ဘယ်လာရုစ်သမ္မတနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံဆွေးနွေး
------------------------

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုနဲ့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့ဟာ နိုဝင်ဘာ ၂၈ ရက်၊ မနက်ပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးပါ တယ်။
သမ္မတအိမ်တော်ကို ရောက်ရှိလာတဲ့ ဘယ်လာရုစ်နိုင်ငံ သမ္မတကို နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ကြိုဆိုဧည့်ခံခဲ့ပြီး ဘယ်လာရုစ်နိုင်ငံသမ္မတက ဂုဏ်ထူးဆောင် ဧည့်သည်တော်မှတ်တမ်းစာအုပ်မှာ လက်မှတ်ရေးထိုးပါတယ်။ အဲဒီနောက် သမ္မတအိမ်တော်မှာ ဘယ်လာရုစ်နိုင်ငံသမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာ ဘယ်လာရုစ်နိုင်ငံ မ္မတက ကျွန်တော်ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပြီး အခုနှစ်က တော့ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ဆက်ဆံရေးမှာ သမိုင်းဝင် နှစ်တစ်နှစ် ဖြစ်တယ်လို့ ပြောပါတယ်။
ဆက်လက်ပြီးတော့ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ် တွေကို ဆွေးနွေးတာနဲ့ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးတာကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးမှု အသေးစိတ် အချက်အလက်တွေကိုတော့ One News က ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတို့ရဲ့ သံတမန်ဆက်ဆံမှုဟာ ၂၆ နှစ်တာကာလကို ရောက်ရှိခဲ့ပြီဖြစ်ပြီး နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတရဲ့ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံကို ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော် အဆင့် ချစ်ကြည်ရေးခရီး နှစ်ကြိမ်သွားရောက်ခဲ့ပါတယ်။

image