16 w - Translate

ထိုင်းမှာ ကိုဗစ်မျိုးကွဲသစ် တွေ့ရှိ
ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ကိုဗစ်-၁၉ မျိုးကွဲသစ် အိတ်စ်အက်ဖ်ဂျီ (XFG) ကူးစက်လူနာ ၃၃ ဦး တွေ့ရှိထားပြီးဖြစ်ကာ အများစုကို ဘန်ကောက်တွင် တွေ့ရှိခဲ့ခြင်းဟု ဆေးသိပ္ပံဌာနက သတင်းထုတ်ပြန်ခဲ့သည်။
စထရာတပ်စ် (Stratus) ဟုလည်း သိကြသော အိတ်စ်အက်ဖ်ဂျီ သည် ကမ္ဘာတစ်ဝန်းအဖြစ်များဆုံး မျိုးကွဲဖြစ်လာကာ ရောဂါဖြစ်ပွားမှုအရမြများလာလျက်ရှိသည်ဟု ဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါမျိုးကွဲသည် အခြားမျိုးကွဲဗိုင်းရပ်များလောက် ရောဂါလက္ခဏာတွင် ပြင်းထန်ခြင်းမရှိပေ။
ထိုင်းနိုင်ငံတွင် ပထမဆုံး အိတ်စ်အက်ဖ်ဂျီ ကူးစက်လူနာကို ဧပြီလတွင် တွေ့ရှိခဲ့ပြီး စက်တင်ဘာ ၂၄ ရက်အထိ ယင်းပိုးတွေ့လူနာ ၃၃ ဦးရှိခဲ့ပြီဖြစ်ကာ ဘန်ကောက်တွင် ၂၃ ဦးရှိခဲ့ကြောင်း ဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ယန်းယွတ် ထာမာဗူဒီက ပြောကြားခဲ့သည်။
“ကူးစက်လူနာအများစုက ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတာနဲ့ ခေါင်းကိုက်တာမျိုးလို အပျော့စားလက္ခဏာတွေပဲ ပြပါတယ်။ ဘယ်သူမှ ဆေးရုံတက်ရတာ မရှိပါဘူး” ဟု ၎င်းက ပြောဆိုသည်။
ဌာနသည် ဧပြီလ ၁ ရက် နေ့မှ စက်တင်ဘာလ ၂၄ ရက် နေ့အတွင်း ကိုဗစ်-၁၉ ပိုးကူးစက်သူ ၆၀၈ ဦးကို ပြန်လည် သုံးသပ်ခဲ့ပြီး ယင်းကာလအတွင်း အိတ်စ်အက်ဖ်ဂျီ မျိုးကွဲကူးစက်မှုသည် ကိုဗစ်မျိုးကွဲကူးစက်မှုအားလုံး၏ ၅ ဒဿမ ၄ ရာခိုင်နှုန်းသာ တွေ့ရှိရသည်ဟု ဒေါက်တာ ယန်းယွတ်က ပြောဆိုခဲ့သည်။
အိတ်စ်အက်ဖ်ဂျီသည် ပြင်းထန်သော ရောဂါလက္ခဏာများ မဖြစ်ပေါ်သော်လည်း လက်ကို မကြာခဏဆေးကြောခြင်း၊ လူစုလူဝေးနေရာများကို မသွားရောက်ခြင်းဖြင့် မိမိကိုယ်ကို အမြဲကာကွယ်သင့်ကြောင်း ၎င်းက အကြံပြုခဲ့သည်။
ဖျားနာခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှုရခက်ခဲခြင်း အပါအဝင် ပုံမှန်မဟုတ်သော ရောဂါလက္ခဏာများတွေ့ရှိပါက ဆရာဝန်ထံပြသကာ လိုအပ်သော ကုသမှုခံယူသင့်ကြောင်းလည်း ၎င်းက တို-က်တွန်းခဲ့သည်။
ထိုင်းနိုင်ငံတွင် ယခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅၈၉,၃၅၂ ဦးနှင့် ‌ေ-သဆုံးသူ ၂၃၉ ဦး ရှိခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဌာနက အစောပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

image
16 w - Translate

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးပြည်နယ်ကမ်းလွန်မှာ ပြင်းအား ၆.၉ မဂ္ဂနီကျူရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ လောက်ကတည်းက အင်အားပြင်း လှုပ်ခါတာမရှိတဲ့ ပြတ်ရွေ့ကြောင့်ဖြစ်နိုင်တယ်လို့ ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်လေ့လာရေးဌာန အရာရှိက ပြောပါတယ်။

ချင်ပန်ဇီတွေအကြောင်း ကျွမ်းကျင်တဲ့ ကမ္ဘာ့ထိပ်တန်းပညာရှင် ဂျိန် ဂိုဒေါလ်ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ အောက်တိုဘာ ၁ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။ သူ သေဆုံးချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။
သူ တည်ထောင်ထားတဲ့ The Jane Goodall Institute က "အောက်တိုဘာ ၁ ရက်နေ့ မနက်ခင်းမှာ Jane Goodall Institue ရဲ့တည်ထောင်သူ၊ UN Messenger of Peace ဒေါက်တာ ဂျိန်း ဂိုဒေါလ်က သဘာဝအကြောင်းတရားကြောင့် ကွယ်လွန်သွားခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။ ဂျိန်းက ဟောပြောရေးခရီးစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိနေခဲ့တာပါ" လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဂျိန်းက ချင်ပန်ဇီတွေဟာ ပရိုင်းမိတ်လေ့လာတဲ့နယ်ပယ်ကို လုံးဝပြောင်းလဲသွားစေမယ့် ကိရိယာတွေကို ပြုလုပ်နိုင်၊ အသုံးပြုနိုင်တယ်ဆိုတာကို ၁၉၆၀ ခုနှစ်မှာ လေ့လာတွေ့ရှိခဲ့တာပါ။ လန်ဒန်မှာ မွေးဖွားခဲ့တဲ့ သူက ၁၉၅၇ ခုနှစ်မှာ ကင်ညာကို သွားခဲ့ပြီး မနုဿဗေဒပညာရှင် Louis S.B Leakey နဲ့ စပြီး အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ တောရိုင်းချင်ပန်ဇီတွေရဲ့ကမ္ဘာကို စူးစမ်းလေ့လာဖို့ ပထမဆုံးအကြိမ် တန်ဇန်းနီးယားကို သွားလည်တော့ သူ့အသက်က ၂၆ နှစ်ပါ။ ၁၉၆၀ ခုနှစ်မှာ တန်ဇန်းနီးယားမှာ တိရစ္ဆာန်တွေအကြောင်းလေ့လာခဲ့ပါတယ်။ ဒါက သူ့ကို သိပ္ပံဂျာနယ်တွေထုတ်ဝေဖို့ ဖြစ်စေခဲ့ပါတယ်။
သူက ၁၉၇၇ ခုနှစ်မှာ မျောက်ဝံကြီးတွေကို သုတေသနပြုရာမှာ အထောက်အပံ့ပေးဖို့ Jane Goodall Institute ကို တည်ထောင်ခဲ့တာပါ။ နောက်ပိုင်းမှာ အခြားပရောဂျက်များစွာထဲကမှ လူငယ်အစီအစဉ်တစ်ခုဖြစ်တဲ့ Roots and Shoots ကို လုပ်ဖြစ်ခဲ့ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ တိရစ္ဆာန်အမူအကျင့်တွေအကြောင်း ကမ္ဘာ့တစ်ဝှမ်းမှာ ဟောပြောဖြစ်ခဲ့ပါတယ်။ သူ မသေဆုံးခင် အောက်တိုဘာ ၃ ရက်နေ့ကျ လော့စ်အိန်ဂျလိစ်မှာ ဟောပြောဖို့ စီစဉ်ထားခဲ့တာပါ။
ဂျိန်းရဲ့ပရောဂျက်လက်ရာတွေက မှတ်တမ်းရုပ်ရှင် ၄၀ ကျော်ကိုရိုက်ကူးစေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ မှတ်တမ်းရုပ်ရှင် Jane မှာ သူ့ရဲ့အကြောင်းကို အသေးစိတ်ဖော်ပြခဲ့ပါတယ်။ အဲ့ဒီမှတ်တမ်းရုပ်ရှင်က Primetime Emmys ဆု ၁ ဆုနဲ့ အခြားဆုများစွာရရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ရဲ့ “Jane Goodall: Reasons for Hope”မှတ်တမ်းရုပ်ရှင်မှာလည်း ဂျိန်းရဲ့သက်ရှိတွေနေထိုင်ရာပြန်လည်ထူထောင်ရေးပရောဂျက်တွေကို ပြသထားပါတယ်။

image

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၅)
----------------------------------------------------------
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
==========================================
(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
===========================
(၁) ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင် ဘက် ရေမိုင် ၄၃၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ တောင်-အနောက် တောင်ဘက် ရေမိုင် ၁၀၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့ (Gopalpur)၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၈၀ မိုင်ခန့်နှင့် ပါရာဒစ်ပ်မြို့ (Paradip)၏ တောင်-အနောက် တောင်ဘက် ရေမိုင် ၁၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။
(ခ) အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
=========================================
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၇.၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၅.၈ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက် ၂၄ နာရီအတွင်းခန့်မှန်းချက်
=======================
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး ယနေ့ညပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်‌နှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော အင်ဒရာပရာဒေ့ရှ်ကမ်းခြေတို့ကို ဂိုလ်ပါပူမြို့နှင့် ပါရာဒစ်ပ်မြို့တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
===============
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက် ၂၄ နာရီ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
=======
သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါ ဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်း ရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများနှင့် ဆည်မြောင်း တာတမံများအနေဖြင့်လည်း လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန် သတိပေးနှိုးဆော် အပ်ပါသည်။

imageimage

ကြက်မောက်မျိုးသန့် အဖူးကိုင်းပြင်ဆင်ပုံ
၁။ မိမိကြိုက်နှစ်သက်သည့် ကြက်မောက်မျိုးသန့် (သုံးလက်မချိုး၊ ခွံစိမ်းမျိုး၊ နတ်စိမ်းမျိုး၊ ကော့သောင်းမျိုး) ပင်၏ တစ်နှစ်သားသက်တမ်းရှိ အဖူးကိုင်းကို ဖြတ်ယူပါ။
၂။ အဖူးကိုင်းရှိ အဖူးကိုခွဲ၍ ကန့်လန့်ဖြတ်ဓါးချက် ပေးပြီးဆွဲပေးပါ။
၃။ အဖူးစနားတွင် လက်မကို ထောက်၍ ဘေးသို့ဖျစ်၍ တွန်းလိုက်လျှင် အခေါက်ကွာသွားမည်။ ဘေးသို့ ဖျစ်၍ တွန်းခွာခြင်းဖြင့် အဖူးစအောက်ရှိ အသားစထွက်သွားစေပါသည်။
၄။ မျိုးသန့် ကြက်မောက်အဖူးများကို ခွာယူရာတွင် အောက်ခံပင်အား အဖူးထည့်ရန် နေရာပြင်ပြီးမှသာ ဆောင်ရွက်ပါ။
၅။ အောက်ခံပင် အခေါက်ခွာချိန် နှင့် အဖူးခွာယူချိန် ကြာမြင့်ပါက အောင်မြင်မှု ရာခိုင်နှုန်း နည်းပါးသွားမည်။
၆။ အချိန်တိုတောင်းစွာဖြင့် လျှင်မြန်စွာ အခေါက်ခွာ အဖူးသွင်းနိုင်လျှင် အောင်မြင်မှု ရာခိုင်နှုန်း ၈၀% အထက် ရရှိနိုင်ပါသည်။
၇။ မျိုးသန့် အဖူးသွင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကျွမ်းကျင်လုပ်သား တစ်ဦးတည်းထက် ၂ ဦးပေါင်း၍ တစ်ဦးက အောက်ခံပင်အခေါက်ကိုခွာကာ ကျန်တစ်ဦးက အဖူးကိုခွာ တစ်ပြိုင်တည်းပြီးက အဖူးကပ်ပေးနိုင်ခြင်းဖြင့် အောင်မြင်မှု% အမြင့်ဆုံး ရရှိစေပါသည်။
၈။ အောက်ခံပင်တွင် မျိုးသန့်အဖူးသွင်းပေးပြီးပါက ပလတ်စတစ်အကြည်စဖြင့် ရစ်ပတ်ဖုံးအုပ်ပေးပါ။
၉။ အဖူးသွင်းပြီး အောက်ခံပင်များကို ရေဝအောင် လောင်းပေးပါ။
(အပင်ခြေ ပျိုးအိတ်ကိုသာ ရေလောင်းပါ)
၁၀။ အဖူးသွင်းပြီး၍ သုံးပတ် ၂၁ ရက်အကြာတွင် အဖူးအောင် မအောင် စစ်ဆေးပါ။
၁၁။ အဖူးအောင် မအောင်စစ်ဆေးပုံမှာ မိမိသွင်းထားသည့်မျိုးသန့် အဖူးနေရာတွင် ပတ်ထားသည် ပလတ်စတစ်စများ ခွာထုတ်ပြီး အဖူးသွင်း ဓါးထိပ်ဖြင့် အဖူးစနားနေရာတွင် ခြစ်ထည့်၍ စိမ်းနေပါက အဖူးအောင်ပြီး ဖြစ်သည်။
၁၂။ မျိုးသန့် အဖူးအောင်မြင်နေကြောင်းတွေ့ရှိရပါက အဖူးအပေါ်မှ ၂ လက်မခန့်ချန်၍ အပင်ပေါ်ပိုင်းကို ဖြတ်ပြစ်ပါ။
၁၃။ မျိုးသန့် အဖူးအောင်မြင်ပြီး၍ အပင်ဖြတ်ထားသည့် ပျိုးအိတ်များကို ရေဝအောင်လောင်းပေးပြီးအေးမြသည့် အရိပ်အောက်နေရာတွင် ထားပါ။
၁၄။ မျိုးသန့်ကြက်မောက် အဖူးသွင်းအောင်ပင်မှ ၂ ပတ်ခန့်အကြာတွင် အဖူးစတင် ထွက်လာပါသည်။
၁၅။ မျိုးသန့်ကြက်မောက် အောင်မြင်သည့် အဖူးသည် ၁ လခန့်အကြာတွင် သိသာထင်ရှားစွာ ရှည်ထွက်လာပါသည်။
၁၆။ မျိုးသန့် ကြက်မောက် အောင်မြင်သည့် အဖူးသည် ၂ လသားအရွယ်တွင် အရွက်များဝေဆာစွာထွက်လာပါသည်။
၁၇။ မျိုးသန့် ကြက်မောက်အောင်မြင်သည့် အဖူး ၃ လသား အရွယ်တွင် အရွက်နုများအပြင် ကိုင်းနုများလည်း ဝေဆာစွာထွက်ရှိလာပါသည်။
၁၈။ ၎င်း ၃ လသားအရွယ်ရှိ အဖူးသွင်းပျိုးပင်များ ပိုးမွှားကိုက်ဖြတ်မှု မရှိစေရန် မြန်မာဆိုက်ပါပိုးသတ်ဆေးကို ရေတစ်ဂါလံ တစ်ဇွန်းနှုန်း ဖျော်စပ်၍ ဖျန်းပေးပါ။
၁၉။ မျိုးသန့် ကြက်မောက် အဖူးသွင်းအောင်ပင် ၃ လသားအရွယ်မှ စတင်၍ ပလတ်စတစ်အိတ်မဲ အိတ်ကြီး သို့ ပြောင်းရွှေ့စိုက်ပျိုးပါ။
၂၀။ ၁၈ လက်မအရွယ် ပလတ်စတစ်အိတ်မဲကြီးထဲတွင် ကြက်ချေး ၂ ဆ၊ စက်ဖွဲပြာ ၁ ဆ၊ မြေဆွေး၊ သို့ မြေကျက် ၁ ဆ ရောစပ်မြေစာထည့်ပြီး ပြောင်းရွှေ့စိုက်ပျိုးပါ။
၂၁။ မျိုးသန့်ကြက်မောက်အဖူးသွင်းပျိုးပင်သက်တမ်း ၁ နှစ်သားသည် စိုက်ခင်းရွှေ့ပြောင်းစိုက်ပျိုးရန် အရွယ်ရောက်ပြီး ဖြစ်ပါသည်။

image