သွေးကြောပိတ်ဆို့ခြင်းကို
သက်သာစေမယ့်
သဘာဝနည်းလမ်း
လက်တွေ၊ ခြေထောက်တွေ ထုံကျင်တာ၊ မှတ်ဉာဏ်မကောင်းတာ၊ မူးဝေတာနဲ့ စကားပြောတာမပီသတာမျိုးတွေ ခံစားနေရပြီဆိုရင် သင့်ရဲ့ဦးနှောက်သွေးကြောတွေ ကျဉ်းလာတာ ဒါမှမဟုတ် ပိတ်ဆို့နေတာဖြစ်နိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ ဆေးဝါးတွေအစား သဘာဝနည်းလမ်းလေးနဲ့ သွေးကြောတွေကို ပြန်လည်သန့်စင်ပြီး ကျန်းမာအောင် လုပ်လို့ရပါတယ်။
ပစ္စည်းတွေ
* ကြက်ဥအကာ (၂) လုံး
* ကြက်သွန်နီ (၄) လုံး
* ငရုတ်ကောင်းမှုန့် (၁) ဇွန်း
* ပဲငံပြာရည်အကြည် အနည်းငယ်
ပြုလုပ်ပုံ
* ကြက်သွန်နီ (၄) လုံးကို ငရုတ်ကောင်းမှုန့် (၁) ဇွန်းနဲ့ ရောပြီး ညက်အောင် ထောင်းပါ။
* ပြီးရင် ကြက်ဥအကာ (၂) လုံးနဲ့ ပဲငံပြာရည်အကြည် အနည်းငယ်ကို ရောမွှေပါ။
* အားလုံးကို သမအောင် ရောပြီးရင် ပေါင်းအိုးနဲ့ ကျက်အောင် ပေါင်းပါ။
* ပေါင်းပြီးသား အရောအနှောကို မနက်ခင်း ဆန်ပြုတ်ပူပူလေးနဲ့ ၇ ရက်ဆက်တိုက် စားပေးပါ။
ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ
* ဒီနည်းလမ်းကို တစ်လမှာ ၇ ရက်ဆက်တိုက် ပုံမှန်စားပေးရင် ဦးနှောက်သွေးကြောတွေကို သန့်စင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။
* လက်တွေ၊ ခြေထောက်တွေ ထုံကျင်တာနဲ့ မူးဝေတာတွေ သက်သာလာပြီး မှတ်ဉာဏ်လည်း ပိုကောင်းလာပါလိမ့်မယ်။
* ခန္ဓာကိုယ်ကနေ ချွေးတွေထွက်ပြီး ပိတ်ဆို့နေတဲ့အဆီတွေကို ဖယ်ရှားပေးပါတယ်။
* လေဖြတ်ခြင်းလို ရောဂါတွေကို ကာကွယ်ပေးပြီး ရောဂါမရှိသေးရင်တောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ စားနိုင်ပါတယ်။
ဒီနည်းလမ်းလေးဟာ ရိုးရှင်းပေမယ့် သင့်ရဲ့ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကို ပေးနိုင်ပါတယ်။ သင်ချစ်ခင်ရသူတွေလည်း သိရှိနိုင်အောင် ဒီပို့စ်ကို မျှဝေပေးဖို့ တောင်းဆိုလိုက်ပါတယ်။

image

ချန်ပီယံလိဂ် လူစာရင်းမှာ ချန်လှပ်ခံရလို့ မာသီးစ်တဲလ် နာကျင်နေ

စက်တင်ဘာ ၁၀

စပါးအသင်းတောင်ပံ တိုက်စစ်ကစားသမား မာသီးစ်တဲလ်က ချန်ပီယံလိဂ် အုပ်စုအဆင့်အတွက် စပါးအသင်းရဲ့ ကစားသမား ၂၂ ဦးစာရင်းမှာ ချန်လှပ်ခံခဲ့ရတာကြောင့် နာကျင်ရတယ်လို့ ပြောခဲ့ပါတယ်။

မာသီးစ်တဲလ်က “လူစာရင်းထဲ မပါဝင်ရတဲ့အချိန်မှာ သေချာပေါက် နာကျင်ရတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ကျနော်ဟာ ဘယ်လို အခြေအနေပဲရှိရှိ အပြုသဘော ဆောင်တဲ့သူတစ်ဦးပါ။ ချန်ပီယံလိဂ် လူစာရင်းထဲမှာ ပါချင် တာကြောင့် စိတ်ပျက်စရာ တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြရဲ့ ရွေးချယ်မှုက နည်းပြရဲ့ရွေးချယ်မှုပါပဲ။ ဒါကို လေးစားရမှာဖြစ်ပြီး အတတ်နိုင်ဆုံး အကောင်းဆုံး နည်းလမ်းနဲ့ ပြန်လာနိုင်အောင် အလုပ်လုပ်သွားမှာပါ”လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီက ဘိုင်ယန်မြူးနစ်အသင်းကနေ အငှားနဲ့လာရောက် ကစားခဲ့တဲ့ မာသီးစ်တဲလ်ကို စပါးအသင်း ဟာ နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

မာသီးစ်တဲလ်ဟာ နည်းပြသော်မတ်စ်ဖရန့်ခ်ရဲ့ အသင်းမှာ သက်ရောက်မှု ရှိနိုင်ဖို့ ရုန်းကန်နေရပြီး နိုင်ငံတကာ ပြိုင်ပွဲတွေ မတိုင်မီ ပရီးမီးယားလိဂ် ပွဲတွေမှာ ၁၉ မိနစ်သာ ပါဝင်ကစားခဲ့ရတာပါ။

စပါးအသင်းဟာ နွေရာသီက ခေါ်ယူခဲ့တဲ့ ကူဒက်စ်ကို အဓိက ကစားသမားအဖြစ် အသုံးပြုနေသလို အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ PSG အသင်း တိုက်စစ်မှူး ကိုလိုမူအာနီကို အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။

အဲဒါကြောင့် စပါးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့် ယှဉ်ပြိုင်မယ့် အသင်းလူစာရင်းမှာ မာသီးစ်တဲလ်ကို ချန်လှပ်ခဲ့တာပါ။

မာသီးစ်တဲလ်က နည်းပြသော်မတ်စ်ဖရန့်ခ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေမယ့် ချန်လှပ်ခံရတဲ့အတွက် နာကျင်ရတယ်လို့ ပြောခဲ့ပါတယ်။

ပြင်သစ် ယူ-၂၁ ကစားသမားက သူဟာ ဒီချန်လှပ်မှုကို တွန်းအား အနေနဲ့ အသုံးပြုပြီး စပါးအသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပြန်ပါဝင်နိုင်အောင် ပြုလုပ်သွားမှာ ဖြစ်သလို ကစားခွင့်အတွက် အခြားအသင်းတွေကို ကြည့်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အသက် ၂၀ နှစ်အရွယ်ရှိ မာသီးစ်တဲလ်ဟာ စပါးအသင်းအတွက် ၂၃ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းကာ မနှစ်က ရာသီက ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့တာမှာ အစိတ်အပိုင်း အနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

Source: Metro

ပုံ -မာသီးစ်တဲလ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ကွမ်းရွက်ကို အရွက်ကနေပျိုးနည်း (အမြစ်ထွက်ဖို့ခဏလေးပါပဲ☘️☘️☘️)
လိုအပ်တဲ့ပစ္စည်းများ
1. ကွမ်းရွက်
2. သဲ
3. ပုဇွန်ငါးပိ
4. ပလပ်စတစ်အိတ်
ပြုလုပ်ပုံအဆင့်ဆင့်
1. ပထမဆုံးအနေနဲ့ ရောဂါကင်းပြီး ပိုးမကိုက်တဲ့ အရွက်အကောင်းတွေကို ရွေးချယ်ပြီး အရိုးပါအောင် ခြွေပါ။
2. ပုဇွန်ငါးပိကို ရေနဲ့ဖျော်ပြီး ကွမ်းရွက်တွေကို မိနစ် 15-30 လောက် စိမ်ထားပါ။ ဒါက အမြစ်ထွက်နှုန်းမြန်စေပါတယ်။
3. အဲဒီအချိန်မှာ အိုးကို သဲအပြည့်ထည့်ပြီး ပျိုးဖို့ပြင်ဆင်ထားပါ။
4. ကွမ်းရွက်ကိုယူပြီး အရိုးတစ်ခုလုံး သဲထဲမြုပ်အောင် စိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်းပေါ့။
5. သဲနည်းနည်းစိုရုံ ရေဖြန်းပြီး အိုးကို ပလပ်စတစ်အိတ်နဲ့ အုပ်ထားကာ ပျိုးပင်ကို အစိုဓာတ်ထိန်းပေးပါ။
6. ရက်ပေါင်း 15-20 လောက်ကြာတဲ့အခါ ပလပ်စတစ်အိတ်ကို ဖြည်းဖြည်းချင်းဖယ်ပြီး ကွမ်းရွက်ကို ဆွဲထုတ်ကြည့်လိုက်ပါ။ အမြစ်လေးတွေ ထွက်နေတာတွေ့ရပါလိမ့်မယ်။ အဲဒီအခါမှာ မြေကြီးထဲ ထပ်စိုက်လို့ရပါပြီ။
7. ဒီနည်းက အရွက်ကိုသုံးပြီး မျိုးပွားတဲ့နည်းဖြစ်လို့ အများကြီး ရနိုင်ပါတယ်။ ကွမ်းပင်တစ်ပင်တည်းကနေ အပင်ပေါင်းများစွာ မျိုးပွားနိုင်ပါတယ်။

image

"လေ့လာဖူးသမျှ ရှေးအကျဆုံး Blackhole ကြီးအားတွေ့ရှိနိုင်ခဲ့ပြီ"
Blackhole လို့ခေါ်တဲ့ တွင်းနက်တွေဟာ စကြာဝဠာကြီးထဲက စိတ်ဝင်စားစရာ အကောင်းဆုံးနဲ့ အာကာသသိပ္ပံပညာရပ်ရဲ့စူးစမ်းလေ့လာချင်စရာ အရာဝတ္တုတွေဖြစ်ကြပါတယ်။
အခုပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ CAPERS-LRD-z9လို့ အမည်ပေးထားတဲ့ အနီရောင်အစက်အပြောက်ငယ်တစ်ခုကို JWST တယ်လီစကုတ်ကိုအသုံးပြုပြီးလေ့လာကြည့်ခဲ့ချိန်မှာတော့ ဒီ အစက်အပြောက်ဟာ ရှာဖွေတွေ့ရှိဖူးထားသမျှ တွင်းနက်တွေထဲမှာ ရှေးအကျဆုံးတွင်းနက်တစ်ခုတည်ရှိနေတဲ့ သက်တမ်းရင့်ဂလက်ဆီတစ်ခု ဖြစ်နေတာကို တွက်ချက်နိုင်ခဲ့ပါတယ်။
နာဆာရဲ့ နာမည်ကျော် JWST telescope ကိုအသုံးပြုပြီး စကြာဝဠာရဲ့ အစပိုင်းအချိန်နားအထိ ပြန်လည်လေ့လာနိုင်ခဲ့တာမို့ ဒီတွင်းနက်ဟာ ရှေးဟောင်းဂလက်ဆီတစ်ခုထဲမှာ တည်ရှိနေတဲ့ supermassive blackhole လို့ခေါ်တဲ့ ဧရာမတွင်းနက်တစ်ခုဖြစ်နေပါတယ်။
လေ့လာချက်တွေအရ ဒီတွင်းနက်ဟာ Bigbang လို့ခေါ်တဲ့ မဟာပြန့်ကားမှု အပြီး နှစ်ပေါင်း သန်း ၅၀၀ မှာဖြစ်တည်လာတဲ့ တွင်းနက်တစ်ခုဖြစ်ပါတယ်။ဒါကြောင့် ဒီတွင်းနက်ဟာ နှစ်သန်းပေါင်း ၁၃.၃ ဘီလီယံ သက်တမ်းရှိတဲ့ ရှေးအကျဆုံးတွင်းနက်တစ်ခုဖြစ်လာခဲ့ပါတယ်။
တွင်းနက်တွေကို တိုက်ရိုက်လေ့လာလို့မရတာကြောင့် JWST တယ်လီစကုတ်ကိုအသုံးပြုပြီး CAPERS-LRD-z9 ဂလက်ဆီ ဆီကနေ ထွက်ရှိလာတဲ့ Hydrogen atom တွေရဲ့ အနီအောက်အလင်းကို တွက်ချက်ခဲ့တာဖြစ်ပါတယ်။ဒီလို တွက်ချက်မှုကိုတော့ spectroscopy လို့ခေါ်ပါတယ်။
ဒီဂလက်ဆီထဲမှာရှိတဲ့ Hydrogen ဓာတ်ငွေ့တွေဟာ တစ်စက္ကန့်ကို ၃၀၀၀ ကီလိုမီတာခန့် အထိ အလျင်နဲ့ ဧရာမတွင်းနက်ကြီးကိုလည်ပတ်နေတယ်လို့တွက်ထုတ်နိုင်ခဲ့ပါတယ်။ ဒီလိုတွက်ချက်မှုကနေထပ်မံသိလာရတာကတော့ CAPERS-LRD-z9 ဂလက်ဆီအလယ်က ဧရာမတွင်းနက်ဟာ နေအလုံးပေါင်း သန်း ၃၀၀ရဲ့ ဒြပ်ထုပမာဏ နဲ့တူညီတဲ့ ဒြပ်ထုကိုပိုင်ဆိုင်ထားပါတယ်။
ဒါ့အပြင် သူတည်ရှိနေတဲ့ ပင်မဂလက်ဆီထဲမှာရှိတဲ့ တစ်ခြားကြယ်တာရာတွေဂြိုလ်တွေ ပါဝင်တဲ့ စုစုပေါင်းဒြပ်ထု ရဲ့ တစ်ဝက်ကျော်က ဒီဧရာမတွင်းနက်ရဲ့ ဒြပ်ထု အရွယ်အစားဖြစ်ပါတယ်။ဂလက်ဆီထဲက အနားက hydrogen ဓာတ်ငွေ့တွေကိုလည်း ဒီဧရာမတွင်းနက်က ဝါးမျိူနေတာကြောင့် ဧရာမတွင်းနက်ရဲ့အနားမှာ သူတို့တွေဟာ အနီရောင်ဓာတ်ငွေ့ဝဲဂယက်အဖြစ်တည်ရှိနေကြောင်းကို ထပ်မံလေ့လာနိုင်ခဲ့ပါတယ်။
ဒီဧရာမတွင်းနက်ကြီးရဲ့ အရွယ်အစားကကျွန်တော်တို့ Milky way ဂလက်ဆီရဲ့ အလယ်ဗဟိုမှာ ရှိနေတဲ့ Sagittarius A* ထက် တောင်အဆပေါင်းများစွာ ကြီးနေတာမို့ သက်တမ်းရင့် ဧရာမတွင်းနက်ကြီးတစ်ခုပဲဖြစ်ပါတယ်

image

ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားမှုပြုလုပ်သည့် လူတစ်ဦး အလုပ်နှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ

#သတင်းဟင်းလေးအိုးကြီး

imageimage

ခရုခေါက်ဆွဲ ချက်နည်း ရှလွတ်😋🍝
ချက်နည်း ပုံထဲမှာရေးပေးထားပါတယ်ရှင့်

image

ခရုခေါက်ဆွဲ ချက်နည်း ရှလွတ်😋🍝
ချက်နည်း ပုံထဲမှာရေးပေးထားပါတယ်ရှင့်

image

ခရုခေါက်ဆွဲ ချက်နည်း ရှလွတ်😋🍝
ချက်နည်း ပုံထဲမှာရေးပေးထားပါတယ်ရှင့်

imageimage

ဂါဇာစီးတီးဒေသခံအားလုံး ပြောင်းရွှေ့ရန် အစ္စရေး ပြော

တဲလ်အဗစ်၊ စက်တင်ဘာ ၁၀

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းကို စစ်ဆင်ရေး ချဲ့ထွင်ရန် စီစဉ်ထားသဖြင့် ဂါဇာစီးတီး မြို့တွင် နေထိုင်သူ အားလုံးကို နေရာ ရွှေ့ပြောင်းကြရန် စက်တင်ဘာ ၁၀ ရက်က တိုက်တွန်းခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထိုကြေညာချက်သည် လက်ရှိ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေချိန်တွင် ဂါဇာစီးတီးမြို့ခံ အားလုံးကို ရွှေ့ပြောင်းရန် ပထမဆုံး သတိပေးချက် တစ်ခုဖြစ်ခဲ့သည်။

အစ္စရေးသည် ဂါဇာရှိ ဟားမာ့စ်အဖွဲ့ အသုံးပြုနေသည့် အထပ်မြင့် အဆောက်အအုံ ၃၀ ကို ဖျက်ဆီးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ် (Israel Katz) က စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိ အချိန်အထိ အစ္စရေးသည် ဟားမာ့စ်တို့ အသုံးပြုခဲ့သည့် အထပ်မြင့် အဆောက်အအုံ ၅၀ ထက်မနည်းကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

ကက်ဇ် ပြောခဲ့သည့် အထပ်မြင့် အဆောက်အအုံများနှင့် နေတန်ယာဟု ပြောခဲ့သည့် အထပ်မြင့် အဆောက်အအုံ များသည် တူညီမှု ရှိ၊ မရှိ ရှင်းလင်းစွာ မသိရသေးပေ။

ပြီးခဲ့သည့် ရက်များအတွင်း အစ္စရေးသည် ဂါဇာစီးတီးမြို့ရှိ အထပ်မြင့် အဆောက်အအုံ အများအပြားကို ဖျက်ဆီး ခဲ့သည်။

ဟားမာ့စ်အဖွဲ့သည် ထိုအထပ်မြင့် အဆောက်အအုံများတွင် ထောက်လှမ်းရေး ကိရိယာများ တပ်ဆင်ခဲ့ကြောင်း အစ္စရေးက စွပ်စွဲခဲ့သည်။

လက်ရှိတွင် ဂါဇာစီးတီးမြို့တွင် ပါလက်စတိုင်း ၁ သန်းခန့် နေထိုင်လျက်ရှိပြီး ၎င်းတို့အနက် မြို့ခံအနည်းငယ်သာ နေရာရွှေ့ပြောင်းသွားခဲ့သည်။

ဂါဇာစီးတီးမြို့မှ ဒေသခံများ ရွှေ့ပြောင်းရေးသည် မလွှဲသာမရှောင်သာ အခြေအနေဖြစ်ပြီး ပါလက်စတိုင်း မိသားစု များအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ရယူရန် ဂါဇာတောင်ပိုင်းသို့ သွားရောက်ကြရန် အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အဗီချေး အန်ဒရာအီက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားခဲ့သည်။

Source: အေပီ

ပုံ - ဂါဇာမြို့ရှိ လူထု ရွှေ့ပြောင်းနေကြစဉ်

Credit - Central News Independence

#centralnewsnaypyitaw

image
6 w - Translate

The Deceased aka Almarhun (2025)

မြန်မာ့ဓလေ့မှာ လကွယ်နေ့မှာကွယ်လွန်သူကို ရက်မကူးခင်သဂြိုဟ်ရပါတယ်။ မဟုတ်ဘဲရက်ကူးမိတဲ့အခါ မိသားစုဝင်တွေနဲ့ ရပ်ကွက်ကိုခိုက်တတ်ပြီး လူတွေအပြုံလိုက်သေတတ်ကြတယ်လို အယူရှိပါတယ်။ ဒီဇာတ်ကားလေးကလည်း အလားသဏ္ဍာန်တူ အင်ဒိုနီးရှားအယူတစ်ခုအပေါ် အခြေခံထားတာဖြစ်ပါတယ်။

ရာဘာခြံသူဌေးကြီးတစ်ယောက်က သူ့သားသမီးတွေကို ပညာတတ်ကြီးဖြစ်စေချင်ခဲ့ပြီး သူ့သမီးနောက်ရက် ဘွဲယူမဲ့နေ့မှာ ဆုံးပါးသွားခဲ့ပါတယ်။ သူဆုံးပါးသွားတဲ့နေ့က မကောင်းတဲ့နေ့ရက်တစ်ရက်ဖြစ်နေပြီး ရိုးရာဓလေ့ မပြုလုပ်ပါက တမိသားစုလုံးပါ ၅ ရက်အတွင်း သေဆုံးတတ်တဲ့ အယူရှိပါတယ်။

ဒါပေမဲ့လည်း အငယ်သားသမီးနှစ်ယောက်သာ ထိုဓလေ့ကို ပြုလုပ်ခဲ့ပြီး မိသားစုထဲမှ တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာကြတဲ့အခါ အသက်ရှင်အောင် ဘယ်လိုအဖြေရှာကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ အင်ဒိုသရဲကားအသစ်လေးပါ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/MM_Sub_3/234

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image