ဝက်စ်ဟမ်းပွဲမတိုင်မီ အိုးထရက်ဖို့ဒ်ကွင်းအပြင်တွင် ရာပေါင်းများစွာသော ယူနိုက်တက်ပရိသတ်များ ပိတ်မိနေခဲ့
===================
ရာပေါင်းများစွာသော ယူနိုက်တက်ပရိသတ်များဟာ ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲမတိုင်မီ ကွင်းအတွင်းသို့ ဝင်ရောက်ရေး ကြီးမားတဲ့နှောင့်နှေးမှု ကြုံရကာ အကြီးအကျယ်ဒေါသထွက်ခဲ့ကြရပါတယ်။
ပရိသတ်များဟာ ယင်းသို့ ကွင်းသို့ ဝင်ရေး နှောင့်နှေးရမှုနှင့်အတူ ဂိတ်စောင့်များလုပ်ဆောင်မှုအပေါ်တွင်လည်း မေးခွန်းထုတ်လာကြပါတယ်။
ပရိသတ်အမြောက်အမြားတို့ဟာ ကွင်းသို့ ဝင်ရေး နှောင့်နှေးမှုနှင့်အတူ ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲအစပိုင်းကို လွဲခဲ့ရပါတယ်။
ယင်းပွဲတွင် ယူနိုက်တက်ဟာ ဒုတိယပိုင်း ၅၈ မိနစ်တွင် ဒါလော့ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ၈၂ မိနစ်တွင် မာဂက်စ်ဆာရဲ့ ဂိုးကြောင့် သရေဖြင့် ကျေနပ်ခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ဝက်စ်ဟမ်းနှင့် သရေကျမုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ထိပ်ဆုံး ၅ သင်းစာရင်းဝင်ရေး လက်လွှတ်ခဲ့ရပါတယ်။
ပရိသတ်များဟာ ဂိတ်လုံခြုံရေးများရဲ့ စေ့စေ့စပ်စပ် ရှာဖွေမှုများ ပြုလုပ်မှုနှင့်အတူ ကွင်းသို့ ဝင်ရောက် နှောင့်နှေးခဲ့ရတာပါ။
ဒါ့အပြင် ယူနိုက်တက်ဟာ ကွင်းအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ရန် NFC (Near Field Communication) နည်းပညာသုံးစက်လည်း ထားရှိပါတယ်။
ယူနိုက်တက်ကွင်းဂိတ်စောင့်များဟာ ယခင်အိမ်ကွင်းပွဲများတွင်လည်း ဂိတ်ပေါက်တွင် ပရိသတ်များအား ပုံမှန် ရှာဖွေစစ်ဆေးမှု ပြုလုပ်ခဲ့ပေမယ့် ယခုတစ်ကြိမ်တွင် အလွန်အကျွံရှာဖွေစစ်ဆေးမှုနှင့်အတူ နောက်ကျခဲ့ရတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အာဆင်နယ်နှင့် ရာသီအဖွင့်ပွဲမတိုင်မီနှင့် အဲဗာတန်နှင့် ပွဲစဉ်မတိုင်မီတုန်းကလည်း ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ရေး နှောင့်နှေးမှုအတွက် အပြင်းအထန် ဝေဖန်ခံခဲ့ရပြီး ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၅-၂၆ ရာသီတွင် ပရိသတ်အားလုံးအတွက် ဒီဂျစ်တယ်လက်မှတ်စနစ် အသုံးပြုနေပါတယ်။
လက်မှတ်အားလုံးကို ဖုန်းအတွင်း သိမ်းထားစေပြီး ဂိတ်ပေါက်တွင် Scan ဖတ်ပြီးမှ ဝင်ခွင့်ရပါတယ်။