ကြီးကျယ်ခမ်းနားလွန်းလှတဲ့ Overhead Kick ကို အသက် ၄၀ အရွယ်မှာ သွင်းပြလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
=====================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Nassr နိုင်ပွဲတွင် အမိုက်စား Overhead Kick ဂိုးအား သွင်းပြလာပါတယ်။

ရော်နယ်ဒိုဦးဆောင်တဲ့ Al Nassr ဟာ Al Khaleej အား ၄-၁ ဂိုးဖြင့် အနိုင်ယူကာ ဆော်ဒီပရိုလိဂ် ၉ ပွဲဆက် နိုင်ပွဲ ရရှိပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်လာပါတယ်။

အိမ်ရှင် Al Nassr ဟာ ပထမပိုင်းပြီးဖို့ ၆ မိနစ်အလိုတွင် ဂျိုအာဖီးလစ်ရဲ့ ဂိုးဖြင့် ဦးဆောင်နိုင်ပြီးနောက် ပထမပိုင်းပြီးရန် ၃ မိနစ်အလိုတွင် ဝက်စ်လေရဲ့ ဂိုးဖြင့် ဒုတိယဂိုး ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းအစ ၄၇ မိနစ်တွင် မူရက်အယ်ဟောဆာဝီက ဧည့်သည်အသင်းအတွက် ချေပဂိုး သွင်းလာပေမယ့်လည်း ၇၇ မိနစ်တွင် ဆာဒေယိုမာနေးက Al Nassr အတွက် တတိယဂိုးသွင်းလာပါတယ်။

ယင်းနောက် နာကျင်အချိန်ပို ၉၆ မိနစ်မှာ ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ အံ့ဩစရာကောင်းလွန်းလှတဲ့ Overhead Kick ဖြင့် စတုတ္ထဂိုးအား သွင်းလာခဲ့တာ ဖြစ်ပါတယ်။

စူပါစတားဟာ နာဝါဘူရှယ်ရဲ့ ညာခြမ်းမှ ဖြတ်တင်ဘောကနေ အားလုံးထက် အမြင့်ခုန်ပြီး Overhead Kick ဖြင့် ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၀ အရွယ်တွင် ယင်းသို့ အမိုက်စား Overhead Kick ဂိုးအား သွင်းယူလာမှုနှင့်အတူ ခရစ္စတီယာနိုရော်နယ်ဒိုကို အားလုံးက ချီးကျူးနေကြပါတယ်။

image