စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်အား တာဝန်မှ ရပ်စဲ

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်အား တာဝန်မှ ရပ်စဲကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက နိုဝင်ဘာ ၂၅ ရက်တွင် အမိန့် ၄၉/၂၀၂၅ ဖြင့်ထုတ်ပြန်သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်အား တာဝန်မှ ရပ်စဲလိုက်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။
ယခုလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များကို စက်သုံးဆီတင်သွင်းရာတွင် ဈေးကစားမှုဖြင့် သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဒုတိယဝန်ကြီးဦးသန့်စင်အား တာဝန်မှ ရပ်စဲခဲ့ခြင်းလည်းဖြစ်သည်။

image