မြောက်လန်ဒန်ဒါဘီပွဲတွင် ရှုံးနိမ့်ပြီးနောက် စပါးစ်ပရိသတ်များကို သောမတ်စ်ဖရန့် တောင်းပန်လာ
=====================
သောမတ်စ်ဖရန့်ဟာ မြောက်လန်ဒန်ဒါဘီပွဲတွင် ရှုံးပွဲကြုံတွေ့ပြီးနောက် စပါးစ်ပရိသတ်များအား တောင်းပန်လာပါတယ်။
ဒါ့အပြင် စပါးစ်ဂိုးသမားဂူဂလီမိုဗီကာရီယိုဟာလည်း တိုက်ပွဲဝင်စိတ်ဓာတ်နည်းပါးမှုအတွက် ပရိသတ်များကို တောင်းပန်သွားပါတယ်။
အစွယ်မရှိတဲ့ စပါးစ်ဟာ မနေ့ညတုန်းက ပစ်မှတ်ဟောင်းအီးဇီးရဲ့ ဟက်ထရစ်ဂိုးနဲ့အတူ အာဆင်နယ်ကို ၄-၁ ဖြင့် အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
ဖရန့်က "တကယ့်ကို နာကျင်လွန်းရတယ်။ သိပ်ပြီးတော့ မပြောချင်ဘူး။ ဆိုးရွားတဲ့ ခြေစွမ်းပါ။ လုပ်ချင်တဲ့အရာတွေနဲ့ လုံးဝ တခြားစီ။ ဒီခြေစွမ်းအတွက် ပရိသတ်တွေကို တောင်းပန်တာပဲ လုပ်နိုင်ပါတယ်"လို့ ပြောကြားသွားပါတယ်။
စပါးစ်ဟာ မနေ့ညက ပွဲတွင် ရီချာလီဆင်ရဲ့ ကိုက် ၅၀ အကွာမှာ တစ်နှစ်တာအကောင်းဆုံးဂိုးဆုရနိုင်တဲ့ အံ့ဩစရာကောင်းတဲ့ ဂိုးဖြင့် ဂိုးရခဲ့ပါတယ်။
စပါးစ်ဟာ မနေ့ညက အမ်းမရိတ်ကွင်းရှုံ့းပွဲကြောင့် ယခုရာသီ အဝေးကွင်း ရှုံးပွဲမရှိမှတ်တမ်းလည်း အဆုံးသတ်သွားပါတယ်။ ၎င်းတို့ဟာ ဗုဒ္ဓဟူးနေ့တွင် ပါရီသို့ သွားရောက်ကာ ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ပွဲ ကစားရပါမယ်။