ပိုလန်ကို သရေကျပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သလောက် ရှိသွားပြီ ဖြစ်တဲ့ နယ်သာလန်
====================

နယ်သာလန်ဟာ ဝါဆောတွင် ပိုလန်နှင့် တစ်ဂိုးစီသရေကျပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
နယ်သာလန်ဟာ အုပ်စု(G) နောက်ဆုံးပွဲမတိုင်မီ ပိုလန်ကို ရမှတ် ၃ မှတ်ဖြတ်ထားနိုင်ပြီး ဂိုးကွာခြားချက် ၁၃ ဂိုးအထိ ရှိထားပါတယ်။
ပလေးအော့ဖ်အတွက် နေရာ သေချာသွားခဲ့တဲ့ ပိုလန်ဟာ ရောဘတ်လီဝန်ဒေါ့စကီးရဲ့ ဖန်တီးမှုကနေ ဂျာကော့ဘ်ကာမင်စကီးရဲ့ ဘတ်ဗာဘရုဂျန်ရဲ့ ပေါင်ကြားအောက်က သွင်းယူတဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ရော်နယ်ကိးမန်းရဲ့ နယ်သာလန်ဟာ ဒွန်ယဲလ်မာလန်ရဲ့ ခေါင်းတိုက်ချက် ကာကွယ်လိုက်မှုကနေ အံထွက်လာတဲ့ ဘောလုံးကို နိုင်ငံအတွက် ဂိုးအများဆုံးသွင်းယူထားသူ မမ်ဖစ်ဒီပေးက ပိတ်သွင်းယူခဲ့လို့ ချေပဂိုး ရရှိခဲ့ပါတယ်။
ဒီဂိုးက အသက် ၃၁ နှစ်ရှိ ကိုရင်သီယန်တိုက်စစ်သမားအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၈ ဂိုးမြောက်ဂိုးဖြစ်ပြီး ဥရောပဇုန်မှာ ဟာလန်းပြီးလျှင် ဒုတိယဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေပါတယ်။
နယ်သာလန်ဟာ နောက်ဆုံး ခြေစစ်ပွဲအဖြစ် အိမ်ကွင်းမှာ လစ်သူယေးနီးယားနှင့် ကစားရမယ့်ပွဲမှာ သရေကျရန်သာ လိုပြီး တကယ်လို့ ရှုံးနိမ့်မယ်ဆိုရင်တောင် ပိုလန်တို့ မော်တာကို ၁၃ ဂိုးပြတ် အနိုင်ရမှသာ ခြေစစ်ပွဲ မအောင်မြင်လာတော့မှာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဖင်လန်က သောကြာနေ့ အစောပိုင်းတုန်းက မော်တာကို ၁-၀ ဂိုးဖြင့် အရေးနိမ့်မှုနှင့်အတူ ကမ္ဘာ့ဖလားမျှော်လင့်ချက် အဆုံးသတ်သွားပါတယ်။

image