ရန်ကုန်တက္ကသိုလ်နှင့် BSUIR တို့ ပူးပေါင်းဆောင်ရွက်ရေး MoU ရေးထိုး
-------------------------
ရန်ကုန်တက္ကသိုလ်နဲ့ Belarusian State University of Informatics and Radioelectronics (BSUIR) တို့ အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု Letter of Agreement (LOA)ကို နိုဝင်ဘာလ ၂၇ ရက်က MoU ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၇ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်သဘင်ကောင်စီခန်းမမှာ ကျင်းပပြုလုပ်တဲ့ ရန်ကုန် တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တို့နဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ Belarusian State University (BSU)၊ BSUIR တို့အကြား ပညာရေးဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် နှစ်နိုင်ငံတက္ကသိုလ်တွေအကြား တွေ့ဆုံဆွေးနွေးရာမှာ အခုလို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
အခမ်းအနားမှာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းက ကြိုဆိုမိတ်ဆက်စကားပြော ကြားပြီး BSU ပါမောက္ခချုပ်၊ BSUIR ပါမောက္ခချုပ်၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးနဲ့ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်တင့်တို့က မိတ်ဆက်စကားတွေ ပြောကြား ကာ ရန်ကုန်တက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ် တာဝန်ရှိသူတွေကလည်း တက္ကသိုလ်တွေနဲ့ ပတ်သက်တဲ့ အချက် အလက်တွေကို ရှင်းလင်းပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို Belarusian State University (BSU)က ပါမောက္ခချုပ် Andrei Karoli ၊ Belarusian State University of Informatics and Radioelectronics (BSUIR)က ပါမောက္ခချုပ် Vadim Bogush တို့နဲ့အတူ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်တို့က ပါမောက္ခချုပ်တွေ၊ ဒုတိယ ပါမောက္ခချုပ်တွေ၊ ပါမောက္ခ(ဌာနမှူး)တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။