မင်္ဂလာပါ---
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့
ထုတ်ပြန်သည့် အောက်တိုဘာလ၏ အနိမ့်ဆုံးအပူချိန် စံချိန်သစ်

image
33 w - Translate

ရှယ်ကြီးနော် ဖြာထွက်နေတာပဲ 💥
Miss Cosmo Myanmar 2025
Myint Myat Moe
Road To Miss Cosmo 2025

image

မင်္ဂလာပါ---
၂၁-၁၀-၂၀၂၅ ရက်နေ့
=================
အောက်မှာဖော်ပြထားတာကတော့ ယမန်နေ့ညနေက တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ ယနေ့တိုင်းထွာရရှိခဲ့သော အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့ပဲ ဖြစ်ပါတယ်-----

image
33 w - Translate

အလုပ်နဲ့ အတွေးကို အာရုံစိုက်ပါ
---------------------------------
ငါဆင်းရဲလိုက်တာ မငြီးတွားပါနဲ့။
ငါချမ်းသာ နိုင်သေးတယ်ဆိုတဲ့
အသိနဲ့ ကြိုးစားပါ။
ငါအဆင်မပြေဘူးလို့ မတွေးပါနဲ့။
ငါအဆင်ပြေ နိုင်သေးတယ်လို့ပဲ တွေးပါ။
ငါကံဆိုးတယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။
ငါကံကောင်း နိုင်သေးတယ်လို့ပဲ တွေးပါ။
ငါလုပ်လို့ မရနိုင်တော့ဘူးလို့
မငြီးတွားပါနဲ့။
ငါ ဆက်လုပ်နေမယ်ဆိုရင်
အောင်မြင်မယ်ဆိုတဲ့ အသိနဲ့ ကြိုးစားပါ။
အလုပ်ဆိုတာ အရေးကြီးသလို
အတွေးတွေကလည်း အဓိကကျပါတယ်။
ဒါကြောင့် အတွေးကို
ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ကောင်းတဲ့ အတွေးအမြင်တွေကသာ
သင့်ကို ကောင်းတဲ့ ဘဝဆီ
ခေါ်ဆောင်သွား နိုင်မှာပါ။
အလုပ်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။
ကောင်းမွန်စွာ ကြိုးစားလုပ်ကိုင်ခြင်းကသာ
သင့်ကို ကောင်းတဲ့ဘဝဆီ ခေါ်ဆောင်သွားမှာပါ။
ဘာပဲလုပ်လုပ်
အလုပ်နဲ့ အတွေးကို ဂရုစိုက်ပါ။

33 w - Translate

ဂျပန်ကုမ္ပဏီ ၁၀၀ ကျော်မှ မြန်မာလုပ်သား ၁၀၀၀ ခန့်ခေါ်ယူရန် ကမ်းလှမ်း
အောက်တိုဘာ၂၁၊ ၂၀၂၅
ဂျပန်နိုင်ငံရှိ စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ဂျပန် ကုမ္ပဏီ ၁၀၀ကျော်မှ မြန်မာလုပ်သား ဦးရေ ၁၀၀၀ ခန့် ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့ရှိ မြန်မာသံရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာသံရုံးတိုကျို မြို့ အနေနဲ့ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ဆင့် ပေးပို့လာတဲ့( Demand Letter) အလုပ်ကမ်းလှမ်းစာကို စိစစ်ဆောင်ရွက် ပေးလျက်ရှိရာ လက်ရှိမှာ စာရွက်စာတမ်း အချက်အလက်တွေ ကို စိစစ် ဖို့ အတွက်ကုမ္ပဏီ ၁၁၈ ခုရဲ့စာရင်းနဲ့ ခေါ်ယူမယ့်လုပ်သားဦးရေ စာရင်းတွေ ကို ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ကြေညာထားတဲ့ စာရင်းထဲပါဝင်တဲ့ ကုမ္ပဏီတွေ အနက် အချို့ ကုမ္ပဏီတွေ ဟာ ကြေညာချက်မထုတ်ပြန်ခင်ကတည်းက သံရုံးသို့
စာရွက်စာတမ်း အချက်အလက်တွေ ကြိုတင်ပေးပို့ထားတာတွေရှိတဲ့အတွက် အခုလို ကြိုတင်ပေးပို့မှုဟာ အကျုံးမဝင်တာကြောင့် ယခုကြေညာချက် မှာ ပါရှိမှသာ စာရွက်စာတမ်းအထောက်အထားတွေကို စာတိုက်ကတစ်ဆင့် ပြန်လည်ပေးပို့ဖို့ မြန်မာသံရုံးက အသိပေးထားပါတယ်။
တိုကျိုရှိ မြန်မာသံရုံးအနေနဲ့ ဂျပန်နိုင်ငံမှ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနဲ့ ခေါ်ယူမယ့် စက်ရုံ/ကုမ္ပဏီများ တရားဝင်တည်ထောင်ထားခြင်းရှိ/မရှိကို စာရွက်စာတမ်းများဖြင့် စိစစ်ကာ သဘောထားမှတ်ချက်များကို အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
လက်ရှိတွင် ဂျပန်နိုင်ငံ သို့ ဘိုးဘွားစောင့်ရှောက်ရေး၊ စားသောက်ကုန်၊ ဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အပါအဝင် အခြားလုပ်ငန်းများအတွက် မြန်မာလုပ်သားတွေ ကို လစဉ် ခေါ်ယူလျက်ရှိကြောင်း သိရပါတယ်။

ယနေ့ ရန်ကုန်အခြေစိုက် စက်သုံး‌ဆီဈေး။
October 21,2025.

image

အယူသီးသောဘုရင်

✅✅✅✅✅✅✅

ရှေးအခါက ဗေဒင်ပညာကို လွန်စွာယုံကြည်သော မင်းတစ်ပါးရှိလေ၏။ ထိုသို့ယုံကြည်ရုံသာမက အယူလည်းသီး၏။ ထိုမင်းအကြောင်းကို သိနေသော ဗေဒင်ဆရာများသည် မင်းကြီး အကြိုက်လိုက်ပြီးပြောဆိုကာ ဆုတော်လာဘ်တော်များ ရကြလေ၏။

တစ်ခါမှာတော့ ဗေဒင်ဆရာတစ်ဦးသည် မင်းကြီးအား" ကျီးမောင်နှံကို တွေ့မြင်ပါကံကောင်းသည်"ဟုဆိုကာ မင်းကြီးပေးသော ဆုတော်လာဘ်တော်များကို ယူကာ ပြန်သွားလေ၏။ မင်းကြီးသည် ဗေဒင်ဆရာ၏စကားကို ယုံကြည်ပြီး ဝန်ကြီးကိုခေါ်ကာ "ကျီးမောင်နှံကိုတွေ့ရင် ငါကိုယ်တော်ကို လျှောက်တင်ပါ။ ဒါအလုပ်ပဲ။ ခုလုပ်ပါ။ တခြားကိစ္စတွေကို နောက်မှလုပ်"ဟု အမိန့်တော်မှတ်၏။

ဝန်ကြီးသည် နန်းတော်အပြင်ထွက်ကာ ကျီးများကို တစ်နေ့လုံး စောင့်တော့သည်။ နောက်တစ်နေ့တွင် ဝန်ကြီးသည် နန်းတော်ပတ်ဝန်းကျင်ရှိ သစ်ပင်ပေါ်တွင် နားနေသော ကျီးနှစ်ကောင်ကို တွေ့လေ ၏။ ဝန်ကြီးလည်း မင်းကြီးအား အပြေးအလွှား သွားလျှောက်၏။

"အရှင်မင်းကြီး_ _ _ _အမြန်ကြွတော်မူပါ။ အရှင် စောင့်ကြည့်ခိုင်းထားတဲ့ ကျီးမောင်နှံ သစ်ပင်ပေါ်မှာ နားနေပါတယ်"ဟု သက်ပြင်းချကာ လျှောက်ထားလိုက်၏။ မင်းကြီးလည်း အလျင်စလို လိုက်လာ၏။ သို့သော် ကျီးတစ်ကောင်သည် ပျံသွားလေ၏။

မင်းကြီးသည် သစ်ပင်ပေါ်တွင် နားနေသော ကျီးတစ် ကောင်ကိုသာ တွေ့ရသည့်အတွက် ဒေါသဖြစ်သွား၏။
''အသင်ပဲ ကျီးမောင်နှံကိုတွေ့လိုက်တာဆိုတော့ အသင်ကံကောင်းတာပဲ။ သင့်ကို ကြိမ်ဒဏ်၁၀ ချက်အပြစ်ပေးရမယ်"ဟု မိန့်လိုက်၏။ မင်းမှုထမ်းများသည် ဝန်ကြီးကို ကြိမ်ဒဏ်ပေးလေ၏။ ထိုအခါ ဝန်ကြီးသည် ကျယ်လောင်စွာ ရယ်လိုက်၏။ ထိုအခါ မင်းကြီးအံ့ဩသွား၏။

''ဘာကြောင့်ရယ်သလဲ"ဟု မင်းကြီးက မေးလိုက်၏။
''ဘာမှမဟုတ်ပါဘူး။ ကျီးမောင်နှံကို တွေ့ရလို့ ကံကောင်းတယ်ဆိုတာက ဘာလဲ။ ကြိမ်ဒဏ် ၁၀ချက် လား။ ဒါကြောင့် ရယ်တာပါ။ ကံကောင်းတာက ဒါပဲလေ"ဟု ပြောလိုက်သည်။ ဝန်ကြီးစကား ကြောင့် မင်းကြီးလည်း သူ့အမှားအတွက် ရှက်သွားတော့သည်။ ထိုအချိန်မှ စ၍ မင်းကြီးသည် အယူသီးတာမျိုး မရှိတော့ချေ။ ။

image

image
33 w - Translate

စက်တင်ဘာလအတွင်း ရင်ခုန်လှုပ်ရှားခဲ့ရတဲ့ သီပေါ တံတားဂိတ် ယနေ့ အမှတ်တရ

image
33 w - Translate

ငါလဲသူ့လိုပဲဝင်နေချင်လိုက်တော့တယ်

ပူလိုက်တာအေ🥲

image