တနှစ်ကျော်ကြာ ပိတ်ထားတဲ့ လားရှိုး - ရန်ကုန် Express တွေ ပြန်လည်ပြေးဆွဲ

ရှမ်းပြည်နယ် မြောက်ပိုင်း တနှစ်ကျော်ကြာ ပိတ်ထားတဲ့ လားရှိုး - ရန်ကုန် Express တွေ ပြီးခဲ့တဲ့ အောက်တိုဘာလ လကုန်ပိုင်းကစ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"လားရှိုး - ရန်ကုန်ကားက အောက်တို ဘာလ ၂၇ ရက်နေ့က စထွက်တာပါ။ ပြည်ထောင်စု လမ်းမကြီးကနေပဲ သွားတယ်။" လို့ ကားဂိတ်နဲ့ နီးစပ်သူ ‌အမျိုးသမီး တယောက်က ပြောပါတယ်။
ရွှေလားရှိုး ဂိတ်က ရိုးရိုးကားက ကားခ ၁၅၀,၀၀၀ ဖြစ်ပြီး အထူးကားက ၁၈၀,၀၀၀ ဖြစ်ကာ တနေ့ကို တစီးစီပဲထွက်တယ်
လို့ သူက ပြောပါတယ်။
လားရှိုး - ရန်ကုန် နေ့လယ် ၁၂ နာရီ ထွက်ပြီး ရန်ကုန် - လားရှိုး ညနေ ၄ နာရီ ထွက်ကာ လမ်းမှာ တည အိပ်ရတယ်လို့ ဆိုပါတယ်။
"လားရှိုး နဲ့ ရန်ကုန် Express ကားတွေက ပိတ်သွားတာ တနှစ်ကျော်တယ်။ လားရှိုးမြို့ပေါ် တိုက်ပွဲ မဖြစ်ခင် နမ့်ပေါင်တွေဘက် တိုက်ပွဲ ဖြစ်ကတည်းက ပိတ်သွားတာ အရင်လ လကုန်ပိုင်းကမှ ပုံမှန်ပြေးဆွဲတာ" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ခရီးသည်တွေအနေနဲ့တော့ မှတ်ပုံတင် ပါရမှာ ဖြစ်ပြီး Express လိုင်းတွေ အများကြီး မတွေ့သေးဘူးလို့ သူက ပြောပါတယ်။
မူဆယ်လမ်းကြောင်းလည်း Express ကား တစီး တလေ တွေ့တာတော့ ရှိပေမယ့် ခါတိုင်း နာမည်‌ပေါက်နေတဲ့ Express လိုင်းတွေတော့ အသွားအလာ မတွေ့မိသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၅ ရက်နေ့ကစ မြောက်ပိုင်း မဟာမိတ်ညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြန်လည်စတင်ချိန်ကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီး ကနေ Express ကားလိုင်း ပြေးဆွဲမှု ရပ်တန့်သွားတာဖြစ်ပါတယ်။

image

တရားမဝင် ကုန်သွယ်မှုနဲ့ ဖမ်းခံထားရတဲ့ ကုန်ပစ္စည်းအများစုကို ဒဏ်ကြေးနဲ့ ပြန်ထုတ်ခွင့်ပြုမယ်

တရားမဝင် ကုန်သွယ်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ကုန်ပစ္စည်းတွေထဲကအများစုကို ဒဏ်ကြေးရိ​ဆောင်ပြီး ပြန်ရွေးနိုင်မယ့်အစီအစဥ် အကောက်ခွန်ဦးစီးဌာနက ခွင့်ပြုလိုက်တယ်လို့ ကုန်သည်တွေ ဆီကသိရပါတယ်။
ပြီးခဲတဲ့ ဇူလိုင်လ ၁၄ ရက်မှ စက်တင်ဘာလ ၃ ရက်အထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အထူးအဖွဲ့​တွေနဲ့ အကောက်ခွန်ဦးစီးဌာနတို့က ဖမ်းဆီးရမိခဲ့တဲ့ လိုင်စင်မဲ့/ အကောက်ခွန်မဲ့ ကုန်ပစ္စည်းတွေနဲ့ ပိတ်ပင်တားမြစ်ကုန်ပစ္စည်းတင် မော်တော်ယာဉ် ၄၇၀ ပေါ်မှ ကုန်ပစ္စည်းအချို့ကို ဒဏ်ကြေးနဲ့ ရွေးယူခွင့် ပြုမှာဖြစ်တယ်လို့ သိရပါတယ် ။
" ဒဏ်ကြေးဆောင်ပြီး ပစ္စည်းတွေ ပြန်ရွေးခွင့်ပြုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အသိတွေထဲတော့ ပြန်ရွေးတာမျိုး မကြားမိသေးဘူး ။ ဒီလိုရှိတယ်ဗျ ။ ပြန်ရွေးရမယ့် နူန်းနဲ့ ပစ္စည်းတန်ဖိုးကို တွက်ပြီး စျေးကွက် ပြန်ရောင်းချရမယ့် တန်ဖိုးမမျှတဲ့အခါ ပြန်မရွေးကြ တော့တာမျိုးလည်း ရှိတယ် ။ ဒဏ်ကြေးပေးပြီး ကိုယ့်အတွက် တွက်ချေကိုက်မယ်ဆိုရင် ရွေးကြမှာပါ။ ပစ္စည်းတန်ဖိုးအလိုက် ဒဏ်ကြေးကလည်း အနည်းအများ ကွာတယ် ။ " လို့ သွင်းကုန် ၊ပို့ကုန် လုပ်ငန်းရှင်တယောက်က ပြောပါတယ် ။
ဒဏ်ကြေးဆောင်ပြီး ပြန်ရွေးယူခွင့် ရှိတဲ့ ကုန်ပစ္စည်းတွေကိုတော့ အကောက်ခွန်ဦးစီးဌာနက ဒဏ်ကြေးငွေ နှစ်ဆ ၊ တဆ၊ ဆဝက်၊ ၀.၇၅ ဆ နူန်း သတ်မှတ်ပြီး ဒဏ်ကြေးကောက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒဏ်ကြေးပေးပြီး ပြန်ထုတ်ယူနိုင်တဲ့ ပစ္စည်းတွေကတော့ ဆေးဝါး၊ ဆေးအထောက်အကူပြုပစ္စည်းများ၊ ပိုးသတ် ဆေး ၊ မျိုးစေ့၊ စားသုံးဆီ၊ မွေးမြူရေး လုပ်ငန်းသုံးကုန်ကြမ်း၊ တိရစ္ဆာန်သုံးဆေးဝါး၊ ဆေးဝါးကုန်ကြမ်း ပစ္စည်းနဲ့ ပရဆေးကုန်ကြမ်း၊ လယ်ယာသုံး စက်နဲ့ စက်ပစ္စည်း၊ စားသောက်ကုန်၊ လယ်ယာလုပ် ငန်းသုံး ထော်လာဂျီ / E Three Wheel Motocycle ၊ Paper and Stationary စက်‌မှုကုန်ကြမ်း၊ ပလတ်စတစ်ကုန်ကြမ်း တို့ဖြစ်တယ်လို့ သိရပါတယ်။
နောက်ပြီး စားသောက်ကုန်ကြမ်း၊ Packing Materials ၊ စက်ဆီ၊ ချောဆီနဲ့ အခြားစက်မှုသုံးဆီ၊ ကတ္တရာ၊ လျှပ်စစ်ဓာတ်အားထုတ်/လွှတ်/ ဖြတ်ပစ္စည်း၊ ဘိလပ်မြေ၊ Maching and spare parts အပိုပစ္စည်း (ယာဉ်/စက်/ဆက်သွယ်ရေး) ၊ Electrical Goods / လူသုံးကုန်ပစ္စည်း/ E Bicycle ၊ လေဆိပ်သုံး Tractor ၊ လယ်ယာသုံး (ထွန်စက်)တို့ လည်းပါဝင်တယ်လို့ သိရပါတယ်။
အလားတူ ဓာတ်မြေဩဇာ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ LPG Gas ၊ သံနဲ့ သံမဏိပစ္စည်း ၊ Constru- ction Materials ၊ တာယာနဲ့ ရော်ဘာထုတ်ကုန်ပစ္စည်း၊ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေးသုံး ပစ္စည်း ၊ လုပ်ငန်းသုံးမော်တော်ယာဉ် ၊ နောက်တွဲယာဉ် ၊ Electronic Goods ၊ ယန္တရား နဲ့ လူစီးမော်တော်ယာဥ်တို့ကိုလည်း သတ်မှတ် ဒဏ်ကြေး ဆောင်ပြီး ထုတ်ယူနိုင်တယ် လို့သိရပါတယ်။
ကုန်သွယ်ခွင့် ကန့်သတ်၊ တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေဖြစ်တဲ့ Vape၊ စီးကရက်၊ ဘီယာ၊ ဖဲထုပ် စတဲ့ ပစ္စည်းတွေကို ရွေးယူခွင့်မပြုဘဲ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမှာဖြစ်တယ်လို့ သိရပါတယ်။
" ဖမ်းမိတဲ့အထဲမှာ ကရင်ပြည်နယ်နဲ့ မွန်ဘက်က ပိုများမယ် ထင်တယ်။ အရင်လတွေတုန်းက ကုန်ကားတွေ ဖမ်းဆီးကြမ်းပြီး ပြန်မှမလွှတ် ပေးခဲ့တာလေ ။တချို့ကားဆို လိုင်စင်တွေလည်း အပြည့်စုံရှိရက်နဲ့ အဖမ်းခံခဲ့ရတာ ။ " လို့ ကုန်သည်ကထပ်မံ ပြောပါတယ် ။
ပြီးခဲ့တဲ့ အောက်တိုဘာလ မှာဆိုရင် ၆၄၇၇.၁၂၀ ကျပ်သန်း တန်ဖိုးရှိ တရားမဝင် ကုန်ပစ္စည်းတွေနဲ့အတူ အဆိုပါ တရားမဝင် ကုန်စည်ကို သယ်ဆောင်လာတဲ့ ကားနဲ့ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
လက်ရှိ နိုဝင်ဘာလမှာ ဆိုရင်လည်း တရားမဝင်တင်သွင်း လာတဲ့ ကုန်ပစ္စည်းတွေကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ နေ့စဥ်နဲ့အမျှ ဖမ်းဆီးရမိမှုရှိနေကြောင်း သိရပါတယ်။

image

ကလောမှာ ဖြိုးရတနာအောင် ခရီးသည်တင်ကား တိမ်းမှောက်လို့ ကလေးအပါ သုံးယောက် သေပြီး ၁၄ ယောက်ဒဏ်ရာရ

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနဲ့ မကွေ ကျေးရွာကြား ၊ မိုင်တိုင်အမှတ် (၅၆/၆)မှာ ဒီနေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်က ခရီးသည်တင် ကားတစီး တိမ်းမှောက်ပြီး လူသုံးယောက်သေဆုံးကာ ၁၄ ယောက်ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ ကလောမြို့နယ် မီးသတ်ဦးစီးဌာနမှသိရပါတယ်။
ခရီးသည်ကားက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ၊ သေဆုံးသူသုံးယောက်မှာ အမျိုးသမီး နှစ်ယောက်နဲ့ ကလးငယ်တယောက်တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိ သူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေ ရှိနေတယ်လို့သိရပါတယ်။
" သေတဲ့အထဲက ကလေးလေးက ယောကျ်ားလေးပါ။အသက် ၇ နှစ် ၊ ၈ နှစ်အရွယ်လောက်ပါ ။ ဒဏ်ရာရတဲ့ အထဲမှာ စိုးရိမ်ရတာက သုံးယောက်လောက်ရှိမယ် ။ " လို့ မြို့နယ် မီးသတ်ဦးစီးအရာရှိက ပြောပါတယ် ။
တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင်ကားက တောင်ကြီး - မန္တလေး ပြေးဆွဲနေတဲ့ ဖြိုးရတနာအောင် ခရီးသည်တင်ယာဥ်လိုင်းဖြစ်ကြောင်း ၊ လက်ရှိမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ် ။
သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အားလုံးကို ကလောဆေးရုံ ပို့ဆောင်ထားပြ ဆေးဝါးကုသမှု ပေးနေပြီး နေရပ်လိပ်စာတွေကိုတော့ မသိရှိရသေးဘူး လို့သိရပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့ ၊ ညနေပိုင်းကလည်းရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့နယ် ၊ ကျိုင်းတုံ - တောင်ကြီးလမ်းရှိ စပါယ်ရှယ်တောင် အဆင်းမှာ ကားတစီး တိမ်းမှောက်ပြီး လူနှစ်ယောက်သေဆုံးကာ ခုနှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

image

ထိုင်း-မလေးရှားနယ်စပ်အနီး ဒုက္ခသည်စက်လှေနစ်မြု့ပ်မှု လူဒါဇင်များစွာ ပျောက်ဆုံး

ထိုင်းနဲ့ မလေးရှားနယ်စပ်အနီးမှာ ရွှေ့ပြောင်ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ စက်လှေတစင်း နစ်မြုပ်ပြီးနောက် လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်.
အဲဒီစက်လှေဟာ Ko Tarutao ကျွန်းအနီးမှာ ပြီးခဲ့တဲ့ ကြသာပတေးနေ့က တိမ်းမှောက်ခဲ့တာလို့ ယုံကြည်ကြောင်း မလေးရှားကမ်းခြေစောင့်တပ်က ပြောပါတယ်။ လူ ၁၀ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး အမျိုးသမီးတယောက်အလောင်းကို ပင်လယ်ထဲမျောနေတာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ စက်လှေကြီးတစင်းနဲ့ လာရောက်ခဲ့ပြီး မလေးရှားကိုချဉ်းကပ်ချိန်မှာ စက်လှေငယ်တွေပေါ် တက်ခဲ့ကြတဲ့ လူ ၃၀၀ ထဲကအဖွဲ့ငယ်ဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်က ပြောပါတယ်။
မလေးရှားနိုင်ငံ လန်ကာဝီအပန်းဖြေစခန်းအနီးမှာ ကယ်ဆယ်ခံရသူတွေထဲမှာ မြန်မာနိုင်ငံသား သုံးယောက်၊ ရိုဟင်ဂျာ အမျိုးသားနှစ်ယောက်နဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားတယောက် ပါဝင်ကြောင်း မလေးရှားနိုင်ငံပိုင်သတင်းဌာန Bernama က ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
ရေထဲမှာ တွေ့ရှိခဲ့တဲ့ အလောင်းဟာ ရိုဟင်ဂျာအမျိုးသမီးတယောက် အလောင်းဖြစ်တယ်လို့ ဆိုပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ဘင်္ဂလား‌ဒေ့ရှ်ကို ထွက်ပြေးပြီးနောက် မလေးရှား ၊ ထိုင်းစတဲ့ နိုင်ငံတွေကို အန္တရာယ်များတဲ့ ရေကြောင်းခရီးနဲ့ သွားရောက်လေ့ရှိပါတယ်။
ထွက်ပြေးလာသူအများစုဟာ ဒီခရီးလမ်းအတွက် ဒေါ်လာ ၃၀၀၀ ကျော်ပေးရလေ့ရှိတယ်လို့ မလေးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

image

BBC ညွှန်ကြားရေးမှူးချုပ်နဲ့ သတင်းဆိုင်ရာအကြီးအကဲတို့ ရာထူးကနေ တပြိုင်တည်းနုတ်ထွက်

Panorama အစီအစဉ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ မိန့်ခွန်းကို တည်းဖြတ်ထုတ်လွှင့်ရာမှာ ကြည့်ရှုသူတွေကို လှည့်စားတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်လာပြီးနောက် BBC သတင်းဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် တင်မ်‌ဒေဗီးနဲ့ သတင်းပိုင်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် သတင်းဌာနအကြီးအကဲ ဒက်ဘိုရာတန်းနက်စ်တို့ ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။
Panorama အစီအစဉ်ဟာ အမေရိကန်သမ္မတရဲ့ မိန့်ခွန်းကို အပိုင်းနှစ်ပိုင်း တည်းဖြတ်ခဲ့ကြောင်း အသေးစိတ်အချက်အလက်တွေကို Telegraph သတင်းစာက ထုတ်ဖော်ရေးသားခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလက လွှတ်တော်ဝင်စီးနင်းတဲ့ အဓိကရုဏ်းကို ထရန့်က အားပေးအားမြှောက်ပြုတဲ့ ပုံစံမျိုး ဖြစ်စေတယ်လို့ ဆိုပါတယ်။
ရာထူးတာဝန်ထမ်းဆောင်တာ ငါးနှစ်ရှိပြီဖြစ်တဲ့ ဒေဗီးဟာ အများပြည်သူအတွက် ထုတ်လွှင့်ရာမှာ အငြင်းပွားဖွယ်ရာတွေနဲ့ ဘက်လိုက်မှုတွေရှိတယ်ဆိုပြီး စွပ်စွဲချက်တွေနဲ့အတူ ဖိအားတွေ တိုးခဲ့ပါတယ်။ ဗြိတိန် နိုင်ငံရေးခေါင်းဆောင်တွေကတော့ အခုလိုရာထူးနုတ်ထွက်မှုဟာ ပြောင်းလဲမှုကို ဖြစ်ပေါ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒေါ်နယ်ထရန့်ကလည်း ဒီဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။
ညွှန်ကြားရေးမှူးချုပ်နဲ့ သတင်းဆိုင်ရာ အကြီးအကဲ နှစ်ဦးစလုံး တရက်တည်းပင် ရာထူးကနေ နုတ်ထွက်တာဟာ မကြုံဖူးလည်းဖြစ်ပါတယ်။ အစိုးရအဖွဲ့အစည်း အားလုံးကဲ့သို့ပင် BBC ဟာလည်း ပြီးပြည့်စုံတယ်မရှိကြောင်း၊ မိမိတို့အနေဖြင့် အမြဲပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိတယ်လို့ ဒေးဗီးက ပြောပါတယ်။
ယေဘုယျအားဖြင့် BBC ဟာ ကောင်းမွန်စွာ တင်ဆက်နေပေမယ့် အမှားအယွင်းအချို့ ရှိခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်အနေနဲ့ အဆုံးစွန်တာဝန်ယူတယ်လို့ သူက ဆိုပါတယ်။ အမှားအယွင်းတွေ ရှိခဲ့ပေမယ့် ဌာနအနေနဲ့ အဖွဲ့အစည်းဆိုင်ရာ ဘက်လိုက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မှားယွင်းနေတယ်လို့ BBC ရဲ့ သတင်းဆိုင်ရာ ညွှန်ကြားရေးမှူး တန်းနက်စ်ကလည်း ဆိုပါတယ်။
Telegraph သတင်းစာရဲ့ အဆိုအရ BBC Arabic အစီအစဉ်ရဲ့ အစ္စရေး-ဂါဇာစစ်ပွဲ သတင်းဖော်ပြမှုမှာ ဘက်လိုက်မှုနဲ့ စနစ်တကျ ပြဿနာတွေ လို့ ဖော်ပြထားပြီး ဖြေရှင်းဖို့ အရေးယူဆောင်ရွက်မှု အားနည်းခြင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ပေါ်ပေါက်စေခဲ့ပါတယ်။

image

ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမယ့် အင်္ဂလန်အသင်းမှ ကစားသမား ၃ ဦး နုတ်ထွက်လာ
=====================

မာ့ခ်ဂူဟီ၊ နစ်ပုပ်နှင့် အန်တိုနီဂေါ်ဒွန်တို့ဟာ ဒဏ်ရာပြဿနာများကြောင့် အင်္ဂလန်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲကစားမယ့် လူစာရင်းမှ နုတ်ထွက်လာပါတယ်။
ပဲလေ့စ်အသင်းခေါင်းဆောင်မာ့ခ်ဂူဟီဟာ ကြားရက်တုန်းက ကွန်ဖရင့်လိဂ်ပွဲတွင် ခြေထောက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး လမ်းလျှောက်နိုင်ခြင်း မရှိပါဘူး။
နယူးကာဆယ်တောင်ပံကစားသမားဂေါ်ဒွန်မှာလည်း တင်ပုဆုံဒဏ်ရာကြောင့် တနင်္ဂနွေနေ့ည ဘရန့်ဖို့ဒ်အား ရှုံးနိမ့်တဲ့ပွဲစဉ်ကို လွဲ‌ချော်ခဲ့ပါတယ်။
ဒါ့အပြင် နယူးကာဆယ်ဂိုးသမားနစ်ပုပ်မှာလည်း ဘရန့်ဖို့ဒ်ကိ ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲမှာ ခေါင်းဒဏ်ရာရရှိပြီး ခေါင်းမူးဝေနေပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပြီး ဖြစ်တဲ့ အင်္ဂလန်ဟာ ကြာသပတေးနေ့တွင် ဝင်ဘာလေကွင်းမှာ ဆားဘီးယားကို ဧည်ခံကစားရမှာ ဖြစ်ပြီး ယင်းပွဲအပြီး ၃ ရက်အကြာ တနင်္ဂနွေနေ့တွင် တီရာနာသို့ သွားရောက်ကာ အယ်ဘေးနီးယားနှင့် ရင်ဆိုင်ကစားရပါမယ်။
အင်္ဂလန်ကစားသမားများဟာ ယနေ့တွင် အင်္ဂလန်အသင်းကို သတင်းပို့ရပါမယ်။

image

အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာ ISPE အသင်း ဂိုးပြတ်ရှုံးနိမ့်

၂၀၂၅-၂၆ ဘောလုံးရာသီ အာရှအမျိုးသမီး
ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာ ISPE အသင်းဟာ တောင်ကိုရီးယားကလပ် ဆူဝမ် FC အသင်းကို ဝ-၅ ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ပါတယ်။
ISPE အသင်းဟာ အုပ်စု C မှာ ဆူဝမ် FC အသင်းအပြင် ဂျပန်ကလပ် တိုကျိုဗာဒီဘယ်လေဇာ၊ မြောက်ကိုရီးယားကလပ် နာဂိုယန်းတို့နဲ့ အတူကျရောက်နေတာပါ။
အုပ်စု C ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်
ကျင်းပနေပြီး သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားနေတာဖြစ်တယ်။
ISPE အနေနဲ့ အုပ်စုကျပ်ထဲ ကျရောက်နေလို့
ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်နည်းပါးနေတာပါ။
ISPE အသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် တိုကျိုဗာဒီဘယ်လေဇာအသင်းနဲ့ နိုဝင်ဘာ ၁၂ ရက် ညနေ ၃ နာရီမှာ ယှဉ်ပြိုင်ကစားရပါလိမ့်မယ်။
ပြိုင်ပွဲဝင် ၁၂ သင်းကို လေးသင်း သုံးအုပ်စု ခွဲထားပြီး အုပ်စုထိပ်ဆုံး ၂ သင်းစီအပြင် အကောင်းဆုံး အုပ်စုတတိယနှစ်သင်းပါ ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။

image

အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာ ISPE အသင်း ဂိုးပြတ်ရှုံးနိမ့်

၂၀၂၅-၂၆ ဘောလုံးရာသီ အာရှအမျိုးသမီး
ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာ ISPE အသင်းဟာ တောင်ကိုရီးယားကလပ် ဆူဝမ် FC အသင်းကို ဝ-၅ ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ပါတယ်။
ISPE အသင်းဟာ အုပ်စု C မှာ ဆူဝမ် FC အသင်းအပြင် ဂျပန်ကလပ် တိုကျိုဗာဒီဘယ်လေဇာ၊ မြောက်ကိုရီးယားကလပ် နာဂိုယန်းတို့နဲ့ အတူကျရောက်နေတာပါ။
အုပ်စု C ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်
ကျင်းပနေပြီး သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားနေတာဖြစ်တယ်။
ISPE အနေနဲ့ အုပ်စုကျပ်ထဲ ကျရောက်နေလို့
ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်နည်းပါးနေတာပါ။
ISPE အသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် တိုကျိုဗာဒီဘယ်လေဇာအသင်းနဲ့ နိုဝင်ဘာ ၁၂ ရက် ညနေ ၃ နာရီမှာ ယှဉ်ပြိုင်ကစားရပါလိမ့်မယ်။
ပြိုင်ပွဲဝင် ၁၂ သင်းကို လေးသင်း သုံးအုပ်စု ခွဲထားပြီး အုပ်စုထိပ်ဆုံး ၂ သင်းစီအပြင် အကောင်းဆုံး အုပ်စုတတိယနှစ်သင်းပါ ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။

image

အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာ ISPE အသင်း ဂိုးပြတ်ရှုံးနိမ့်

၂၀၂၅-၂၆ ဘောလုံးရာသီ အာရှအမျိုးသမီး
ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာ ISPE အသင်းဟာ တောင်ကိုရီးယားကလပ် ဆူဝမ် FC အသင်းကို ဝ-၅ ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ပါတယ်။
ISPE အသင်းဟာ အုပ်စု C မှာ ဆူဝမ် FC အသင်းအပြင် ဂျပန်ကလပ် တိုကျိုဗာဒီဘယ်လေဇာ၊ မြောက်ကိုရီးယားကလပ် နာဂိုယန်းတို့နဲ့ အတူကျရောက်နေတာပါ။
အုပ်စု C ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်
ကျင်းပနေပြီး သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားနေတာဖြစ်တယ်။
ISPE အနေနဲ့ အုပ်စုကျပ်ထဲ ကျရောက်နေလို့
ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်နည်းပါးနေတာပါ။
ISPE အသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် တိုကျိုဗာဒီဘယ်လေဇာအသင်းနဲ့ နိုဝင်ဘာ ၁၂ ရက် ညနေ ၃ နာရီမှာ ယှဉ်ပြိုင်ကစားရပါလိမ့်မယ်။
ပြိုင်ပွဲဝင် ၁၂ သင်းကို လေးသင်း သုံးအုပ်စု ခွဲထားပြီး အုပ်စုထိပ်ဆုံး ၂ သင်းစီအပြင် အကောင်းဆုံး အုပ်စုတတိယနှစ်သင်းပါ ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။

imageimage

VAR ဆုံးဖြတ်ချက်အမှားကို ရှုံးနိမ့်မှုအတွက် ဆင်ခြေမပေးလိုဘူးလို့ အာနယ်ဆလော့ ပြောကြား

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က မန်စီးတီးနဲ့ပွဲမှာ ဗန်ဒိုက်ရဲ့ ဂိုးကို ပယ်ဖျက်ခဲ့တဲ့ VAR ဆုံးဖြတ်ချက်က မှားယွင်းပေမဲ့ ဒါကို ရှုံးနိမ့်မှုအတွက် ဆင်ခြေမပေးလိုဘူးလို့ ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ မန်စီးတီကို (၀-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး (၁-၁)ဂိုးဖြစ်စေမယ့် ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ဂိုးကို VAR နဲ့ ပယ်ဖျက်ခံခဲ့ရတာဖြစ်ပါတယ်။
ဗန်ဒိုက်ခေါင်းတိုက်ဂိုးသွင်းချိန် လူကျွံအနေအထားမှာ ရှိနေတဲ့ ရောဘတ်ဆန်က မန်စီးတီးဂိုးသမား ဒွန်နာရမ်မာရဲ့ မြင်ကွင်းကို ကွယ်နေခဲ့တာကြောင့် လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး အာနယ်ဆလော့ကတော့ သူ့အမြင်အရ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ ဒီရှုံးပွဲကြောင့် အမှတ်ပေးဇယား အဆင့်(၈)နေရာအထိ ဆင်းပေးခဲ့ရသလို၊ ထိပ်ဆုံးက အာဆင်နယ်နဲ့ (၈)မှတ်၊ ဒုတိယနေရာက မန်စီးတီးနဲ့ (၄)မှတ်ကွာဟသွားခဲ့ပြီး Big Six အသင်းတွေထဲမှာ ရပ်တည်မှုအနိမ့်ဆုံး ဖြစ်သွားခဲ့ပါတယ်။
''ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝက အခု အဆင့်(၈)နေရာရောက်နေတာပါ။ အသင်းတစ်သင်းက ကျွန်တော်တို့နဲ့ အတော်အလှမ်းဝေးသွားပြီး စီးတီးကတော့ အာဆင်နယ်နဲ့ (၄)မှတ်အကွာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီတုန်းက ရာသီအစ ဦးဆောင်နိုင်နေချိန်မှာတောင် ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။ (၃၈)ပွဲပြီးမှ ရပ်တည်မှုကို အဆုံးအဖြတ်ပေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းပါ။ ဒါပေမဲ့ (၁၉) ပွဲပြီးချိန်မှာ ဆုံးဖြတ်တာလည်း ဒုတိယအကောင်းဆုံးနည်းလမ်း ဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက်အားလုံးနဲ့ တူညီစွာရင်ဆိုင်ပြီးချိန် ဖြစ်တာကြောင့်ပါ။ လက်ရှိအချိန်မှာ ကျွန်တော်တို့ ပထမဆုံးအာရုံစိုက်သင့်တာက ရလဒ်ကောင်းတွေ ရရှိဖို့ဖြစ်ပါတယ်။ ချန်ပီယံပြေးလမ်းအကြောင်းက နောက်ဆုံးအာရုံစိုက်သင့်တဲ့အရာ ဖြစ်သင့်ပါတယ်'' လို့ အာနယ်ဆလော့က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

image