တူရကီနှင့် သရေကျပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာတဲ့ စပိန်
=====================
စပိန်ဟာ ဆဗီးလ်တွင် တူရကီနှင့် သရေကျပေမယ့်လည်း ၂၀၂၆ ကမ္ဘာ့ဖလား တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်လာပါတယ်။
လူးဝစ်ဒီလာဖူအန်တီရဲ့ စပိန်အသင်းဟာ အုပ်စု (E) ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ၆ ပွဲတွင် ၅ ပွဲ ဂိုးမပေးခဲ့ရတဲ့ မှတ်တမ်းပိုင်ဆိုင်ခဲ့ပါတယ်။
စပိန်ဟာ ပွဲအစ ၄ မိနစ်မှာပင် ဒါနီအိုလ်မိုရဲ့ ကူကူရယ်လာ ခင်းပေးမှုကနေ ၁၂ ဂိုးမြောက် နိုင်ငံတကာဂိုး သွင်းခဲ့လို့ ဂိုးစောစောစီးစီး ရခဲ့ပါတယ်။ ဒီပွဲဟာ ဘာစီလိုနာကွင်းလယ်ဖန်တီးရှင်အတွက် မတ်လနောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒန်ဇဲလ်ဂူလ်က ပထမပိုင်းမပြီးခင် ၃ မိနစ်အလိုတွင် ချေပဂိုးသွင်းယူခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ပါတယ်။ စပိန်တို့ဟာ ပထမဆုံးအကြိမ် ဒီကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂိုးမပေးခဲ့ရတာလည်း ဖြစ်ပါတယ်။
ယင်းနောက် တူရကီဟာ ၅၄ မိနစ်တွင် ဆာလီအော့ဇ်ကန်ရဲ့ ဂိုးဖြင့် ဦးဆောင်ဂိုး သွင်းခဲ့တာကြောင့် စပိန်ရဲ့ ပွဲ ၃၀ ဆက် ရှုံးပွဲမရှိမှတ်တမ်း အဆုံးသတ်လာရေး စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ၈ မိနစ်အကြာမှာ အကောင်းဆုံးပုံစံ ရရှိနေတဲ့ အိုယာဇာဘယ်က ၆ ဂိုးမြောက် ကမ္ဘာ့ဖလားခြေစစ်ပွဲဂိုးဖြင့် စပိန်အတွက် ချေပဂိုးအား သွင်းယူပေးသွားခဲ့ပါတယ်။
တူရကီဟာ ယခုပွဲတွင် စပိန်ကို ၇ ဂိုးပြတ် အနိုင်ရမှသာလျှင် ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်မှာ ဖြစ်ပေမယ့် စိတ်ဓာတ်ပိုင်း အကောင်းဆုံးနှင့် ရင်ဆိုင်ကစားသွားခဲ့တာ တွေ့ရပါတယ်။ တူရကီဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး ပလေးအော့ဖ်မှ တဆင့် ထပ်မံ ကြိုးစားရပါဦးမယ်။
စပိန်တို့ ယခုပွဲမှာ ဂိုးပေးခဲ့ရမှုနှင့်အတူ အင်္ဂလန်က ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂိုးမပေးရတဲ့ တစ်သင်းတည်းသော ဥရောပအသင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။