Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဖိလစ်ပိုင်မှာ လူ ၁၄၀ ကျော်သေဆုံးခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဗီယက်နမ်အလယ်ပိုင်းကို ဆက်လက်ဦးတည်
ဖိလစ်ပိုင်မှာ လူ ၁၄၀ ကျော် သေဆုံးခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီဟာ လေတိုက်နှုန်း မြင့်တက်လာပြီး ဗီယက်နမ်အလယ်ပိုင်းကို ဦတည်နေပါတယ်။
ဗီယက်နမ် မိုးလေဝသဗျူရို၏ အဆိုအရ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်တဲ့ လူထောင်ပေါင်းများစွကို မုန်တိုင်းမဝင်ရောက်မီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပြီး မုန်တိုင်းကြောင့် လှိုင်းအမြင့် လှိုင်းအမြင့် ၂၆ ပေထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ယခုနှစ်တွင် အပြင်းထန်ဆုံး တိုင်ဖွန်းတွေထဲက တခုဖြစ်တဲ့ ကယ်လ်မေဂီဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စံချိန်တင် မိုးရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေ ရင်ဆိုင်နေရတဲ့ ဗီယက်နမ်မှာ နောက်ထပ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေနိုင်ဖွယ်ရှိပါတယ်။
ဒေသတွင်းရှိ လေဆိပ်ခြောက်ခုမှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားပြီး လေယာဉ်ခရီးစဉ် ၅၀ ကျော်ကို ဖျက်သိမ်း လိုက်ရပါတယ။
ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် ထရန်ဟောင်ဟာကတော့ ကယ်လ်မေဂီဟာ ပုံမှန်လုံး၀မဟုတ်တဲ့ မုန်တိုင်းလို့ဆိုထားပြီး မုန်တိုင်းအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားပါတယ်.
ဖိလစ်ပိုင်မှာတော့ ဒီမုန်တိုင်းကြောင့် သေဆုံးမှုနဲ့ ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့တာကြောင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ကပ်ဘေးအခြေအနေအဖြစ်မ ဒီကနေ့အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။
တိုင်ဖွန်းကယ်လ်မေဂီကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပြီး ယခုသီတင်းပတ်ကုန်မှာ နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်မယ်လို့ မျှော်လင့်ရတဲ့ နောက်ထပ်မုန်တိုင်း ယူဝမ်ကြောင့် အခုလို ကြေညာဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသတွင်း လူဦးရေအများဆုံးကျွန်းဖြစ်တဲ့ စီဘူးဒေသရှိ မြို့တမြို့လုံး မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၁ ယောက်အထိ ရှိခဲ့ပါတယ်။ နောက်ထပ် ၁၂၇ ယောက် ပျောက်ဆုံးနေပြီး ၈၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်.
အေအက်ဖ်ပီ၏ အဆိုအရ စီဘူးပြည်နယ်အာဏာပိုင်တွေက နောက်ထပ် ၂၈ ယောက် သေဆုံးကြောင်း ထုတ်ပြန်ပေမယ့် ဒီသေဆုံးမှုတွေ အမျိုးသားအရပ်ဘက်ကာကွယ်ရေးရုံးမှ ထုတ်ပြန်တဲ့ စာရင်းမှာ မထည့်ရသေးဘူးလို့ ဆိုပါတယ်။
မြင်းခြံ- ညောင်ဦး - ကျောက်ပန်းတောင်း - မိတ္ထီလာလမ်းပိုင်း အတော်ပျက်စီးနေပေမယ့် လမ်းကြေးယူတဲ့ ကုမ္ပဏီ ပြုပြင်ခြင်းမရှိ
“မြတ်နိုးသူ” ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ လုပ်ပိုင်ခွင့်ရထားတဲ့ ညောင်ဦး - ကျောက်ပန်းတောင်း - မိတ္ထီလာလမ်းပိုင်း ဆိုးရွားစွာ ပျက်စီးနေတဲ့အတွက် သွားလာရေး အခက်တွေ့နေရတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုနေသူတွေက ပြောပါတယ်။
ကုမ္ပဏီအနေနဲ့ မြင်းခြံ - ပုဂံ - ညောင်ဦး လမ်းပိုင်း၊ ပုဂံ - ညောင်ဦး - ကျောက်ပန်းတောင်း - မိတ္ထီလာလမ်းပိုင်းတွေကို နှစ် ၃၀ BOT စနစ် (Build, Operate and Transfer) နဲ့ ယူထားတာဖြစ်ပြီး လက်ရှိအချိန်မှာ စံချိန်တင်လောက်အောင် ကားတွေ ဖြတ်သန်းသွားလာလျက် ရှိတာကြောင့် လမ်းကြေး များစွာ ရရှိနေတာဖြစ်ပေမယ့် လမ်းပိုင်း ပျက်စီးမှုအတွက်တော့ ထိရောက်တဲ့ ပြန်လည် ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
“အဲဒီ ကုမ္ပဏီကလည်း ကုမ္ပဏီ အကြီးကြီးပဲ။ သူတို့ စယူခါစတုန်းကတော့ အဲဒီလောက် အပျက်မခံဘူး။ လမ်းဖာတာတွေ၊ ထပ်ပိုးလွှာ ခင်းတာတွေ သူတို့ တောက်လျှောက် လုပ်ခဲ့တာပေါ့။ ဒါပေမယ့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှာကျတော့ သူတို့ သိပ်မလုပ်တော့ဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း ပျက်တယ်၊ နည်းနည်းပါးပါးလုပ်တယ်။ အခု ဒီနှစ်ကျတော့ လမ်းက တော်တော်ကြီးကို ဆိုးဆိုးရွားရွား ဖြစ်လာတာ” လို့ သူက ပြောပါတယ်။
လမ်းမပျက်စီးခင်က ပုဂံ - ညောင်ဦး - ကျောက်ပန်းတောင်း - မိတ္ထီလာ - သီးကုန်း ခရီးစဉ်ကြာချိန်ဟာ စုစုပေါင်း အချိန် ၃ နာရီဝန်းကျင်သာ ရှိခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ ၄ နာရီဝန်းကျင်လောက် ကြာမြင့်နေပြီး ရာသီဥတုအခြေအနေ ကောင်းမွန်မှု မရှိရင်တော့ အချိန် ၅ နာရီဝန်းကျင်လောက် ကြာအောင် မောင်းနှင်ရတယ်လို့ သူက ပြောပါတယ်။
“နောက်ပြီးတော့ ကားတွေလည်း အဲဒီလမ်းကြောင်းမှာ တာယာတွေ ပွင့်ကြတာ၊ အောက်ပိုင်း ပျက်စီးတာတွေက တော်တော်များများ ဖြစ်တယ်။ ပြီးတော့ လမ်းက ချိုင့်ခွက်ကြီးတွေကလည်း အကြီးကြီးတွေ ဖြစ်နေပြီ။ တလမ်းလုံး ဘယ်လိုမှ ရှောင်လို့မရဘူး။ အဲဒါက တနေရာတည်းလည်း မဟုတ်ဘူး။ တလမ်းလုံးလိုလို ဖြစ်နေတာ။ ပြီးတော့ လမ်းမှာ ကားတယာပွင့်တာတွေ ဖြစ်ပြီဆိုရင်တော့ အချိန်က ခုဏကပြောတဲ့ ၄ နာရီ ဆိုတာထက်ကို တွက်ဆမရအောင် ကြာသွားတာမျိုးလည်း ရှိတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ပိတ်ရက်တွေမှာ ဘုရားဖူးလာကြတဲ့ ကားတွေ တနေ့ကို အစီးရေ ထောင်နဲ့ချီ ရှိနေပြီး ကုမ္ပဏီအနေနဲ့ အဲဒီကနေ လမ်းဖြတ်သန်းခတွေ တရက်ကို သိန်းရာနဲ့ချီ ရရှိနေပေမယ့် လမ်းပိုင်း ပျက်စီးမှုတွေကတော့ မကြုံစဖူး အလွန်ကို ဆိုးရွားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
“အရင်ကဆို လမ်းကြောင်းတွေ အများကြီး ရှိတယ်လေ။ ဥပမာ ပခုက္ကူတို့ဘာတို့ကနေ မန္တလေးကို သွားမယ်ဆိုရင် ဒီလမ်းကို သိပ်မသုံးကြဘူး။ မြင်းခြံလမ်းဘက်ကို သုံးကြတာပေါ့။ အခုကျတော့ မြင်းခြံလမ်းဘက်က အခြေအနေ သိပ်ပြီးတော့ မတည်ငြိမ်တဲ့ အခါကျတော့ ဝေးတဲ့လမ်းကို ရွေးပြီးတော့ သွားကြရတာပေါ့။ လက်ရှိက မြင်းခြံနဲ့ နွားထိုးကြီး လမ်းဘက်တွေက မအေးချမ်းဘူးလေ။ ဒီတော့ ကျောက်ပန်းတောင်း - ပုဂံ - ညောင်ဦးလမ်းကိုပဲ အားထားပြီး သွားနေကြရတာ။ အဲဒီတော့ ကားအသွားအလာတွေက အရင်ထက် နှစ်ဆ ပိုများလာတယ်” လို့ သူက ပြောပါတယ်။
အခုလို လမ်းပိုင်း ပျက်စီးနေမှုတွေဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်လောက်ကနေ စတင်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလမှာတော့ လမ်းပိုင်းပျက်စီးမှုနဲ့ ပတ်သက်လို့ ကုမ္ပဏီဘက်က အနည်းငယ် ပြန်လည် ပြုပြင်ဖာထေးမှုတွေ ပြုလုပ်ခဲ့တာ ရှိတယ်လို့ သူက ပြောပါတယ်။
ဒါပေမယ့်လည်း အဲဒီလို ပြန်လည် ပြုပြင်ခဲ့စဉ်က ထပ်ပိုးလွှာခင်းတာမျိုး မတွေ့ခဲ့ရဘူးလို့ သိရပြီး အခု ၂၀၂၅ ခုနှစ်၊ မိုးရာသီကာလမှာတော့ လမ်းပျက်စီးမှု အခြေအနေဟာ စံချိန်တင် ဆိုးရွားလာတယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ခရီးသည် တယောက်က “တော်တော် ဆိုးရွားလွန်းပါတယ်။ ချိုင့်ခွက်ရှောင်ရင်း ဘရိတ်တွေနင်း၊ နောက်က ကားက ဝင်ဆောင့်။ လက်ပံပြားနားမှာ ကားနှစ်စီး တွေ့ခဲ့ရတယ်။ လမ်းပြောင်းပြန် မောင်းရနဲ့။ ခရီးတွေကြာချက်၊ လွန်လွန်းတယ်” လို့ ပြောပါတယ်။
ဒါအပြင် နောက်ထပ် လမ်းအသုံးပြုသူ တယောက်ကလည်း အခု မိုးတွင်းကာလမှာ အဲဒီ လမ်းပိုင်းက ကားမောင်းလို့ မရအောင်ကို အတော်လေး ပျက်စီးနေတယ်လို့ ဆိုပြီး ကျောက်ပန်းတောင်းနဲ့ သီးကုန်းကို ပုံမှန် လမ်းကောင်းပါက တနာရီလောက်သာ မောင်းနှင်ရပေမယ့် လက်ရှိမှာတော့ ၁ နာရီခွဲတောင် မနည်း မောင်းနေရတယ်လို့ ပြောပါတယ်။
မြင်းခြံ - ညောင်ဦး - ကျောက်ပန်းတောင်း လမ်းပိုင်းဟာ ၂၀၂၄ ခုနှစ် မိုးရာသီအကုန်မှာ အဆိုးရွားဆုံးအဖြစ် ကျင်းတွေ၊ ချိုင့်တွေ စတင် ဖြစ်ပေါ်ခဲ့တာလို့ သိရပြီး လက်ရှိမှာတော့ အဲဒီ ကျင်းနဲ့ ချိုင့်တွေဟာ အချင်း ၂ ပေ ပတ်လည်ခန့် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
“ညောင်ဦး - ပခုက္ကူလမ်းပိုင်းဆို အတော်ဆိုးတယ်။ ပုလင်းရွာနားဆိုရင် အမြင်မတော်လို့ ရပ်ရွာက မြေဖို့ပေးနေရတဲ့အဆင့်။ ပခုက္ကူ၊ ဧရာဝတီ တံတားပေါ်မှာလည်း လမ်းဘေး ဝဲ/ယာတွေမှာ အပေါက်ဖာထားတာတဲ့။ ဘုကြီးတွေကိုဖြစ်လို့။ အတော်ဆိုးတယ်။ ပြီးပြီးရော ဝတ်ကျေတမ်းကျေ လုပ်ထားကြတာ တကယ်ဆိုးပါတယ်။ ဒီလမ်းပဲ ရှိတာမို့၊ အဲဒီလမ်းတွေကိုပဲ မောင်းရတာ။ တကယ်ပင်ပန်းတယ်” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ လမ်းအုပ်ချုပ်သူ ခရိုင်/မြို့နယ် တာဝန်ရှိသူတွေအနေနဲ့ အဲဒီ လမ်းပိုင်းရဲ့ ဆိုးရွာတဲ့ ပျက်စီးနေမှု အခြေအနေကို သိစေချင်ပြီး “မြတ်နိုးသူ” ကုမ္ပဏီအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်တယ်လို့ လမ်းပိုင်း အသုံးပြုသူတွေက ပြောပါတယ်။
အခုလို မြင်းခြံ - ပုံဂံ - ညောင်ဦး - ကျောက်ပန်းတောင်း - မိတ္ထီလာလမ်းပိုင်း ပျက်စီးနေမှု အခြေအနေနဲ့ ပတ်သက်လို့ VOM အနေနဲ့ “မြတ်နိုးသူ” ဆောက်လုပ်ရေး ကုမ္ပဏီ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ခံဖြေကြားမယ့်သူဖုန်းပေးပါ့မယ်ဆိုပြီးနောက် မပေးတဲ့အတွက် ဆက်သွယ်လို့ မရသေးပါဘူး။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီ နိုင်ငံရေးမှ အနားယူတော့မယ် ကြေညာ
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီဟာ နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကယ်လီဖိုးနီးယား ဒီမိုကရက်တစ် လွှတ်တော်အမတ်လည်းဖြစ်တဲ့ သူမဟာ ၂၀၂၇ ခုနှစ် ဇန်နဝါရီလမှာ သက်တမ်းကုန်ဆုံးချိန်မှာ ကွန်ဂရက်ရွေးကောက်ပွဲ ထပ်မဝင်တော့ဘူးလို့ ဆိုပါတယ်။
အသက် ၈၅ နှစ်အရွယ် ပလိုစီဟာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့ပြီး ၂၀၀၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အောက်လွှတ်တော်မှာ သူမရဲ့ ဒီမိုကရက်တစ်ပါတီကို ဦးဆောင်ခဲ့ပါတယ်။
"ကျွန်မတို့ သမိုင်းကို ဖန်တီးခဲ့ပြီး တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ ကျွန်မတို့ အမြဲတမ်း ဦးဆောင်ခဲ့ပြီး ဒီမိုကရေစီမှာ အပြည့်အဝ ပါဝင်နေခြင်းအားဖြင့် ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်သလို ကျွန်မတို့ တန်ဖိုးထားရတဲ့ အမေရိကန် စံနှုန်းတွေအတွက် တိုက်ပွဲဝင်သွားရမှာ ဖြစ်ပါတယ်။ " ဟု ပလိုစီက သူမရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ပလိုစီဟာ ၁၉၈၇ ခုနှစ် အသက် ၄၇ နှစ်အရွယ်မှာ ဆန်ဖရန်စစ္စကိုကိုယ်စားပြုဖို့ ကွန်ဂရက်လွှတ်တော်မှာ ပထမဆုံးရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ရာထူးအဆင့်ဆင့်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် သူမရဲ့ပါတီမှ ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး ဒီရာထူးမှာ တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဒီမိုကရက်တစ်တွေ အောက်လွှတ်တော်ကို ထိန်းချုပ်မှုဆုံးရှုံးသွားတဲ့အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ကနေ ၂၀၂၃ အထိ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၊ ဒုတိယသမ္မတရာထူးတွေပြီးရင်း နိုင်ငံရဲ့ အမြင့်ဆုံး ရာထူးတခုလည်း ဖြစ်ပါတယ်။
ဆီးရီးယားသမ္မတ ရှာရာအပေါ် အရေးယူပိတ်ဆို့မှုတွေ ကုလလုံခြုံရေးကောင်စီ ရုပ်သိမ်း
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ လာမယ့်အပတ်မှာ အိမ်ဖြူတော်ကို သွားရောက်မယ့် ဆီးရီးယားသမ္မတ အာမက်အယ်လ်ရှာရာအပေါ် အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဖြတ်ချက်တရပ်ကို ထောက်ခံမဲပေး အတည်ပြုခဲ့ပါတယ်။
ရှာရာဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ဆီးရီးယားအာဏာရှင်သမ္မတ ဘာရှာအယ်လ်အာဆတ်ကို ဖြုတ်ချခဲ့တဲ့ သူပုန်ထိုးစစ်ကို ဦးဆောင်ပြီးနောက် ယာယီသမ္မတအဖြစ် နိုင်ငံကိုဦးဆောင်နေပြီး ၁၃ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ဝါရှင်တန်သံအမတ်ကြီး မိုက်ဝေါ့ဇ်က ဆီးရီးယားဟာ အာဆတ်ကို ဖြုတ်ချပြီးနောက်ပိုင်း ခေတ်သစ်ရောက်နေပြီဆိုတဲ့ ခိုင်မာသော နိုင်ငံရေးအချက်ပြမှုကို ကုလသမဂ္ဂက ပေးပို့လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ရှရာဟာ ယခင်က အယ်လ်ခိုင်ဒါနဲ့ဆက်စပ်နေသော အစ္စလာမ်မစ်အဖွဲ့ Hayat Tahrir al-Sham (HTS) ရဲ့ ခေါင်းဆောင်အဖြစ် ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုအောက်မှာ ရှိနေခဲ့ပါတယ် ။ အမေရိကန်ကတော့ HTS ကို နိုင်ငံတကာ အကြမ်းဖက်အဖွဲ့စာရင်းကနေ ဇူလိုင်လမှာ ဖျက်သိမ်းလိုက်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဆီးရီးယားပြည်ထဲရေးဝန်ကြီး အာနက်စ် ခါတက်အပေါ်လည်း အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆီးရီးယားက ကြိုဆိုကြောင်း ထုတ်ပြန်ထားပြီး ဆီးရီးယားနဲ့ ဆီးရီးယားပြည်သူများအပေါ် ထောက်ခံမှုအတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆီးရီးယားခေါင်းဆောင်ဟာ စစ်ဘေးသင့်နိုင်ငံအတွက် ငြိမ်းချမ်းရေးဆောင်ကျဉ်းရာမှာ ကောင်းမွန်တဲ့ တိုးတက်မှု ရရှိခဲ့ပြီဖြစ်ကြောင်း ပြောကြားပြီးနောက် ရှာရာရဲ့ အိမ်ဖြူတော်ခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။ သူဟာ လာမယ့်တနင်္လာနေ့မှာ သွားရောက်ဖို့ စီစဉ်ထားတာပါ။
ထရန့်နဲ့ ရှာရာဟာ မေလအတွင်း ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်ထဲက ဆော်ဒီကို သွားရောက်ရာမှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ဖူးပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ်(၄)ရဲ့ အကောင်းဆုံးကစားသမားဆုကို ဖိုဒန် ရရှိ
မန်စီးတီးတိုက်စစ်ကစားသမား ဖိုဒန်ဟာ ချန်ပီယံလိဂ်ပွဲစဉ်(၄)ရဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရပါတယ်။
ဖိုဒန်ဟာ ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၄)မှာ (၂)ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တာကြောင့် အခုလို ရွေးချယ်ခံခဲ့ရတာပါ။
ဒီဆုအတွက် ဆန်ခါတင်(၄)ဦးစာရင်းမှာ ဖိုဒန်နဲ့အတူ ဂါလာတာစာရေးတိုက်စစ်မှူး အိုဆင်မန်၊ ကလပ်ဘရုဂေးတောင်ပံကစားသမား ကားလို့စ်ဖော့ဘ်စ်နဲ့ အာဆင်နယ်တိုက်စစ်ကစားသမား မယ်ရီနိုတို့ ပါဝင်ခဲ့ပြီး ဟက်ထရစ်သွင်းယူခဲ့တဲ့ အိုဆင်မန်ကို ကျော်ဖြတ်ကာ ဖိုဒန် ရွေးချယ်ခံခဲ့ရတဲ့အတွက် ဂါလာတာစာရေးပရိသတ်တချို့ကတော့ မေးခွန်းထုတ်ခဲ့ကြပါတယ်။
UEFA က ချန်ပီယံလိဂ်ပွဲစဉ်(၄)ရဲ့ အကောင်းဆုံးအသင်းကိုလည်း ရွေးချယ်ထုတ်ပြန်ခဲ့ပြီး အဲဒီအသင်းမှာတော့ အခု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမား(၄)ဦးစလုံး ရွေးချယ်ခံခဲ့ရပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်ပွဲစဉ်အလိုက် အကောင်းဆုံးဆုတွေကို ပွဲစဉ်(၁)မှာ ဘာစီလိုနာတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်၊ ပွဲစဉ်(၂)မှာ ရီးယဲလ်တိုက်စစ်မှူး ဘာပေ၊ ပွဲစဉ်(၃)မှာ ဘာစီလိုနာတောင်ပံကစားသမား ဖာမင်လိုပက်ဇ်တို့ ရရှိခဲ့ကြောင်းလည်း သိရပါတယ်။
ကြွက်သားဒဏ်ရာရရှိနေတဲ့ ချူယာမန်နီ (၃)ပတ်ဝန်းကျင် အနားယူရမယ်လို့ ရီးယဲလ် အတည်ပြု
ပြင်သစ်လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား ချူယာမန်နီဟာ ကြွက်သားဒဏ်ရာရရှိနေတာကြောင့် (၃)ပတ်ဝန်းကျင်အနားယူရမယ်လို့ ရီးယဲလ်မက်ဒရစ်အသင်းက အတည်ပြုကြေညာခဲ့ပါတယ်။
ချူယာမန်နီဟာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမဲ့ ဘယ်ဘက်ပေါင်မှာ ကြွက်သားဒဏ်ရာ ရရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆေးအဖွဲ့ရဲ့ စမ်းသပ်စစ်ဆေးမှုအရ အနားယူဖို့ လိုအပ်ကြောင်း တွေ့ရှိခဲ့တာကြောင့် (၃)ပတ်ဝန်းကျင် အနားပေးသွားမယ်လို့ ရီးယဲလ်အသင်းက အတည်ပြုခဲ့ပြီး နိုဝင်ဘာ(၂၆)မှာ ယှဉ်ပြိုင်ရမယ့် အိုလံပီယာကော့စ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
ချူယာမန်နီဟာ ဒဏ်ရာပြဿနာကြောင့် နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ကစားရမယ့် ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုလည်း လွဲချော်ရမှာဖြစ်ပါတယ်။
ရီးယဲလ်အသင်းအတွက်တော့ ဗယ်လက်ကာနို၊ အယ်လ်ချီတို့နဲ့ ယှဉ်ပြိုင်ရမယ့် လာလီဂါနှစ်ပွဲကိုသာ လွဲချော်ရမှာဖြစ်ပေမဲ့ ဒီရာသီမှာ ပွဲတိုင်းကစားခွင့်ရထားသူဖြစ်တာကြောင့် ရီးယဲလ်အသင်း အားနည်းသွားနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
အေသင်တွင် ဂိုဏ်းအကြမ်းဖက်မှုကို လှုံ့ဆော်မှုဖြင့် ရုံးတင် စစ်ဆေးဆေးခြင်းခံလာရတဲ့ ဖောရက်စ်ပိုင်ရှင်
=====================
နော်တင်ဟမ်ဖောရက်စ်ပိုင်ရှင်အီဗန်ဂျီလို့စ်မာရီနာကစ်ဟာ ဘောလုံးအကြမ်းဖက်မှုဖြစ်လာအောင် လှုံ့ဆော်မှု၊ ဒုစရိုက်အဖွဲ့အစည်းကို အားပေးထောက်ပံ့မှုဖြင့် အေသင်တွင် ရုံးတင် စစ်ဆေးခြင်းခံလာရပါတယ်။
အသက် ၅၈ နှစ်ရှိ ဂရိစီးပွားရေးလုပ်ငန်းရှင်ဟာ ဂရိကလပ် အိုလံပီယာကို့စ်ကိုလည်း ပိုင်ဆိုင်သူ ဖြစ်ပြီး အခြားဘုတ်အဖွဲ့ဝင် လေးဦးတို့နှင့်အတူ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဒုစရိုက်အုပ်စုတစ်ခုအား ထောက်ခံအားပေးမှု၊ အာဏာပိုင်များကို ဆန့်ကျင်တဲ့ ထုတ်ပြန်ချက် ပြုလုပ်ကာ ဘောလုံးအကြမ်းဖက်မှုဖြစ်လာအောင် လှုံ့ဆော်မှုတို့ဖြင့် စွပ်စွဲခြင်းခံထားရပါတယ်။
ရှေ့နေ ဗစ်ဆီလစ်ဒီမာကိုပူလို့စ်ကို ငှားရမ်းထားတဲ့ မာရီနာကစ်နှင့် ဘုတ်အဖွဲ့တို့က ယင်းစွပ်စွဲမှုများမှာ အခြေအမြစ်မရှိဟုဆိုကာ ငြင်းဆိုထားကြပါတယ်။
ဂရိအာဏာပိုင်တို့ဟာ ဒုစရိုက်ဂိုဏ်းဝင်လို့ စွပ်စွဲခြင်းခံထားရတဲ့ ဘောလုံးပရိသတ် ၁၄၂ ဦးတို့အား အားကစားပွဲများတွင် အသက်အန္တရာယ်ရှိနိုင်တဲ့အထိ အကြမ်းဖက်မှုဖြင့် စွဲချက်တင်ခြင်းခံထားရပါတယ်။ ဒါ့အပြင် ယင်းအထဲမှ ၇ ဦးတို့မှာ ရာဇဝတ်ဂိုဏ်းများကို ဦးဆောင်မှုဖြင့် စွဲချက်တင်ခံထားရပါတယ်။ ဒါပေမယ့် ၎င်းတို့အားလုံးကတော့ စွပ်စွဲမှုများကို ငြင်းဆိုထားပါတယ်။
ယင်းစွဲချက်မှာ ၂၀၂၃ ခုနှစ်တုန်းက အိုလံပီယာကို့စ်နှင့် ပါနာသီနိုင်ကို့စ်တို့ရဲ့ အမျိုးသမီးဘော်လီဘောပွဲအပြင်ဘက်တွင် အသက် ၃၁ နှစ် အရွယ်ရှိ အဓိကရုဏ်းထိန်းရဲ ဂျော့လင်ဂီရီဒက်စ် သေဆုံးသွားမှုနှင့် ဆက်စပ်နေတာပါ။
လင်ဂီရီဒက်စ်ဟာ ယင်းပရိသတ်နှစ်ခုအကြား ရန်ပွဲတွင် မီးရှူးထိမှန်ပြီးနောက် ရက်သတ္တပတ်အတန်ကြာတွင် သေဆုံးသွားခဲ့ပါတယ်။
ယခု ရုံးတင်စစ်ဆေးမုမှာ လအတန်ကြာဦးမယ်လို့ ယူဆရပြီး သက်သေအဖြစ် လူပေါင်း ၂၀၀ ကျော်တို့ကိုလည်း စစ်ဆေးလာပါဦးမယ်။
နောက်ထပ် စစ်ဆေးကြားနာမှုကို လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်လာပါဦးမယ်။
ဇနီးဟောင်းကို ကလေးထောက်ပံ့စရိတ် တစ်လ ပေါင် ၆၇၀ မပေးလို့ ထောင်ကျခံရမယ့်အရေးနှင့် ရင်ဆိုင်နေရတဲ့ တချိန်က ပရီးမီးယားလိဂ်ဘောလုံးလူဆိုး
====================
လီဗာပူးတိုက်စစ်မှူးဟောင်းအယ်ဟာဂျီဒီယော့ဖ်ဟာ မိသားစုကို စွန့်ပစ်ထားမှုအတွက် ထောင်ဒဏ်ကျခံရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။
သူဟာ ဇနီးဟောင်းကို ကလေးပြုစုပျိုးထောင်စရိတ် ပေါင် ၁၄၀၀၀ မပေးမှုအတွက် စွပ်စွဲခြင်းခံနေရတာလည်း ဖြစ်ပါတယ်။
ကစားသမားဘဝမှ အနားယူထားပြီးဖြစ်တဲ့ အသက် ၄၄ နှစ်ရှိ ဒီယော့ဖ်ဟာ ဆီနီဂေါနိုင်ငံရဲ့ မြို့တော်ဒါကာတွင် အင်္ဂါနေ့တုန်းက တရားရုံးကြားနာမှုသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်တုန်းက ဇနီးသည်ဗာလီရီဘစ်ရှော့နှင့် လမ်းခွဲခဲ့ပါတယ်။ ထိုစဉ်တုန်းက ဒီယော့ဖ်ဟာ အသက် ၁၇ နှစ်အရွယ်ရှိ သမီးဖြစ်သူ ကေလာအတွက် ကျောင်းစရိတ်နှင့် ဆေးစရိတ် တစ်လလျှင် ပေါင် ၆၇၀ ပေးရန် ကတိပြုခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီယော့ဖ်ဟာ ပြီးခဲ့တဲ့မတ်လမှ စတင်ကာ ကလေးထောက်ပံ့စရိတ်ပေးရန် ပျက်ကွယ်လာခဲ့ပြီးနောက် ဇနီးဟောင်းက ရရန် ရှိတဲ့ ပေါင် ၁၄၀၀၀ အား တရားရုံးမှ တဆင့် တောင်းဆိုလာတာလည်း ဖြစ်ပါတယ်။
ဆီနီဂေါတွင် တင်းကြပ်တဲ့ ဥပဒေအရ ဥပဒေအပုဒ် ၃၅၁ အရ ကလေးထောက်ပံ့စရိတ် မပေးလျှင် ထောင်ဒဏ်ချမှတ်နိုင်ပါတယ်။
ဒီယော့ဖ်ဟာ လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ ဒါကာရှိ တရားမရုံးတွင် ထပ်မံ စစ်ဆေးခြင်းခံရပါဦးမယ်။
လီဗာပူးဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့တဲ့ ဒီယော့ဖ်ကို လန်းစ်မှ ပေါင် ၁၀ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။
သူဟာ လီဗာပူးတွင် သုံးရာသီကစားစဉ်အတွင်း ပွဲ ၈၀ ကစားခဲ့ရာမှာ ၆ ဂိုးတည်းသာ သွင်းနိုင်ခဲ့ပေမယ့် ၂၀၀၃ ခုနှစ် လိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၀၅ ခုနှစ်တွင် ဘော်လ်တန်သို့ ထွက်ခွာသွားပြီးနောက် ဆန်းဒါးလန်း၊ ဘလက်ဘန်း၊ ရိန်းဂျား၊ ဒွန်ကက်စတာ၊ လိဒ်တို့တွင် ကစားခဲ့ပြီး မလေးရှားတွင် ကစားသမားဘဝ အဆုံးသတ်ခဲ့ပါတယ်။
သူဟာ ပရီးမီးယားလိဂ်တွင် ကစားစဉ်အတွင်း ပြိုင်ဘက်ကစားသမားများကို တံတွေးဖြင့် ထွေးမှု အကြိမ်ကြိမ်ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။
အားလုံးပါးစပ်အဟောင်းသား ဖြစ်စေမယ့် အဝတ်မဲ့ ဓာတ်ပုံတင်လို့ အင်စတာဂရမ်မှာ အဘန်းခံထိလာဖို့ ရှိနေတဲ့ ယူနိုက်တက်စတားဒီလက်ရဲ့ ဇနီး
=====================
ယူနိုက်တက်စတားမားသီးယပ်စ်ဒီလက်ရဲ့ ဇနီးသည် အန်နီကီးမိုးလ်နာဟာ အားလုံးပါးစပ်အဟောင်းသားဖြစ်စေမယ့် ဓာတ်ပုံများကို တင်လာမှုကြောင့် အင်စတာဂရမ်မှာ အကောင့်အဘန်းခံရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။
ဒီလက်နှင့် မိုးလ်နာတို့ဟာ လက်ထပ်ပြီး တစ်နှစ်ကျော်အကြာ စက်တင်ဘာလတုန်းက လမ်းခွဲလိုက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သူပါ။
ဒတ်ချ်သတင်းစာ DenD က ၎င်းတို့ ဇနီးမောင်နှံဟာ ကိုယ့်ကိုယ်ကိုအတွက် အချိန်ပေးလာကြမှုများနှင့်အတူ အိမ်ထောင်ရေး အဆုံးသတ်သွားပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် မိုးလ်နာရဲ့ အင်စတာဂရမ်တွင် နောက်ဆုံး တင်လာတဲ့ ဓာတ်ပုံများအရ ဒီလက်နှင့် လမ်းခွဲလိုက်ပြီ ဖြစ်ပေမယ့်လည်း သူမဘဝက ပျော်ရွှင်နေပုံရပါတယ်။
သူမဟာ အားလပ်ရက် ကမ်းခြေအပန်းဖြေခရီးစဉ်အတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံများကို တင်လာပါတယ်။
ယင်းဓာတ်ပုံများတွင် မိုလ်နာဟာ အရေးပါတဲ့ နေရာများကို ဖုံးကွယ်ထားတဲ့ ကိုယ်လုံးတီး ခပ်ဝါးဝါးရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ပါဝင်ပါတယ်။
အသက် ၂၆ နှစ်ရှိ မိုလ်နာဟာ ယင်းဓာတ်ပုံများကို တင်ပြီး “Craving Some Sunshine.” ဆိုပြီးတော့လည်း စာရေးသားထားပါသေးတယ်။
မိုလ်နာရဲ့ Follower တွေကတော့ ယင်းဓာတ်ပုံကြောင့် အလုအယက် Comment ပေးနေကြပါတယ်။
ဒီလက်နှင့် မိုလ်နာတို့ဟာ လမ်းခွဲလိုက်ပြီလို့ သတင်းများက ဖော်ပြနေကြပေမယ့်လည်း အိမ်ထောင်ရေးအခြေအနေနှင့်ပတ်သက်ပြီး တစုံတရာ အတည်ပြုထားတာတော့ မရှိသေးပါဘူး။