ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
☑ ကျောက်ကပ်မကောင်း ၍ ဆီးဆိပ်များသူ ၊သွေးတိုး၊ ဆီးချိုရှိသူများ ☑
ပြောင်းဖူးမွှေး ပြုတ်သောက်ပါ
ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်
ပြောင်းဖူးမွှေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။ ဆီးအိမ်ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဆီးသွားရလွယ်စေပြီး ဆီးလမ်းကြောင်းက ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဆီးကျိတ်ဂလင်းတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။
ဆီးရွှင် စေတယ်
ဆီးသွားရခက်နေသူတွေအနေနဲ့ ပြောင်းဖူးမွှေးကို ဆီးရွှင်ဆေးအဖြစ် သုံးလို့ရပါတယ်။ ပြောင်းဖူးမွှေးက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေကို ဆီးအဖြစ် ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဆီးမသွားနိုင်တာရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ နှလုံး ထိခိုက်တာ၊ ကျောက်ကပ် ပျက်စီးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်ပေးတယ်
ကျောက်ကပ်မှာ ကျောက်တည်တာကနာကျင်သလို ဆီးသွားတဲ့အခါ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ပြောင်းဖူးမွှေးက ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပေးပြီး ဆီးရွှင်စေတာကြောင့် ကျောက်ကပ်မှာ အနယ်စုပုံပြီး ကျောက်ဖြစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
သွေးတိတ် စေတယ်
ပြောင်းဖူးမွှေးမှာ ဗီတာမင် K ပါဝင်နေတာကြောင့် သွေးခဲမှုဖြစ်စဉ်ကို ကူညီပေးပါတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့အခါ မလိုအပ်ဘဲ သွေးထွက်မလွန်အောင် ကာကွယ်ပေးပါတယ်။
သွေးတိုးကျ စေတယ်
ဆီးချို၊ သွေးတိုး ခံစားရသူတွေက ယနေ့ခေတ်မှာ ပိုများလာပါတယ်။ ဒီရောဂါတွေကို ကာကွယ်ဖို့ဖြစ်ဖြစ် သက်သာစေဖို့ဖြစ်ဖြစ် ပြောင်းဖူးမွှေးကို အသုံးပြုပေးလို့ရပါတယ်။ လေနဲ့အခြောက်ခံထားတဲ့ ပြောင်းဖူးမွှေးကို ရေနွေးထဲ စိမ်သောက်ပေးရုံပါ။
သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်
သွေးတွင်းသကြားဓာတ် ကျစေဖို့လည်း ပြောင်းဖူးမွှေးကို အသုံးပြုပေးလို့ရပါတယ်။ နေ့စဉ် ပြောင်းဖူးမွှေး ရေနွေးကြမ်း သုံးဆောင်ပေးတာက သဘာဝသွေးချိုထိန်းသိမ်းနိုင်မယ့် နည်းလမ်းပါ။
အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေတယ်
ပြောင်းဖူးမွှေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရိုးအဆစ် နာကျင်ရောင်ရမ်းမှု ဝေဒနာ၊ ဂေါက်ရောဂါတို့ကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့ အသုံးပြုလို့ရပါတယ်။
သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ်
သွေးတွင်းကိုလက်စထရောများတာက နှလုံးကို သွေးစီးဆင်းရောက်ရှိမှုနည်းစေပြီး ရေရှည်မှာ နှလုံးထိခိုက်တာကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေဖို့ဆိုရင် ပြောင်းဖူးမွှေးကို ပြုတ်သောက်ပေးလို့ရပါတယ်။
ဗီတာမင် C ကြွယ်ဝတယ်
ပြောင်းဖူးမွှေးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းနိုင်ပါတယ်။
ဒီအကျိုးကျေးဇူးတွေအပြင် ပြောင်းဖူးမွှေးက အသားအရောင်ကို ညီစေပြီး အသားအရေ ကျန်းမာစေနိုင်သလို အဝလွန်တာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ညီညွတ်မျှတစေပြီး ကျန်းမာစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်တဲ့ သဘာဝကပေးတဲ့ ဆေးတစ်မျိုးပါ။
Credit original writter
AA ၏ ကျပ် ၁၉၅ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးများ ရန်ကုန်တွင် ဖမ်းမိ
အောက်တိုဘာ ၈
အာရက္ခတပ်တော်(AA)၏ ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်တို့ကို ရန်ကုန်မြို့မှာ ဖမ်းဆည်းရမိခဲ့သည်ဟု ကာ/လုံ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်က ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှတဆင့် ရခိုင်ပြည်နယ် နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိ ပိတ်ဆို့ရှာဖွေစဉ် လှည်းကူးမြို့နယ်၊ လှည်းကူး- ဖောင်ကြီးလမ်းမပေါ်၌ အောင်ခန့်ကျော်နှင့် ထက်ဝေဖြိုးတို့ မောင်းလာသည့် Nissan Condor ယာဉ်ပေါ်မှ အိုက်စ် ၁၄၃၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၃၅.၉၇ ဘီလီယံခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၅ ရက်တွင် ရွှေပြည်သာမြို့နယ်၊ ဒညင်းကုန်း လမ်းဆုံအနီးရှိ “ရွှေမောင်း” လက်ဖက်ရည်ဆိုင်၌ မူးယစ်ဆေးဝါး သယ်ဆောင်မည့် ယာဉ်အား ငှားရမ်းချိတ်ဆက်ပေးသည့် ဇော်ဝင်းထွန်းနှင့် ဆန်းထွန်းကျော်တို့ကိုလည်းကောင်း၊ ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာရှိ နေအိမ်၌ မူးယစ်ဆေးဝါးများ သိုလှောင်သိမ်းဆည်းပေးသူ ဇော်လင်း၊ စောဇင်မင်းဟန်တို့ကို အိုက်စ် ၁၉၉၉ ကီလိုဂရမ်၊ တန်ဖိုး ငွေကျပ် ၄၉.၉၇ ဘီလီယံခန့်နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့နောက် သုံးခွမြို့နယ်၊ သမ္မစိတ္တကမ်းခြေမှ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကောင်း သိရှိရ၍ စက်တင်ဘာ ၂၇ ရက်တွင် သမ္မစိတ္တကျေးရွာအနီးရှိ နေအိမ်ဂိုဒေါင်၌ ဂိုဒေါင်ပိုင်ရှင်ဖြစ်သူ ကျော်နိုင်နှင့် မူးယစ်ဆေးဝါး သယ် ဆောင်ပေးခဲ့သည့် ယာဉ်မောင်း/ယာဉ်မောင်အကူများဖြစ်သော သက်ပိုင်ဦး၊ ရဲကို၊ ဟိန်းထက်စိုး၊ ထက်နေလင်း၊ ဇင်မင်းလှိုင်၊ ဝေဖြိုးအောင်တို့ကို ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၁၀၉.၉ ဘီလီယံခန့်နှင့် မူးယစ် ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုခဲ့သော Mitsubishi Fuso အဖြူရောင်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာမှ စိုးမင်းပိုင်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပြီးနောက် စက်တင်ဘာ ၂၈ ရက် တွင် လှိုင်သာယာမြို့နယ်၊ ၁၅ ရပ်ကွက် Smile World Spa ဆိုင်၌ မူးယစ်ဆေးဝါးများ သိုလှောင်သိမ်းဆည်း ပေးသူ ခင်မောင်တွတ်ကိုလည်းကောင်း၊ စက်တင်ဘာ ၂၉ ရက်တွင် တွံတေးမြို့နယ်၊ ဘုရားငူကျေးရွာ၌ တင့်နိုင် ထွန်း အားလည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ကာ/လုံ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ဖမ်းဆီးရမိသူ ၁၆ ဦး၊ မော်တော်ယာဉ် ၄ စီးနှင့် အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ စုစုပေါင်း မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
AA အဖွဲ့သည် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုများကို ပြုလုပ်ကာ ရရှိသည့်ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်းများ ဝယ်ယူ၍ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လက်နက်အားကိုးဖြင့် အပြစ်မဲ့ ပြည်သူများအပေါ် အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ကာ/လုံ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
Credit - Central News Independence News Agency
#centralnewsnaypyitaw





ပဲပြားအစာသွပ် ကြိုက်သူများအတွက် ပဲပြားစာသွပ်လုပ်နည်း
ပဲပြားအစာသွပ်ကို မိသားစုတွေနဲ့ မြိန်မြိန်စားစေဖို့ မိမိအိမ်မှာပဲ သန့်သန့်ရှင်းရှင်း လုပ်စားကြရအောင်.......။
ပါဝင်ပစ္စည်းများ...........
- ပဲပြားကြော် (အခွံတင်းအောင်ကြော်ထားပါ)
- ဂေါ်ဖီထုပ် (ပါးပါးလှီးထားပါ)
- ရှောက်ရွက် (ပါးပါးလှီးထားပါ)
- ငရုတ်သီးစိမ်း (မထူ မပါး လှီးထားပါ)
- ငံပြာရည်
- အရသာမှုန့်
- ပုစွန်ခြောက်မှုန့်
- ကြက်သွန်ဖြူ ဆီသတ်အဖပ် / ဆီ
👉 ပုံပါအတိုင်း အားလုံး ပြင်ထားပေးပါ။
ပြုလုပ်နည်း.......
ပဲပြားကို ဆီပူပူထဲမှာ အခွံတင်းအောင်ကြော်ပီး ဆီစစ်ထားပါ။
အလယ်ကို ကတ်ကျေးနဲ့ နှိုက်ပီးခွဲထားပေးပါ။
(အရမ်းကျွတ်အောင်ကြော်ရင် စားမကောင်းပါဘူး။
အခွံတင်းရုံ ကြော်ရင်ရပါပြီး။)
ပြီးရင် နယ်မယ့် ပန်းကန်တစ်ခုယူပြီး
ဂေါ်ဖီထုပ်၊ ငရုတ်သီးစိမ်း၊
ရှောက်သီး ညှစ်ထည့်၊ ရှောက်ရွက်၊ အရသာမှုန့်၊
ငံပြာရည်၊ ပုစွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူဆီသတ်အဖပ်/ဆီ
👉 ပုံပါအတိုင်း အားလုံးကိုရောနယ်၍
မိမိ စိတ်ကြိုက် ချဉ် ငံ စပ် အရသာစပ်ပြီး
ကြော်ထားတဲ့ ပဲပြားမှာ အစာသွပ်ရုံပါပဲ။
အရမ်း စားကောင်းပါတယ်။ လုပ်စားကြည့်နော်......😍
ရှောင်နေလိုက်ပါ..... မိတ်ဆွေ
သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီဆိုရင်
တိုက်ရိုက် သွားမပြောနဲ့....
မသိသလို နေပေးပြီးတော့
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ....
သူ့အကျင့်ကို ရိပ်မိနေပြီလား.....
သွားပြီး ပေါက်ကွဲ မပြနဲ့.....
မသိသလို နေပေးပြီး
နောက်ဆို ကိုယ်ကဆင်ခြင်လိုက်ပါ.....
နင်ကဘယ်လို ငါကဘယ်လိုဆိုပြီး
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့မလိုပါဘူး......
ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို
ကိုယ်က နားလည်နေပြီလား.....
ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့.....
တဖြည်းဖြည်း ရှောင်နေလိုက်ပါ
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိုင်တာမို့ပါ....
တစ်ခါတစ်လေတော့
ကိုယ်သိတဲ့ အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲလိုတာပါ....
လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့
မပြောလိုဘူး...
မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ်ဆိုရင်လည်း
ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ်....
ရိုးသားချင်ယောင်ဆောင်
သဘောကောင်းသလို ဟန်ပြ
ကွယ်ရာမှာ ကိုယ့်မကောင်းကြောင်းပြော
ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူလို လေလွှင့်
အခွင့်အရေးရရင် ရသလိုဖဲ့ညှစ်
အရာရာကို သူ့အပြစ်မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့လူမျိုးကို
ဒီတစ်သက် သင်တွေ့ဆုံခဲ့ရင်
ကင်းနိုင်သလောက်
ရှောင်ဖယ်ကာ နေလိုက်ပါ......မိတ်ဆွေ
#ချစ်ခင်စွာနဲ့မျှဝေလိုက်ပါတယ်
#cards #ဗဟုသုတကမ္ဘာ
အထူးဂရုစိုက်ကြပါ ဒီနေ့ လိုင်းပေါ်မှာအဲ့အကောင်သောင်းကျန်းလို့ တော်တော်ဆိုးဆိုးဖြစ်နေပါတယ် ❗️
ဆောင်းရာသီမှာ အဖြစ်များတဲ့ မီးပိုးကောင်အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ❓
လတ်တလော ကာလအတွင်းမှာ မီးပိုးကောင် အကိုက်ခံရပြီး ဝေဒနာခံစားရသူများ ရှိလာခဲ့ပါတယ်။
ဒါကြောင့် မီးပိုးကောင် ကိုက်ခံရရင် ဘာတွေပြုလုပ်သင့်သလဲ ဘယ်လိုကာကွယ်ရမလည်း တင်ပြပေးလိုက်ပါတယ်ရှင်။
စကိုက်ခံရတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ?
စကိုက်ခံရပြီး ၁၂နာရီကနေ ၃၆ နာရီအတွင်းမှာ-
၁။ နီလာမယ်
၂။ မီးလောင်ထားသလို ရေကြည်ဖု ထလာမယ်
၃။ အမာရွတ်လို အဖတ်ဖတ်တွေ တက်လာနိုင်ပါတယ်
၄။ အနာကကိုက်လာမယ်
၅။ပြည်တည်မယ် စတဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
သက်သာဖို့ အတွက်ရော ဘာတွေလုပ်ရမလဲ?✅
၁။ အကောင်နဲ့ ထိတွေ့တဲ့နေရာကို ချက်ချင်းရေကို အသုံးပြုပြီး စင်ကြယ်အောင်ဆေးပါ
၂။ ကိုက်ခံရတဲ့ နေရာကို ရေခဲရေဝတ်နဲ့ အရောင်ကျစေဖို့ ကပ်ပါ
၃။မပွတ်မိအောင်သတိထားပါ။ အနာပြဲပြီး အမာရွတ်ကျန်တတ်ပါတယ်။
၄။ဆရာဝန်ညွှန်ကြားချက်အတိုင်း ကိုက်ခံရတဲ့ အရေပြား ပတ်ချာလည်ကို Steroid ပါတဲ့ လိမ်းဆေး လိမ်းပါ။ သောက်ဆေး အနေနဲ့ Antihistamine တွေ သောက်သုံးနိုင်ပါတယ်။
ပျောက်ဖို့ကြာမြင့်ချိန်ကတော့ ၁ပတ်ကနေ ၃ပတ် ကြာနိုင်ပြီး အမာရွတ်လို အဖတ်ဖတ်တွေ တက်လာပြီးမှ ပျောက်သွားပါတယ်။
ဆောင်းရာသီမှာ မီးပိုးကောင်အန္တရာယ်ကို အားလုံး ဂရုစိုက်နိုင်ကြပါစေ။ ပြန်လည်မျှဝေသွားဖို့လည်း တောင်းဆိုပါရစေ ရှင်♥️
မီးပိုးကောင်၏အဆိပ်ကြောင့်ဖြစ်သော အရေပြားနီရဲရောင်ရမ်းနာ ‼️
ပုံမှာပြထားသလိုမျိုး ဘာကြောင့်မှန်းမသိလိုက်ဘဲ အရေပြားပေါ်မှာ ပေါ်လာတာမျိုးပါ။
ထူးဆန်းတာက တံတောင်ဆစ်လို၊ ဒကောက်ကွေးလို နေရာမျိုးဆိုရင် Mirror image လိုမျိုး ၂ဖက်ဆင်တူဖြစ်တာပါ။ Kissing lesion လို့လဲ ခေါ်ပါတယ်။
တချို့က အရေကြည်ဖုလေးတွေ တန်းစီနေလို့ ရေယုန်လို့ ထင်တတ်ကြတယ်။
တချို့ကတော့ မီးပိုးကောင်ကိုက်တာလို့ပြောလေ့ရှိကြတယ်။
တကယ်တော့ ပုံမှာပြထားတဲ့ အင်းဆက် ပိုးကောင် ကြောင့်ဖြစ်တာပါ။
ဒါပေမယ့် ပုရွက်ဆိတ်တို့ ပျားကောင်တို့လို ကိုက်လို့ တုပ်လို့ဖြစ်တာတော့မဟုတ်ပါဘူး။ သူ့ခန္ဓာကိုယ်က ထွက်တဲ့အဆိပ်တမျိုးနဲ့ ထိမိလို့ဖြစ်တာပါ။
အဲဒီ insect ပိုးကောင်ကို Rove Beetle လို့ခေါ်ပါတယ်။ Paederin ဆိုတဲ့ Toxin (အဆိပ်) ကို ထုတ်လို့ Paederus Beetle လို့လဲခေါ်ပါတယ်။
အဲဒီ Toxin ထိမိတဲ့နေရာတွေမှာ ရေကြည်ဖု (Blister) တွေနဲ့ အရေပြားနီရဲရောင်ရမ်းတာ (Dermatitis) ကိုဖြစ်စေတာပါ။
မီးရောင်က အဲဒီပိုးကောင်တွေကို ဆွဲဆောင်နိုင်ပါတယ်။ ဆောင်းတွင်းမှာတော့ အအေးဓာတ်ကြောင့် ထွက်လာတတ်ကြတာပါ။
ပိုးကောင်အကြီးရဲ့ အရွယ်အစားက အရှည် 7-10 mm ဗျက် 0.5-1 mm ရှိပါတယ်။ ဦးခေါင်းက အမဲရောင်၊ ခန္ဓာကိုယ်က အနီနဲ့အနက်ကြားရောင်ပါ။
အဲဒီပိုးကောင်ကို ဖိခြေ (Crush) လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်က Paederin toxin အဆိပ်ရည် ထွက်လာပြီးအရေပြားကို ထိမိတဲ့ခါ ပုံမှာပြထားသလို ဖြစ်လာတတ်ပါတယ်။
ထိပြီး ၁ရက်လောက်ကြာမှ နီရဲပြီး အရည်ကြည်ဖုတွေ ဖြစ်လာတာပါ။
အဆိပ်အနဲအများပေါ် မူတည်ပြီး နီရဲရုံကနေ အရည်ကြည်ဖုကြီးတွေ အနီစင်းကြောင်းတစ်လျောက်လုံးပေါ်တာမျိုးထိဖြစ်ပါတယ်။
ပိုးကောင်အဆိပ် ပေနေတဲ့လက်နဲ့ မျက်စိနဲ့ တခြားနေရာတွေကို ပွတ်မိကိုင်မိရင်လဲ မျက်စိရောင်တာ ထိမိတဲ့နေရာတွေပါ ရောင်ကိုင်းတာ ဖြစ်နိုင်ပါတယ်။
မော်တော်ဆိုင်ကယ်စီးတဲ့သူတွေ မျက်နှာ၊ မျက်လုံးတို့နဲ့ ပိုးကောင်ရိုက်မိရင် တော်တော်ဆိုးဝါးနိုင်ပါတယ်။
တကယ်လို့ ပိုးကောင် ခန္ဓာကိုယ်ပေါ် တက်နေတာတွေ့ရင် လက်နဲ့သွားမကိုင်ပါနဲ့။ ဖိပြီးခြေမပစ်ပါနဲ့။ အမှတ်တမဲ့ ဖိခြေမိသွားရင် ထိတဲ့နေရာနဲ့ လက်ကို ဆပ်ပြာနဲ့ ရေများများနဲ့ ဆေးပစ်ပါ။
အဝတ်အစားတွေလဲ ချွတ်ပြီးလျှော်ပစ်ပါ။ အဆိပ်တွေပါသွားအောင်ပါ။
နီရဲပြီး ရောင်လာခဲ့ရင် Antihistamines, Topical steroid ဆေးတို့ကို ပေးလို့ရပါတယ်။
Creditဒေါက်တာလှမြတ်နွယ်(ရန်ကုန်ကလေးဆေးရုံကြီး)
ကျန်းမာရေး ဗဟုသုတများ မျှဝေပေးခြင်းဖြင့် လူတိုင်း အကျိုးရှိစွာ အသုံးချနိုင်ပါစေ 😊
စင်ကာပူနိုင်ငံရဲ့ပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးအမျိုးသား
ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးအမျိုးသား တူရကီနိုင်ငံသား ဆူတန် ကိုဆန်ကို မကြာသေးခင်က စင်ကာပူနိုင်ငံရှိ International crypto ပွဲတစ်ခုဖြစ်တဲ့ TOKEN2049 crypto မှာ မြင်တွေ့ခဲ့ရပါတယ်။ သူဟာ အဲ့ဒီပွဲကို တက်ရောက်ရင်း လည်ပတ်ခဲ့တာပါ။ အဲ့ဒီပွဲက Marina Bay Sands မှာ အောက်တိုဘာ ၁-၂ ရက် ကျင်းပခဲ့တာပါ။
ကိုဆန်က TOKEN2049 crypto ပွဲမှာ လူအများကို တွေ့ဆုံနှုတ်ဆက်စကားပြောခဲ့တာတွေ့ရပါတယ်။ စင်ကာပူမှာ ရှိနေစဉ် သူ့ရဲ့အင်စတာဂရမ်ပို့စ်တွေအားလုံးမှာ #token2049 ဆိုတဲ့ hashtag ကို တွေ့ရပါတယ်။ ပွဲက ဗီဒီယိုအတိုလေးတွေကိုလည်း အင်စတာဂရမ်မှာ တင်ထားပါတယ်။ သူဟာ The Basketball Association of Singapore မှာ ဘတ်စကက်ဘောလည်းကစားခဲ့ပါသေးတယ်။ ဒါ့အပြင် Formula 1 ကားပြိုင်ပွဲကိုလည်း တက်ရောက်ဖြစ်ခဲ့ပါတယ်။
Ref: World’s tallest living man Sultan Kösen visits S’pore, towers over carpark 2.1m height clearance