ဘယ်ပရိသတ်ကို အခမဲ့ အမှတ်တရ လက်မှတ်ရေးထိုးလာမှာ မဟုတ်တော့တဲ့ လာမိန်းယာမဲလ်
======================

ဘာစီလိုနာပါရမီရှင် လာမိန်းယာမဲလ်ဟာ ဘယ်ပရိသတ်ကိုမှ အမှတ်တရလက်မှတ် ရေးထိုးပေးလာတော့မှာ မဟုတ်တော့ပါဘူး။ လာမိန်းယာမဲလ်ဟာ အမှတ်တရပစ္စည်းရောင်းချတဲ့ ထိပ်တန်းကုမ္ပဏီနှင့် ပူးပေါင်းကာ သူ့လက်မှတ်ရေးထိုးထားတဲ့ ပစ္စည်းများကို ပရိသတ်များထံ ရောင်းချလာတော့မှာလည်း ဖြစ်ပါတယ်။

လာမိန်းယာမဲလ်ရဲ့ ကမ္ဘာ့အမှတ်တဆိပ်ဖြစ်လာမှုနှင့်အတူ ယခုကဲ့သို့ စီးပွားရေးအကွက်မြင်တဲ့ ကုမ္ပဏီများက အမှတ်တရ လက်မှတ်ရေးထိုးထားတဲ့ ပစ္စည်းအား ပရိသတ်များထံ ရောင်းချမှု ပြုလုပ်လာမှာလည်း ဖြစ်ပါတယ်။
Mundo Deportivo က အသက် ၁၈ နှစ်ရှိ စပိန်နှင့် ဘာစီလိုနာပါရမီရှင်လာမိန်းယာမဲလ်ရဲ့ အေးဂျင့်များဟာ အမေရိကမှ နာမည်ကျော်စူပါစတားများရဲ့ လက်မှတ်ရေးထိုးထားတဲ့ အမှတ်တရပစ္စည်းများ ရောင်းချတဲ့ ကုမ္ပဏီနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။

လာမိန်းယာမဲလ်ဟာ ဘာစီလိုနာရဲ့ လေ့ကျင့်ရေးကွင်းပြင်ပတွင် ပရိသတ်များအား အင်္ကျီ၊ ဖိနပ်နှင့် အခြားအမှတ်တရပစ္စည်းများတွင် အမှတ်တရလက်မှတ်ရေးထိုးမှု မကြာခဏ ပြုလုပ်လေ့ရှိသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယာမဲလ် အမှတ်တရ လက်မှတ်ရေးထိုးလိုက်တဲ့ ပစ္စည်းကို ယင်းပရိသတ်များကပင် အွန်လိုင်းတွင် ဈေးတင်ကာ ရောင်းချနေကြပါတယ်။

ယင်းကြောင့်လည်း လာမိန်းယာမဲလ်နှင့် အေးဂျင့်တို့ဟာ ပရိသတ်များကို အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်း မပြုလုပ်တော့ဘဲ ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ကာ ရောင်းချရန် စီစဉ်လာတာလည်း ဖြစ်ပါတယ်။

ယင်းသို့ လုပ်ဆောင်မှုမျိုးကို အမေရိကန်အားကစားလောကတွင် လုပ်ဆောင်လာတာ ကြာမြင့်လာပြီလည်း ဖြစ်ပါတယ်။
လီဘရွန်ဂျိမ်းစ်တို့ကဲ့သို့ နာမည်ကျော်ဘတ်စကက်ဘောသမားများဟာ အမှတ်တရလက်မှတ်ထိုးထားတဲ့ ပစ္စည်းနှင့်ပတ်သက်ပြီး အပြည့်အဝ ထိန်းချုပ်မှု ပြုလုပ်ထားကြပါတယ်။

တဖက်တွင် လာမိန်းယာမဲလ်ဟာ ဘာစီလိုနာနှင့် ၂၀၃၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလာမှု၊ စပွန်ဆာဝင်ငွေမြင့်မားလာမှုနှင့်အတူ ၂၀၂၅ ခုနှစ်အတွင်း ဝင်ငွေ ဒေါ်လာ ၄၃ သန်းအထိ ရရှိလာမှာ ဖြစ်ပြီး ၂၀၂၅ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးဘောလုံးသမား ၁၀ ဦးစာရင်းဝင်လာပါတယ်။

imageimage

ယနေ့ ရန်ကုန်အခြေစိုက် စက်သုံး‌ဆီဈေး

October 18

image

ယနေ့ ရန်ကုန်အခြေစိုက် စက်သုံး‌ဆီဈေး

October 18

image
34 w - Translate

Wedding

image

Language is a key to survive you in this knowledge age. ဘာသာစကား ဆိုတာ ဒီကနေ့ ခေတ်အခါမှာ ပညာ နှင့် အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် လိုအပ်တဲ့ key တစ်ခုပါ လို့ ရှေးဦးစွာပြောပါရစေ။ လူငယ်လူရွယ်တိုင်းအတွက် ဘာသာစကား တစ်ခုခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားမယ်ဆိုရင် မိမိတို့ ဘဝ ရှင်သန်ရုန်းကန် ရပ်တည်နိုင်ရေးအတွက် အထောက်အကူ ဖြစ်မှာအသေအချာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံ ဂျပန်သဒ္ဒါနှင့်ဂျပန်စကား ကို လေ့လာလိုသူ ကျောင်းသားကျောင်းသူ များအတွက် Minna no Nihongo N5 သဒ္ဒါ ရှင်းလင်းချက် အပြည့်အစုံကို ဆရာလွတ် လေ့လာသင်ယူနိုင်မည့်စာအုပ်တစ်အုပ်ရေးသားမျှဝေလိုက်ရခြင်းဖြစ်ပါသည်။ လွယ်ကူလေ့လာ N5 သဒ္ဒါ စာအုပ်၏အားသာချက်မှာမူကား-ဆရာတစ်ယောက်မှ လေ့‌လာသူအား
အနီးကပ်သင်ပေးပို့ချနေသည့်အလားလွယ်ကူရိုးရှင်းစွာဖြင့် သဒ္ဒါရှင်းလင်းချက်များကို ရှင်းပြပေးထားသောစာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။

Crd

image

Duolingo ဆိုတာကတော့ ‌နိုင်ငံခြားအထူးသဖြင့် USA ဘက်သွားမယ့်လူတော်တော်များများသိပ်မစိမ်းတဲ့ English testတခုပါ။ ဒီနေရာမှ Duolingo ကို သိပ်မသိတဲ့လူငယ်တွေအတွက်ကတော့ IELTS or TOFEL တို့လိုပဲ English testတခုလို့အလွယ်မှတ်ရင်ရပါပီ။ Duolingo ဟာ IELTS or TOFEL တို့လောက်တော့အရမ်းမခက်ခဲ ပဲနဲ့ အခုဆိုတက္ကသိုလ် တော်တော် များများ လဲလက်ခံပါတယ်။
Duolingo ကိုမှာတော့ အမှတ်ပေးစည်းမျည်းတွေကိုအောက်ပါအတိုင်းခွဲခြားထားပါတယ်။

Literacy (Ability to read and write )
Comprehension(Ability to read and listen )
Conversation (Ability to listen and speak)
Production (Ability to write and speak)
Read

Readဆိုတာကို တချို့တွေက အသံထွက်ဖတ်တာလို့ပဲထင်ကြတယ် အဲ့တာလဲမမှားပါဘူး။ ဒါပေမယ့်အဓိက အားဖြင့် read ဆိုတာဟာ pronunciation မှန်မှန်ဖတ်နိုင်ယုံသာမက စာကြောင်းစာပိုဒ်ထဲကအကြောင်းကိုဖတ်လိုက်ပီးတာနဲ့ချက်ခြင်းနားလည်တာပါ။ဥပမာ ပေးရရင် ကြော်ငြာစာတန်းတခုကို မြန်မာလိုရေးထားတယ်ဆိုပါတော့ အဲ့တာကိုရုတ်တရက်ဖတ်မိလိုက်ပြီး တာနဲ့ တပြိုက်နက်ဆိုသလို ကိုယ်ကလဲနားလည်နိုင်ပါတယ် အအေးကြော်ငြာ ၊ မုန့်ကြော်ငြာ promotionစသည်ဖြင့် အတိအကျ အကုန်မမှတ်မိရင်တောင်အဓိကအကြောင်းအရာကိုခွဲခြမ်းစိတ်ဖြာနိုင်ပါတယ် အဲ့တာက reading ပါပဲ။ Duolingo မှာဆိုရင်ဖြင့် ပေးထားတဲ့မေးခွန်း နားလည်အောင်ဖတ်နိုင်မှုကအဓိကကြပါတယ်။ဒါမှသာ မေးခွန်းအကြောင်းအရာအပေါ်ကိုယ်ကပြန်လည်‌ဖြေဆိုတဲ့အခါ ကြောင်းကျိုးဆီလျော်စွာ ဖြေနိုင်မှာပါ။

Duolingo မှာ close type ဆန်ဆန်မေးခွန်းတခုပါပါတယ် close typeနဲ့မတူတာက သူကဖြည့်ရမယ့် စာလုံးတွေမပေးထားပဲနဲ့ စာလုံးအစလေးတွေပေးထားပြီး‌ဖြေခိုင်းတာပါ။ The sun rise from the e_ _ _. ဒါဆိုကိုယ်က နားလည်အောင်ဖတ်ပြီး eနဲ့စပြီး word လေးလုံးပါတဲ့ vocabကိုစဉ်းစားရမှာပါ။ East‌ဆိုတဲ့အဖြေမှန်ကိုရဖို့ဆိုတာရှေ့ကရေးပြထားတဲ့ “the Sun rise from the”ဆိုတဲ့စာကြောင်းကိုအရင်နားလည်မှဖြစ်မှာပါ။

Write

Writeဆိုတာတော့ အားလုံးလဲသိပြီးသားဆိုတော့ အထူးတလည်တော့ပြောပြစရာမလိုပါဘူး။ အဓိက grammar patternမှန်ရမယ် tensesတွေမှန်ရမယ်၊ vocabulary တွေကြွယ်၀သလောက် အမှတ်ကပိုရလာမှာပါ။ Duolingo online test ဆိုပေမယ့် After တို့ If Clause တို့သုံးမယ်၊ဆိုရင် commas (,) တွေ မေးခွန်းဆိုရင်(?) full stop (.)မကျန်ခဲ့ဖို့ပါပဲ။

Speak

Speakingကတော့ pronunciation အရေးကြီးပါတယ်။ ကိုယ်ပြောချင်တာပီပီသသဖြစ်မှ examiner နားလည်မှာပါ။ Duolingo testဟာဆိုရင်ဖြင့် Daily English use ဘက်ကို အဓိကသွားတဲ့ပုံစံ ၊ communication ကိုဦးတည်သွားတဲ့ပုံစံလို့မြင်ပါတယ်။ Speakingကိုပြောနိုင်ဖို့ဆိုတာ ကိုယ်ပြောမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး အကျွမ်းတ၀င်ရှိမှုကလဲအရေးကြီးပါတယ်။ Duolingo မှာပေးတဲ့ပုံကိုကြည့်ပြီး 2minutes လောက်ပြောခိုင်းတဲ့ နေရာမှာဆိုရင် choiceမရှိ‌သလို၊ choice ပေးထားပြီးကြိုက်တဲ့ခေါင်းစဉ်ကို ပြောခိုင်းတာလဲရှိပါတယ်။

ဒီနေရာမှာ writing ရော speaking ပတ်သက်ပြီးပြောချင်တာက အကြောင်းအရာ အမှန်ဖြစ်ဖို့ထက် ကိုယ် များများ ပြောနိုင် ရေးနိုင်တဲ့ အကြောင်းအရာဖြစ်ဖို့ပိုအဓိက ကြပါတယ်။

ဥပမာ စာလေ့လာတဲ့ တာကောင်းလား Game ဆော့တာကောင်းလား ရေးရ ပြောရ မယ်ဆိုပါတော့။စာ လေ့လာတာ အပြင်လောကမှာဘယ်လောက်ကောင်းကောင်း ကိုယ်က သိပ်မရေးနိုင်ဘူး ‌မပြောနိုင်ဘူး၊ Game ဆော့တာနဲ့ပတ်သက်ပြီး ကိုယ့်ဆီက အကြောင်းအရာတော်တော်များများ word ‌များများ vocabularyကောင်းကောင်းသုံးနိုင်မယ်ဆိုရင် စာလေ့လာတဲ့အကြောင်းအရာ ဘယ်လောက် မှန်မှန် ကိုယ်ပိုင် တဲ့game ဆော့တဲ့အကြောင်းကိုရွေးရမှာပါ။ Duolingo က English testပါ တနည်းအားဖြင့် language skill test ပါ personal skill testမဟုတ်ပါ ပြောရမယ့်အကြောင်းအရာကောင်းမွန်မှုထက် ကိုယ်သေချာပြောပြရေးပြနိုင်တဲ့ဘက်ကိုသာရွေးရမှာပါ။

Listening

အားလုံးသိတဲ့အတိုင်း Listeningမှာ accentဆိုတဲ့လေယူလေသိမ်းအကျွမ်းတ၀င်ဖြစ်ဖို့အရေးကြီးပါတယ်။Duolingo အသံနားထောင်ပီး ပြောလိုက်တဲ့အသံက တကယ့် word ဟုတ်မဟုတ်ရွေးရတဲ့ဟာပါ ပါတယ်။ တကယ့် အသံထွက်မှန် ကိုသိမှအမှန်ရွေးနိုင်မှာပါ။ နောက်မေးခွန်းဟာဆိုရင်ဖြင့် အသံ recordလုပ်ထားတဲ့ စာကြောင်း ၊ အမေးဝါကျစသည်ဖြင့်လာတတ်ပါတယ်။

၃ခါနားထောင်လို့ရပါတယ် အပေါ်မှာ‌ဖြေရမယ့်အချိန်ကလဲ countingလုပ်နေတာပါ 1minပြည့်တာနဲ့ သူကနောက်မေးခွန်း auto ရောက်သွားတာပါ။ အဲ့တော့သုံးခါလုံးနားထောင်ပီးမှရေးတာထက်စာရင် တခါ‌နားထောင်ပီး ကြားသလောက် typingရိုက်ထားတာကိုယ့်အတွက် အချိန်ပိုရပါတယ်။ တချို့စာကြောင်းတွေမှာအကြောင်းအရာ တော်တော်များပါတယ်။ သုံးခါလုံးနားထောင်ပီးမှရိုက်မယ်ဆိုရင် ကျန်ခဲ့နိုင်ပါတယ် ၊စာမေးပွဲဆိုတဲ့ tensionရယ် time limit tensionရယ်ကြားထဲမှာဆိုတော့ မှားနိုင်ပါတယ်။

Duolingoကိုဖြေမယ့်လူငယ်များကိုအကြံပြုချ်တာက practice test ကိုများများလုပ်ပေးပါ။ Real testနဲ့ practice testကသိပ်မကွာပါဘူး practice testက speaking testနှစ်ခုပဲ မပါတာပါ။ဖြေဆိုချိန်ကတော့ real က 59min practiceက 15minပါ။ မေးခွန်းပုံစံအကျွမ်းတ၀င်ဖြစ်မှ လက်တွေ့ဖြေရင်အဆင်ပြေမှာပါ။

ဒီလောက်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်နော်။ အားလုံးဘဲ ပညာရေးအခွင့်အလမ်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

image

Large Niltava ( ငှက်နက်ပြာလေး )
ဒီငှက်မျိုးစိတ် ကိုတော့ တောင်ပေါ် မှာ အမြဲလိုလိုတွေ့ရတတ်တော့ အထီး၊အမ နဲ့ သားပေါက်လေး ကအစ ဓာတ်ပုံမှတ်တမ်းလေးတွေ တင်ခွင့်ရခဲ့ပါတယ်။

image

Large Niltava ( ငှက်နက်ပြာလေး )
ဒီငှက်မျိုးစိတ် ကိုတော့ တောင်ပေါ် မှာ အမြဲလိုလိုတွေ့ရတတ်တော့ အထီး၊အမ နဲ့ သားပေါက်လေး ကအစ ဓာတ်ပုံမှတ်တမ်းလေးတွေ တင်ခွင့်ရခဲ့ပါတယ်။

image

Large Niltava ( ငှက်နက်ပြာလေး )
ဒီငှက်မျိုးစိတ် ကိုတော့ တောင်ပေါ် မှာ အမြဲလိုလိုတွေ့ရတတ်တော့ အထီး၊အမ နဲ့ သားပေါက်လေး ကအစ ဓာတ်ပုံမှတ်တမ်းလေးတွေ တင်ခွင့်ရခဲ့ပါတယ်။

image

Large Niltava ( ငှက်နက်ပြာလေး )
ဒီငှက်မျိုးစိတ် ကိုတော့ တောင်ပေါ် မှာ အမြဲလိုလိုတွေ့ရတတ်တော့ အထီး၊အမ နဲ့ သားပေါက်လေး ကအစ ဓာတ်ပုံမှတ်တမ်းလေးတွေ တင်ခွင့်ရခဲ့ပါတယ်။

image
image
image