11 w - Translate

Mugwort Fan တွေအတွက်ရော sensitive skin တွေအထိပါ စိတ်ချလက်ချသုံးလို့ရတဲ့ 😉😉
Round Lab Mugwort Series 🍀🍀🍀
Sensitive Skin တွေကိုမှ ဝက်ခြံ ၊ အဆီဖုအကြီးကြီးတွေကို သိသိသာသာ ချပ်သွားစေမယ့် series လေးပါ
အသားမကြည်တာ ၊ အသားရေမညီတာတွေကို သက်သာစေပြီး အမဲစက်အမာရွတ်တွေကိုလည်း မှေးမှိန်စေပါတယ်
အဆီဖု၊ဝက်ခြံတွေ ထွက်ပြီး ဘာသုံးသုံး အဆီပြန်တာတွေ မသက်သာတဲ့သူလေးတွေဆိုရင် ဒီ series လေးသာသုံး လုံးဝ အကြိုက် တွေ့သွားစေမယ့် series လေးပါ
Toner-55000k
Serum -55000k
Gel -34000k
Instock 🍀

image
11 w - Translate

Mugwort Fan တွေအတွက်ရော sensitive skin တွေအထိပါ စိတ်ချလက်ချသုံးလို့ရတဲ့ 😉😉
Round Lab Mugwort Series 🍀🍀🍀
Sensitive Skin တွေကိုမှ ဝက်ခြံ ၊ အဆီဖုအကြီးကြီးတွေကို သိသိသာသာ ချပ်သွားစေမယ့် series လေးပါ
အသားမကြည်တာ ၊ အသားရေမညီတာတွေကို သက်သာစေပြီး အမဲစက်အမာရွတ်တွေကိုလည်း မှေးမှိန်စေပါတယ်
အဆီဖု၊ဝက်ခြံတွေ ထွက်ပြီး ဘာသုံးသုံး အဆီပြန်တာတွေ မသက်သာတဲ့သူလေးတွေဆိုရင် ဒီ series လေးသာသုံး လုံးဝ အကြိုက် တွေ့သွားစေမယ့် series လေးပါ
Toner-55000k
Serum -55000k
Gel -34000k
Instock 🍀

image
image
image
image
image
11 w - Translate

ဒီနှစ် iPhone တွေထဲ တကယ်တန်တာ iPhone 17 ပဲ
ပထမဆုံးစပြောမယ် Display - 120Hz OLED ကိုမှ Pro တွေလိုပဲ AOD ရမယ်
Camera ကလည်း
အရင် iPhone 16 တုန်းက 48MP + 12MP ဖြစ်ရာကနေ
အခု iPhone 17 မှာတော့ 48MP + 48MP ဖြစ်သွားပြီ
ဒီနှစ် ထပ်ပါတဲ့ Pro နဲ့တူတဲ့ Feature ဆိုရင် Ceramic Shield 2 ကိုသုံးပေးထားတယ် Pro တွေနည်းတူ Anti Reflective Coating ပါလာမယ်
Pro တွေအတိုင်းပဲ Selfie Camera က 18MP ကို Square Sensor ဖြစ်ပြီး Centre Stage တွေပါရသွားဦးမယ်
တစ်ခုမေ့တော့မလို့ Pro တွေနဲ့လည်း Build Material က Aluminum ဖြစ်တာချင်းတူသွားတဲ့တစ်ချက်လည်း မိုက်တယ် အရင်ကဆို Pro တွေက Stainless Steel ၊ Titaniumတွေသုံးတော့ ပိုကောင်းတာကိုင်ချင်ရင် Pro ပဲရွေးရတာပဲ
Pro တွေနဲ့ကွာမှာဆိုလို့
1. USB C (USB 2) ပဲရလို့ Pro တွေရဲ့ 10Gbps USB 3 လောက်တော့ ဒေတာကူးမမြန်ဘူး
2. LiDAR Sensor မပါဘူး (Pro ကိုင်တဲ့သူတွေရော သုံးဖြစ်ကြရဲ့လားမသိ)
3. ProRes Video နဲ့ ProRAW ရိုက်မရဘူး (သာမန် ဖုန်းကိုင်မယ့်သူက ဘာတွေမှန်းတောင် ဖွင့်ကြည့်ဖြစ်မှာမဟုတ်ဘူး Photo တကယ် ပြင်တဲ့သူတွေ Professional လောက်သာ သုံးမယ့်စနစ်)
4. Pro Chip (A19 Pro) မပါဘူး
ဒါက သိသာမယ့် လေးချက်ကို ထုတ်ပြတာ အကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင် Camera / Performance ပိုင်းမှာ အားနည်းပေမယ့် ကျန်တဲ့ပါတဲ့အချက်တွေ ကြည့်မယ်ဆိုရင် ဖုန်းကို ဖုန်းလို သုံးမယ်သာဆိုရင် တကယ်ကို ငြင်းရက်စရာမရှိတဲ့ iPhone ပါပဲ
iPhone Vanilla Series တွေက နှစ်တိုင်း Nerf ခံရတာပါ ကင်မရာဆိုလည်း အားနည်းတာရှိမယ်
Display ဆိုလဲ LCD ဖြစ်ခဲ့တာရှိမယ်
OLED ဖြစ်တော့လည်း AOD မရ 120Hz မရနဲ့ဖြစ်ခဲ့တာ
ဒီနှစ် iPhone 17 ကတော့ အတော်လေးကို အပြစ်ပြောဖို့ခက်တဲ့ ဖုန်းလို့ကိုပြောရမှာပဲ
စျေးကလည်း မနှစ်က iPhone 16 ရဲ့ Price နဲ့တူတူပဲကိုမှ Storage ကလည်း Based ကို မနှစ်က 128GB ကနေ ဒီနှစ် 256GB ကို ထည့်ပေးထားတဲ့အချက်လည်း မေ့လို့မရဘူးဗျ
မိတ်ဆွေက iPhone အသစ်လဲချင်တယ် Pro လောက်လဲ မသုံးချင်ဘူး Second လဲ မကိုင်ချင်ဘူးဆိုရင် iPhone 17 အသစ်က တကယ်ကိုရွေးသင့်တယ်
လက်ရှိ စျေးတွေနဲ့ဆိုရင်တော့ များဦးမယ် ရက်ပိုင်း (သို့) လပိုင်း လောက်စောင့်ပြီးမှဝယ်ရင် တကယ်ကို တန်တဲ့ iPhone လို့ပဲပြောရမှာပဲဗျ
iPhone 17 ကို ကျနော်က Spec တွေလိုက်ဖတ်ရင်း သဘောကျလို့ ကြိုက်တယ် ပြောတာပါ မိတ်ဆွေတို့က မကြိုက်တဲ့အချက်တွေရှိရင်တော့ ပြောပြခဲ့ကြပါဦးဗျ
ကျနော်လဲဝယ်မယ့်သူတွေကို ပြန်ညွှန်ရမှာဆိုတော့ အားသာချက် အားနည်းချက် ပြန်ပြောလို့ရတာပေါ့

image

ကိုယ့်ဥယျာဉ်လေးကို နေ့စဉ် ပေါင်းနုတ်ဖို့ လိုတယ် ။ အရာရာတိုင်းနဲ့ ပတ်သက်ပြီး ဘယ်လို အဓိပ္ပာယ်ကောက်နေသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိရမယ် ။ ပထမဦးဆုံး ငါ ဘာတွေ တွေးနေသလဲဆိုတာ သိအောင်လုပ်ပါ ။ အကောင်းကို တွေးနေသလား ၊ အဆိုးကို တွေးနေသလား ဆိုတာ သိအောင် လုပ်ပါ ။ အကောင်းတွေ တွေးနေတဲ့အခါ ဘယ်လို ခံစားရသလဲ ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်သလဲဆိုတာ သတိထားကြည့်ပါ ။ ကိုယ့်စိတ်မှာ ဖြစ်သမျှကို သတိထားပြီး သိနေရင် ကိုယ့်စိတ်ကို ကိုယ် ရှင်းပြီးသား ဖြစ်သွားတယ် ။
ဘာဖြစ်လို့လဲဆိုတော့ သတိနဲ့ အကြည့်ခံလိုက်ရတဲ့ အတွေးတွေ ၊ ခံစားမှုတွေဟာ စိတ်ကို နှောင်ဖွဲ့လို့ မရဘူး ။ အဲဒါ ကိုယ့်ဥယျာဉ်လေးကို ကိုယ် နေ့စဉ် ပေါင်းနုတ်နေတာပဲ ။ နေ့စဉ် မြင်နေ ၊ ကြားနေ ၊ ထိတွေ့နေရတာတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့်စိတ်က ဘယ်လို အဓိပ္ပါယ်ကောက်နေသလဲ ၊ ဘယ်လို သဘောထားသလဲ ၊ ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာကို သိနေဖို့ လိုပါတယ် ။ ကိုယ်က အဓိပ္ပာယ် ကောက်တာပေါ် မူတည်ပြီးတော့ ကိုယ့်စိတ်မှာ ခံစားမှုဖြစ်တယ် ။
ဒီလို အဓိပ္ပာယ်မကောက်ဘဲ နောက်တစ်မျိုး အဓိပ္ပာယ်ကောက်ရင်ကော ရသလား” ဆိုပြီး တစ်မျိုးပြောင်းကြည့်ပါ ။ ဒီလို ပြောင်းလိုက်တော့ ခံစားမှု ဘယ်လိုပြောင်းသလဲ ၊ အသိ အမြင် ဘယ်လိုပြောင်းသွားသလဲဆိုတာ သတိထားကြည့်ပါ ။ ကိစ္စတစ်ခုခု အခြေအနေတစ်ခုခုကို မြင်ရ တွေ့ရတဲ့အခါမှာ တကယ် အရှိအတိုင်း မြင်ကြတာ မဟုတ်ဘူး ။ ကိုယ်လိုသလို ပြုပြင်ပြီး အဓိပ္ပာယ် ကောက်ကြတာပဲ ။
#ဆရာတော်ဦးဇောတိက

image
11 w - Translate

၂၀၂၄ ခုနှစ် ဘာစီလိုနာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆန္ဒပြမှုတွေဟာ ရုတ်တရက် ပေါ်ပေါက်လာတာ မဟုတ်ဘဲ နှစ်ပေါင်းများစွာကြာ ဒေသခံတွေရဲ့ စိတ်ပျက်မှုတွေကနေ ပေါက်ကွဲထွက်လာတာ ဖြစ်ပါတယ် အဓိက အကြောင်းရင်းတွေကတော့
Airbnb လိုမျိုး အွန်လိုင်းပလက်ဖောင်းတွေကတစ်ဆင့် ရေတိုအိမ်ငှားချတာတွေ များလာတော့ ပိုင်ရှင်တွေဟာ ရေရှည်ငှားရမ်းမယ့် ဒေသခံတွေအစား ခရီးသွားတွေကိုသာ ပိုငှားလာကြပါတယ် ဒီလိုဖြစ်လာတော့ မြို့လယ်ခေါင်နဲ့ လူနေရပ်ကွက်တွေမှာ အိမ်ငှားစျေးတွေ အဆမတန်တက်လာပြီး ဒေသခံတွေအတွက် နေထိုင်ဖို့ ခက်ခဲလာပါတယ် တချို့ရပ်ကွက်တွေဆို ဒေသခံတွေထက် ခရီးသွားတွေက ပိုများနေတဲ့အထိ ဖြစ်လာပါတယ်
နောက်ပြီး ခရီးသွားဧည့်သည် အရေအတွက် များပြားလာတာကြောင့် လမ်းတွေပေါ်မှာ လူတွေပြည့်ကျပ်နေပြီး နေ့စဉ်သွားလာရေးကို အနှောင့်အယှက်ဖြစ်စေပါတယ် စူပါမားကတ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဒေသခံတွေ အဓိကထားသွားတဲ့ နေရာတွေမှာပါ ခရီးသွားတွေ ပြည့်နေတာကြောင့် မြို့ခံတွေရဲ့ ပုံမှန်ဘဝတွေကို ထိခိုက်လာပါတယ် ဆူညံသံတွေနဲ့ လမ်းတွေ ညစ်ပတ်တာတွေကလည်း ဒေသခံတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်
ခရီးသွားလုပ်ငန်းကြောင့် စီးပွားရေးအကျိုးအမြတ်တွေ ရရှိနေပေမယ့် အဲဒီအကျိုးအမြတ်တွေက ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ အိမ်ပိုင်ရှင်ကြီးတွေလိုမျိုး အနည်းစုဆီကိုသာ စီးဝင်နေတယ်လို့ ဒေသခံတွေက ခံစားနေရပါတယ် လက်လီအရောင်းဆိုင်ငယ်လေးတွေနဲ့ ဒေသခံလုပ်ငန်းတွေဟာ ခရီးသွားလုပ်ငန်းအတွက် အထောက်အကူပြုတဲ့ လုပ်ငန်းကြီးတွေရဲ့ ဖိအားပေးတာကို ခံနေရပါတယ်
ဒါကြောင့် ဘာစီလိုနာမြို့ရဲ့ နံရံတွေပေါ်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေပေါ်မှာ "Tourists Go Home" ၊ "This Isn't Tourism, It's an Invasion" စတဲ့ စာသားတွေကို ရေးသားခဲ့ကြပါတယ် ဒီလို ဆောင်ပုဒ်တွေဟာ ဒေသခံတွေရဲ့ ဒေါသကို ထင်ရှားစွာ ဖော်ပြခဲ့ပါတယ်
အိမ်ရာပြဿနာနဲ့ ခရီးသွားလုပ်ငန်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို မီးမောင်းထိုးပြဖို့အတွက် လူအုပ်ကြီးနဲ့ ချီတက်ဆန္ဒပြမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ် ဒီဆန္ဒပြမှုတွေမှာ ကျောင်းသားတွေ၊ လူမှုရေးလှုပ်ရှားသူတွေနဲ့ သာမန်မြို့ခံတွေ ပါဝင်ခဲ့ကြပါတယ်
ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဘာစီလိုနာမြို့တော်အစိုးရက လုပ်ဆောင်မှုအချို့ လုပ်ခဲ့ပါတယ် ရေတိုအိမ်ငှားလုပ်ငန်းတွေကို စည်းကမ်းတင်းကျပ်ဖို့အတွက် စည်းမျဉ်းစည်းကမ်းအသစ်တွေ ချမှတ်ခဲ့ပါတယ် အချို့နေရာတွေမှာ အိမ်အသစ်ဆောက်လုပ်တာကို ကန့်သတ်တာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ် ခရီးသွားအရေအတွက်ကို ထိန်းချုပ်ဖို့အတွက် အထူးဇုန်တွေကို သတ်မှတ်ပြီး ယာဉ်အသွားအလာနဲ့ လူသွားလာမှုကို စီမံခန့်ခွဲဖို့ ကြိုးစားခဲ့ပါတယ်
ဘာစီလိုနာမြို့ရဲ့ ဖြစ်စဉ်ဟာ တစ်ကမ္ဘာလုံးက မြို့ကြီးတွေအတွက် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ် ခရီးသွားလုပ်ငန်းဟာ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်ပေမယ့် ဒီလုပ်ငန်းကို ထိန်းချုပ်မှုမရှိဘဲ ဖွံ့ဖြိုးခွင့်ပေးလိုက်ရင် ဒေသခံတွေရဲ့ ဘဝ၊ ယဉ်ကျေးမှုနဲ့ လူမှုအသိုက်အဝန်းကို ဘယ်လိုမျိုး ထိခိုက်နိုင်သလဲဆိုတာကို ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူနိုင်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image
11 w - Translate

ရေကြီးမှု ဖြစ်လာတာကြောင့် တောထဲက သတ္တဝါလေးတွေ အားလုံး ကျမ်းစာထဲမှာပါတဲ့ သင်္ဘောကြီးပေါ်တက်ရသောအခါ....

All Creatures Big And Small ( 2015 ) 📱
============================

Nestrian မျိုးစိတ်ဖြစ်တဲ့ ဖင်နီတစ်ယောက် အဖေဖြစ်သူနဲ့ နေရပ်အမှန်ကိုလိုက်ရှာနေခဲ့ပါတယ်။

တစ်ဖက်မှာလည်း တောကြောင်မျိုးရိုးကပေါက်ဖွားလာတဲ့ လီယာတစ်ယောက် မိမိမျိုးစိတ်ဓလေ့အရ အုပ်စုဖွဲမနေရဘူး။

အကြောက်တရားဆိုတာမရှိရဘူးလို မိခင်ဖြစ်သူက ဆုံးမထားတာကြောင့် အတွင်းစိတ်က ပျော့ပြောင်းနေပေမယ့် အပြင်ပိုင်းမှာ မိခင်အလိုအရ ခက်ထန်ပြနေရပါတယ်။

တစ်နေ့ ကမ္ဘာကြီးရေလွှမ်းမှုအောက်ကိုရောက်မယ့်အချိန် သတ္တဝါအားလုံးကို ကယ်တင်ဖို သဘော်ဆီ အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ ဖင်နီတိုသားအဖနှစ်ယောက် သဘော်ပေါ်တက်ရမယ့်စာရင်းထဲမှာမပါခဲ့ပါဘူး။

သားဖြစ်သူကို သဘော်ပေါ်လိုက်ရမယ်ဆိုတဲ့ ကတိကြောင့် တောကြောင်တွေအဖြစ်အယောင်ဆောင်ကာ သဘော်ပေါ်တက်ရင်း လီယာတိုသားအမိနဲ့ သွားဆုံကြပါတယ်။

လီယာတစ်ယောက် အမေဖြစ်သူစကားကိုမယုံလို ရေတကယ်ကြီးမကြီးကိုသွားကြည့်ရင်း ကံဆိုးစွာပဲ.....

😍ကြည့်ရန်နှိပ်ပါ👇

t.me/animemovie1005/215

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

📘 Microsoft Word ကို အထာကျအောင် သုံးဖို့ နည်းလမ်းများ ✨
+++++++++++++++++++++++++
Microsoft Word ဆိုတာ စာတမ်းရေးဖို့အတွက် ဖန်တီးထားတဲ့ software ဖြစ်ပေမယ့်၊ အလုပ်ခွင်ထဲမှာပါ သုံးစွဲသူအများဆုံး tool တစ်ခုလဲ ဖြစ်ပါတယ်။အလုပ်အတွက် Report 📑၊ Assignment 📚၊ CV 💼၊ Proposal 📝 တို့ တင်သွင်းချိန်တိုင်း Word ကို သေချာအသုံးချနိုင်ဖို့ လိုအပ်ပါတယ်။
ဒီနေ့မှာတော့ အထာကျကျ အသုံးချနိုင်ဖို့အတွက် နည်းလမ်း‌ကောင်း‌လေးတွေကို အောက်မှာ အဆင့်လိုက် ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်👇
1️⃣ Font နှင့် Font Size
စာရေးရာအတွက် Calibri, Times New Roman, Arial စသည်ဖြင့် ဖတ်ရလွယ်တဲ့ Font တွေကို အသုံးပြုပါ။
Heading အတွက် Font Size (14–16 pt) , Body အတွက် Font Size (11–12 pt)ကိုသုံးပါ။
အလွန် Fancy ဖြစ်ပြီး ဖတ်ရခက်တဲ့ Font များကို ရှောင်ပါ။
2️⃣ Heading Styles သုံးပြီး စာကို အစီအစဉ်လိုက် လိုက်ဖော်ရန်
Word ရဲ့ Styles Panel ထဲမှာ Heading 1, Heading 2, Heading 3 စသည်ဖြင့် သုံးနိုင်ပါသည်။
အပိုင်းတိုင်းကို Heading နဲ့ ခွဲမယ်ဆိုရင် Automatic Table of Contents ထုတ်နိုင်ပြီး စာတမ်းတွေ အရမ်း neat ဖြစ်သွားပါမယ်။
3️⃣ Paragraph Alignment & Line Spacing ကို သုံးခြင်း
စာအတွင်း Justify Alignment သုံးပါ (စာသားတွေ ညီညာပြီး အထာကျကျ မြင်ရမယ်)။
1.15 – 1.5 Line Spacing သုံးပါ၊ ဖတ်ရလွယ်ကူပြီး အဆင်ပြေပါမယ်။
Paragraph မစခင် Indentation (Tab သုံးခြင်း) သို့မဟုတ် Space Before/After Paragraph သုံးပါ။
4️⃣ Bullet Points & Numbering
အချက်အလက်များကို တိကျအောင် ဖော်ပြချင်ရင် Bullet Points သုံးပါ။
Numbering လဲသုံးနိုင်ပါတယ်။
➡ ဥပမာ – Step by Step Guide, Meeting Notes, စာတမ်းအကျဉ်းချုပ်။
5️⃣ Table, Shapes & SmartArt
Data တွေကို ပိုပြီး စာရင်းတိတိကျကျ ပြချင်ရင် Table ထည့်ပါ။
ဖော်ပြချက် Diagram များကို SmartArt နဲ့ ဖန်တီးပါ။
Design သန့်ရှင်းသပ်ရပ်ဖို့ Border & Shading ကို အသုံးချပါ။
6️⃣ Page Layout
Margins ကို Normal (1 inch) သို့မဟုတ် လိုအပ်ချက်အတိုင်း ညှိပါ။
စာတမ်းအတွက် Header & Footer ထည့်ပြီး Page Number ထည့်ပါ။
စာမျက်နှာကို Portrait/Landscape လိုအပ်သလို အပြောင်းအလဲလုပ်ပါ။
7️⃣ Review Tools
စာရေးပြီးနောက် Spelling & Grammar Check နဲ့ စစ်ပါ။
Track Changes သုံးပြီး အခြားသူတွေဆီမှ ပြင်ဆင်ချက်များလက်ခံနိုင်မယ်။
Comments ထည့်ပြီး အချင်းချင်း အကြံပေးနိုင်မယ်။
8️⃣ Template & Theme
Word ထဲမှာ အဆင်သင့် Templates (Resume, Report, Cover Letter စသည်) ရှိပြီး Professional အလှဆင်ထားပါတယ်။
Themes နဲ့ Color Palettes အသုံးချမယ်ဆိုရင် စာတမ်းတစ်ခုလုံး အထာကျကျ ဖြစ်သွားပါမယ်။
သင်လည်း ဒီနည်းလမ်းတွေ သုံးပြီး Word စာတမ်းတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန် အထာကျကျ ဖန်တီးလိုက်ပါ။👌

image
11 w - Translate

🍃☘️💛 နေ့ရက်တိုင်းမှာ စိတ်ချမ်းသာပြီး ပျော်ရွှင်မှုတွေ ရကြပါစေ 💛💛🍀🍃

image
11 w - Translate

🍃☘️💛 နေ့ရက်တိုင်းမှာ စိတ်ချမ်းသာပြီး ပျော်ရွှင်မှုတွေ ရကြပါစေ 💛💛🍀🍃

image
11 w - Translate

🍃☘️💛 နေ့ရက်တိုင်းမှာ စိတ်ချမ်းသာပြီး ပျော်ရွှင်မှုတွေ ရကြပါစေ 💛💛🍀🍃

image