မြောက်အိုင်ယာလန်နှင့်ကစားရမယ့် ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်ကို ဘာဂိုမိုတွင် ကစားလာမယ့် အီတလီ
======================
အီတလီဟာ လာမယ့်နှစ်မတ်လ ၂၆ ရက်နေ့တွင် မြောက်အိုင်ယာလန်နှင့် ကစားမယ့် ကမ္ဘာ့ဖလားပလေးအော့ဖ်ဆီမီးဖိုင်နယ်ပွဲစဉ်အား Stadio di Bergamo တွင် ကစားလာပါမယ်။
မိုက်ကယ်အိုနေးလ်ရဲ့ မြောက်အိုင်ယာလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု(က)တွင် တတိယသာ ရရှိပေမယ့်လည်း နေးရှင်းလိဂ်စွမ်းဆောင်ရည်ကြောင့် ပလေးအော့ဖ်ကစားခွင့်ရလာခဲ့တာလည်း ဖြစ်ပါတယ်။
အီတလီမှာ ကမ္ဘာ့ဖလားအုပ်စု(ဈ)တွင် ဒုတိယနေရာမှာသာ ရပ်တည်ခဲ့ပြီး ပလေးအော့ဖ်တွင် ကမ္ဘာ့အဆင့်အကောင်းဆုံးအသင်းဖြစ်တာကြောင့် မြောက်အိုင်ယာလန်အား အိမ်ကွင်းအားသာချက်ဖြင့် ကစားခွင့်ရလာတာလည်း ဖြစ်ပါတယ်။
အီတလီဟာ မြောက်အိုင်ယာလန်နှင့်ပွဲကို အတ္တလန္တာရဲ့ အိမ်ကွင်း Stadio di Bergamo တွင် ကစားရန် ရွေးချယ်လာပါတယ်။
Stadio di Bergamo ကွင်းက ပရိသတ် ၂၁၃၀၀ တည်းသာ ဝင်ဆန့်ရာ မြောက်အိုင်ယာလန်မှာ လက်မှတ်ခွဲတမ်း ၁၀၀၀ ခန့်သာ ရရှိလာဖို့ ရှိနေပါတယ်။
အီတလီနှင့် မြောက်အိုင်ယာလန်ပွဲစဉ်မှ အနိုင်ရတဲ့အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခွင့် အဆုံးအဖြတ်ပွဲအဖြစ် ပလေးအော့ဖ်ဗိုလ်လုပွဲတွင် ဝေးလ်(သို့မဟုတ်) ဘော့စနီးယားနှင့် မတ်လ ၃၁ ရက်နေ့တွင် ကစားရပါမယ်။