ကိုယ်တိုင်ရိုက်ဇာတ်ကား ပေါက်ကြားမှုအတွက် မှားယွင်း ကလဲ့စားချေပစ်ခတ်ခံရကာ ဘောလုံးစတားသေဆုံး
=====================
ဘောလုံးစတားတစ်ဦးဟာ ကိုယ်တိုင်ိုက်ဇာတ်ကား ပေါက်ကြားမှုအတွက် မှားယွင်းကလဲ့စားချေပစ်ခတ်ခြင်းခံရကာ သေဆုံးသွားခဲ့ပါတယ်။
အသက် ၂၃ နှစ်ရှိ အမ်ဘာတိုကာတန်ဇာရိုဟာ စက်တင်ဘာလ ၁၅ ရက်နေ့တုန်းက နေပယ်တွင် တိုက်ခိုက်ခြင်းခံရပြီးနောက် နှစ်လခန့်အကြာ တနင်္လာနေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့ပါတယ်။
ဒေသတွင်း လူဆိုးဂိုဏ်းခေါင်းဆောင်က သူ့သမီးဖြစ်သူရဲ့ ကိုယ်တိုင်ရိုက် ဗီဒီယို ပေါက်ကြားစေမှုအတွက် ချစ်သူကောင်လေးကို ပစ်ခတ်ရှင်းလင်းရှာဖွေခိုင်းခဲ့ပါတယ်။။ လူငယ်ကစားသမားဟာ ရင်ဘတ်ကို ပစ်ခတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အသက် ၄၆ နှစ်ရှိ လူဆိုးခေါင်းဆောင်ဟာ အသက် ၁၆ နှစ်အရွယ်သားဖြစ်သူနှင့်အတူ ခိုးယူထားတဲ့ စကူတာနှင့်အတူ Spanish Quarter of Naples သို့ ရောက်လာခဲ့တာပါ။ ယင်းနောက် ၎င်းတို့ဟာ သမီးဖြစ်သူရဲ့ ချစ်သူကို ရှာဖွေခဲ့ကြပါတယ်။
သမီးဖြစ်သူရဲ့ ချစ်သူကို Smart Fortwo ကားတွင် ရှာဖွေတွေ့ရှိပြီးနောက် သားဖြစ်သူက သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် ပစ်မှတ်ကို လွဲချော်ခဲ့ပါတယ်။
ယင်းကျည်မှာ ယင်းအချိန်တွင် ကားအတွင်းထဲတွင်ပင် ရှိနေတဲ့ ကန်တန်ဇာရိုကို ထိမှန်သွားခဲ့တာပါ။
ကန်တန်ဇာရိုဟာ ပထွေးဖြစ်သူရဲ့ နေအိမ်သို့ ထွက်ပြေးနိုင်ခဲ့ပြီး Pellegrini Hospital သို့ တက်ရောက်ခဲ့ပါတယ်။
သူဟာ ယင်းဆေးရုံတွင် အရေးပေါ် ကုသမှု ခံယူခဲ့ပေမယ့်လည်း တနင်္လာနေ့နံနက်ပိုင်းမှာတော့ သေဆုံးသွားခဲ့ပါတယ်။
သူဟာ အဆင့်နိမ့်လိဂ်ကလပ်များဖြစ်ကြတဲ့ Rione Terra Calcio နှင့် Monteruscello Calcio တို့မှာ ကစားခဲ့သူ ဖြစ်ပါတယ်။၏
Rione Terra မှ နည်းစနစ်ဒါရိုက်တာလူဂီတက်စတာက ကန်တန်ဇာရိုမှာ ယဉ်ကျေးသိမ်မွေ့ပြီး လေးစားစရာကောင်းတဲ့ လူငယ်တစ်ဦးဖြစ်ကြောင်း ချီးကျူးသွားပါတယ်။
ဒေသတွင်း မီဒီယာများရဲ့ဖော်ပြမှုအရ ကန်တန်ဇာရိုမှာ ဒုစရိုက်မှုများတွင် ပါဝင်ပတ်သက်သူ မဟုတ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဟာ အောက်တိုဘာလ ၁၉ ရက်နေ့ တိုက်ခိုက်မှုနှင့်ဆက်စပ်ပြီး လူ ၄ ဦးအား ဖမ်းဆီးခဲ့သလို နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ပဥ္စမမြောက်လူတစ်ဦးအား ဖမ်းဆီးခဲ့ပါတယ်။
ယင်းအမှုတွင် အမျိုးသမီးငယ်တစ်ဦးနှင့် အရွယ်မရောက်သေးသူ ကလေးနှစ်ဦးလည်း ပါဝင်နေကြောင်း အီတလီသတင်းစာ Virgilio က ဖော်ပြသွားပါတယ်။
လက်ရှိအချိန်တွင် အမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။