မင်္ဂလာရှိသောနံနက်ခင်းပါ
🌿🙏🏼🌿🙏🏼🌿🙏🏼🌿🙏🏼🌿🙏🏼🌿
🌿သာသနာတော်နှစ်၂၅၆၉ ခုနှစ်
🌿ကောဇာသက္ကရာဇ်၁၃၈၇ ခုနှစ် နယုန်လဆန်း ၉ ရက် ဗုဒ္ဓဟူးနေ့
🌿ခရစ်နှစ် 4-6-2025 Wednesday
#နယုန်လအရုဏ်တက်ချိန်
#၄နာရီ၄၀မိနစ်
{ဘယံ} ဘေးအပေါင်းမှန်သမျှတွေကို သရတိဟိံသတိဝိနာသေတိ ပယ်ဖြောက်တတ်၏
🙏🏼ဗုဒဓှံသရဏံဂစဆှာမိ ဓမမှံသရဏံဂစဆှာမိ သံဃံသရဏံဂစဆှာမိပါဘုရား
{သန္တာသံ} ပူလောင်မှုမှန်သမျှတွေကို သရတိဟိံသတိဝိနာသေတိ ပယ်ဖြောက်တတ်၏
🙏🏼ဗုဒဓှံသရဏံဂစဆှာမိ ဓမမှံသရဏံဂစဆှာမိ သံဃံသရဏံဂစဆှာမိပါဘုရား
{ဒုက္ခံ} ဆင်းရဲမှုအပေါင်းမှန်သမျှတွေကို သရတိဟိံသတိဝိနာသေတိ ပယ်ဖြောက်တတ်၏
🙏🏼ဗုဒဓှံသရဏံဂစဆှာမိ ဓမမှံသရဏံဂစဆှာမိ သံဃံသရဏံဂစဆှာမိပါဘုရား
{ဒုဂ္ဂတိံ} ဒုဂ္ဂတိဘဝကို သရတိဟိံသတိဝိနာသေတိ ပယ်ဖြောက်တတ်၏
🙏🏼ဗုဒဓှံသရဏံဂစဆှာမိ ဓမမှံသရဏံဂစဆှာမိ သံဃံသရဏံဂစဆှာမိပါဘုရား
{ပရိကိလေသံ} စိတ်၏ညစ်နွမ်းခြင်း ကိုယ်၏ညစ်နွမ်းခြင်းမှန်သမျှတွေကို သရတိဟိံသတိဝိနာသေတိ ပယ်ဖြောက်တတ်၏
🙏🏼ဗုဒဓှံသရဏံဂစဆှာမိ ဓမမှံသရဏံဂစဆှာမိ သံဃံသရဏံဂစဆှာမိပါဘုရား
🙏🏼🙏🏼🙏🏼ဗုဒ္ဓံမြတ်စွာဘုရားကို သရဏံကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ စီးကပ်ပါ၏
🙏🏼🙏🏼🙏🏼ဓမ္မံတရားတော်မြတ်ကို သရဏံကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ စီးကပ်ပါ၏
🙏🏼🙏🏼🙏🏼သံဃံသံဃာတော်အရှင်သူမြတ်ကို သရဏံကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ စီးကပ်ပါ၏ ဘုရား ။
🌿လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။ ။

image

ရှိခိုးရင်
ဘုရားဆိုတာ လက်အုပ်လေးတစ်ခါချီလိုက်ရုံလေးနဲ့တင် နတ်ပြည်ကို ရောက်သွားနိုင်တယ်။
ဒီကုသိုလ်လေးက ဘယ်လောက်စွမ်းဆောင်မှု
ကောင်းလဲဆိုတာ စဉ်းစားကြည့်။
မဌကုဏ္ဍလီ သတို့သားလေးက ဗုဒ္ဓဘာသာမဟုတ်ဘူး။ သူ့အဖေကလည်း နှမျောလိုက်တာ
ရောဂါဖြစ်တာတောင် ဆေးကုမပေးဘူး။
ဆေးမြီးတိုတွေနဲ့ကုတာ နောက်ဆုံး ကုမရတဲ့အချိန်
သေခါနီးချိန်ရောက်တော့
အိမ့်အပြင်ထုတ်ထားတယ်လေ။
ဘုရားက ဆွမ်းခံကြွလာတဲ့အခါ
ထတောင်ရှိမခိုးနိုင်တော့ဘူး။
စိတ်ထဲက ကြည်နူးပြီးတော့ ဪ ဒီလိုဘုရားမျိုး
ငါမလှူလိုက်ရဘူး။
ခုရှိခိုး စိတ်ထဲကနေကြည်နူးပြီးနေတယ်။
အဲ့ဒီ အခါလေးမှာ
သေသွားတာနဲ့ နတ်ပြည်မှာ နတ်သားသွားဖြစ်တယ်။
ဒီကုသိုလ်လေးက ကယ်လိုက်တာ။
စိတ်ထဲမှာတင် ဖြစ်တာနော် လက်အုပ်တောင်
မချီနိုင်ဘူးတဲ့။ စိတ်ထဲကနေ ဘုရားကိုအာရုံပြုပြီး
ကြည်နူးလိုက်ရုံလေးနဲ့တင် နတ်ပြည်ကို
ရောက်သွားတယ်။
လူမပြောနဲ့
ဖားလေးတစ်ကောင်ဆိုတာ
မြတ်စွာဘုရား သစ်ပင်အောက်မှာ
တရားဟောနေတာ ရေကန်ထဲက ခုန်တက်လာပြီး
မြတ်တောထဲမှာ ဝပ်နေရင်းကနေ ဘုရားတရားဟောသံကြားတာနဲ့
နားထောင်ကောင်းတဲ့ အသံလေးပဲ တိရစ္ဆာန်ဆိုတာ
အန္တရာယ်ရှိတဲ့အသံလား၊မရှိတဲ့အသံလား
ဒီလောက်တော့သိတယ်။
သို့သော် တရားရဲ့ အဓိပ္ပာယ်ကို သူသိတာတော့
မဟုတ်ဘူး။
မြတ်စွာဘုရားရဲ့ ကရုဏာတွေ၊မေတ္တာတွေ လွှမ်းခြုံ
ထားတဲ့ အသံလေးကို သူ့နားထောင်ရင်း စိတ်ကြည်နူးနေတာ။
အဲ့ချိန်လေးမှာပဲ ကံမကောင်းအကြောင်းမလှတော့ အနားနားရောက်လာတဲ့ နွားကျောင်းသားက
တပြာနဲ့ ခေါင်းကိုထောက်ပြီးဖိလိုက်တော့
သူ့ခမျာ သေသွားတာ။
ဪ အဲ့ကြည်နူးတဲ့ စိတ်ကလေး၊ဘုရားကို
အာရုံပြုတဲ့စိတ်ကလေးနဲ့ပင် နတ်ပြည်ရောက်သွားတယ်။
ကဲ ဘယ်လောက်စွမ်းဆောင်ရည်ကောင်းလဲ။
နာယူထားသောတရားတော်မှ ရေးသားပူဇော်ပါသည် ။

image

မြေငလျင်သတင်း
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉) နာရီ၊ (၅၈)မိနစ်၊ (၅၆)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့-အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၂၁.၂၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၇၁) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။

image

နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
--------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

image
4 w - Translate

"ကျွန်တော့်ကလေးတွေက ကျွန်တော့်ရဲ့ တစ်ကျော့ပြန် နိုင်ငံလက်ရွေးစက်ဘဝကို ပြန်သွားရတာထက် Lamine နဲ့ ကစားရတာ မြင်ရဖို့ကိုကို ပိုစိတ်လှုပ်ရှားနေကြတာ​ဗျာ"
-အစ္စကို

image
4 w - Translate

ဥရောပဝင်ခွင့်မရထားပေမယ့် အမ်ဗြူမိုဟာ ယူနိုက်တက်ဆီကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။ ယူနိုက်တက်ကလည်း သူ့အတွက် ဆွေးနွေးမှုတွေကို ရက်ပိုင်းအတွင်း စတင်သွားဖို့ရာ ပြင်ဆင်နေပါပြီ။

image
4 w - Translate

ချန်ပီယံလိဂ်ဗိုလ်လုပွဲရှုံးအပြီး အင်တာမီလန်တို့ အိမ်ပြန်ခဲ့ချိန် လေဆိပ်မှာ သူတို့ကို စောင့်ကြိုနေတဲ့ ပရိသတ်က တဦးတည်းသာ ရှိခဲ့ပါတယ်။
မာကိုဆိုတဲ့ ပရိသတ်ဖြစ်ပြီး "ကျနော်က ဒီမှာရှိနေတဲ့ တဦးတည်းသော အရူးပါပဲ၊ ဒါပေမယ့် သူတို့က လက်ခုပ်သံနဲ့ ထိုက်တန်တယ်လို့ ကျနော်ကတော့ထင်တယ်" လို့ ပြောခဲ့ပါတယ်။
အသင်းအရေးနိမ့်ခဲ့တာမို့ ပရိသတ်တွေရောက်မလာခဲ့တာက သဘာ၀ကျပါတယ်။ ဒါပေမယ့် အင်တာမီလန်အတွက်တော့ သူတို့ကို စောင့်ဆိုင်းပြီး ကြိုဆိုဂုဏ်ပြုခဲ့တဲ့ စစ်မှန်တဲ့ပရိသတ်တဦးကိုတော့ မြင်တွေ့ခဲ့ရတာ ကျေနပ်စရာပါပဲ။

image
4 w - Translate

ဘင်ဖီကာမှာ ကစားနေချိန် ၂၀၂၄ အတွင်းမှာ ယာအိုနီဗက်စ်က မိခင်ကို ဆုံးရှုံးခဲ့ရပါတယ်။ ဒီနောက် သူက ပီအက်စ်ဂ်ျီကို ပြောင်းရွှေ့ခဲ့ပြီး ပဲရစ်မှာ ဘာသာစကားအခက်အခဲ၊ ရင်းနှီးသိကျွမ်းသူ နည်းပါးနေခဲ့တာမို့ တဦးတည်းလိုလိုသာ နေနေခဲ့ရတာပါ။
အခုတော့ သူက ပီအက်စ်ဂျီနဲ့အတူ တရာသီအတွင်း ဖလား ၃ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ သူ မိခင်ကို သတိရနေခဲ့ကာ ငိုကြွေးခဲ့ပါသေးတယ်။ သူ့ရဲ့ အောင်မြင်မှုတွေကို မိခင်ဖြစ်သူ တွေ့မသွားခဲ့ရှာပါဘူး။
ပီအက်စ်ဂျီအတွက် တရာသီလုံး သူက အဓိကကွင်းလယ်လူအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး သမိုင်းဝင်အောင်မြင်မှုတွေကို ရခဲ့တာပါ။ ဒီအတွက် သူ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ သူ့အနားမှာ မိခင်မရှိတော့ဘဲနဲ့ပေါ့။

image
4 w - Translate

အာနေးစလော့ နဲ့ လီဗာပူးလ်တို့ ပထမဆုံးရာသီကို ပြန် Review လုပ်ကြည့်လိုက်ရင်တော့ အတော်လေး လှပခဲ့တဲ့ ဘောလုံးရာသီတစ်ခုဖြစ်ခဲ့တယ်။ ပရီးမီးယားလိဂ်ဖလားတစ်လုံးပဲရခဲ့တာဆိုပေမယ့် အင်္ဂလန် ရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်စေမယ့် ဆုဖလားဖြစ်ခဲ့တယ်။
ဂျာဂန်ကလော့ပ်ရဲ့ Gegen pressing မှာ ဘယ်လိုစမ်းစမ်းကြမ်းပြီးသား ကစားသမားတွေနဲ့ပဲ စလော့ရဲ့ ပထမဆုံးရာသီဖြတ်သန်းမှုက ဒီထက်ပိုပြီးတော့ ပေါက်မြောက်ခဲ့သင့်တယ်။ ကာရာဘောင်ဖလား လွဲတာတွေ၊ ချန်ပီယံလိဂ်အစောကြီးကထွက်ရတာတွေတော့ ထောက်ပြစရာရှိတယ်။
သို့ပေမယ့် လောက်လောက်လားလားရှိလောက်တဲ့ လူအင်အားဖြည့်တင်းမှုမရှိပဲနဲ့ ဂတ်ပိုတို့လိုမျိုး ကစားသမားတွေ ခြေပေါ်အောင်လို့ သွေးပေးပြီးတော့ အကြိမ် ၂၀ မြောက် လိဂ်ဖလားကိုယူပြီးတော့ ယူနိုက်တက်နဲ့ပူးတွဲဖြစ်အောင် လုပ်ပေးခဲ့တဲ့ အာနေးစလော့ရဲ့အောင်မြင်မှုကတော့ လုံးဝရှယ်ပဲ။
ကြိုးကြာနီပရိတ်သတ်တွေကလည်း ဒီအချက်တစ်ခုတည်းနဲ့တင် အစကောင်းပြီးအနှောင်းမသေချာ ဖြစ်ခဲ့ရတဲ့ Cup Game ခြေချော်မှုတွေကို အသာလေးမေ့ပေးနိုင်ကြပြီးသား။ ငွေပေါနေတဲ့ လီဗာပူးလ် က ရှယ်မိုက်တဲ့အားဖြည့်မှုတွေနဲ့ နောက်ရာသီမှာပိုပြီးတော့ ကြမ်းပါဦးမယ်။

image
4 w - Translate

အယ်လ်ဟီလယ်ဟာ ဖာနန်ဒက်စ်ကို တရက်လုပ်ခ ယူရို ၂၁၀၀၀၀ အထိ ပေးချေမယ်လို့ ကမ်းလှမ်းခဲ့တာပါ။ အဆိုပါ ပမာဏဟာ မြန်မာငွေကြေးနဲ့ဆိုရင် သိန်း ၅၀၀၀ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်မှာသာ ဆက်ကစားဖို့ကို ရွေးချယ်ခဲ့ပါတယ်။ 😳😳😳

image