Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံ မီးလောင်မှု လူ ၁၆ ယောက်သေဆုံး
ဒါကာ၊ အောက်တိုဘာ ၁၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံ မီးလောင်မှုအကြီးအကျယ်ဖြစ်လို့ လူ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရုပ်အလောင်း ၁၆ လောင်းကို ဆယ်ယူရရှိထားပေမယ့် မီးလောင်မှုကြောင့် ဘယ်သူဘယ်ဝါ ခွဲခြားမရသေးဘူးလို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ ပျောက်နေသူတွေရဲ့ မိသားစုတွေကတော့ ဒါကာရဲ့ မီပါးအရပ်ရှိ လေးထပ်စက်ရုံပြင်ပမှာ စုဝေးနေကြပါတယ်။
မီးလောင်ကျွမ်းမှုဟာ မနေ့က နေ့လယ်ပိုင်းလောက်က စတင်ခဲ့ပြီး သုံးနာရီကြာမှ မီးငြိမ်းခဲ့ပါတယ်။ အနီးနားရှိ ဓာတုကုန်လှောင်ရုံတခုလည်း မီးဆက်လက်လောင်ကျွမ်းခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ စက်ရုံနဲ့ ဓါတုကုန်လှောင်ရုံ ဘယ်ဟာကစပြီး မီးလောင်ခဲ့တယ်ဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။
ကုန်လှောင်ရုံမှာတော့ အရောင်ချွတ်ဆေးမှုန့်တွေ၊ ပလတ်စတစ်နဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်တွေရှိပြီး ဒါတွေကြောင့် မီးလောင်ကျွမ်းမှုပိုဆိုးဝါးစေခဲ့ပါတယ်။ အဆိပ်သင့်ဓါတ်ငွေ့တွေကြောင့် လူတွေချက်ချင်း သေဆုံးသွားနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ဘေးကင်းရေးစံနှုန်းတွေနဲ့ အခြေခံအဆောက်အအုံ ညံ့ဖျင်းမှုတွေကြောင့် လူနေထူထပ်တဲ့ အဆောက်အအုံတွေမှာ မီးလောင်မှုတွေမကြာခဏဖြစ်ပွားလေ့ရှိပြီး မကြာသေးမီနှစ်တွေအတွင်း လူအသေအပျောက်များတဲ့ မီးလောင်မှု ရာနဲ့ချီရှိခဲ့ပါတယ်။
Ref:BBC
Photo:AFP
Credit - Voice of Myanmar
#centralnewsnaypyitaw
လီဗာပူးလ်ကွင်းလယ်လူဂရာဗန်ဘာ့ချ် တံကောက်ကြောဒဏ်ရာရရှိ
အောက်တိုဘာ ၁၅
လီဗာပူးလ်အသင်းကွင်းလယ်လူဂရာဗန်ဘာ့ချ်ဟာ နယ်သာလန်အသင်းက ဖင်လန်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသေးစားတံကောက်ကြောဒဏ်ရာခံစားခဲ့ရတယ်လို့ နည်းပြရော်နယ်လ်ကိုးမန်းက ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်အချိန်မှာ ဂရာဗန်ဘာ့ချ်ရဲ့ဒဏ်ရာသတင်းဟာ သူတို့အတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။
အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်မှာ လီဗာပူးလ်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ကိုနာတေးနဲ့ အန်ဒိုတို့လည်း ဒဏ်ရာရခဲ့တာကြောင့် သူတို့ဟာ အယ်လီဆွန်၊လီယွန်နီတို့နဲ့အတူ အသင်းရဲ့ကုသမှုခန်းထဲမှာ ရှိနေခဲ့ကြတာပါ။
ဂရာဗန်ဘာ့ချ်ဟာ နယ်သာလန်အသင်းနဲ့ ဖင်လန်အသင်းပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာကြောင့် ယူနိုက်တက်အသင်းနဲ့ပွဲမတိုင်မီ သူ့ရဲ့ကြံ့ခိုင်မှုဟာ သံသယဖြစ်စရာရှိနေပါတယ်။
ဂရာဗန်ဘာ့ချ်ကတော့ ဒဏ်ရာစိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားခဲ့ပြီး ရာသီကရှည်တဲ့အတွက် ကြိုတင်ကာကွယ်မှုအနေနဲ့ လူစားလဲခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဂရာဗန်ဘာ့ချ်ဟာ သူ့ရဲ့ဒဏ်ရာအခြေအနေကို ဆုံးဖြတ်ဖို့ စမ်းသပ်စစ်ဆေးမှုခံယူရမှာဖြစ်ပြီး လီဗာပူးလ်အသင်းနည်းပြအာနီဆလော့ဟာ ယူနိုက်တက်အသင်းနဲ့ပွဲမတိုင်မီမှာ နောက်ဆုံးအခြေအနေကို ပြောသွားမှာဖြစ်ပါတယ်။
ဂရာဗန်ဘာ့ချ်ဟာ လီဗာပူးလ်အသင်းရဲ့အဓိက ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ် ၇ ပွဲမှာ ၆ ပွဲအထိပါဝင်ကာ ၁ ပွဲသာလွဲချော်ထားတာပါ။
ဂရာဗန်ဘာ့ချ်ဟာ ဒီရာသီလီဗာပူးလ်အသင်းအတွက်ကစားထားတဲ့ ၈ ပွဲမှာ ၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားပါတယ်။
လီဗာပူးလ်အသင်းကွင်းလယ်လူဟောင်းမာဖီက နည်းပြအာနီဆလော့ဟာ ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ဂရာဗန်ဘာ့ချ်ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုမယ်လို့ ယုံကြည်နေပြီး သူဆိုရင် ကွင်းလယ်မှာ ဆိုဘို့ဆလိုင်း၊ဂရာဗန်ဘာ့ချ်နဲ့ ဖလော်ရီယန်ဗစ်ဇ်တို့ကို တွဲဖက်အသုံးပြုသွားမယ်လို့ပြောခဲ့ပါတယ်။
ပုံ - ဂရာဗန်ဘာ့ချ် ကို တွေ့ရစဉ်
ကန်နှင့် ကုန်သွယ်ရေးစစ်ပွဲကို အဆုံးထိ တိုက်ခိုက်မည်ဟု တရုတ် ပြော
ဘေကျင်း၊ အောက်တိုဘာ ၁၅
အမေရိကန်နှင့် ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲကို အဆုံးထိ တိုက်ခိုက်သွားမည်ဟု တရုတ်က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ( Donald Trump) က တရုတ်နိုင်ငံအပေါ် နောက်ထပ် ကုန်သွယ်ခွန် ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ဟု ပြောကြားခဲ့ပြီးနောက် တရုတ်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
တရုတ်သည် ပြီးခဲ့သည့် သီတင်းပတ်က မြေရှားသတ္တုများ တင်ပို့ရောင်းချမှုအား တားမြစ်ကန့်သတ်သော အစီအစဉ်များ ကြေညာခဲ့မှုကို အမေရိကန်က တုံ့ပြန်သည့် အနေဖြင့် ထရမ့်က ကုန်သွယ်ခွန်များ တိုးမြှင့်မည့် အကြောင်းကို ကြေညာခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အမေရိကန်သည် နိုဝင်ဘာ ၁ ရက်မှစပြီး အရေးကြီးသည့် ဆော့ဖ်ဝဲများ တင်ပို့ရောင်းချမှုကို ထိန်းချုပ်မှု များ ပြုလုပ်သွားမည်ဟု ထရမ့်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် ယခုနှစ်ကုန်ပိုင်း၌ ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် ( Xi Jinping ) တို့ တွေ့ဆုံဖွယ်ရှိ သည့် အစည်းအဝေး မတိုင်မီ နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။
“ကုန်သွယ်ခွန် စစ်ပွဲတွေ၊ ကုန်သွယ်ရေး စစ်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်ကတော့ မပြောင်းလဲ ပါဘူး။ ခင်ဗျားတို့က တိုက်ခိုက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကျနော်တို့ကလည်း အဆုံးထိ တိုက်ခိုက်သွားမှာပါ။ ခင်ဗျား တို့ဘက်က ဆွေးနွေးညှိနှိုင်း ချင်တယ်ဆိုရင်တော့ ကျနော်တို့ကလည်း ဆွေးနွေးဖို့ တံခါးကို ဖွင့်ထားပါတယ်”ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် တားမြစ်ကန့်သတ်သည့် အစီအစဉ်များနှင့် ခြိမ်းခြောက် နေမည်ဆိုပါက ဆွေးနွေးညှိနှိုင်း နိုင်မည် မဟုတ်ကြောင်း၊ ခြိမ်းခြောက်မှုသည် တရုတ်နှင့် ထိတွေ့ဆက်ဆံသည့် သင့်တော်သော နည်းလမ်း မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၂ ရက်တွင်မူ ထရမ့်က ကုန်သွယ်ခွန် တိုးမြှင့်မှုနှင့်ပတ်သက်ပြီး ၎င်း၏ ခြိမ်းခြောက်သည့် လေသံ ကို လျှော့ချပုံပေါ်ခဲ့ပြီး "အရာအားလုံး အဆင်ပြေသွားမှာပါ၊ အမေရိကန်က တရုတ်ကို ကူညီချင်ပါတယ်" ဆိုသည့် စာသားများကို လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
အောက်တိုဘာ ၁၃ ရက်က အမေရိကန်နှင့် ကုန်သွယ်ရေး အလားအလာတွင် စက်တင်ဘာလအတွက် တရားဝင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ တရုတ်၏ ပြည်ပကုန်စည်ပို့ဆောင်မှုများသည် အပြောင်းအလဲမရှိ ဆက်လက် တည်မြဲနေသည်ကို လေ့လာတွေ့ရှိခဲ့သည်။
လက်ရှိတွင် တရုတ်၏ ပို့ကုန်များသည် အမေရိကန်၌ ၃၀ ရာခိုင်နှုန်း ကုန်သွယ်ခွန် ကောက်ခံမှုနှင့် ရင်ဆိုင်နေရပြီး တရုတ်ကလည်း အမေရိကန်၏ ကုန်စည်များအပေါ် ၁၀ ရာခိုင်နှုန်း ကောက်ခံခဲ့သည်။
Source: CAN
ပုံ - တရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးပွတ်တိုက်မှုကို ပြသထားစဉ်
#သတင်းဟင်းလေးအိုးကြီး
ထိုင်ဝမ်က မူလတန်းကျောင်း ဟောလိုးဝင်းပွဲကြီးမှာ "မိုမိုလု" ဆိုတဲ့ ပါရမီရှင် ကလေးမလေးက "အကောင်းဆုံး ဝတ်စုံဆု" (Best Costume Award) ကို ဆွတ်ခူးသွားပါတယ်။ ဒါပေမဲ့ ဆုရပုံကတော့ နည်းနည်းရက်-စက်တယ်
သူမက ဂျပန်ကာတွန်းကား Spirited Away ထဲက မျက်နှာမဲ့နတ်ဆိုး (No Face) ကို ဝတ်လာတာ
အဝတ်အစားနဲ့ မိတ်ကပ်က ပီပြင်လွန်းလို့ 'ဘုရားရေ' ပဲ! သူ့ကို မြင်လိုက်ရတဲ့ အတန်းဖော်ကလေးတွေက ထိတ်-လန့်ပြီး ငိုကြွေးကုန်ကြတာပေါ့
ဆုပေးတဲ့ ဆရာ/ဆရာမကလည်း ဒီကလေးမလေးရဲ့ ပညာစွမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ "အကောင်းဆုံး ဝတ်စုံဆု" ပေးလိုက်ရတယ်
တကယ်တော့ ဒါဟာ "အတန်းဖော်တွေကို အငိုဆုံးဆု" လို့ ပေးသင့်တာ! မိုမိုလုလေးကတော့ ပွဲပြီးတဲ့အထိ 'No Face' အဖြစ်နဲ့ တစ်ယောက်တည်း ထီးထီးကြီး ဆုတံဆိပ်ကိုင်ပြီး ရပ်နေခဲ့တယ်ဆိုပဲ
အတန်းဖော်တွေက သူ့ဆီကို သတ္တိရှိရှိ ကပ်ရဲတဲ့သူ မရှိလို့ပါပဲ
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၀၇၀ ကျပ်
ဝယ်ဈေး - ၃၉၇၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၄၀ ကျပ်
ဝယ်ဈေး - ၃၀၆၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၂၅ ကျပ်
ဝယ်ဈေး - ၄၆၁၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅ ကျပ်
ဝယ်ဈေး - ၁၂၁.၉၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၆၃ ကျပ်
ဝယ်ဈေး - ၉၃၉ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၁ ကျပ်
ဝယ်ဈေး - ၅၅၇ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၉၃ ကျပ်
ဝယ်ဈေး - ၂၆.၂၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၈၄ ကျပ်
ဝယ်ဈေး - ၄၄.၇၂ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၆ ကျပ်
ဝယ်ဈေး - ၂.၇၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၄၃၀ ကျပ်
ဝယ်ဈေး - ၅၂၉၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၄၈ ကျပ်
ဝယ်ဈေး - ၂၅၈၃ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၉၇ ကျပ်
ဝယ်ဈေး - ၂၈၂၇ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၃ ကျပ်
ဝယ်ဈေး - ၅၁၀ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၀၇ ကျပ်
ဝယ်ဈေး - ၁၀၈၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၈၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၆၂၀၀၀၀ ကျပ်
ဝယ်ဈေး ၈၅၈၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၂၂၀၀၀၀ ကျပ်
ဝယ်ဈေး ၈၁၈၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၄၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၀၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
- အုန်းနို့ခေါက်ဆွဲ ချက်နည်း -
-------------------------------------------
အိမ်မှာ ဝတ်ရည် လုပ်စားဖြစ်တဲ့ နောက်တမျိုးက အုန်းနို့ခေါက်ဆွဲပါ ။ အရမ်းစားကောင်းလို့ ချက်နည်းလေး ပြန်ရှယ်ပါရစေနော် 😊
- အုန်းနို့ ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ -
- ခေါက်ဆွဲဖတ် – ၄၀ ကျပ်သား
- အုန်းနို့နှစ် – ၁၆၀ ဂရမ်
- ကြက်သွန်နီ – ၁၀ လုံး (အလုံးသေးများ အခွံနွှာထားပါ)
- ပဲအစိမ်းမှုန့် – ရ၀ ဂရမ် (ရေ ၂၅၀ မီလီလီတာဖြင့် ပဲမှုန့်များကို ဖျော်ထားပါ)
- ဆား – စားပွဲတင်ဇွန်း တဝက်
- ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- ငံပြာရည် – စားပွဲတင်ဇွန်း ၃ ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲကပ်ကြော် – ၁၀ ခု
- မုန့်ကြွပ်ကြော် – ၁ ထုပ် (ဆီများများဖြင့် ကြော်ပေးပါ)
-လဘဲဥ – ၃ လုံး (ကျက်အောင် ပြုတ်ပြီ စိပ်ပေးထားပါ)
- ငရုတ်သီး အကြမ်းမှုန့် – အနည်းငယ်
- သံပရာသီး – ၃ လုံး (အစိပ်လေးများ စိပ်ထားပါ)
-------------------------------------------
- ကြက်သားဆီသပ်ရန် ပါဝင်ပစ္စည်းများ -
- ကြက်သား (သို့) ကြက်တောင်ပံ – ၇ ခု (အတုံးသေးများ တုံးထားပါ)
- ကြက်သွန်နီ – ၄ လုံး (ဆီသပ်ရန် ထောင်းထားပါ)
- ကြက်သွန်ဖြူ – ၂ မွှာ (ဆီသပ်ရန် ထောင်းထားပါ)
- ဂျင်း – လက်တဆစ် (ဆီသပ်ရန် ထောင်းထားပါ)
- ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
- ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
- ဆား – လက်ဖက်ရည်ဇွန်း တဝက်
-လကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
- ချက်ပြုတ်နည်း -
၁။ အရင်ဆုံး ကြက်သား ဆီသပ်ရန် ဒယ်ထဲ ဆီထည့် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း များကို အညှိရောင်သန်းသည်အထိ ဆီသပ်ပေးပါ။
၂။ ပြီလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ဆီသပ်ပေးပြီ (ကြက်သား၊ ဆား၊ ကြက်သားမှုန့်) တို့ကို ထည့်ကာ ၁မိနစ်ခန့် လုံးချက်ပေးပါ။
၃။ ပြီနောက် ကြက်သား မြုပ်ရုံ ရေ ထည့်ပြီ အဖုံးအုပ်ထားပါ။
၄။ ကြက်သား နူပြီ ဆီပြန်ပြီဆိုလျှင် ဒယ်အိုးကြီးထဲ ကြက်သားများကို ပြောင်းထည့်လိုက်ပါ။
၅။ ထို့နောက် ရေ(၂လီတာ) အိုးထဲသို့ လောင်းထည့်ကာ ဆူအောင် တည်ထားပေးပါ။
၆။ ဆူလာလျှင် ရေဖြင့် ရောဖျော်ထားသော ပဲစိမ်းမှုန့်များကို လောင်းချပေးပြီ သမအောင် မွှေပေးပါ။
ရ။ ထို့နောက် အုန်းနို့နှစ်များကို ထည့်ပြီ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ)၊ ငံပြာရည်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီ ရောမွှေပါ။
၈။ အရသာ မြည်းလို့ အနေတော်ပြီဆိုမှ ကြက်သွန်နီလုံးများကို ထည့်ပြီ ၂မိနစ်ခန့်တည်ပေးပြီ အုန်းနို့ ခေါက်ဆွဲ အရည်အိုးကို မီးပိတ်လိုက်ပါ။
Photo Crd