ယူနိုက်တက်အား ရှုံးနိမ့်ပြီးနောက် ဒိုင်လူကြီးမိုက်ကယ်အိုလီဗာအား ဘက်လိုက်တဲ့ ဒိုင်ဆိုပြီး လီဗာပူးပရိသတ်များ ဝေဖန်တိုက်ခိုက်နေကြ
=====================

လီဗာပူးပရိသတ်များဟာ မနေ့ညတုန်းက အန်ဖီးလ်တွင် ယူနိုက်တက်အား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဒိုင်လူကြီးမိုက်ကယ်အိုလီဗာအား ဘက်လိုက်တဲ့ ဒိုင်ဆိုပြီး ဝိုင်းဝန်းစွပ်စွဲ အပြစ်တင်နေကြပါတယ်။

လီဗာပူးပရိသတ်များဟာ ပွဲအစ ၂ မိနစ်မှာပင် ဘရိုင်ယန်အမ်ဘူမို သွင်းယူလိုက်တဲ့ ယူနိုက်တက်ရဲ့ ဦးဆောင်ဂိုးအား ခွင့်ပြုလိုက်မှုအပေါ် ဒိုင်လူကြီးအား အပြစ်တင်နေကြတာလည်း ဖြစ်ပါတယ်။

ဘရိုင်ယန်အမ်ဘူမိုက ယူနိုက်တက်အတွက် ဦးဆောင်ဂိုးအား မသွင်းယူမီ လီဗာပူးကွင်းလယ်ကစားသမားအလက်ဆစ်မက်အယ်လစ်စတာမှာ ကစားဖော်ဗန်ဒိုက်နှင့် တိုက်မိကာ ခေါင်းဒဏ်ရာရရှိပြီး ကွင်းမှာ လဲကျနေခဲ့ပါတယ်။

ဒါပေမယ့် ဒိုင်လူကြီးအိုလီဗာက ယင်းအဖြစ်အပျက်အား မမြင်တွေ့မှုနှင့်အတူ ပွဲကို ရပ်ဆိုင်းခြင်း မပြုဘဲ ဆက်ကစားစေခဲ့ရာ ယူနိုက်တက်က ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်စည်းမျဉ်းအရ ဦးခေါင်းဒဏ်ရာရရှိလာပါက ပွဲကို ရပ်ဆိုင်းရပါတယ်။ တဖက်တွင် VAR ကလည်း အမ်ဘူမိုရဲ့ ဂိုးတွင် ယူနိုက်တက်ဘက် ပြစ်ဒဏ်ကျူးလွန်ခြင်း မရှိရာ ဝင်ရောက်စွက်ဖက်လာခြင်း မရှိပါဘူး။

လီဗာပူးနည်းပြအန်းဆလော့ဟာ အယ်လစ်စတာ ကွင်းအတွင်း လဲကျနေစဉ် ပွဲကို မရပ်ဆိုင်းမှုအတွက် စတုတ္ထဒိုင်လူကြီးအား ဒေါသတကြီး စောကတက်ခဲ့တာ တွေ့ရပါတယ်။

လီဗာပူးပရိသတ်များဟာ အမ်ဘူမိုရဲ့ ဂိုးကြောင့်သာ ဒိုင်လူကြီးမိုက်ကယ်အိုလီဗာအား ဒေါသထွက်ခဲ့တာ မဟုတ်ပါဘူး။
၎င်းတို့ဟာ ပင်နယ်တီဧရိယာအတွင်း အာမက်ဒီရယ်လို လက်ထိဘောဖြစ်မှုအား ပင်နယ်တီ မပေးမှုအတွက်လည်း မိုက်ကယ်အိုလီဗာကို အပြစ်တင်နေကြတာပါ။ အိုလီဗာဟာ ယင်းအဖြစ်အပျက်ကို မတော်တဆမှုအဖြစ်သာ သတ်မှတ်ပြီး ဂိုးအဖြစ် မပေးခဲ့ပါဘူး။ VAR ကလည်း ကြားဝင်ခြင်း မရှိဘဲ အိုလီဗာရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပါတယ်။

ဒါကြောင့်လည်း လီဗာပူးပရိသတ်များဟာ ဒိုင်လူကြီးမိုက်ကယ်အိုလီဗာအပေါ်တွင် အကြီးအကျယ်ဒေါသထွက်နေကြတာလည်း ဖြစ်ပါတယ်။

လီဗာပူးပရိသတ်တစ်ဦးက "ဘဝမှာ အဆိုးရွားဆုံး ဒိုင်စွမ်းဆောင်ရည် မိနစ် ၂၀ကို မြင်ရလိမ့်မယ်လို့ ထင်မှတ်မထားခဲ့ဘူး။ မိုက်ကယ်အိုလီဗာကို ထုတ်လိုက်သင့်ပြီ"လို့ ဆိုသွားပါတယ်။

အခြားလီဗာပူးပရိသတ်တစ်ဦးကလည်း "မိုက်ကယ်အိုလီဗာက အရှက်မရှိတဲ့ ဒိုင်ပဲ။ ခေါင်းဒဏ်ရာရနေတာ ပွဲမရပ်ဘူး"လို့ ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း "မိုက်ကယ်အိုလီဗာရေ အိုကေရဲ့လား။ ဒီလောက် ဘက်လိုက်တဲ့ ဒိုင် မဖြစ်ဖူးဘူး။ အထူးသဖြင့် လီဗာပူး-ယူနိုက်တက်လို ပွဲကြီးမျိုးမှာပေါ့"လို့ ဆိုသွားပါတယ်။

image

လေဖြတ်ကာ ဆေးရုံတက်နေရတဲ့ ရီးရဲလ်မက်ဒရစ်နှင့် အဲဗာတန်တောင်ပံကစားသမားဟောင်းဒရန်သီ
====================

ရီးရဲလ်မက်ဒရစ်နှင့် အဲဗာတန်တောင်ပံကစားသမားဟောင်းရွိုင်စတုန်းဒရင်သီဟာ လေဖြတ်ကာ ဆေးရုံတက်ရောက်ကုသခံနေရပါတယ်။

အသက် ၃၈ နှစ်ရှိ ဒရင်သီဟာ သောကြာနေ့တုန်းက လေဖြတ်ဝေဒနာခံစားရပြီးနောက် ဆေးရုံတက်ရောက်နေရတာလည်း ဖြစ်ပါတယ်။

အထက်ပါသတင်းကို ဒရန်သီအပါအဝင် ဘောလုံးကစားသမားဟောင်းများအတွက် အလုပ်လုပ်ပေးနေတဲ့ အေဂျင်စီ FC de Rebellen က ကြေညာသွားတာလည်း ဖြစ်ပါတယ်။

ဒရင်သီဟာ ဖီယင်နုတွင် ကစားသမားဘဝ စတင်ပြီးနောက် ၂၀၀၇ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်သို့‌ ပြောင်းကစားခွင့်ရခဲ့ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်နှင့်အတူ လာလီဂါဖလား ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ၂၀၁၁-၁၂ ရာသီမှာ အဲဗာတန်သို့ အငှားဖြင့် ထွက်ခွာခဲ့ရပါတယ်။ သူဟာ ကစားသမားဘဝအတွင်း ရီးဒင်း၊ ရှက်ဖီးလ်ယူနိုက်တက်တို့တွင်လည်း ကစားခဲ့ပါတယ်။

image

ဟောင်ကောင်လေဆိပ်မှာ ကုန်တင်လေယာဉ် ပြေးလမ်းချော်ပြီးပင်လယ်ထဲကျလို့ နှစ်ယောက်သေ

အောက်တိုဘာ ၂၀

ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှည ကုန်တင်လေယာဉ်တစင်း ပြေးလမ်းမှချော်ပြီးနောက် ပင်လယ်ထဲ ကျရောက်ခဲ့တယ်လို့ လူနှစ်ယောက် သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Boeing 747-481 သည် မြောက်ဘက်ပြေးလမ်းပေါ်ရှိ ယာဉ်တစီးကို တိုက်မိပြီး လမ်းချော်ခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ နှစ်ယောက်ဟာ အသက် ၃၀နဲ့ ၄၀ အရွယ်ရှိ အတွေ့အကြုံရှိ မြေပြင်ဝန်ထမ်းတွေ ဖြစ်ကြောင်း လေဆိပ်ရေးညွှန်ကြားရေးမှူးက ပြောပါတယ်။

လေယာဉ်ပေါ်က လေယာဉ်အမှုထမ်း လေးယောက်ကတော့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။သူတို့တွေဟာ လေယောဉ်တံခါးကို ချိုးဖက်ပြီး လွတ်မြောက်ခဲ့တာပါ။ လေယာဉ်ဟာ အခင်းဖြစ်ချိန်မှာ အရေးပေါ် အချက်ပြမှု တစုံတရာ ထုတ်ပြန်ခဲ့တာမရှိပါဘူး။

Emirates လေကြောင်းလိုင်း လေယာဉ်အမှတ် EK9788 ဟာ ဒူဘိုင်းကနေ ပျံသန်းလာတဲ့ လေယာဉ်ပါ။ လက်ရှိမှာတော့ မြောက်ဘက်ပြေးလမ်းကို ပိတ်ထားပေမယ့် လေဆိပ်ရဲ့ အခြားပြေးလမ်းနှစ်ခုကို လည်ပတ်နေပြီဖြစ်ပါတယ်။
ဒါဟာ ဟောင်ကောင်လေဆိပ်ကို ၁၉၉၈ ခုနှစ်မှာ ဖွင့်လှစ်ပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် လူအသေအပျောက်များတဲ့ ဖြစ်ရပ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ လေယာဉ်ရဲ့ ဘလောက်ဘောက်စ်ကို ရှာဖွေပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။

34 w - Translate

🤎

image

၁၁ ပွဲဆက် ဂိုးသွင်းကာ ရီးရဲလ်မက်ဒရစ်အား လာလီဂါဇယားထိပ်သို့ ပြန်ပို့လာတဲ့ ဘက်ပေး
======================

ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညက ဂီတာဖေးနှင့်ပွဲစဉ်တွင် ကိုင်လီယန်ဘက်ပေးရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိပြီး လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည် ရယူလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ စနေနေ့တုန်းက ဂီရိုနာကို ၂-၁ ဖြင့် အနိုင်ရရှိခဲ့တဲ့ ဘာစီလိုနာကို အမှတ်ပေးဇယားထိပ်ဆုံးနေရာ လွဲပြောင်းပေးထားရပြီး ဂီတာဖေးနှင့်ပွဲစဉ်တွင် အနိုင်ရရှိရန် လိုအပ်နေခဲ့တာပါ။

ကိုင်လီယန်ဘက်ပေးဟာ ပွဲချိန်မိနစ် ၈၀ မှာ အာဒါဂူလာရဲ့ ချပေးမှုကနေ ရီးရဲလ်မက်ဒရစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဂိုးကြောင့် ဘက်ပေးဟာ ကလပ်နှင့် နိုင်ငံအတွက် ၁၁ ပွဲဆက် ဂိုးသွင်းလာနိုင်ပါတယ်။

ဘက်ပေး အနိုင်ဂိုးမသွင်းမီ ၆ မိနစ်အလိုတွင် ဂီတာဖေးဟာ အန်ယွမ် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံရလို့ တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပါတယ်။ ဝက်ဖို့ဒ်နှင့် ဝက်စ်ဘရွန်းနောက်တန်းအစွန်လူဟောင်းဟာ လူစားဝင်ရောက်လာပြီး ၄၄ စက္ကန့်အကြာမှာဘဲ ဗီနီရှပ်စ်ဂျူနီယာကို တံတောင်ဖြင့် တွက်လို့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဂီတာဖေးဟာ ပွဲချိန် ၈၄ မိနစ်မှာလည်း ဆန်ခရစ် ဗီနီရှပ်စ်ကို ပြစ်ဒဏ်ကျူးလွန်မှုကြောင့် နှစ်ဝါတစ်နီနှင့် အထုတ်ခံရကာ နှစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပါတယ်။

နှစ်ယောက်အလျှော့နဲ့ ကစားခဲ့ရပေမယ့် ဂီတာဖေးဟာ နာကျင်အချိန်ပိုမှာ အပိုင်အခွင့်အရေး ရရှိခဲ့တဲ့ သီဘောက်ကော့တွိုက်စ် ဖျက်ထုတ်လိုက်နိုင်လို့ ရီးရဲလ်မက်ဒရစ်တို့ သက်သာရာ ရခဲ့တာပါ။

အခုပွဲစဉ်မစတင်မီမှာ နှစ်ဖက် ကစားသမားများဟာ ပွဲအစ ၁၅ စက္ကန့်ကို မကစားဘဲ လာလီဂါရဲ့ နိုင်ငံခြားတွင် ပွဲကစားမှုကို သပိတ်မှောက်ခဲ့ကြပါတယ်။

ယခုအပတ် လာလီဂါပွဲစဉ်များတွင် ကစားသမားများဟာ ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့ရဲ့ လာလီဂါပွဲစဉ်အား မိုင်ယာမီတွင် ပြောင်းကစားရန် ဆုံးဖြတ်မှုကို ကန့်ကွက်တဲ့အနေဖြင့် ပွဲအစ ၁၅ စက္ကန့်ကို မလှုပ်ရှားဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ကြားရက်မှာ ဂျူဗင်တပ်နှင့် ချန်ပီယံလိဂ်ပွဲကစားပြီးလျှင် ခါးသီးတဲ့ပြိုင်ဘက် ဘာစီလိုနာကို ဘာနေဗျူးမှာ ဧည့်ခံကစားရပါမယ်။

image

အန်ဖီးလ်တွင် နိုင်ပွဲ ရရှိပြီးနောက် အမိုရမ်ရဲ့ နည်းဗျူဟာကို ကာကွယ်ပြောဆိုတဲ့ ဘရူနိုဖာနန်ဒက်စ်
======================

အန်ဖီးလ်ကွင်းတွင် လီဗာပူးအား အရေးပါတဲ့နိုင်ပွဲ ရယူနိုင်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က အပြင်းအထန်ဝေဖန်မှု ကြုံလာရတဲ့ ရူဘင်အမိုရမ်ရဲ့ နည်းဗျူဟာကို ကာကွယ်ပြောဆိုမှု ပြုလုပ်လာပါတယ်။
ယူနိုက်တက်ဟာ လီဗာပူးအား ၂-၁ ဖြင့် အနိုင်ရရှိပြီးနောက် အန်ဖီးလ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတွင် အမိုရမ် စတင်ကိုင်တွယ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်တွင် ၂ ပွဲဆက် နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

အမိုရမ်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ယူနိုက်တက်နည်းပြဖြစ်လာပြီးနောက် ဆက်တိုက် ရလဒ်ကောင်း ရယူနိုင်ခြင်း မရှိမှုအတွက် ဖိအားများအောက် ကျရောက်နေခဲ့ပါတယ်။ ယူနိုက်တက်ဟာ အမိုရမ်ရဲ့ ပထမဆုံးရာသီတွင် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့သလို ပရီးမီးယားလိဂ်တွင်လည်း အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

အမိုရမ်ဟာ နွေရာသီတွင် ဘရိုင်ယန်အမ်ဘူမို၊ ဘင်ဂျာမင်ဆက်စ်ကို၊ မားသီးယပ်စ်ကန်ညာတို့အား ပေါင်သန်း ၂၀၀ ဝန်းကျင် အသုံးပြုခေါ်ယူထားပေမယ့်လည်း ပရီးမီးယားလိဂ်ပထမဆုံး ၆ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရယူထားနိုင်ပါတယ်။
ဒါပေမယ့် အမိုရမ်ရဲ့ ယူနိုက်တက်ဟာ လီဗာပူးကို အနိုင်ရရှိပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ၂ ပွဲဆက် နိုင်ပွဲ ရယူလာနိုင်ခဲ့ပါတယ်။

အမိုရမ်ဟာ ယခုရာသီအစ ရလဒ်ဆိုးရွားမှုကြောင့် ၃-၄-၂-၁ ကစားကွက်အား ခေါင်းမာမာဖြင့် မပြောင်းလဲဘဲ အသုံးပြုမှုအတွက် ဝေဖန်ခြင်းခံလာရပါတယ်။

အန်ဖီးလ်နိုင်ပွဲအပြီးမှာတော့ ဘရူနိုဖာနန်ဒက်စ်က "ကျွန်တော်တို့ပုံစံက အသင်းတိုင်းကို အမြဲတမ်းအခက်တွေ့စေပါတယ်။ ရှုံးပွဲကြုံရချိန်မှာ အသင်းပုံစံနဲ့ပတ်သက်ပြီး ပြောရတာ မသက်မသာဖြစ်ရပါတယ်။ နိုင်ပွဲရချိန်မှာ အသင်းပုံစံနဲ့ပတ်သက်ပြီး ပြောရတာ ကျေနပ်စရာပါ။ ကျွန်တော်တို့အားလုံး ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ဒီစနစ်အပေါ် အမြဲတမ်း ယုံကြည်လာကြတာပါ။ ဒါပေမယ့် အရေးအပါအဆုံးက အချိန်ကောင်း အခါကောင်းမှာ လုပ်သင့်လုပ်ထိုက်တာ လုပ်ဖို့ပါ။ နာကျင်ခဲ့ရတဲ့ အခိုက်အတန့်တွေ ကြုံခဲ့တယ်။ အရေးအကြီးဆုံးက တခုတည်းကိုပဲ ဆက်တိုက် လုပ်နေဖို့ပါ။ နိုင်ပွဲယူဖို့ ပြင်ဆင်ထားမှုအပေါ်မှာ ယုံကြည်ဖို့က အရေးအကြီးပါ"လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က "တကယ်လို့များ ကျွန်တော်တို့ဟာ လာမယ့်အပတ်ပွဲမှာ နိုင်ပွဲ မရယူနိုင်ဘူးဆိုရင် ဘာမှ ဖြစ်လာဦးမှာ မဟုတ်ပါဘူး။ ကလပ်ရဲ့တောင်းဆိုမှု အလွန်မြင့်မားတာ သိပါတယ်။ ပွဲတိုင်း နိုင်ပွဲရရပါမယ်။ နှစ်ပွဲဆက်နိုင်ပွဲရဖို့ အားလုံးစိုးရိမ်နေကြတယ်။ ဒါပေမယ့် လာမယ့်ပွဲကိုပဲ အာရံစိုက်ရမယ်။ ကျွန်တော်တို့ လိုချင်တဲ့အမှတ်ပေးဇယားက နေရာနဲ့ သိပ်မဝေးဘဲ နီးလာလို့ ဒီနေ့နိုင်ပွဲက အရေးပါတဲ့နိုင်ပွဲပါ"လို့ ပြောကြားသွားပါတယ်။

imageimage