3 ရက် - ဘာသာပြန်ပါ။

မက်ဆီရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် ဘာစီလိုနာသို့ ပြောင်းခွင့်ရခဲ့ကြောင်း ပရီးမီးယားလိဂ်စတားဟောင်းဖွင့်ဟလာ
=====================

ကီဗင်ပရင့်ဘိုတန်းက ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့် ရရှိခဲ့တဲ့ နောက်ကွယ်မှ အံ့ဩသင့်ဖွယ် အဓိကအကြောင်းရင်းကြီးအား ဖွင့်ဟ ပြောကြားလာပါတယ်။
စပါးစ်ကစားသမားဟောင်းဟာ ဂျို့စ်မန်ဆော်နှင့် ပြုလုပ်တဲ့ UNSCRIPTED အစီအစဉ်တွင် ဘာစီလိုနာသို့ ပြောင်းခွင့်ရခဲ့တဲ့ အကြောင်းရင်းကို ဖွင့်ဟလာတာလည်း ဖြစ်ပါတယ်။
ဘိုတန်းရဲ့ ပြောကြားမှုအရ ဘာစီလိုနာရဲ့ ပြောင်းရွှေ့ရေးတွင် လီယွန်နယ်မက်ဆီရဲ့ ဆုံးဖြတ်ချက်က အလွန်အရေးပါခဲ့ကြောင်း သိရပါတယ်။
ဂါနာလက်ရွေးစင်ကစားသမားဟောင်းဟာ ထိုစဉ်တုန်းက ဘာစီလိုနာအားကစားဒါရိုက်တာအဲရစ်အဘီဒယ်၊ ကလပ်ဥက္ကဌ၊ နည်းပြတို့နှင့် သဘောတူညီမှု ရရှိခဲ့ပြီး ၂၄ နာရီအတွင်း အပြောင်းအရွှေ့အပြီးပြတ်မယ်လို့ ယူဆခဲ့ရပေမယ့်လည်း ကလပ်တာဝန်ရှိသူများဟာ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့ကြရပါတယ်။
ထိုစဉ်တုန်းက ဘိုတန်းဟာ အပြောင်းအရွှေ့ပြီးပြတ်ရန် နောက်ဆုံးအချိန်ရောက်မှ ရပ်ဆိုင်းသွားရမှုအပေါ် ဘာစီလိုနာတာဝန်ရှိသူများက ရှင်းလင်းပြောကြားလာချိန်မှာ အံ့ဩသင့်ခဲ့ရပါတယ်။
ဘိုတန်းက "သူတို့က 'မဖြစ်သေးတယ်။ လီယို(မက်ဆီ)နဲ့ ပထမဆုံးစကားပြောရဦးမယ်'လို့ ပြောလာတယ်။ ကျုပ်က မနက်ဖြန်ဆို ဘာစီလိုနာအင်္ကျီဝတ်ရမယ်ဆိုပြီး ထင်ထားခဲ့တာ။ ဒါပေမယ့် လီယိုကသာ No လို့ ပြောလာရင် လက်မှတ်ထိုးခွင့်ရမှာ မဟုတ်ဘူး"လို့ ပြောကြားသွားပါတယ်။
ဘိုတန်းဟာ ဘာစီလိုနာသို့ အဆင်ပြေချောမွေ့စွာ ပြောင်းနိုင်ခဲ့ပြီး လာလီဂါဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

image