals Program" လို့ခေါ်တဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ကိုင်ခဲ့ကြပြီး ဒီအစီအစဉ်က သူလျှိုတွေကို နှစ်ပေါင်းများစွာကြာအောင် နိုင်ငံခြားမှာ အမေရိကန် ဒါမှမဟုတ် ကနေဒါနိုင်ငံသားအစစ်အမှန်ပုံစံမျိုး ဟန်ဆောင်နေထိုင်စေဖို့ လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်ပါတယ်
ကနေဒါ နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ နေထိုင်စဉ် သူတို့ဟာ ဒေါ်နယ်လ်ဟိသ်ဖီးလ် (Donald Heathfield) နဲ့ ထရေးစီအန်း ဖော်လီ (Tracey Ann Foley) ဆိုတဲ့ အမည်ဝှက်တွေနဲ့ နေထိုင်ခဲ့ကြပါတယ် သူတို့ဟာ တီမိုသီ (Timothy - ၁၉၉၀) နဲ့ အလက်ဇန္ဒား (Alexander - ၁၉၉၄) ဆိုတဲ့ သားနှစ်ယောက်ကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာမွေးဖွားခဲ့ကြပါတယ်
ကလေးတွေဟာ ပုံမှန်ကနေဒါမိသားစုဝင်တွေဖြစ်တယ်ဆိုတာကိုသာ သိခဲ့ကြပြီး မိဘတွေကလည်း ရုရှားစကားပြောတာကို တစ်ခါမျှမကြားဖူးခဲ့ပါဘူး
၂၀၁၀ ပြည့်နှစ် အလက်ဇန္ဒား အသက် ၁၆ နှစ်အရွယ်မှာတော့ FBI ဟာ အမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ ရုရှားလျှို့ဝှက်သူလျှို ၁၀ ဦးကို စုပေါင်းဖမ်းဆီးခဲ့ရာ သူ့မိဘတွေလည်း ပါဝင်ခဲ့ပါတယ် ဘော့စတွန်အနီးရှိ သူတို့ရဲ့ နေအိမ်မှာ ဖမ်းဆီးခဲ့ခဲ့ပြီး အဲ့ဒီအချိန်မှ သူတို့ရဲ့အမည်ရင်းနဲ့ ရုရှားထောက်လှမ်းရေးမှ ဆိုတဲ့အဖြစ်မှန် ပေါ်ပေါက်ခဲ့ပါတယ်
ဖမ်းဆီးခံရပြီးနောက် သူ့ရဲ့မိဘတွေဟာ ပြစ်မှုတွေကို ဝန်ခံခဲ့ပြီး သူလျှိုဖလှယ်ရေး အစီအစဉ်အရ ရုရှားနိုင်ငံသို့ ပြန်ပို့ခဲ့ပါတယ် အဲ့ဒီအခါ အလက်ဇန္ဒား နဲ့ သူ့အစ်ကို တီမိုသီတို့ဟာ ကနေဒါမှာ မွေးဖွားခဲ့ခြင်းကြောင့် နိုင်ငံသားဖြစ်ခွင့်ရှိသင့်ပေမဲ့လည်း ကနေဒါအစိုးရက ၎င်းတို့ရဲ့ နိုင်ငံသားဖြစ်ခွင့်ကို လက်မခံခဲ့ပါဘူး
"ကနေဒါနိုင်ငံသားဥပဒေ" (Citizenship Act) အရ ကနေဒါမှာ မွေးဖွားသူတိုင်းဟာ နိုင်ငံသားဖြစ်ခွင့်ရရှိပေမဲ့လည်း "နိုင်ငံခြားအစိုးရရဲ့ သံတမန် ဒါမှမဟုတ် ဝန်ထမ်းတစ်ဦးရဲ့ကလေး" တွေအတွက် ချွင်းချက်ရှိပါတယ် ကနေဒါအစိုးရက သူ့မိဘတွေဟာ နိုင်ငံခြားအစိုးရရဲ့ဝန်ထမ်းတွေဖြစ်တဲ့အတွက် အဲ့ဒီချွင်းချက်အောက်မှာ အကျုံးဝင်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်
အဲ့လိုနဲ့ အလက်ဇန္ဒားဗာဗီလော့ဗ် ဟာ တရားရုံးမှာ ဆယ်နှစ်နီးပါးကြာအောင် နိုင်ငံသားဖြစ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ရပါတယ် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ကနေဒါတရားရုံးချုပ်က အဆိုပါ ချွင်းချက်ဟာ သံတမန်ဆိုင်ရာ အထူးအခွင့်အရေးတွေနဲ့ ကင်းလွတ်ခွင့်တွေ ရရှိထားတဲ့ နိုင်ငံခြားအစိုးရ ဝန်ထမ်းတွေရဲ့ သားသမီးများအတွက်သာ အကျုံးဝင်တယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်
သူလျှိုတွေဖြစ်ကြတဲ့ သူ့မိဘတွေဟာ လျှို့ဝှက်စွာနေထိုင်ခဲ့ကြပြီး မည်သည့်သံတမန်အခွင့်အရေးမှ မရှိခဲ့တာကြောင့် အဲ့ဒီချွင်းချက်နဲ့ မသက်ဆိုင်ကြောင်း တရားရုံးချုပ်က သတ်မှတ်ခဲ့ပါတယ် ရလဒ်အနေနဲ့ တရားရုံးချုပ်က အလက်ဇန္ဒားဗာဗီလော့ဗ်ကို ကနေဒါနိုင်ငံသားဖြစ်ခွင့် တရားဝင်ကြောင်းအတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image

❝စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ယခင်တစ်ပတ်ကအတိုင်း ဆက်လက်တည်ငြိမ်နေ❞

စက်တင်ဘာ ၂၉

ယခုတစ်ပတ်တာကာလဖြစ်သည့် ယနေ့ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၅ အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၆၁၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၃ ရက်တွင် ငွေကျပ် ၆၁၃၀ ရှိခဲ့သည့် အဆိုပါ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများသည် သြဂုတ်လ ၃၁ ရက်တွင် ငွေကျပ် ၆၃၀၀ သို့ မြင့်တက်ခဲ့သလို စက်တင်ဘာ ၁ ရက်တွင် ၆၄၁၀ ကျပ်၊ စက်တင်ဘာ ၈ ရက်တွင် ၆၅၂၀ ကျပ်မှ စက်တင်ဘာ ၁၅ ရက်တွင် ၆၆၁၀ ကျပ်သို့ အသီးသီးမြင့်တက်လာခဲ့ရာ လာမည့် အောက်တိုဘာ ၅ ရက်အထိ ၆၆၁၀ ကျပ်ဖြင့် ဆက်လက်တည်ငြိမ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

#centralnewsnaypyitaw

image
16 w - Translate

ဇာတ်လမ်းလေးရဲ့အစမှာတော့ ခပ်ဟော့ဟော့ ဆံပင်အနီရောင်စုန်းမလေးတစ်ယောက်ဟာ Earwig လိုခေါ်တဲ့ မွေးကင်းစကလေးလေးကို မိဘမဲ့ဂေဟာတစ်ခုမှာ တိတ်ခွေလေးတစ်ခွေနဲ့အတူထားခဲ့ပါတယ်

Earwig လေးက စုန်းမရဲ့သမီး ဆိုသလိုပဲ ဂေဟာက ကလေးတွေအားလုံးထဲမှာထက်ထက်မြတ်မြတ်ရှိအပြင်လူကြီးတွေကိုလည်း သူ့ကိုဘယ်လိုချစ်အောင်လုပ်ရမလဲဆိုတာကောင်းကောင်းသိတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်

ဒါကြောင့် ဂေဟာတစ်ခုလုံးမှာ Earwig လေးတစ်ယောက်မိဘမဲ့ဂေဟာကျောင်းအုပ်နဲ့မိဘမဲ့ဂေဟာ တစ်ခုလုံးရဲ့အသည်းလေးဖြစ်နေတာပေါ့

တစ်နေ့မှာ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ နတ်ဆိုးစုံတွဲနှစ်ယောက်က ဂေဟာမှာ ကလေးမွေးစားမယ်ဆိုပြီးရောက်လာပါတယ်

သူတို မျက်စိကျသွားတဲ့သူက တစ်ကျောင်းလုံးရဲ့အသည်းလေး Earwig ပဲပေါ့

အဲအချိန်ကစပြီး မွေးစားခံရတဲ့ Earwig တစ်ယောက်သူ့ဘဝြကီးက ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတော့တယ်


➡️ ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လိုရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️

https://t.me/+nqhhs6tGKeRjZjA1

➡️ ဇာတ်ကားကြည့်ရန်လင့်⬇️

https://t.me/c/2088510221/3078

image

သခွားသီးသုပ်ကြိုက်ကြလားရှင့်... သခွားသီး သုပ်ကြိုက်တဲ့သူလေးတွေအတွက် သုပ်နည်းလေး တင်ပေးထားပါတယ်။
ပုဇွန်သခွားသီးရခိုင်သုပ် စပ်စပ်လေး 😋😋😋
သခွားသီးသုပ် အရည်ရွှဲရွှဲလေးကို ထမင်းဖြူလေးနဲ့စား အရမ်းကိုစားကောင်းပါတယ်။
သခွားသီးကို ရေဆေးနှစ်ခြမ်းခွဲ အလယ်ကအစေ့လေးတွေထုပ်ပြီးခြစ်ထားပါ။
နုနုလေးဆို အစေ့ထုပ်စရာတောင်မလိုပါဘူး။
ကြက်သွန်နီနှစ်လုံးလောက် ပါးပါလေးလှီးပြီး ရေဆေးထားပါ။
ပုဇွန်လှော်ပြီး အခွံခွာထားပါ။
ငပိမီးဖုတ်ထားပါ။
ငရုပ်သီးစိမ်း ကိုယ်အစပ်စားနိုင်သလောက် လှော်ထားပါ။
ပြီးရင် ငပိနဲ့ ငရုပ်သီးစိမ်းလေး ရောထောင်းပါ။
အရသာအတွက် လိုအပ်တဲ့ဆား၊ အချိုမှုန့်၊ သို့မဟုတ် ကြက်သားမှုန့်ကို တခါတည်းထည့်ထောင်းပါတယ်။
လှော်ထားတဲ့ပုဇွန်တဝက်လောက်ကိုလည်း ရောထောင်းလိုက်ပါတယ်။
ကျန်တဲ့တဝက်က အကောင်လိုက်ထည့်ပါမယ်။
ပြီးရင် ခြစ်ထားတဲ့သခွားသီးထဲကို ထောင်းထားတာတွေထည့်၊ ကြက်သွန်နီပါးပါလှီးထားတာနဲ့ ပုဇွန်တွေထည့်ပြီး ရောသုပ်ပါ။
အချဥ်ကြိုက်ရင် သံပရာသီးလေး ညှစ်ထည့်ပါ။
နောက်ဆုံး အရသာလေးမြည်းပြီး ပင်စိမ်းလေးညှပ်ထည့်ပြီးရင် ရပါပြီရှင့်......။ 😋😋😋

image
16 w - Translate

🎬 Hotel Transylvania 5
- Live Action (2026) | Official Teaser 🦇✨
Starring: Adam Sandler | Selena Gomez | Andy Samberg | Kevin James | David Spade | Steve Buscemi | Keegan-Michael Key | Fran Drescher
🎭 Genre: Animated Comedy | Fantasy Adventure | Family
⭐ Anticipated Rating: 8.4/10 – Hilarious, heartfelt, and full of monster magic.
Drac thinks it’s just another fun-filled year at the hotel — until an ancient prophecy awakens. A magical book buried beneath the hotel reveals that the monster haven is actually the lock to a forgotten world. When the seal breaks, the gang must dive headfirst into a mystical land crawling with legendary beasts and a rival vampire queen with her eyes on the throne.
💥 From enchanted forests to sky-high monster duels, every step is a laugh-out-loud thrill ride that tests friendship, family, and fang power.
🦇 This isn’t just a vacation — it’s Drac’s biggest challenge yet!

image

"The Great Attractor "
ကျွန်တော့် မိတ်ဆွေများ တစ်ကနေ ငါးအထိ ကို မျက်စိမှိတ်ပြီး ရေကြည့်လိုက်ပါ။
မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ မှာ ကျွန်တော်တို့ရဲ့ဘေးပတ်ဝန်းကျင်မှာ ပြောင်းလဲမှု ကြီးကြီးမားမားတွေ့ရမှာမဟုတ်ပေမယ့် တကယ်တမ်းတော့ ကျွန်တော်တို့ဟာ ဒီလောက်အချိန်လေးအတွင်းမှာပဲ အာကာသထဲမှာ မိုင်နှစ်ထောင်ကျော်ခရီးနှင်ပြီးပါပြီ။
ဘာကြောင့် ဒီလောက်အချိန်တိုလေးအတွင်းမှာ မြန်မြန်ရွေ့နေသွားနေရတာလဲ?
ကျွန်တော်တို့ ကမ္ဘာအပါအဝင် နေအဖွဲ့ အစည်း ပါဝင်နေတဲ့ Milky way ဂလက်ဆီ တစ်ခုလုံးဟာ the great attractor လို့ခေါ်တဲ့ နေရာတစ်ခု ရဲ့ ဒြပ်ဆွဲအား gravity ကြောင့် သူ့ဆီကို အတူတူ ရွေ့နေလို့ဖြစ်ပါတယ်။
ဒီနေရာက ကမ္ဘာကနေ အလင်းနှစ် သန်း ၁၅၀-၂၅၀ လောက်ကွာတဲ့နေရာတစ်ခုမှာရှိနေပြီးတော့ ကျွန်တော်တို့ ဂလက်ဆီကြီးအပါအဝင် တစ်ခြား အိမ်နီးနားချင်း ဂလက်ဆီတွေဟာလည်း ကျွန်တော်တ်ို့နဲ့အတူတူ သူ့ဆီကို ရွေ့နေကြပါတယ်။
အာကာသ ထဲမှာသေချာပြောနိုင်တာတစ်ခုကတော့ ဘယ်သူမှ ငြိမ်ငြိမ်မနေနေဘူးဆိုတာပါ။ ဒီစာကိုထိုင်ရေးနေတဲ့ ကျွန်တော်ကော ဖတ်နေတဲ့ လူတွေ အပါအဝင် အားလုံးဟာ ငြိမ်နေတယ်လို့ထင်ရပေမယ့် တကယ်တမ်းတော့ မဟုတ်ပါဘူး။
ကမ္ဘာဟာ တစ်နာရီကို မိုင်၁၀၀၀ ခန့်နှုန်းနဲ့ သူ့ဝင်ရိုးအပေါ်မှာသူလည်ပတ်နေပါတယ်။
ဒါ့အပြင် ကမ္ဘာဟာထပ်ပြီးတော့ နေကိုလည်း တစ်နာရီကို မိုင် ၆၇၀၀၀ နှုန်းနဲ့ လှည့်ပတ်နေပြန်ပါသေးတယ်။
ဒါ့တောင် နေ့အဖွဲ့အစည်းအတွင်းမှာ ရွေ့နေကြတဲ့အလျင်တွေကိုပဲတွက်ထားတာပါ။စကြာဝဠာကြီးရဲ့ပြန့်ကားနှုန်းတွေ the great attractor ရဲ့ ဆွဲငင်နေမှု နဲ့ ဂလက်ဆီတွေအချင်းချင်းကြားက ဒြပ်ဆွဲအားသက်ရောက်မှုတွေကို မတွက်ရသေးပါဘူး။
၁၉၇၀ ပြည့်နှစ် လွန်တွေမှာ ပြသာနာတစ်ခုပေါ်လာပါတယ်။အဲ့တာက နက္ခတ်တာရာပညာရှင်တွေဟာ ဂလက်ဆီတွေရဲ့ redshift
( အနီရောင်ပြောင်းလဲမှု / ဂလက်ဆီတွေဆီကလာတဲ့ အလင်းတန်းဟာ ဝေးလေလေ ပိုပြီးတော့ လှိုင်းအလျားရှည်လာလေလေဖြစ်ပါတယ် အဲ့တာကြောင့်သူတို့ဆီက လာတဲ့ အလင်းတွေက အနီဘက်ကိုပိုသန်းနေပါတယ်။သူတို့ရဲ့အလင်းမှာ အနီရောင်ဘယ်လောက်များလည်းဆိုတာမူတည်ပြီး သူတို့ ရဲ့အကွာအဝေးကိုတိုင်းတာတာပါ။) ကိုတိုင်းကြည့်တဲ့အခါ ကျွန်တော်တို့တွေရဲ့ အနားက ဂလက်ဆီ တွေအားလုံးဟာ တစ်စက္ကန့်ကို မိုင်၄၀၀ လောက်နဲ့ Triangulum Australe Constellation နေရာကို ရွှေ့နေကြလို့ပါ။
ဒီနေ့ရာဟာ the great attractor ရှိတယ်လို့ ယူဆရတဲ့နေရာဖြစ်ပါတယ်။
ခက်တာက အဲ့တုန်းကနည်းပညာကြောင့် The great attractor ကို တယ်လီစကုတ်တွေနဲ့ လှမ်းကြည့်လို့မရပါဘူးသူနဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြားမှာ Milky way galaxy ကြီးက ခံနေပြီး ဖုန်မှုန့်နဲ့ တစ်ခြားအရာဝတ္တုတွေ အပြည့်ဖြစ်နေတဲ့ မမြင်ရတဲ့ နေရာ ( zone of avoidance ) ကခံနေလို့ပါ။
၁၉၈၆ ခုနစ်ကြမှ ဒီနေရာကို XRay astronomy ပညာပေါ်လာတော့မှ အကြမ်းဖျဉ်းဒီနေရာရဲ့အကြောင်းကို သိလာရပါတယ်။
အခုလောလောဆယ် လေ့လာတွေ့ထားတာကတော့ ဒီလိုပါ။
ကျွန်တော်တို့ရဲ့ milky way ဂလက်ဆီကြီးနဲ့ တစ်ခြား အိမ်နီးနားချင်းဂလက်ဆီတွေအားလုံးဟာ Virgo cluster လို့ခေါ်တဲ့ ဂလက်ဆီ cluster တစ်ခုဆီကို ရွေ့နေပါတယ်။ အဲ့ cluster ကြီးကလည်း နောက်ထပ် Virgo super cluster လို့ခေါ်တဲ့ပိုကြီးတဲ့ နောက်ထပ် cluster ကြီးတစ်ခုဆီကိုရွေ့နေတာပါ။ဒီ Virgo super cluster ကြီးကလည်း နောက်ထပ်သူ့ထက်ကြီးတဲ့ Laniakea cluster ကြီးဆီကို ရွေ့နေတာပါ။
The great attractor ကတော့ Laniakea ရဲ့ အလယ်ဗဟိုမှာရှိနေပါတယ်။သူကိုယ်တိုင်ကလည်း နောက်ထပ် Shapley super cluster လို့ခေါ်တဲ့ အခြားဂလက်ဆီတွေပိုပြီးများပြားစွာစုစည်းတည်ရှိနေတဲ့ နေရာတစ်ခုဆီကို ရွေ့နေပါသေးတယ်။
The great attractor က ဘာလည်းဆိုတော့ တစ်ချို့တွေပြောနေတဲ့ တွင်းနက်ကြီးတွေ ကြယ်တာရာတွေ ဂလက်ဆီတွေ မဟုတ်ပဲ Gravitational anomaly လို့ခေါ်တဲ့ ဒြပ်ဆွဲအားတွေ စုစည်းပြီးဖြစ်နေတဲ့ဗဟိုချက်တစ်ခုပါ။
ထောင်ပေါင်းများစွာ ရှိတဲ့ဂလက်ဆီတွေ အတူတူစုနေကြတဲ့ နေရာကြီးတစ်ခုဖြစ်တာမို့ ဒီနေရာရဲ့ ဆွဲငင်အား က ကျွန်တော်တို့ကို ဆွဲငင်နေတာပါ။တွင်းနက်တွေလိုမျိုးတွေနဲ့တော့မတူပါဘူး။
သူ့ဆီကိုကျွန်တော်တို့က ရွေ့နေတယ်ဆိုပေမယ့် ပိုစိတ်ဝင်စားဖို့ကောင်းတာက သူ့ဆီကို ဘယ်တော့မှ ရောက်သွားမှာမဟုတ်တာပါ။
ဘာကြောင့်လည်းဆိုတော့ စကြာဝဠာကြီးကိုယ်တိုင်ကလည်းပြန့်ကားနေပြီး ဂလက်ဆီတွေ အချင်းချင်းကြားကအကွာအဝေးတွေက တစ်ချိန်မှာ အခုဝေးနေတာထက် ပိုဝေးသွားမှာမလို့ပါ။ဒါဆိုဒီဂလက်ဆီတွေ စုစုစည်းစည်းနေနေကြတဲ့ Cluster ကြီးကလည်း ကွဲပြန့်သွားမှာမလို့ ကျွန်တော်တို့ကို ဆက်ပြီးမဆွဲငင်နေနိုင်တော့ပါဘူး။
အခုလောလောဆယ်မှာတော့ သူ့ဆီကိုရွေ့နေပေမယ့် နောက် နှစ်ပေါင်း ဘီလျံများစွာကြာတဲ့အခါ မှာ Dark energy လို့ခေါ်တဲ့ အရာရဲ့သက်ရောက်မှုကြောင့် ဘယ်တော့မှ the great attractor ဆီမရောက်နိုင်ပဲ ကျွန်တော်တို့ဟာ ပိုဝေးကွာသွားကြမှာပဲဖြစ်ပါတယ်။

image