Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မန်ယူကိုဂိုးသွင်းနိုင်ခဲ့တဲ့မောင်မောင်လွင်ကို ကျပ်သိန်း ၁ထောင်ဂုဏ်ပြုဆုချီးမြှင့်ခဲ့တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
မြန်မာနိုင်ငံဘောလုံးအဖွဲဲ့ချုပ်ကိုယ်စား ပြည့်ဖြိုးတေဇက ဆုချီးမြှင့်ပေးခဲ့ပြီး ငွေကျပ်သိန်း ၁ထောင်ဂုဏ်ပြုဆုအပြင် မန်ယူကိုဂိုးသွင်းစဥ်ကအမှတ်ပုံရိပ်လေးတွေနဲ့ပြုလုပ်ထားတဲ့ ဆုတံဆိပ်ကိုလည်း ဂုဏ်ပြုပေးအပ်ခဲ့တာဖြစ်ပါတယ်.
𝗔𝗕𝗥 𝘁𝘂𝗻𝗲𝗱 𝟭𝟵𝟴𝟲 𝗧𝗼𝘆𝗼𝘁𝗮 𝗦𝗼𝗮𝗿𝗲𝗿
••••••••••••••••••••••••••••••••••••••••••••
ကားပုံစံချင်းတူ၊ စတစ်ကာ တူရင်တောင်မှ အတုခိုးဖို့ မလွယ်ကူတာ မောင်းနှင်ပုံပါ။ အကောင်းတကာ့အကောင်းဆုံး ဒရိုက်ဘာတွေနှင့် ဖွဲ့စည်းထားသော Mid Night Club ဟာဆိုရင် speed run မောင်းနှင်တဲ့အခါတိုင်း 200 mph အထက်မောင်းနှင်နိုင်ပြီး ၎င်းအရှိန်ကို အနည်းဆုံး ၁၅ မိနစ်လောက် ထိန်းရင်းဆက်တိုက်မောင်းနိုင်ကြပါတယ်။ ယုံတမ်းစကားတွေအရ မိနစ် ၃၀ လောက်ထိ မောင်းတဲ့သူတွေလည်း ရှိတယ်လို့ကြားပေမယ့် တာယာတွေက အဲ့လောက်အရှိန်မှာ အပူလွန်ပြီး ပေါက်ကွဲသွားမှာဗျ။ မောင်းနှင်တဲ့ပုံစံ အတုလိုက်ခိုးဖို့ 200 mph အထိမောင်းနိုင်တဲ့ ကားကိုယူလာရင်တောင် ၁၅ မိနစ်ထိခံဖို့က စိန်ခေါ်မှုတစ်ခုအဖြစ် ကျန်ရှိနေဆဲပါ။ ယခုခေတ်မှာတောင် တချို့တချို့သော မော်ဒယ်တွေက 200 mph ရောက်ဖို့နေနေသာသာ 170 180 လောက်မှာတောင် ငြိမ်အောင်မောင်းဖို့ ခက်ခဲပါတယ်။
Mid Night Club က အလွန်လျို့ဝှက်ကြတယ်လို့ ပြောပေမယ့် တကယ်တမ်း အဲ့လောက်ကြီးတော့လည်း မဟုတ်ပါဘူး။ ၁၉၉၆ ခုနှစ်လောက်မှာ ဂျပန် automotive မဂ္ဂဇင်း၊ AutoWorks တွင် club အတွက် လူသစ်ခေါ်စာတွေ ထည့်သွင်းခဲ့ပြီး၊ အင်တာဗျူးတွေလည်း လက်ခံလာခဲ့ပါတယ်။ အသင်းသားတွေရဲ့ ကားတစ်စီးချင်းဆီကို in-depth review တွေ ပြုလုပ်လာပြီး မဂ္ဂဇင်းကာဗာအဖြစ် ကြေငြာလာတဲ့အထိ ပေါ်ပေါ်ထင်ထင် ဖြစ်လာကြတယ်ဗျ။
လူသိခံတာချင်းနည်းတူ၊ ဘာလို့ Smokey Nagata က Mid Night Club အဖွဲ့ဝင်မဖြစ်ခဲ့တာလဲမေးရင် ဖြေရခက်ပါတယ်။ Smokey က Mid Night Club ကို performance parts ထောက်ပံ့ပေးတဲ့ကိစ္စ ဖြစ်နိုင်ပေမယ့်၊ ဘာကြောင့် အဖွဲ့ဝင်ခွင့် မရခဲ့တာလည်း ဆိုရင်တော့ သူ့ရဲ့ ရဲတင်းမှုကြောင့်ပါ။ Smokey က ပြုံးစိစိနှင့် အနေအေးသူဆိုပေမယ့် တကယ်တမ်းအလုပ်နှင့် ပတ်သတ်လာရင် သတ္တိအင်မတန်ကောင်းသူမို့ လူသိမခံချင်သေးတဲ့ Mid Night Club က အစပိုင်းမှာ Smokey ကိုငြင်းဆိုခဲ့တာပါ။ Mid Night Club အသင်းဝင်မဖြစ်ခဲ့ပေမယ့် Smokey ကလည်း နာမည်တစ်လုံးနှင့် နေတဲ့သူမို့ ကမ္ဘာပတ်ပြီး car show တွေရိုက်ကူးခဲ့ပါတယ်။ Smokey အကြောင်း မသိသေးသူတွေအတွက် အောက်က လင့်ခ်မှာ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်နော်။
𝗕𝗲𝗴𝗶𝗻𝗻𝗶𝗻𝗴 𝗼𝗳 𝗚𝗼𝗹𝗱𝗲𝗻 𝗔𝗴𝗲
၁၉၉၀ ကာလလောက်က Skyline၊ Supra၊ RX-7 တို့အကြောင်းပြောရင် ဂျပန်ကားတွေရဲ့ ရွှေခေတ်ကိုပါ မကြာခဏထည့်သွင်းဖော်ပြတတ်ကြပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ ပြောနေတဲ့ အဲ့ဒီ့ရွှေခေတ်ဆိုတာ ဘယ်တုန်းကစတင်ခဲ့တာလဲ၊ ဘယ်လိုဖြစ်ပေါ်ခဲ့တာဆိုတာကိုတော့ တိတိကျကျမသိခဲ့ကြပါဘူး။
တိုင်းပြည်တစ်ပြည်ရဲ့ အပြောင်းအလဲကြီးကြီးမားမားတိုင်းက စစ်ပွဲကနေ စတင်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် စစ်ရှုံးသွားခဲ့တဲ့ ဂျပန်နိုင်ငံဟာ ကုန်သွယ်ရေး၊ ထုတ်လုပ်ရေးနှင့် ဖွံ့ဖြိုးရေး စတဲ့နယ်ပယ်အရပ်ရပ်မှာ အောက်ဆုံးအခြေအနေအထိ ထိုးကျသွားခဲ့တယ်။ စစ်လျော်ကြေးစရိတ်အပြင်၊ ပစိဖိတ်ဒေသထဲရှိ သိမ်းပိုက်ရရှိရထားသော ကိုရီးယားကျွန်းဆွယ်၊ ထိုင်ဝမ် နှင့် ကျွန်းစုငယ်လေးများကိုပါ လက်လွှတ်လိုက်ရတော့ အရှေ့အာရှအတွင်း သြဇာလွှမ်းမိုးမှုလည်း ပျောက်ကွယ်သွားခဲ့တာပေါ့။ အင်အားတောင့်တင်းခဲ့တဲ့ Toyota နှင့် Honda တို့ကလည်း စစ်ဒဏ်ကြောင့် မော်တော်ကားထုတ်လုပ်ရေးပိုင်းကို ပြန်ဦးမော့ဖို့ မနည်းကြိုးစားနေချိန်၊ စစ်ဘက်ရေးရာကို ပြန်ကြည့်ရင်လည်း အမေရိကန်တပ်တွေ ဂျပန်မှာ ခြေကုပ်လာယူခြင်း အပြင်၊ ကိုယ်ပိုင်စစ်တပ်တည်ထောင်ခွင့် ယာယီပိတ်ပင်ခံထားရတာကြောင့် အချုပ်အခြာအာဏာမတည်မငြိမ်ဖြစ်နေချိန်ပါ။ အနီးစပ်ဆုံးပြောရရင် '𝗧𝗵𝗲 𝗚𝘂𝘆𝘀 𝗼𝗳 𝗥𝗮𝗻𝗴𝗼𝗼𝗻' (လမ်းမတော်ဖိုးတုတ်) ဝတ္ထုစာအုပ်ထဲမှ ဂျပန်တွေဗုံးကြဲပြီး ခေတ်ပျက်သွားတဲ့ ရန်ကုန်မြို့လိုပါဘဲ။
ဒီလိုခေတ်ပျက်နေတာကို ပြန်တည်ထောင်ဖို့ ဂျပန်အစိုးရအနေနှင့် ဘာတွေစီစဥ်ခဲ့သလဲဆိုရင်၊ ၁၉၅၂ ခုနှစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တဖြည်းဖြည်းပြန်ရလာတဲ့နောက်၊ စီးပွားရေးအဆောက်အအုံ၊ အစိုးရအဆောက်အအုံတွေ ပြန်တည်ထောင်ပြီး အရင်လို နေရာတကျဖြစ်အောင် ကြိုးစားယူပါတယ်။ ရင်းနှီးမြုပ်နှံ့မှု အကြီးစားတွေကို လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး၊ ကျောက်မီးသွေး၊ စတီးလ်၊ သံထည်လုပ်ငန်းတွေနှင့် ဓါတုပစ္စည်းပိုင်းမှာ ပြုလုပ်ခဲ့ပြီး တိုင်းပြည်ရဲ့ အခြေခံဖြစ်သော ပညာရေးစနစ်ကိုပါ အားစိုက်ခဲ့လို့ ဂျပန်မှ ကလေးငယ်တွေဟာ ငယ်ရွယ်စဥ်ကတည်းက စည်းကမ်းရှိပြီး၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာခဲ့တယ်ဗျ။ ကျွန်တော် ချဲ့ကားပြီးပြောတာတော့ မဟုတ်ပေမယ့်၊ တကယ်တမ်းအပြင်မှာလည်း ဂျပန်လူမျိုးတိုင်းက စည်းကမ်းအလွန်ရှိပါတယ်။ ဒီလိုရင်းနှီးမြုပ်နှံမှုတွေကြောင့် ၁၉၆၀ ကာလဆီကူးပြောင်းချိန်မှာ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက စစ်မဖြစ်မှီတုန်းကထက် အစစအရာရာ ပိုသာလွန်သွားခဲ့တယ်ဗျ။ စစ်ရှုံးပြီး ဆယ်စုနှစ် ၂ ခုလောက်အတွင်း အခုလို ဖြစ်လာတယ်ဆိုတာ မယုံနိုင်စရာပါ။ မော်တော်ကားထုတ်လုပ်သူများ ဖြစ်ကြတဲ့ Toyota၊ Honda၊ Nissan၊ Datsun တို့ကလည်း စျေးသက်သာတဲ့ ကား၊ ထရပ်၊ ဆိုင်ကယ်၊ စက်ပစ္စည်းများကို ထုတ်လုပ်ပြီး တိုင်းပြည်အတွက် အားဖြည့်ပေးခဲ့လို့ ၁၉၉၀ ရောက်ချိန်မှာ ဂျပန်နိုင်ငံဟာ ကမ္ဘာ့ပေါ်တွင် ဒုတိယစီးပွားရေးအင်အား အတောင့်တင်းဆုံးနိုင်ငံတစ်ခုဖြစ်လာပါတော့တယ်။ ဒီလို စီးပွားရေးအပြောင်းအလဲကာလအတွင်း ပေါ်ပေါက်လာတဲ့ Underground Car Culture က ငွေစုတတ်တဲ့ ဂျပန်လူမျိုးတို့ကြောင့်လည်းပါတယ်ဗျ။ စစ်ပွဲပြီးချိန်ကနေစပြီး စစ်လျော်ကြေးစရိတ်အကြွေးတင်လာတဲ့ ဂျပန်အစိုးရက ပြည်သူတွေကို ငွေစုတတ်ဖို့ ညွှန်ကြားခဲ့တယ်၊ ဒီလိုနှင့် ငွေအသွင်းဘဲရှိတဲ့ ဘဏ်တွေက လုပ်ငန်းပြန်လည်ပတ်လာနိုင်ပြီး မိသားစုတိုင်းကငွေတွေ ပိုလျှံနေပါတယ်။ ဂျပန်ယန်းငွေ တန်ဖိုးတက်လာချိန်ရောက်တော့ လူတိုင်းနီးပါးက ကားကောင်းကောင်းဝယ်စီးနိုင်တယ်ဗျ။ Toyota Crown လို executive sedan ကနေ AE86 လို sportscar အသေးစားအထိဝယ်နိုင်လာတဲ့ လူငယ်တွေက စွန့်စားချင်စိတ်ကြောင့် နေရာဒေသအလိုက် အပျော်တမ်း ကားကလပ်လေးတွေ တည်ထောင်ခဲ့ကြတာပေါ့။ အစပိုင်းမှာအပျော်တမ်းကနေ Skyline GT-R၊ Silvia၊ RX-7 တို့လို sportscar အကောင်းစားတွေထွက်လာချိန်မှာတော့ အပြိုင်အဆိုင်များတဲ့ တရားမဝင် street racing team အမြောက်အမြားပေါ်လာခဲ့ပါတယ်။ လူပေါင်းစုံဆို၊ စရိုက်ပေါင်းစုံဆိုတော့ မောင်းနှင်တဲ့အခါ ခိုက်ရန်ဖြစ်ပွားတာမျိုး၊ အက်ဆီးဒန့်ဖြစ်ပွားတာမျိုးနှင့် မူးယစ်ဆေးဝါးသုံးစွဲတာမျိုးတွေပါရှိလာတာကြောင့် ဂျပန်အစိုးရအနေနှင့် လုံခြုံရေးတိုးမြှင့်ဖို့ ဆောင်ရွက်လာခဲ့တယ်ဗျ။ သို့ပေမယ့်လည်း အရှိန်လွန်မောင်းနှင်မှုတွေ ရှိမြဲရှိနေဆဲ ဖြစ်တာကြောင့် တစ်နေ့မှာ Japanese Automakers များကို စုစည်းပြီး သဘောတူညီချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ ၎င်းသဘောတူညီချက်က ယနေ့ခေတ်မှာ လူတိုင်းနီးပါးသိကြတဲ့ "𝖦𝖾𝗇𝗍𝗅𝖾𝗆𝖺𝗇'𝗌 𝖠𝗀𝗋𝖾𝖾𝗆𝖾𝗇𝗍" ပါ။ စာဖတ်သူမသိခဲ့ရင်လည်း ကျွန်တော်ပြောပြပေးပါ့မယ်။
၁၉၈၈ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့သော 𝖦𝖾𝗇𝗍𝗅𝖾𝗆𝖺𝗇'𝗌 𝖠𝗀𝗋𝖾𝖾𝗆𝖾𝗇𝗍 ဆိုတာ ဂျပန်လမ်းမများထက် အက်ဆီးဒန့်ဖြစ်ပွားမှုကို လျော့ချနိုင်ဖို့နှင့် ဘေးကင်းလုံခြုံမှုတိုးမြှင့်ဖို့အတွက် အကောင်အထည်ဖော်ခဲ့တဲ့ သဘောတူညီချက်တစ်ခုပါ။ စည်းမျဥ်းစည်းကမ်းများစွာရှိခဲ့တဲ့အနက် အဓိကဦးတည်သော အချက်နှစ်ချက်မှာ လာမယ့် ၁၅ နှစ်အတွင်း ထုတ်လုပ်သမျှ sportscar တွေကို 276 hp အထိဘဲ အများဆုံးလက်ခံပေးမည်နှင့် top speed 180 kmh(122 mph) အလွန်ဆုံးမောင်းနှင်နိုင်အောင်တည်ဆောက်ပေးရမည် တို့ဘဲ ဖြစ်ပါတယ်ဗျ။ အစပိုင်းတွင် စည်းကမ်းများကို လိုက်နာခဲ့ကြသော်လည်း တကယ်တမ်းက စာရွက်ပေါ်မှာဘဲ ရှိတဲ့အချက်တွေဖြစ်တာကြောင့် ထုတ်လုပ်သူတိုင်းက သူတို့ တည်ဆောက်သောမော်ဒယ်များကို "276 hp" ဆိုပြီး ခေါင်းစဥ်ခဲ့ပေမယ့် လက်တွေ့မှာ ၎င်းထက်များပြားသော hp ပမာဏကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် တစ်ခုထပ်ရှိတာက ဒီသဘောတူညီချက်က ဂျပန်ပြည်တွင်းမှာဘဲ သက်ရောက်တယ်ဆိုတော့ ပြည်ပကို တင်ပို့တဲ့ မော်ဒယ်တွေဟာ 300 hp အမြဲလိုကျော်ပါတယ်။ မော်ဒယ်ချင်းတူ၊ အင်ဂျင်ခြင်းတူတာတောင် ဘာမှမပြောင်းလဲဘဲ ဂျပန်မှာ ရောင်းချတဲ့ကားတွေကိုသာ "276 hp" ဆိုပြီးလှည့်စားလိုက်တာပါ။
𝗥𝘂𝗹𝗲𝘀 𝗮𝗻𝗱 𝗘𝘁𝗵𝗶𝗰𝘀
Mid Night Club အသင်းကို ဦးဆုံးတည်ထောင်ခဲ့သူ လေးဦးအနက်၊ သိရှိနိုင်သော သုံးဦးမှာ ယိုရှီဒါစံ(Yoshida-San___ဥက္ကဌ)၊ ကာတိုစံ (Kato-San___ဒုဥက္ကဌ) နှင့် ယာမာဒါစံ (Yamada-San___အကြံပေး) တို့ဖြစ်ကြပြီး ဖွဲ့စည်းချိန်တုန်းက "touring club" တစ်ခုအနေနှင့်စတင်ခဲ့ပါတယ်။
Mid Night Club အသင်းက တရားမဝင်ဘူး ဆိုပေမယ့် ရည်ရွယ်ချက်ရှိရှိတည်ထောင်ခဲ့တာဖြစ်လို့ အသင်းဖွဲ့စည်းပုံက အတော်လေးနည်းစနစ်ကျပါတယ်။ အဖွဲ့ဝင်ဖြစ်ဖို့ အလုပ်သင်သဘောနှင့် တစ်နှစ်ပညာယူရပြီး car meet တိုင်းကို မပျက်မကွက်လာရောက်ရပါမယ်။ ဒီလိုလုပ်ရင်တောင် ရွေးချယ်ခံရဖို့က ၁၀ ရာခိုင်နှုန်းလောက်ဘဲ သေချာတာမို့ Mid Night Club လူစာရင်းက အမြဲတမ်းအယောက် ၃၀ ဝန်းကျင်လောက်မှာဘဲ ရှိတတ်ပါတယ်။ အလုပ်သင်တွေကို kõhei (ဂျူနီယာ)၊ အဖွဲ့ဝင်တွေကို senpai (စီနီယာ) လို့သတ်မှတ်ပြီး ကြီးစဥ်ငယ်အလိုက် တစ်ယောက်ပေါ်တစ်ယောက် ချစ်ခင်လေးစားမှုအပြည့်ရှိကြတယ်ဗျ။ စီနီယာနှင့် ဂျုနီယာကို အလွယ်တကူဘယ်လိုခွဲခြားနိုင်မလဲဆိုရင် ကားပေါ်မှာ ကပ်ထားတဲ့ စတစ်ကာတွေကို ကြည့်ပြီးသိနိုင်ပါတယ်၊ Mid Night စတစ်ကာ ငွေရောင်ဟာ စီနီယာဖြစ်ပြီး အရေအတွက်နည်းပါတယ်၊ ပန်းရောင်စတစ်ကာတွေကတော့ ဂျူနီယာတွေအတွက်ပါ။
ကိုယ်က အဖွဲ့ဝင်ဖြစ်နေကြောင်း မပြောဆိုရဘူး၊ လူသိထင်ရှားမနေရဘူး၊ အခြားအဖွဲ့တွေနှင့်လည်း ပဋိပက္ခမဖြစ်ရဘူး၊ စတဲ့စည်းကမ်းချက်များစွာထဲ ပထမဦးစားပေးအချက်က Public Safety ပါ၊ အများပိုင်လမ်းမတွေပေါ် ယှဥ်ပြိုင်မောင်းနှင်တာဖြစ်လို့ လမ်းသွားလမ်းလာမည်သူတစ်ဦးတစ်ယောက်မှ မထိခိုက်စေဖို့ဆိုတဲ့ အချက်ကို Mid Night Club ရဲ့ အရေးကြီးဆုံးအရာအဖြစ် သတ်မှတ်ခဲ့ကြတယ်ဗျ။ Top speed run ဖြစ်လို့ မိမိမောင်းနှင်သော ကားကလည်း အနည်းဆုံး 250 kmh (155 mph)အထိစွမ်းဆောင်နိုင်ရန်လိုအပ်ပြီး အမြင့်ဆုံး အရှိန်မှာ ကားခံနိုင်ရည်ရှိရမည်ပေါ့၊ ဒီလိုအပ်ချက်နှစ်ခုဟာ အဖွဲ့ဝင်ဖြစ်လိုသူတွေအတွက် ပထမဆုံးသိထားရမယ့် အခြေခံတွေလည်း ဖြစ်ပါတယ်။