LAFC သို့ ပြောင်းရွှေ့သွားပြီး လအနည်းငယ်အကြာမှာဘဲ ဆန်ဟောင်မင်း ပြန်လာမယ်လို့ စပါးစ် အတည်ပြုလာ
======================

ဆန်ဟောင်မင်းဟာ LAFC သို့ ပြောင်းရွှေ့သွားပြီး လေးလအကြာမှာဘဲ စပါးစ်သို့ ပြန်လာမယ်လို့ ကြေညာလာပါတယ်။
စပါးစ်ဂန္ထဝင်နှင့် ယူရိုပါလိဂ်ချန်ပီယံအသင်းခေါင်းဆောင်ဟာ လာမယ့်အပတ် မေဂျာလိဂ်ရာသီသိမ်းချိန်တွင် အသင်းဟောင်းစပါးစ်သို့ ပြန်လာပြီး ပရိသတ်များကို နှုတ်ဆက်လာမှာလည်း ဖြစ်ပါတယ်။
ဆန်ဟောင်မင်းဟာ ဒီဇင်ဘာလ ၉ ရက်နေ့ ဆလားဗီးယားပရက်နှင့် ချန်ပီယံလိဂ်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုမှာ ဖြစ်ပြီး ပွဲမတိုင်မီ ကွင်းအတွင်းသို့ ဆင်းကာ ပရိသတ်များအား နှုတ်ဆက်လာမှာလည်း ဖြစ်ပါတယ်။
တောင်ကိုရိးယားဂန္ထဝင်ဟာ နွေရာသီတုန်းက စပါးစ်မှ ထွက်ခွာကာ LAFC သို့ ပြောင်းရွှေ့စဉ်တုန်းက ပရိသတ်များအား နှုတ်ဆက်ခွင့်မရခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ Tottenham High Road တွင် ရေးဆွဲထားတဲ့ သူ့ပုံတူပန်းချီဖွင့်ပွဲသို့လည်း တက်ရောက်လာမှာ ဖြစ်ပြီး ပရိသတ်များနှင့် တွေ့ဆုံလာဦးမှာလည်း ဖြစ်ပါတယ်။ ယင်းပုံတူပန်းချီမှ ပုံကို ဆန်ဟောင်မင်းကိုယ်တိုင် ရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။
ယင်းပုံတူပန်းချီကို လက်စလေကင်းနှင့် ဟယ်ရီကိန်းပုံတူတို့ကိုလည်း ရေးဆွဲခဲ့တဲ့ Murwells ကပင် ရေးဆွဲထားတာပါ။
အသက် ၃၃ နှစ်ရှိ ဆန်ဟောင်မင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ်ဖလား ရရှိအောင် ကူညီကာ ၁၇ နှစ်ကြာ ဆုဖလားလက်မဲ့ဖြစ်မှုအား အဆုံးသတ်နိုင်အောင် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ စပါးစ်တွင် ဆယ်နှစ်ကြာ ကစားစဉ်အတွင်း ၄၅၄ ပွဲကစားပေးခဲ့ကာ ၁၇၃ ဂိုးသွင်းပေးခဲ့ပါတယ်။

image