ကိုယ်ရေးကိုယ်တာပြဿနာကြုံနေတဲ့ အရူဂျိုအား ဘာစီလိုနာ ခွင့်ပေးလာ
====================

ဘာစီလိုနာစတားရိုနယ်အရူဂျိုဟာ ကိုယ်ရေးကိုယ်တာ ပြဿနာများကြောင့် ကလပ်ရဲ့ ခွင့်ပေးခြင်းခံလာရပါတယ်။
ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့အပတ် အလာဗက်စ်အား ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ဘာစီလိုနာလူစာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိပါဘူး။
သူဟာ ယင်းပွဲမတိုင်မီ ချဲလ်ဆီးကို ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တုန်းက အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ယခုအခါ အသက် ၂၆ နှစ်ရှိနောက်ခံလူဟာ အေးဂျင့်နှင့် အားကစားဒါရိုက်တာဒေကိုတို့အကြား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးချိန်မှာတော့ ခွင့်ပေးခြင်းခံလာရကြောင်း The Athletic ရဲ့ ဖော်ပြမှုအရ သိရပါတယ်။
အရူဂျိုဘက်က ကိုယ်ရေးကိုယ်တာပြဿနာကို ဖြေရှင်းရန် ခွင့်ပေးရန် တောင်းဆိုခဲ့တယ်လို့ ယူဆရပါတယ်။
ဘာစီလိုနာဥက္ကဌလာပေါ်တာက ခက်ခဲတဲ့ကာလကြုံနေရတဲ့ အရူဂျိုအား လူသိရှင်ကြား ထောက်ခံအားပေးစကား ပြောဆိုထားပါတယ်။
ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ကလည်း "ဒါက ကိုယ်ရေးကိုယ်တာကိစ္စပါ။ အများကြီး မပြောလိုပါဘူး။ လေးစားတယ်ဆိုရင် ထပ်မမေးပါနဲ့။ ဒီအတွက် ကျေးဇူးတင်ပါတယ်"လို ဆိုသွားပါတယ်။

image