အရှိန်လွန် Light Truck ကားက လမ်းသွားလမ်းလာများကိုဝင်တို-က်တိမ်းမှောက် (၁) ဦး​ေ-သဆုံး (၃) ဦးဒ-ဏ်ရာရ

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၂၀ ရက်မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က Light Truck ကားအရှိန်လွန်ကာ လမ်းသွားလမ်းလာများကို ဝင်တို-က်မိပြီး တိမ်းမှောက်ခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက်၊ ကျောက်လမ်းပေါ်တွင် Light Truck ကားအရှိန်လွန်ကာ လမ်းသွားလမ်းလာများအားဝင်တို-က်မိပြီးနောက် တိမ်းမှောက်သွားခဲ့သဖြင့် ကျောက်တံတားမြို့နယ် မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အမျိုးသား (၁) ဦးမှာ ထိခိုက်ဒ-ဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌​ေ-သဆုံးသွားခဲ့ပြီး (၃) ဦးတွင်လည်း ထိခိုက်ဒ-ဏ်ရာများရရှိခဲ့သဖြင့် ဒ-ဏ်ရာရသူများအား အနီးဝန်းကျင်နေသူများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ​ေ-သဆုံးသူ၏ ရုပ်အလေ-ာင်းအား အေးမေတ္တာလူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image