6 ရက် - ဘာသာပြန်ပါ။

တရုတ်ကို ရန်မစရန် ဂျပန်ဝန်ကြီးချုပ်ကို ထရမ့် အကြံပေး
--------------------

တရုတ်(တိုင်ပေ)ကိစ္စနဲ့ ပတ်သက်လို့ တရုတ်ကို ရန်သွားမစဖို့ ဂျပန်ဝန်ကြီးချုပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က အကြံပေးထားကြောင်း သတင်းတွေ ထွက်ပေါ်လာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။
Wall Street Journal (WSJ)ရဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ သတင်းထဲမှာတော့ တရုတ်နဲ့ သံတမန်ရေး အကျပ်အတည်း တွေ ကြုံနေတဲ့ ဂျပန်ဝန်ကြီးချုပ် စာနအဲ တကအိချိကို ထရမ့်က အခုလို အကြံပေးခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာ လဆန်းတုန်းက တကအိချိက တရုတ်(တိုင်ပေ)ကိစ္စနဲ့ ပြောဆိုခဲ့တဲ့ မှတ်ချက်တစ်ခုကြောင့် တရုတ်နဲ့ တင်းမာမှုတွေ စတင်လာခဲ့တာပါ။ တကယ်လို့ တရုတ်ကသာ စစ်ပြုတိုက်ခိုက်ရင် တရုတ်(တိုင်ပေ)ကိုကူဖို့ ဂျပန်ကလည်း စစ်တပ်တွေ စေလွှတ်ရ မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့တဲ့နောက် တရုတ်က အကြီးအကျယ် ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။
တကအိချိကတော့ သူ့ရဲ့စကားကို ပြန်မရုပ်သိမ်းသလို တရုတ်ကို တမင်ရန်စဖို့ ပြောခဲ့တာ မဟုတ်ကြောင်းနဲ့ ဒီသဘောထားဟာ ဂျပန်ရဲ့ အခြေခံအကျဆုံး နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးမူဝါဒ စည်းမျဉ်းတွေနဲ့အညီ ပြောဆိုခဲ့ တာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

image