ဆဌမတန်းကလပ်အတွက် ၃၁ မိနစ်အတွင်း ဟက်ထရစ်သွင်းယူလာတဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်းအင်ဒီကာရိုးလ်
====================
အင်ဒီကာရိုးလ်ဟာ ဆဌမတန်းကလပ်အတွက် ပထမဆုံးဟက်ထရစ်ဂိုးသွင်းယူကာ ငယ်မူငယ်သွေးပြသနေပါတယ်။
လီဗာပူး၊ ဝက်စ်ဟမ်းနှင့် နယူးကာဆယ်တိုက်စစ်မှူးဟောင်းဟာ ၃၁ မိနစ်အတွင်းတွင် ဟက်ထရစ်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၃၆ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဟာ ဆဌမတန်းကလပ် Dagenham & Redbridge နှင့်အတူ တောင်ပိုင်းနေးရှင်းလိဂ်မှာ ကစားနေပါတယ်။
သူဟာ AFC Totton နှင့်ပွဲတွင် ပွဲအစ ၆ မိနစ်မှာ ပထမဂိုးသွင်းပြီးနောက် ၁၈ မိနစ်မှာ ဒုတိယဂိုးသွင်းခဲ့ပါတယ်။ ယင်းနောက် သူဟာ ၃၁ မိနစ်မှာ ဟက်ထရစ်ဂိုးအား သွင်းခဲ့တာ ဖြစ်ပါတယ်။
ကာရိုးလ်ဟာ AFC Totton နှင့်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ယခုရာသီ သွင်းဂိုး ၆ ဂိုးရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။
အင်ဒီကာရိုးလ်ဟာ အင်္ဂလန်အသင်းအတွက် ၉ ပွဲကစားခဲ့ကာ ၂ ဂိုးသွင်းပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။