16 w - Translate

အာဖဂန်နစ္စတန်မှာ အင်တာနက်နဲ့ တယ်လီဖုန်းဆက်သွယ်ရေးတွေ ပြန်ရ
ကဘူးလ်၊ အောက်တိုဘာ-၂-၂၀၂၅

အာဖဂန်နစ္စတန်မှာ တနင်္လာနေ့ကတည်းက နိုင်ငံတဝန်မှာ ပိတ်ထားတဲ့ အင်တာနက်နဲ့ တယ်လီဖုန်းဝန်ဆောင်မှုတွေ ပြန်လည်ရရှိနေပြီလို့ ဒေသခံတွေနဲ့ သတင်းဌာနတွေက ပြောပါတယ်။
တာလီဘန်ကြားဖြတ်အစိုးရဟာ အကျင့်ပျက်အပြုအမူများကို ဟန့်တားဖို့ ရည်ရွယ်ပြီး စက်တင်ဘာလလယ်ကတည်းက အချို့ပြည်နယ်တွေမှာ ဖိုက်ဘာအင်တာနက်ချိတ်ဆက်မှုတွေကို ဖြတ်တောက်ပြီး အင်တာနက်အသုံးပြုခွင့်ကို ပိတ်ပင်ဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်။
တနင်္လာနေ့မှာတော့ နိုင်ငံတဝန်း တားမြစ်ပိတ်ပင်မှုတွေကို တိုးချဲ့လိုက်ပုံပြီး ကဘူးလ်လေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရကာ နိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်တွေလည်း ထိခိုက်ခဲ့ရပါတယ်။
အင်တာနက်နဲ့ တယ်လီဖုန်းလိုင်းတွေ ပြန်လည်ရရှိတာနဲ့ပတ်သက်ပြီး တာလီဘန်တို့က မှတ်ချက်ပေးခြင်းမရှိပါဘူး။ ဒါပေမယ့် အင်တာနက်ပေါ်မှာ ညစ်ညမ်းကြောင်းအရာတွေနဲ့ အခြားအကြောင်းအရာတွေကိုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။
အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂအကူအညီပေးရေးမစ်ရှင်ကလည်း စီးပွားရေးလုံခြုံရေးကို ခြိမ်းခြောက်မှုတွေကို ကိုးကားပြီး ဝန်ဆောင်မှုတွေကို အမြန်ပြန်လည်စတင်ဖို့ တောင်းဆိုထားပါတယ်။
ဘေးအန္တရာယ်ကျရောက်ချိန်တွေမှလည်း ဆက်သွယ်ရေးစနစ်ဟာ အရေးကြီးလိုအပ်တယ်လို့ ဆိုပါတယ်။ အင်တာနက်နဲ့ တယ်လီဖုန်းလိုင်း ဖြတ်တောက်မှုတွေအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက အာဖဂန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်အဖွဲ့ကို ဝေဖန်မှုတွေရှိနေပါတယ်။

image

ဘာစီလိုနာနဲ့သတင်းတွေကို အယ်လ်ဗာရက်ဇ် တုံ့ပြန်

အောက်တိုဘာ ၂

အက်သလက်တီကိုအသင်း တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခံနေရတယ်ဆိုပြီး ထွက်ပေါ်နေတဲ့သတင်းတွေကို တုံ့ပြန်ခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်က “ကျနော်ဟာ အလွန်အေးဆေး ဖြစ်နေပါတယ်။ ဒါကို အမြဲတမ်း ပြောလေ့ရှိပေမယ့် အမှန်တရားက ရာသီက အခုမှ စတင်တာပါ။ ကျနော့်ရဲ့ အာရုံစိုက်မှုက နေ့တိုင်းတိုးတက်ဖို့နဲ့ အက်သလက်တီကို အတွက် အနိုင်ရဖို့ပါ။ ဒါက ကျနော့် စိတ်ထဲမှာရှိတဲ့ တစ်ခုတည်းသော အရာပါ။ ဆိုရှယ်မီဒီယာက သတင်းတွေက ကျနော့်ထက်ပိုသိနေကြတယ်”လို့ ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေပြီး သူနဲ့အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး တစ်ဦးခေါ်ယူဖို့ စီစဉ်နေပြီး အာဂျင်တီးနား တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို အဓိက ဦးစားပေးအဖြစ် သတ်မှတ်ထားတာပါ။

အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကို အသင်းမှာလည်း ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရီးရယ်လ်အသင်းနဲ့ လာလီဂါပွဲစဉ်မှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ ဖရန့်ဖတ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အက်သလက်တီကိုအသင်းအတွက် ၁ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးနိုင်ခဲ့တာပါ။

အယ်လ်ဗာရက်ဇ်ဟာ ဒီရာသီမှာ အက်သလက်တီကိုအသင်းအတွက် ၈ ပွဲ ကစားထားပြီး ၇ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။

အယ်လ်ဗာရက်ဇ်နဲ့ အက်သလက်တီကိုအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၃၀ ခုနှစ်အထိ သက်တမ်း ရှိနေတာပါ။

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက အသင်းအနေနဲ့ အယ်လ်ဗာရက်ဇ်ကို အသင်းမှာ ကာလရှည်ကြာ ဆက်ရှိအောင် ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။

Source: onefootball

ပုံ - အယ်လ်ဗာရက်ဇ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

❝စားသုံးဆီနဲ့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေတွေအတွက် အမေရိကန်ဒေါ်လာ ၂.၁ သန်းကျော်ကို ဗဟိုဘဏ်က ထပ်မံရောင်းချပေးခဲ့❞

အောက်တိုဘာ ၂

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၂.၁ သန်းကျော်ကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေတွေအတွက် ရောင်းချပေးခဲ့တယ်လို့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ဗဟိုဘဏ်က အသိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ ၁,၈၁၅,၄၀၀ ကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် ထုတ်ရောင်းပေးခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၆၆,၀၄၁ ကိုတော့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် ထုတ်ရောင်းပေးခဲ့တာပါ။

FX Trading မှာ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ တိရစ္ဆာန်အစာ၊ ထုတ်ပိုးမှုပစ္စည်းများ၊ သံမဏိ၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ စားသုံးကုန်စည် တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့တယ်လို့လည်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
16 w - Translate

မြစ်ထဲ လေးနာရီကြာမျောပါနေသော ထိုင်းအမျိုးသမီးကို မြန်မာနိုင်ငံသား ကယ်ဆယ်
ဧရာဝတီ၊ အောက်တိုဘာ ၂၊ ၂၀၂၅
ထိုင်းနိုင်ငံ၊ စမွတ်ဆွန်ခရမ်ပြည်နယ်ရှိ မယ့်ကလောင်မြစ်ထဲ လေးနာရီကြာမျောနေခဲ့သော အသက် ၅၂ နှစ်အရွယ် ထိုင်းအမျိုးသမီးတဦးကို မြန်မာနိုင်ငံသား အမျိုးသားတဦးက ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod English က ဖော်ပြသည်။
မယ့်ကလောင်မြစ်အတွင်း လေးနာရီကြာမျောပါနေပြီး ပြုတ်ကျခဲ့သည့်နေရာမှ သုံးကီလိုမီတာအကွာထိ ရောက်ရှိနေသော ထိုင်းအမျိုးသမီးအား အောက်တိုဘာ ၁ ရက် ည ၁၀ နာရီ၌ ကယ်တင်နိုင်ခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့မှ ၎င်းအား ကမ်းပေါ်သို့ ကူညီခေါ်ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသား သော်ဒီသည် မြစ်ကမ်းဘေး အလုပ်လုပ်နေစဥ် အော်ဟစ်အကူညီတောင်းသံ ကြားခဲ့ရာ အစပိုင်း သရဲဟုထင်မှတ်ခဲ့သော်လည်း ရေထဲတွင် ငါးဖမ်းလှေကြိုးတခုကို ဆုပ်ကိုင်ထားပြီး မောပန်းနေပုံရသော အမျိုးသမီးတဦးအား တွေ့ရှိခဲ့သဖြင့် သူငယ်ချင်းများကို ခေါ်ကာ အမျိုးသမီးကို ကမ်းပေါ်သို့ ဆွဲတင်၍ မျက်နှာသုတ်ပဝါ ပေးခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ခံရသူ သီဝမ်က ၎င်းသည် မြစ်ကမ်းဘေးတလျောက် ပုလင်းခွံများကောက်ယူ စုဆောင်းရင်း ခြေချော်ကျကာ မြစ်ထဲပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ဘေး၌ ငါးဖမ်းသင်္ဘောကြီးများ ဖြတ်သန်းသွားသော်လည်း ၎င်းအား မည်သူမျှမမြင်ခဲ့ ကြောင်း ပြောထားသည်။
ဓာတ်ပုံ - Khaosod English

image
16 w - Translate

ခဏခဏ စည်းကျော်မခံနဲ့။
လူတွေနဲ့ ဆက်ဆံတဲ့အခါ ကိုယ်လက်သင့်မခံနိုင်တဲ့အရာတွေကို
ချပြထားဖို့လိုတယ်။llllll
lllလူတွေရဲ့သဘောက 'ရလေလိုလေ' ဖြစ်တတ်တယ်။llll
ဒါ လူ့သဘာဝပဲမလို့ အပြစ်တင်စရာမရှိဘူး။llll
llအရေးကြီးတာက တခြားလူတစ်ယောက်က
ကိုယ်လက်သင့်မခံနိုင်တဲ့ကိစ္စတစ်ခု လုပ်လာတဲ့အခါlllll
lll"ရပါတယ်" နဲ့ ပြီးသွားတာထက်
အဆင်မပြေရင် မပြေကြောင်း ပြောပြရဲ၊ အမူအရာပြရဲဖို့လိုတယ်။lllll
lllဒီလိုမှမဟုတ်ရင် 'ဒီလူက ရပါတယ်လေ" ဆိုပြီး အကြိမ်ကြိမ် စည်းကျော်ခံရတတ်တယ်။llll
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ

European Turtle Dove (ဥရောပ မြေလူးငှက်) – ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာနှင့် သဘာဝအလှတရားတို့ကို ဖော်ညွှန်းသော သင်္ကေတတစ်ခု ဖြစ်သည် 🕊️✨

image

“Laptop လေး သွက်လက်နေစေဖို့…”
ကိုယ့် Laptop လေးကို ပေါ့ပေါ့ပါးပါးဖြစ်အောင် Clean လုပ်ချင်တဲ့ Users တို့အတွက် အသုံးဝင်မယ့်အကြောင်းအရာလေးကို ဝေမျှပေးချင်ပါတယ်။
အခုနည်းလေးနဲ့ တစ်ပတ်တစ်ကြိမ် လုပ်ပေးမယ်ဆိုရင် ကိုယ့် Laptop လေးနေတာတွေ ပြန်သွက်သွားတာကို တွေ့ရပါလိမ့်မယ်။ တစ်ခါမှ မလုပ်ဖူးသေးတဲ့ Laptop ဆိုရင်တော့ တစ်ဆင့်တစ်ဆင့်မှာ ဖျက်ရမယ့် ဖိုင်တွေတော့ များနေနိုင်ပါတယ်။
အပတ်စဉ်လုပ်သွားမယ်ဆိုရင်တော့ နောက်ပိုင်း နည်းသွားမှာပါ။ ဒီနည်းကိုသုံးပြီး delete နှိပ်ခါနီး ကိုယ့် data တွေများ ပျက်သွားမလား မစိုးရိမ်ပါနဲ့နော်..။ System Memory နဲ့ RAM တွေမှာ မသုံးဖြစ်ပဲ Run နေတဲ့ Recent file, Temporary file တွေကိုပဲ ဖျက်တာမို့ ကိုယ့်မူရင်း Data တွေ လုံးဝ မပျက်ပါဘူး ခင်ဗျာ။
Window + R : Keyboard က window icon ပါတဲ့ ခလုတ်နဲ့ R ကို တွဲနှိပ်ရင် စာရိုက်ထည့်လို့ရတဲ့ Box လေးပေါ်လာပါမယ်။ အဲ့ Box လေးထဲကို
- temp
- %temp%
- recent
- prefetch
တွေ ရိုက်ထည့်ပြီး Clean တဲ့နည်းလေးပါ။
Window + R နှိပ်လို့ ပေါ်လာတဲ့ Box လေးထဲကို temp ရိုက်ထည့်ပြီး Enter ခေါက်လိုက်တာနဲ့ ကျလာတဲ့ ဖိုင်တွေကို All delete လုပ်ပေးရုံပါပဲ။
(All Delete : Ctrl+A နှိပ်ပြီး Shift+Del နှိပ်လိုက်ပါ။)
အပေါ်က 4 မျိုးကို တစ်လှည့်စီရိုက်ထည့်ပြီး Clean လုပ်ပေးမယ်ဆို သင့် Laptop လေး သွက်လက်သွားမှာပါ…။

image
16 w - Translate

ရည်းစားဟောင်းရဲ့ story ထဲမှာ ကိုယ်ဟာ -

image

လူသားတွေက ဘယ်လောက်သေးငယ်လဲဆိုတာ ပြသနေတဲ့ ကမ္ဘာ့အကြီးဆုံး သက်ရှိသတ္တဝါများ 🤯
သူတို့ကို စာအုပ်တွေထဲမှာရော၊ တိရစ္ဆာန်ရုံတွေမှာပါ မြင်ဖူးကောင်းမြင်ဖူးလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ အမှန်တကယ်အတိုင်းအတာက ကိုယ်တို့ တွေးထားတာထက် အဆပေါင်းများစွာ ပိုကြီးမားတယ်ဆိုတာ သင်သိပါသလား။
ဒီသတ္တဝါကြီးတွေရဲ့ ဘေးမှာ ကိုယ်တိုင် သွားရပ်ကြည့်လိုက်တဲ့အခါမှ ကိုယ်က ဘယ်လောက်သေးငယ်တဲ့ သတ္တဝါလေးပါလဲဆိုတာ တကယ်ကို ရင်ထဲရောက်သွားပါလိမ့်မယ်။ အဲဒီခံစားချက်က ဘာနဲ့မှ မလဲနိုင်တဲ့ အံ့သြစရာ ခံစားမှုပါ။
၁။ အပြာရောင်ဝေလငါး (Blue Whale) - ကမ္ဘာပေါ်က အကြီးဆုံး သက်ရှိ
ဒါကတော့ ငြင်းစရာမရှိဘဲ ကမ္ဘာပေါ်မှာ ယနေ့ထိ နေထိုင်ခဲ့သမျှ သတ္တဝါအားလုံးထဲမှာ အကြီးဆုံးပါ။
• အရွယ်အစား နှိုင်းယှဉ်ချက်ကို ကြည့်ပါ
• အရှည်က ဘတ်စ်ကားသုံးစီး ကို နောက်ဆင့် နောက်ဆင့် ထားလိုက်တဲ့ အရှည် (ပေ ၁၀၀ ခန့်) အထိ ရှိနိုင်ပါတယ်။
• သူ့ရဲ့ နှလုံးသား တစ်ခုတည်းက ကားအသေးစားတစ်စီး လောက် ကြီးမားပါတယ်။
• ဝေလငါးကလေးမွေးစ တစ်ကောင်တည်းရဲ့ အလေးချိန်က ဆင်မကြီး တစ်ကောင်စာ လောက် ရှိနေပါပြီ။
• သူ့ရဲ့ သွေးကြောမကြီး (Aorta) က လူတစ်ယောက် တွားသွားနိုင်လောက်အောင် ကျယ်ပါတယ်။
ဒီလို ဧရာမ ဘီလူးကြီးဟာ သမုဒ္ဒရာထဲမှာ လျှောတိုက်ပြီး ကူးခတ်နေတယ်ဆိုတာ စိတ်ကူးကြည့်လိုက်ပါ။ လူသားတွေရဲ့ အတိုင်းအတာနဲ့ လုံးဝကို မနှိုင်းယှဉ်နိုင်ပါဘူး။
၂။ ဆားငံရေ မိကျောင်း (Saltwater Crocodile) - တွားသွားသတ္တဝါများရဲ့ ဘုရင်
ဒီကောင်က ကုန်းနေသတ္တဝါ မဟုတ်ရင်တောင် ကမ္ဘာ့အကြီးဆုံး တွားသွားသတ္တဝါ အဖြစ် ရပ်တည်နေပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့ အရွယ်အစားက သန်းပေါင်းများစွာသော နှစ်များတစ်လျှောက် ပြောင်းလဲမသွားဘဲ ကျန်ရှိနေတဲ့ ရှေးဟောင်း သားရဲကြီးမှန်း ပြသနေပါတယ်။
• အမှန်တကယ် အရွယ်အစားက ဘယ်လောက်လဲ
• အရွယ်ရောက်ပြီး အထီးတွေဟာ ပုံမှန်အားဖြင့် ပေ ၁၇ ပေ (၅ မီတာ) လောက် ရှိပြီး၊ ပေ ၂၃ ပေ (၇ မီတာ) အထိ ရှိတာကိုလည်း မှတ်တမ်းတင်ထားဖူးပါတယ်။
• ဒီကောင်တွေရဲ့ ပုံမှန်အလေးချိန်က တန်ဝက် (၅၀၀ ကီလိုဂရမ်) ကနေ တစ်တန်ကျော် (၁၀၀၀ ကီလိုဂရမ်) အထိ ရှိနိုင်ပါတယ်။ ဒါက နွားအကြီးစား သုံးလေးကောင်လောက်ရဲ့ အလေးချိန်နဲ့ ညီမျှပါတယ်။
• သူတို့မှာ မည်သည့် သတ္တဝါထက်မဆို အပြင်းထန်ဆုံး ကိုက်အား ရှိပြီး၊ ကြီးမားတဲ့ သားကောင်ရဲ့ ဦးခေါင်းခွံကိုတောင် ချေမှုန်းနိုင်ပါတယ်။
ရေထဲမှာ ရုတ်တရက် ခုန်ထွက်လာနိုင်တဲ့ ဒီလိုမျိုး ဧရာမသတ္တဝါကြီးကို အနီးကပ် မြင်တွေ့ရတာဟာ ရုပ်ရှင်ထဲက အရာမဟုတ်ဘဲ လက်တွေ့ဘဝမှာ ရှိနေတဲ့ စွမ်းအားကြီးတဲ့ ဘီလူး တစ်ကောင်မှန်း သိလိုက်ရတဲ့ အခိုက်အတန့်ပါပဲ။

image

ဘာစီလိုနာနှင့်ပွဲတွင် ပီအက်စ်ဂျီအတွက် နောက်ကျအနိုင်ဂိုးသွင်းယူပြီးနောက် ဆုဖလားအားလုံး ထပ်မံ ဆွတ်ခူးလိုကြောင်း ရာမို့စ် ပြောကြားလာ

အောက်တိုဘာ ၂

ဂွန်ကာလိုရာမို့စ်က ဘာစီလိုနာနှင့်ပွဲတွင် နောက်ကျ အနိုင်ဂိုး သွင်းယူပြီးနောက် ပီအက်စ်ဂျီနှင့်အတူ ဆုဖလားအားလုံး ထပ်မံ ဆွတ်ခူးလိုနေကြောင်း ပြောကြားလာပါတယ်။

မနေ့က ပွဲစဉ်တွင် ဘာစီလိုနာဟာ ရက်ဖို့ဒ်ရဲ့ ဖန်တီးမှုကနေ ဖာရန်တောရက်စ်ရဲ့ သွင်းဂိုးဖြင့် ပီအက်စ်ဂျီအား ဦးဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ ရက်ဖို့ဒ်ဟာ ဘာစီလိုနာရဲ့ နောက်ဆုံး ၆ ပွဲမှ ၅ ပွဲတွင် ဂိုး (သို့မဟုတ်) ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီဟာ ၃၈ မိနစ်တွင် မာယူလူရဲ့ ဂိုးဖြင့် ချေပဂိုး ရရှိခဲ့ပါတယ်။ ယင်းနောက် အချိန်ပိုတွင် ဟာကီမီရဲ့ ဖြတ်တင်ဘောကနေ ရာမို့စ်က ပီအက်စ်ဂျီအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်တွင် အဝေးကွင်းမှာ ဘာစီလိုနာဘက်သို့ နောက်ကျ အနိုင်ဂိုးပထမဆုံးအသင်း ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဆုဖလားအားလုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ရာမို့စ်က "ဒီနိုင်ပွဲနဲ့ ကျွန်တော်တို့ ထိုက်တန်တယ်လို့ ထင်တယ်။ သူတို့ထက် ကျွန်တော်တို့ ကစားတာ ပိုကောင်းတယ်။ ကျွန်တော်တို့ပွဲကို ကစားခဲ့တယ်။ ကျွန်တော်တို့ နောက်ထပ် ဆုဖလားအားလုံး ရယူချင်သေးတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက လုပ်နိုင်တယ်ဆိုပြီး ရောင့်ရဲမနေပါဘူး။ နောက်ထပ် လိုချင်သေးတယ်"လို့ ပြောကြားသွားပါတယ်။

image