မက္ကဆီကိုနိုင်ငံမှာ ဘာသာရေးပွဲတော်ပြုလုပ်နေစဉ် အကြမ်းသမားတွေရဲ့ ပစ်ခတ်မှုကြောင့်လူ ၁၁ ဦး သေဆုံး
(နိုင်ငံတကာ) ဇွန်လ ၂၆
မက္ကဆီကိုနိုင်ငံ၊ Guanajuato ပြည်နယ်ရှိ Barrio Nuevo ရပ်ကွက်တွင် ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့က နှစ်ခြင်းခရစ်ယာန် ယောဟန်ရဲ့ မွေးဖွားခြင်းကို အထိမ်းအမှတ်ပြုတဲ့ ပွဲတော်အတွင်း ပျော်ပွဲရွင်ပွဲများ ပြုလုပ်နေစဉ် အကြမ်းသမားများ၏ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၂၀ ဦးဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခေတ်မှုကြောင့် သေဆုံးသူများထဲတွင် အသက် ၁၇ နှစ်အရွယ် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ ပါဝင်ခဲ့တယ်လို့ ဂွာနာဂျူတိုပြည်နယ် အစိုးရရှေ့နေရုံးမှ သတင်းထုတ်ပြန်ထာတယ်လို့ သိရပါတယ်။
မက္ကဆီကိုသမ္မတ ClaudiaSheinbaum ကလည်း ပွဲတော်အတွင်း သေဆုံးသွားသူများအတွက် မိသားစုများနဲ့ထပ်တူ ဝမ်းနည်းကြောင်းထုတ်ပြန်ထားပြီး အကြမ်းဖက်မှုကို ရှုတ်ချကာ စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
Guanajuato ပြည်နယ်မှာ ယမန်နှစ်ကလည်း လူသတ်မှု ၃,၀၀၀ ကျော် စံချိန်တင်ခဲ့ကြောင်း အစိုးရမှထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းများက ဖော်ပြနေပြီး နိုင်ငံအတွင်း အမြင့်ဆုံးဖြစ်တယ်လို့ လည်း သိရပါတယ်။
