လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်မည်

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်ကို နိုဝင်ဘာလ (၂၄) ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက ကနဦး သိရသည်။
၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၏ နေ့သင်တန်းများအားလုံး ဘာသာစုံ၊ အတန်းစုံ ဖွင့်သွားမည်ဖြစ်သည့်အပြင် ကျောင်းဝင်ခွင့်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ (၁၇)ရက်မှ စတင်ဆောင်ရွက်ပေးနေပြီဖြစ်ပြီး လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်မည့် ဖွင့်ပွဲအခမ်းအနားအား နိုဝင်ဘာလ (၂၄)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နှစ်အတန်ကြာ တို-က်ပွဲများဖြစ်ပွားခဲ့သည့် ရှမ်း‌/မြောက်ဒေသ လားရှိုးမြို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ပညာရေး၊ ကျန်းမာရေးအစရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ အဆင့်လိုက် စီမံချက်ချ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

image