မြန်မာ့တူရိယာများ တစုတစည်းတည်းပါဝင်သော ၂၀၀ ကျပ်တန် (၆) လုံးပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုး ရောင်းချပေးမည်

မြန်မာ့တူရိယာတစ်မျိုးချင်းအလိုက် ထုတ်ဝေခဲ့ပြီးသော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ရန် ရည်ရွယ်၍ ထိုကဲ့သို့ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ ဖော်ပြထားသည်။
ရောင်းချပေးမည့် ထိုတံဆိပ်ခေါင်းတွင် ထုတ်ဝေခဲ့ပြီးသော မြန်မာ့တူရိယာများ တစ်စုတစ်စည်းတည်း ပါဝင်မည်လည်း ဖြစ်သည်။
ရောင်းချပေးမှုကို လာမည့် နိုဝင်ဘာလ (၂၀) ရက်၊ နံနက် (၀၉:၃၀)နာရီ အချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်ဟုလည်း သိရသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ယင်းနေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်

image