8 w - Translate

နှင်းဆီပန်းကို
အလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ်
မြေမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကို
တစ်လတခါ တစ်လခွဲတခါ
ပုံမှန်ကျွေးပေးရပါတယ်။
မြေဩဇာ ပုံမှန်ကျွေးမပေးလို့
အဖူး အပွင့်သေးသွားတယ်
အပင် ထပ်ပြီး မကြီးထွားဘူး အဲ့ဒီလိုမျိုးလည်း ဖြစ်တတ်ပါတယ်။
ဝယ်တဲ့အချိန်မှာ အပွင့် အဖူးကြီးတယ် အပင်တွေသန်တယ်ဆိုတာက ကျနော်တို့ ဒီမှာ ကျွေးပေးထားတဲ့ ဓါတ်မြေဩဇာ အရှိန်နဲ့ပါ ဒီမှာက ၃ပတ် တခါ ၁လတ‌ခါလောက် အပင်တွေကို ဓါတ်မြေဩဇာ ‌ကျွေးပေးကြပါတယ်၊ ဓါတ်မြေဩဇာ အနေနဲ့က အာမို/နိုက်ထရိုဖော်စကာ 15:15:15 ကို သုံးပါတယ်)
- နောက်တခုကအလှပန်းအိုးနဲ့ စိုက်တဲ့အခါမှာ နုန်း ဒါမှမဟုတ် မြေကြီးသက်သက်ချည်းပဲ ထည့်ရင်လည်း မြေကြပ်ပြီး အမြစ်ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့အတွက်အပွင့် အဖူးသေးတတ်ပါတယ်။
တခါတခါ အပင်တောင် သေသွားတတ်ပါတယ်။
နုန်း/မြေကြီး ကို ဖွဲပြာ/စပါးခွံ/မြေပဲခွံ တမျိုးမျိုးနဲ့ရောစပ်ပြီးထည့်ပေးရပါတယ်။
(နုန်း/မြေကြီး ၁ဆ ဖွဲပြာ ၂ဆ
၁ဆ ၂ဆ ၁ဆ ၃ဆ ၁ဆ ၄ဆ အဆင်ပြေသလိုရောစပ်ပြီး အသုံးပြုနိုင်ပါတယ်)
နောက်တခုက - လောင်းရိပ်
အပင်တွေက လောင်းရိပ်/အရိပ်အောက် မကြိုက်ပါဘူး။
#နေရောင်ရမှ အစာချက်နိုင်တာပါ။
လောင်းရိပ်/အရိပ်အောက် ရောက်နေရင်လည်း အပွင့်အဖူးသေးပြီး အပင်မကြီးထွားတတ်ပါဘူး။
(‌နှင်းဆီပင်ကို နေပူမှာစိုးပြီး အရိပ်အောက်မှာပဲ ထား ထားတာကို တွေ့ဖူးခဲ့ပါတယ်)
ခြုံငုံပြီး ပြောမယ်ဆိုရင်
အပင်ကို အလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ် မြေကြီးမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကို တစ်လ တခါ တစ်လခွဲ တခါလောက် ပုံမှန်ကျွေးပေးရပါတယ်။
အပင်ကို အလှပန်းအိုးနဲ့ထည့်စိုက်မယ်ဆိုရင်
နုန်း/မြေကြီးနဲ့ ဖွဲပြာ/စပါးခွံ/မြေပဲခွံ တမျိုးမျိူးတို့ကိုရောစပ်ပြီးထည့်ပေးရပါတယ်။
အပင်ကို လောင်းရိပ်/အရိပ်အောက်မှာ မထားပဲေ နရောင်ရတဲ့နေရာမှာသာ ထားပေးရပါတယ်။

image
8 w - Translate

🌱 အပင်အတွက် လိုအပ်သောအာဟာရဓာတ် တွေမဖြည့်စွက်ထားလျှင် ဖြစ် နိုင်သော လက္ခဏာများ
အာဟာရဓာတ် / လုပ်ဆောင်မှု့တာဝန် / အဟာရဓါတ်ချို့တဲ့မှု့လက္ခဏာ
နိုင်ထရိုဂျင် (N)/ အရွက်ကြီးခြင်း ဖွံ့ဖြိုးခြင်း / အောက်ဆုံးအရွက်များအဝါ
ရောင်ဖြစ်လာသည်
ဖော့စဖာရပ် (P) / အမြစ်များတိုးတက် ဖူး / ပင်စည်ခရမ်းရောင်
ပြောင်းပြီးအရွက်ကြွေအ
မြစ်မလျှောက်ဖြစ်မယ်
ပိုတက်စီယမ် (K) / အသီးအရွက်ပြည့်ဝ / အရွက်ရဲ့အနားအစွယ်မှာ
အနည်းငယ်ရွက်ခြောက်မယ်
ကယ်လ်စီယမ် (Ca)/ အညွှန့်သစ်ဖွဲ့စည်းမှု / အရွက်တိန့်လိန်အညွှန့်သေ
နှင့်အပကင်ဆဲလ်ဖြည့်
မက်ဂနီစီယမ် (Mg) / အစိမ်းရောင်ဖွဲ့စည်းဖြည့် / အရွက်အလယ်ပိုင်းဝါရောင်
ရှိပြီးအလယ်ရိုးစိမ်းနေမယ်
ဆယ်ဖာ (S) / ပရိုတင်းဖြည့်စည်း / အရွက်သစ်သည်စိမ်းဖျော့၍ကြည်နေ
မယ်ပြီးတော့အပင်မသန်မာဘူးဖြစ်
သံ (Fe) / နေရောင်ခြည်ဖွဲ့ခြင်း / အရွက်ဝါပြီးအရိုးတံများအစိမ်းဖြစ်နေ
မန်ဂနနီဇ် (Mn) / တခြားအဟာရဓာတ်များ အရွက်ပေါ်တွင်အဝါအကွက်
စုပ်ယူမှု့ များတွေ့ရမည်
ဇင့်ခ် (Zn) / ဟော်မုန်းထိန်းညှိကာကွယ် / ပုံစံမမှန်ထက်အရွက်သေး၊ပင်ပု
ဘိုရွန် ( / အစာအဟာရပို့ဆောင်ခြင်း / အညွန့်သေ၊ ပန်းပွင့်ကြွေကျ
လွယ်မယ်

image
8 w - Translate

ပြတ်တောက်လက်ဖဝါး ပြန်ဆက်တဲ့ ခွဲစိတ်မှုအောင်မြင်
*****************
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြတ်တောက်သွားတဲ့လက်ဖဝါးကို ပြန်ဆက်ပေးတဲ့ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘားအံမြို့မှာနေတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ မေလ ၂၄ ရက်၊ မနက် ၁၁ နာရီခန့်က ဓားခုတ်ခံရတာကြောင့် ဘယ်ဖက်လက်ဖဝါးပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

ဘားအံမြို့ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်ကုသမှုခံယူပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ညနေ ၆ နာရီ ၁၅ မိနစ်မှာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ် လူနာဌာနမှာ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးတာတွေပြုလုပ်ပြီး ပြတ်တောက်သွားတဲ့ လက်ဖဝါးကို ပြန်ဆက်ဖို့ ခွဲစိတ်ကုသမှုကို မေလ ၂၄ ရက် ည ၁၀ နာရီခွဲအချိန်မှာ စတင်ဆောင်ရွက်ခဲ့ရာ မေလ ၂၅ ရက် မနက် ၅ နာရီခွဲမှာ အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။

ခွဲစိတ်ကုသထားတဲ့ လက်ရဲ့သွေးလည်ပတ်မှုကောင်းမွန်တာကြောင့် ဇွန်လ ၁၁ ရက်မှာ ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ဇွန်လ ၁၆ ရက် ရက်ချိန်းပြန်လည်ပြသရာမှာလည်း လက်အခြေအနေ ကောင်းမွန် တယ်လို့ သိရပါတယ်။

အခုလို လက်ပြတ်တောက်သွားတဲ့ လူနာကဲသို့ ပြတ်တောက်သွားသည့်လက်အား ခွဲစိတ်ကုသမှုဆောင်ရွက်ဖို့အတွက် ပြည်သူ့ ဆေးရုံကြီးတွေကို လွှဲပြောင်းပေးပို့မယ်ဆိုရင် ပြတ်တောက်သွားတဲ့ လက်ကို ရေသန့်သန့် ဒါမှမဟုတ် အကြောဆေးရည်နဲ့ ဆေးပြီးနောက်အကြောဆေးရည်နဲ့ စိုစွတ်အောင်စိမ်ထားတဲ့ ခွဲစိတ်ခန်းသုံးအဝတ်စနဲ့ပတ်ပြီး သန့်ရှင်းတဲ့ ပလတ်စတစ်အိတ် ဒါမှမဟုတ် ဘူးထဲထည့်ရမှာ ဖြစ်ပါတယ်။

နောက်တစ်နည်းအနေနဲ့ အကြောဆေးရည်ထည့်ထား တဲ့ သန့်ရှင်းသော ပလတ်စတစ်အိတ် ဒါမှမဟုတ် ဘူးထဲထည့်ပြီး လုံခြုံစွာပိတ်ကာ ရေခဲပုံးအတွင်းထည့်ပြီး အမြန်ဆုံး လွှဲပြောင်းပေးပို့နိုင် တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂၀၂၂ ခုနှစ်တုန်းက လက်ဖျံပြန်ဆက်တဲ့ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦး၊ ၂၀၂၃ ခုနှစ်မှာ လက်မောင်းပြန်ဆက်တဲ့ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ သူတစ်ဦး၊ ၂၀၂၄ ခုနှစ်မှာ လက်မ ပြန်ဆက်တဲ့ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူတစ်ဦးနဲ့ ၂၀၂၅ ခုနှစ် အခုအချိန်အထိ လက်ဖဝါးပြန်ဆက်တဲ့ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူတစ်ဦးတို့ကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

image
8 w - Translate

လူကုန်ကူးမှုများအား ယခင်ထက် တိုးမြှင့်ဖော်ထုတ် အရေးယူနိုင်ခဲ့
*****************
(ပြည်တွင်း) ဇွန်လ ၂၆
၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၂၀ ရက်အထိ ၅ လကျော်ကာလအတွင်း လူကုန်ကူးမှု အမှုပေါင်း ၈၀ အရေးယူနိုင်ခဲ့ပြီး ယခင်နှစ်ကထက် လူကုန်ကူးမှုတွေကို တိုးမြှင့်ဖော်ထုတ်အရေးယူ နိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က ဇွန်လ ၂၄ ရက် နေပြည်တော်ရုံးအမှတ်(၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှာ ကျင်းပတဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများကို အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်၊၊

၂၀၂၄ ခုနှစ်အတွင်း လူကုန်ကူးမှုအနေနဲ့ ၅၃ မှုကို အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်ပွားခဲ့တဲ့ နိုင်ငံတွေကတော့ တရုတ်နိုင်ငံမှ ၃၄ မှု၊ လာအိုနိုင်ငံမှ ၁ မှု၊ ကမ္ဘောဒီးယားနိုင်ငံမှ ၁ မှုနဲ့ ပြည်တွင်း ၁၇ မှု ဖြစ်ပွားခဲ့တယ်လို့ ဒုတိယဝန်ကြီး က ပြောကြားခဲ့ပါတယ်၊၊

အခုလိုဖြစ်ပွားခဲ့တဲ့ အမှုအမျိုးအစားတွေကတော့ အဓမ္မလက်ထပ်စေခြင်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မပြုလုပ် စေခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ ကိုယ်ဝန်အငှားဆောင်စေခြင်းအပြင် အခြားနည်းလမ်းတွေနဲ့ ကာမဆိုင်ရာကိစ္စ အဓမ္မပြုလုပ်စေခြင်းတို့ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ ၂၁၈ မှုနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၂၀ ရက်အထိ ၄၂ မှုတို့ကို အရေးယူဆောင်ရွက်ခဲ့သလို အရေးယူ ဆောင်ရွက်နိုင်ရန် ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားဖို့လိုပြီး နယ်စပ်ဝင်ပေါက်ထွက်ပေါက်တွေကနေ တရားမဝင် သွားရောက်မယ့်သူတွေကို တားဆီးအသိပညာဆောင်ရွက်ကာ နေရပ်ဒေသကို ပြန်လည် စေလွှတ်တာတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်၊၊

image
8 w - Translate

ON THIS DAY: Ten years ago, in its 5-4 Obergefell v. Hodges decision, the U.S. Supreme Court legalized same-sex marriage across the country, ruling that state-level bans on same-sex marriage violated the due process and equal protection clauses of the Fourteenth Amendment. https://abcnews.visitlink.me/bGrCT_

image

အငြင်းပွားဖွယ် နယ်စပ်ကို ထိုင်းနဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေ သွားရောက်
ဘန်ကောက်၊ ဇွန်-၂၆-၂၀၂၅
မျိုးဆက်(VOM)
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားနေတဲ့ နေရာတွေကို ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်ထရနာနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဒီကနေ့မှာ သွားရောက်ခဲ့ကြပါတယ်။
နယ်စပ်ပြဿနာကြောင့် ခဏတာ တိုက်ပွဲအတွင်း ကမ္ဘောဒီးယားစစ်သားတယောက်သေဆုံးခဲ့ပြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး ထိုင်းအစိုးရဟာ လည်း နိုင်ငံရေးဖိအားတွေကြောင့် ပြိုလဲလုနီးပါး ဖြစ်နေချိန်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ နယ်စပ်ဒေသကို သွားရောက်ခဲ့တာပါ။
နယ်စပ်ပြဿနာနောက်ဆက်တွဲအနေနဲ့ တပ်ဖွဲ့ဝင်တွေ အများအပြား စေလွှတ်ဖြန့်ကြက်တာ၊ ၈၁၇ ကီလိုမီတာရှိ နယ်စပ်မှာ နယ်စပ်ဖြတ်ကျော်ဂိတ်တွေကို ပိတ်လိုက်တာအပြင် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုတွေကိုပါ ကန့်သတ်မှုတွေ ချမှတ်ခဲ့ကြပါတယ်။
ထိုင်းစီးပွားရေးကို ပြန်လည်နာလန်ထူအောင် လုပ်နေရတဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်အစိုးအရအတွက် ဒီကိစ္စဟာ မီးလောင်ရာလေ့ပင့်ဖြစ်စေခဲ့ပြီး လက်ရှိမှာလည်း ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရကာ ညွှန့်ပေါ့င်းအစိုးရအဖွဲ့ကို ထိန်းသိမ်းဖို့ ရုန်းကန်နေရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပက်နဲ့ဆန့်ကျင်ဘက်ရှိ ထိုင်းနယ်စပ် ဆာကေအိုခရိုင် အရန်ယာပရာပရာပက် ကို ထိုင်းဝန်ကြီးချုပ် ဒီကနေ့မနက်က ရောက်ရှိချိန်မှာတော့ ထောက်ခံသူတွေက ကြိုဆိုခဲ့ကြပါတယ်။ ထိုင်းဝန်ကြီးချုပ်ကတော့ ဒီခရးစဉ်ရည်ရွယ်ချက်ဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနှိမ်နင်းရေး၊ စစ်အင်အားနဲ့ နယ်စပ်ကန့်သတ်ချက်တွေရဲ့ အကျိုးသက်ရောက်မှုတွေကို သိရှိအကဲဖြတ်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားထဲကို ကုန်းလမ်းဖြတ်ကျော်ဝင်ရောက်လာတဲ့ မော်တော်ယာဉ်၊ ခရီးသွားတွေနဲ့ ကုန်တွေအားလုံးကို ဖြတ်သန်းခွင့် ပိတ်ပင်ထားပါတယ်။ လက်ရှိမူဝါဒတွေရဲ့ အကျိုးသက်ရောက်မှုနဲ့ အစိုးရက ဘာကူညီနိုင်မလဲဆိုတာ သိလိုတဲ့အတွက် လာရောက်ခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်က ပြော ပါတယ်။
တချိန်တည်းမှာပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ ဒီကနေ့မနက်ပိုင်းမှာ ထိုင်းနယ်စပ် ဆူရင်ခရိုင်နဲ့ ဆန့်ကျင်ဘက် ကမ္ဘောဒီးယား အိုဒါမီချေးပြည်နယ်ကို စစ်သားတွေနဲ့အတူ သွားရောက်ခဲ့ပါတယ်။ မကြားသေးမီက သူနဲ့ ထိုင်းဝန်ကြီးချုပ်တို့ရဲ့ တယ်လီဖုန်းဆက်သွယ်တဲ့ အသံဖိုင် ပေါက်ကြားမှုကြောင့် နှစ်နိုင်ငံ တင်းမာမှုတွေ ပိုဆိုးခဲ့ပါတယ်။
အသံဖိုင်ပေါက်ကြားမှုကြောင့် ထိုင်းနိုင်ငံရေးမှာလည်း မရေရာမှုတွေ တိုးပွားစေခဲ့ပြီး ထိုင်းညွှန့်ပေါင်း အစိုးရရဲ့ အဓိကမဟာမိတ် Bhumjaithai ပါတီဟာ ညွှန့်ပေါင်းအစိုးရကနေ နုတ်ထွက်ခဲ့ပါတယ်။
Ref:CNA

imageimage

ဘဲတွေ ဝိုင်းနေတဲ့ အာဝု

ငြုပ်သီးစိမ်း ငါးပိချက်ဗျ 😋
၁- ကြက်သွန်နီ သုံးဥလောက်ကို ညိုနွမ်းသွားတဲ့အထိ ဆီသပ်ခင်မျ
၂-နွမ်းနယ်နေတဲ့ ကြက်သွန်နီအိုးထဲကို အသင့်ထောင်းထားတဲ့ ကြက်သွန်ဖြူ ၅တက်လောက်နဲ့ ဂျင်း ကျပ်စေ့ခန့် ဓါးပြားရိုက်ကို စစ်ကူလွှတ်၍ ထဲ့မွှေ ခင်မျ
၃-ငပိ ဇီးဖြူသီးခန့်ကို ပစ်ထဲ့ပြီးချေ ခင်မျ..အစိမ်းနံ့ပျောက်လို့မွှေးလာပြီဆွင်ဖြင့် နနွင်းလဘက်စားဇွန်းဝက်ခန့်နဲ့ အရောင်တင် လက်ဘက်စားတစ်ဇွန်းခွဲလောက် ပစ်ထဲ့ပြီး အစိမ်းနံ့ပျောက်ရုံ မွှေခင်မျ..ငံပြာရည် တစ်ဖျစ်လောက်ပန်းထဲ့ဗျာ
၄-ခရမ်းချဉ်သီး ၂လုံးလောက်ပါးပါးလှီးပြီး ထပ်ပစ်ထည့်လိုက်ဗျာ..ကြာလို့😁 ချေ...ချေ..ချေ အိုးမကပ်စေနဲ့ ချေဗျ..
ကပ်မှာကြောက်ရင် ရေပါယုံကို စစ်ကူထည့် ချေဗျာ
၅-ထောင်းထားထား ရှည်ရှည်ပဲလှီးထားထား ငရုပ်ပွအရှည်သီး ဟင်းတစ်ခွက်စာချိန်ထားပေါ့ဗျာ..ကဲကြာတယ်ဗျာ အဲဒါတွေကို ထပ်ပစ်ထဲ့လိုက်အုံး..တစ်ချက်နှစ်ချက်မွှေပြီး ကြက်သားမှုန့် tea spoon ၁ခွဲနဲ့ ဆားအနည်းငယ်ပဲနော် ပစ်ထဲ့ဗျာ ချခါနီးမှ ပေါ့ငန်ချိန်ဗျ...ရေ လက်ဘက်ရည်ပန်းကန် တစ်ဝက်ထည့်ပြီး ခဏအုပ်ထားဗျ အဲဒါမှ ငရုတ်က မာစပ်စပ်မနေဘဲ နူးနူးအိအိလေးပေါ့ဗျာ
ကိုင်း ကိုင်း ကိုင်း နောက်ဆုံးအဆင့်ဗျ...
ရေစိမ်ထားတဲ့ ပုဇွန်ခြောက်အကောင်ခပ်ကြီးကြီးစားချင်သလောက်ကို ပစ်ခပ်ထည့်မွှေပြီး ပေါ့ငန်မြီးပြီး ချလိုက်ပေတော့ဗျို့....

Unicode
ငြုပ်သီးစိမ်း ငါးပိချက်ဗျ 😋
၁- ကြက်သွန်နီ သုံးဥလောက်ကို ညိုနွမ်းသွားတဲ့အထိ ဆီသပ်ခင်မျ
၂-နွမ်းနယ်နေတဲ့ ကြက်သွန်နီအိုးထဲကို အသင့်ထောင်းထားတဲ့ ကြက်သွန်ဖြူ ၅တက်လောက်နဲ့ ဂျင်း ကျပ်စေ့ခန့် ဓါးပြားရိုက်ကို စစ်ကူလွှတ်၍ ထဲ့မွှေ ခင်မျ
၃-ငပိ ဇီးဖြူသီးခန့်ကို ပစ်ထဲ့ပြီးချေ ခင်မျ..အစိမ်းနံ့ပျောက်လို့မွှေးလာပြီဆွင်ဖြင့် နနွင်းလဘက်စားဇွန်းဝက်ခန့်နဲ့ အရောင်တင် လက်ဘက်စားတစ်ဇွန်းခွဲလောက် ပစ်ထဲ့ပြီး အစိမ်းနံ့ပျောက်ရုံ မွှေခင်မျ..ငံပြာရည် တစ်ဖျစ်လောက်ပန်းထဲ့ဗျာ
၄-ခရမ်းချဉ်သီး ၂လုံးလောက်ပါးပါးလှီးပြီး ထပ်ပစ်ထည့်လိုက်ဗျာ..ကြာလို့😁 ချေ...ချေ..ချေ အိုးမကပ်စေနဲ့ ချေဗျ..
ကပ်မှာကြောက်ရင် ရေပါယုံကို စစ်ကူထည့် ချေဗျာ
၅-ထောင်းထားထား ရှည်ရှည်ပဲလှီးထားထား ငရုပ်ပွအရှည်သီး ဟင်းတစ်ခွက်စာချိန်ထားပေါ့ဗျာ..ကဲကြာတယ်ဗျာ အဲဒါတွေကို ထပ်ပစ်ထဲ့လိုက်အုံး..တစ်ချက်နှစ်ချက်မွှေပြီး ကြက်သားမှုန့် tea spoon ၁ခွဲနဲ့ ဆားအနည်းငယ်ပဲနော် ပစ်ထဲ့ဗျာ ချခါနီးမှ ပေါ့ငန်ချိန်ဗျ...ရေ လက်ဘက်ရည်ပန်းကန် တစ်ဝက်ထည့်ပြီး ခဏအုပ်ထားဗျ အဲဒါမှ ငရုတ်က မာစပ်စပ်မနေဘဲ နူးနူးအိအိလေးပေါ့ဗျာ
ကိုင်း ကိုင်း ကိုင်း နောက်ဆုံးအဆင့်ဗျ...
ရေစိမ်ထားတဲ့ ပုဇွန်ခြောက်အကောင်ခပ်ကြီးကြီးစားချင်သလောက်ကို ပစ်ခပ်ထည့်မွှေပြီး ပေါ့ငန်မြီးပြီး ချလိုက်ပေတော့ဗျို့..

image