တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” အခြေအနေသတင်း အမှတ်စဉ်(၀၅/၂၀၂၅)
===========================================
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
------------------------------------------------------------------------
(က) တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” (RAGASA) အခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း“ရာဂါဆာ”(RAGASA)သည် အနောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ တရုတ်နိုင်ငံ၊ မကာအိုမြို့(Macao)၏ တောင်-အနောက်တောင် ဘက် ရေမိုင် ၅၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(ခ) တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ တိုင်ဖွန်းမုန်တိုင်း“ရာဂါဆာ”သည် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၂၁.၄ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၁၃.၂ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား ၉၃၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၁၅ မိုင် နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ တိုင်ဖွန်းမုန်တိုင်း“ရာဂါဆာ”သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထိုမှတစ်ဆင့် နောက် ၄၈ နာရီအတွင်း ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေဒေသများကို အပူပိုင်းမုန်တိုင်းအဖြစ်ဖြင့် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

imageimage

ဆောက်သမ်တန်နဲ့ပွဲမှ အနီကတ်ပြစ်ဒဏ်အတွက် ပြန်လည်တောင်းပန်လိုက်တဲ့ Hugo Ekitike

စက်တင်ဘာ ၂၄

ယင်းပွဲစဉ်တွင် Ekitike သည် ပွဲချိန် မိနစ် ၅၀ ကျော်တွင် ပထမအကြိမ် အဝါကတ်ပြစ်ဒဏ်ထိထားပြီး ပွဲချိန် ၈၅ တွင် အသင်းအတွက် အနိုင်ဂိုးသွင်းယူပြီးနောက် အင်္ကျီချွတ်ကာ အောင်ပွဲခံခဲ့မှုကြောင့် ဒုတိယအဝါကတ်အပြခံရကာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းသို့ဖြစ်ရခြင်းမှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် စိတ်လှုပ်ရှားလွန်းပြီး ဖြစ်သွားခဲ့တာဖြစ်ကြောင်း၊ အနီကတ်ပြစ်ဒဏ်အတွက် အားလုံးကို တောင်းပန်ကြောင်း ပြောကြားလိုက်ပါတယ်။

အခုအနီကတ်ပြစ်ဒဏ်ကြောင့် Ekitike မှာ လာမယ့်စနေနေ့မှာ ကစားမယ့် ပဲလေ့စ်အသင်းနဲ့ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။

Credit Photo

#sbdsports

image

❝တောင်ဥက္ကလာပမြို့နယ်မှာ အမျိုးသမီးတစ်ဦးကို ဘေးတွဲမောင်းသူက ဓားနဲ့ထိုးလို့ ဒဏ်ရာရ❞

စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ (၄ )ရပ်ကွက်၊ ပါရမီလမ်းမပေါ်က ပါဝါမိုဘိုင်းဖုန်းဆိုင်အနီးမှာ စက်တင်ဘာ ၂၃ ရက်၊ ည ၁၀ နာရီ ၈ မိနစ်အချိန်ခန့်က လမ်းဘေးရပ်နေသူ အမျိုးသမီးတစ်ဦးကို ဘေးတွဲဆိုင်ကယ်မောင်းသူက ဓားနဲ့ထိုးသွားတဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါအမျိုးသမီးဟာ ကားစောင့်နေတာလား၊ ဘာလုပ်နေတာလဲဆိုတာ တော့မသိရဘဲ ဖုန်းဆိုင်ဘေးမှာရှိတဲ့ အိမ်တစ်အိမ်ရဲ့ရှေ့မှာ ရပ်နေစဥ် လူ ၂ ဦး ဘေးတွဲဆိုင်ကယ်တစ်စီးနဲ့ရောက်လာပြီး ရပ်နေတဲ့ အမျိုးသမီးကို လိပ်စာတစ်ခုမေးရာကနေ ၎င်းအမျိုးသမီးက မသိရှိကြောင်း ပြန်ပြောတဲ့အချိန်မှာ လည်ပင်းကို ဓားနဲ့ထိုးသွားခဲ့တာလို့ ဖြစ်စဥ်အနီး နေထိုင်သူတွေက ဆိုပါတယ်။

အဲဒီလို ဓားနဲ့အထိုးခံရစဥ်မှာ ၎င်းအမျိုးသမီးက အော်လိုက်တဲ့အတွက် ဖုန်းဆိုင်မှာရှိနေတဲ့ လုံခြုံရေးတွေ ပြေးထွက်လာတဲ့အခါမှာတော့ ဓားနဲ့ထိုးသူဟာ ဘေးတွဲဆိုင်ကယ်မောင်းပြီး ထွက်ပြေးသွားခဲ့လို့ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

ဓားထိုးခံရတဲ့အမျိုးသမီးကတော့ လည်ပင်းမှာ ထိုးသွင်းဒဏ်ရာရပြီး သွေးထွက်လွန်နေတဲ့အတွက် မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက တောင်ဥက္ကလာပဆေးရုံကြီးကို အချိန်မှီပို့ဆောင်ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
image
image

နယ်ချဲ့တို့ရဲ့ ကိုလိုနီလက်သစ်ဝါဒ လက်နက်ဖြစ်နေသည်ဟု ဆိုကာ ICC မှ အာဖရိက (၃) နိုင်ငံနှုတ်ထွက်

စက်တင်ဘာ ၂၄

မာလီ၊ ဘူကီနာဖာဆို နဲ့ နိုင်ဂျာနိုင်ငံတို့ဟာ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှ နုတ်ထွက်ကြောင်း ကြေ ညာလိုက်ပြီး ခုံရုံးရဲ့ တရားသူကြီး ရွေးချယ်ခန့်အပ်ခြင်းနဲ့ ပြည်ပ ဝင်ရောက်စွက်ဖက်မှုများ ရှိနေတယ်လို့ စွပ်စွဲ လိုက်ကြောင်း “ယူရိုနယူးစ်” (23 September 2025) က ရေးပါတယ်။

တနင်္လာနေ့ညက ထုတ်ပြန်လိုက်တဲ့ စစ်တပ် ဦးဆောင် အစိုးရသုံးခုရဲ့ ပူးတွဲကြေညာချက်မှာ ICC ဟာ နယ်ချဲ့ စနစ်လက်တွင်း ကိုလိုနီလက်သစ်ဝါဒရဲ့ ပြန်လည်ဖိနှိပ်ရေး လက်နက်ကိရိယာ ဖြစ်လာနေတယ်လို့ ဖော်ပြထား ပါတယ်။ မိမိတို့အနေနဲ့ မိမိတိုင်းပြည်ရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ခိုင်မာစေလိုပြီး ICC ၏ အခန်းကဏ္ဍနေ ရာမှာ မိမိတို့နိုင်ငံတွင်း အုပ်ချုပ်ရေး-တရားရေးစနစ်များနဲ့အစားထိုးရန် ဆန္ဒရှိကြောင်း ပြောဆိုပါတယ်။

နယ်သာလန်နိုင်ငံ ဟိတ်မြို့တွင် အခြေစိုက် ICC ဟာ စစ်ရာဇဝတ်မှုများ၊ လူသားများအပေါ် ကျူးလွန်တဲ့ ရာဇ ဝတ်မှုများနဲ့ လူမျိုးသုဉ်းစေတဲ့ ဂျီနိုဆိုက်မှုများကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ ယခူလို နုတ်ထွက်တဲ့ လုပ်ငန်း စဉ်ဟာ အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်လေ့ ရှိပါတယ်။

အာဖရိက အနောက်ပိုင်းရှိ အဆိုပါ နိုင်ငံသုံးနိုင်ငံစလုံးမှာ စစ်တပ် အာဏာသိမ်းမှုများ ဖြစ်ပွားပြီးနောက် ယခု ဆုံးဖြတ်ချက်ကို ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အာဏာရရှိလာကတည်းက အဲ့ဒီနိုင်ငံ ခေါင်းဆောင်တွေဟာ ECOWAS “အီကိုဝပ်စ်” ခေါ် အနောက်အာဖရိက ၁၂-နိုင်ငံပါ ဒေသတွင်း နိုင်ငံရေး စီးပွားရေးအဖွဲ့မျိုးကဲ့သို့ အစဉ်အလာ မိတ်ဖက်များနဲ့ ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး ရုရှားနိုင်ငံဘက်သို့ ပိုမိုယိမ်းညွှတ်လာခဲ့ကြောင်း တွေ့ရှိရပါတယ်။

ရုရှားဟာ မာလီနိုင်ငံကို လက်နက်များနဲ့ ရဟတ်ယာဉ်များ ပေးအပ်ခဲ့ပါတယ်။ မာလီ စစ်အစိုးရကလည်း ဆာဟဲ ဒေသ ခေါ် အာဖရိမြောက်ပိုင်းနဲ့ ဆာဟာရသဲကန္တာရတောင်ပိုင်းကြားဒေသရှိ အစ္စလာမ်မစ် အကြမ်းဖက် စစ် သွေးကြွများကို တိုက်ခိုက်ရန် ရုရှား Wagner “ဝဂ္ဂနာ” ခေါ် ပုဂ္ဂလိက စစ်တပ်များနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါ တယ်။

လူ့အခွင့်အရေးအဖွဲ့များကမူ ဝဂ္ဂနာနဲ့ မာလီတပ်ဖွဲ့ဝင်များဟာ ပြည်သူများကို သတ်ဖြတ်တယ်လို့ စွပ်စွဲ ထားပါတယ်။ ဝဂ္ဂနာဟာ ဘူကီနာဖာဆိုနဲ့လည်း အလားတူ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပါ တယ်။ ယမန်နှစ်က ရုရှားက ဘူကီးနာဖာဆိုကို ဂျုံစပါး တန်ချိန် ၅၀,၀၀၀ အခမဲ့ ပေးပို့ခဲ့ပြီး ကုန်သွယ်ရေးတိုး ချဲ့ရန် ကတိပြုခဲ့ပါတယ်။

တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေ ထွက်ခွာရန် အမိန့်ပေးခံခဲ့ရတဲ့ နိုင်ဂျာနိုင်ငံမှာတော့ များမကြာမီ နိုင်ဂျာ မြို့တော် နီရာမီး လေယာဉ်ကွင်းကို ရုရှားတပ်ဖွဲ့များ ဝင်ရောက်ရန် ခွင့်ပြုခဲ့ပါတယ်။ ယခုရက်သတ္တပတ် စော စောပိုင်းမှာ မာလီ၊ ဘူကီနာဖာဆိုနဲ့ နိုင်ဂျာနိုင်ငံတို့မှ သံအမတ်ကြီးတွေဟာ မော်စကို သိမ်းပိုက်ထားတဲ့ ခရိုင်မီး ယားဒေသကို ရုရှားအရာရှိများနဲ့အတူ သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲ့ဒီ ခရီးစဉ်ကို ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ကဲ့ရဲ့ရှုတ်ချခဲ့ပြီး ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေနဲ့ ခရိုင်မီးယားဟာ ယူကရိန်းရဲ့ ပိုင်နက်အ စိတ်အပိုင်းဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်များကို မထီမဲ့မြင် ပြုခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ယခု ၃-နိုင်ငံဟာ ICC မှ နှုတ်ထွက်သွားတဲ့ နောက်ဆုံးနိုင်ငံများ ဖြစ်ကြပါတယ်။ ဂါဇာနဲ့ ပတ်သက်ပြီး စွပ်စွဲ ထားတဲ့ စစ်ရာဇဝတ်မှုများအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုကို ဖမ်းဝရမ်းထုတ်ခဲ့တဲ့ ICC အပေါ် ဝေဖန်ပြီးနောက် ဟန်ဂေရီနိုင်ငံက နုတ်ထွက်မယ်လို့ ဧပြီလမှာ ကြေညာခဲ့ပါတယ်။ အာဖရိအရှေ့ပိုင်း ကုန်းတွင်းပိတ်တိုင်းပြည် ဘူရွန်ဒီနိုင်ငံက ၂၀၁၇ ခုနှစ်မှာ ICC မှ နုတ်ထွက်ခဲ့ပြီး၊ တစ်ချိန်က နုတ်ထွက်ရန် စဉ်း စားခဲ့တယ်ဆိုတဲ့ တောင်အာဖရိကနှင့် ဂမ်ဘီယာနိုင်ငံတို့က မနုတ်ထွက်ဖြစ်သေးပါဘူး။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image
11 w - Translate

အငှားအိမ်ရာတိုက်ခန်းတွေကို လက်လွှဲရောင်းချမှုမပြုဖို့ သတိပေးထားပေမယ့် ရောင်းချမှုတွေ ဆက်ရှိနေ

ရန်ကုန်တိုင်းဒေသကြီး၊‌တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့နိုင်ငံတော်အစိုးရပိုင်သုခဒဂုံပြည်သူ့အငှားအိမ်ရာတိုက်ခန်းတွေကိုလက်လွှဲ ရောင်းချမှုတွေမပြုလုပ်ကြဖို့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန DUHD -Ygn က သတိပေးစာထုတ်ပြန်ထားပေမယ့် ရောင်းချမှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။
ပွဲစားတွေကနေတဆင့်အငှားအိမ်ရာအတွင်းကတိုက်ခန်းတွေကိုမဲပေါက်ထားသူအချို့ကမိမိတို့ရဲ့တိုက်ခန်း တွေကို ပြန်လည်ရောင်းချမှုနဲ့ အငှားပြန်လည်ချထားမှုတွေရှိနေတယ်လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာအ သိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက VOM ကိုပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးအနီးမှာရှိတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာဟာ နေရေးအခက်အခဲရှိသူတွေကို(၅)နှစ်တာငှားရမ်းနေထိုင်ခွင့်ပြုထားတဲ့နိုင်ငံတော်ပိုင် ပြည်သူ့အငှားအိမ်ရာတခုဖြစ်ပါတယ်။
"သုခဒဂုံအငှားအိမ်ရာမှာ တရားမဝင်ရောင်းလို့အချုပ်ထဲရောက်သူရောက်နေတယ်။ အိမ်ခန်းပြန်သိမ်းခံရတာလဲ အများကြီးပါ။ မြေညီတွေလက်ညိုးထိုးရောင်းတာကိုလည်း ကြားနေရတယ်။ ရောင်းတဲ့လူလိမ်တွေကတော့ငွေထုပ်ပိုက်ပြေးပြီ။သတိထားကြပါ၊ မဝယ်ကြပါနဲ့ ။ လူလိမ်တွေချည်းပါဘဲ"လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က သတိပေးပြောပြထားပါတယ်။
ဒါအပြင်သုခဒဂုံအိမ်ရာအတွင်းရှိတိုက်ခန်းနဲ့ ဆိုင်ခန်းတွေကိုဝယ်ယူခွင့်ရမယ်ဆိုပြီးလိမ်လည်သူ‌တွေနဲ့ တိုက်ခန်းငှားရမ်းခွင့်ရမယ်လို့ ပြောဆိုပြီးလိမ်ညာနေသူတွေရှိနေတဲ့အတွက်ဒါကိုလည်းပြည်သူတွေအနေနဲ့လိမ်ညာမခံရအောင်သတိပြုကြဖို့လိုတယ်လို့ DUHD-Ygn ကအသိပေးနှိုးဆော်ထားပါတယ်။
"ပြန်ရောင်းတာကတရားမဝင်ဘူး။ပြန်ငှားစားခွင့်လည်းမရှိဘူး။နိုင်ငံ တော်ပိုင်ပစ္စည်းကိုအလွဲသုံးစားလုပ်မှုပဲ‌လေ"လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာနေထိုင်တဲ့ပြည်သူတယောက်က VOM ကိုပြောပါတယ်။
ပြည်သူ့အငှားအိမ်ရာတိုက်ခန်းတွေကို လက်လွှဲရောင်းချမှုပြုလုပ်ခဲ့သူအချို့ကိုလည်းသက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဥပဒေအကြောင်းအရအရေးယူမှုတွေကိုပြုလုပ်ခဲ့တာကို ကြားသိရတယ်လို့လည်းအငှားအိမ်ရာမှာနေထိုင်တဲ့ပြည်သူတွေကပြောပါတယ်။
"ကြားရတာကပထမတယောက်ကရောင်းပြီး ဒုတိယလူကျမှမိသွားတယ်ပြောတယ်။တိုက်တတိုက်မှာတိုက်မှူးဆိုတာရှိတယ်။ သူကအမြဲစောင့်ကြည့်နေတာသူကတဆင့်တိုင်လိုက်ရင်အဲဒီအိမ်အပိတ်ခံရပြီပဲ။ ပွဲစားလုပ်ပေးတဲ့သူတွေရဲ့အိမ်ကိုလည်းပိတ်သိမ်းတယ်။ထောင်လည်းကျတယ်။ ကျွန်မတို့တိုက်မှာတင် ၂ ခန်းလောက်အပိတ်ခံလိုက်ရတယ်"လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာနေထိုင်တဲ့ပြည်သူတယောက်က VOM ကိုဆက်ပြီးပြောပါတယ်။
DUHD-Ygn ကတော့သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာငှားရမ်းနေထိုင်ခွင့်ရရှိသူအချို့ကကိုယ်တိုင်နေထိုင်ခြင်းမပြုဘဲ တဆင့်ငှားရမ်းခြင်း၊လွှဲပြောင်းခြင်းတွေရှိပါကအိမ်ခန်းငှားရမ်းခွင့်ကိုရုတ်သိမ်းပြီးဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။
"ရောင်းလို့ဝယ်လို့ရတယ်ဆိုတာက ကောလဟလတွေပါ။ထပ်ပြီးသက်တမ်းတိုးပြီးဆက်နေတာမျိုးပဲရှိတာပါ"လို့ အဲဒီအငှားအိမ်ရာမှာ နေထိုင်တဲ့ပြည်သူတယောက်က ထပ်လောင်း ပြောပြပါတယ်။
မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန DUHD-Ygn ရဲ့ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရသုခဒဂုံ ပြည်သူ့အငှားအိမ်ရာအတွင်းမှာ စုစုပေါင်းတိုက်(၁၉၄)လုံးပါဝင်ပြီးပြီးစီးမှုအလိုက်အခန်းတွေကိုငှား ရမ်းခွင့်ပြုလျက်ရှိတယ်လို့ ဆိုပါတယ်။
ပထမအဆင့်အနေနဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်းကတိုက် ၇၃ လုံး၊ဒုတိယအဆင့်အနေနဲ့တိုက်အလုံး ၅၀ တို့ကိုနေရာချထားပေးခဲ့ပြီးတတိယအဆင့်အနေနဲ့ တိုက် ၇၁ လုံးလျာထားကာပြီးစီးမှုအရအဆင့်ဆင့်နေရာချထားပေးသွားမယ်လို့ DUHD-Ygn က ထုတ်ပြန်ထားပါတယ်။
ဒါအပြင်မသမာသူအချို့ကအခန်းနေထိုင်ခွင့်ရမယ်လို့မက်လုံးပေးပြီးငွေတောင်းခံလိမ်လည်မှုတွေလည််းရှိနေတဲ့အတွက်ပြည်သူတွေအနေနဲ့အလိမ်ခံရခြင်းမရှိစေဖို့ဒါကိုသတိ ပြုကြဖို့ DUHD-Ygn က အသိပေးထားပါတယ်။
Photo - DUHD-Ygn

#နိုင်ငံတကာသတင်း
◼ဘန်ကောက်မြို့ဆေးရုံရှေ့တွင်ဧရာမ မြေကျွံကျင်း ဖြစ်ပေါ်၊ လူနာများနှင့်တိုက်ခန်းနေသူများအားအရေးပေါ်ရွှေ့ပြောင်းခဲ့ရ
ဘန်ကောက်မြို၌ ယနေ့ နံနက်က ဆေးရုံတစ်ခုရှေ့တွင် ကြီးမားသော မြေကျွံကျင်းကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် ယာဉ်အသွားအလာပိတ်ထားခြင်း ၊ဘေးလွတ်ရာကယ်ဆယ်ခြင်းများ လုပ်ဆောင်ခဲ့ရကြောင်းသတင်းများအရ သိရသည်။
ယင်းဖြစ်ရပ်ကြောင့်ဆေးရုံမှလူနာများနှင့် အနီးအနားတွင် တိုက်ခန်းများတွင်နေထိုင်သူများအား ဘေးကင်းရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးမှုများလုပ်ဆောင်ခဲ့ရကြောင်း သည်နေရှင်းသတင်းစာ က ဖော်ပြသည်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၊ ဒူဆစ်ခရိုင် မှ ဝဇီရာဆေးရုံပြင်ပ၌ နံနက် ၇ နာရီ ၁၅ မိနစ်တွင် လမ်းမကြီးအပြည့် မြေကြီးကျွံဝင်သွားပြီး ကြီးမားသော ကျင်းကြီးဖြစ်ပေါ်ခဲ့ကာ အစွန်းတစ်နေရာတွင် အဖြူရောင်ထရပ်ကားတစ်စီး ရပ်ထားသည်ကို မြင်တွေ့ရသည်။
ဝဇီရာရထားဘူတာသစ်အတွက် ဆောက်လုပ်ရေးလုပ်ဆောင်နေသည့် မြေအောက်လိုဏ်ခေါင်းမှ ယိုစိမ့်မှုဖြစ်ပေါ်ခဲ့ပြီးနောက် မြေကျွံကျင်းကြီး ဖြစ်ပေါ်လာခဲ့ရကြောင်း ဘန်ကောက်အုပ်ချုပ်ရေးမှူး ချက်ချတ်ဆစ်တီပန့်က ထိုင်းမီဒီယာများကို ပြောကြားသည်။
အဆိုပါဖြစ်စဉ်ကြောင့်လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း အာ ဏာပိုင်များက ပြောကြားကြသည်။
ကနဦး လေ့လာတိုင်းတာမှုများအရ မြေကျင်းကြီးသည် မီတာ ၃၀ ခန့် ကျယ်ပြီး မီတာ ၅၀ ခန့် နက်ရှိုင်းကြောင်းနှင့် ဆက်လက်၍လည်း ကျယ်ပြန့်နေရာ ဝဇီရာဆေးရုံ နှင့် အနီးအနားမှ ဆမ်ဆင် ရဲစခန်းရှေ့နားအထိ ထိခိုက်နေကြောင်း သိရသည်။
ယင်းဖြစ်ရပ်ကြောင့် ဝဇီရာလမ်းဆုံမှ ဆန်ဂီလမ်းဆုံ အထိ နှင့် ပတ်ဝန်းကျင်လမ်းများတွင် ယာဉ်သွားယာဉ်လာ ပိတ်ထားကြောင်း သတင်းကဖော်ပြသည်။
သတင်း-ရဲမင်း
ကိုးကား- CNA/ The Nation