တရုတ်နိုင်ငံသို့ အစားအစာတင်ပို့ရာတွင် လိုအပ်သည့် GACC မှတ်ပုံတင်အချိန်မီ သက်တမ်းတိုးရန် မြန်မာနိုင်ငံကော်ဖီအသင်း အသိပေးထုတ်ပြန်

တရုတ်နိုင်ငံသို့ အစားအစာတင်ပို့ရာတွင် လိုအပ်သည့် GACC မှတ်ပုံတင်ခွင့်စီမံခန့်ခွဲရေး သတ်မှတ်ချ က်များ ပြဋ္ဌာန်းချက်များအရ GACC မှတ်ပုံတင်ခွင့်ကို အချိန်မီသက်တမ်းတိုးရန် မြန်မာနိုင်ငံကော်ဖီအသင်း(Myanmar Coffee Association) ကအသိပေးတိုက်တွန်း ထုတ်ပြန်ထားသည်။
သက်တမ်း တိုးရန်အတွက်ခွင့်ပြုချက်သက်တမ်း မကုန်ဆုံးမီသုံးလမှ ခြောက်လအထိ ကြိုတင်သက်တမ်းတိုးမြှင့်ရေး တင်ပြလျှောက်ထားရမည်ဖြစ်ပြီး GACC မှတ်ပုံတင်သက်တမ်းကုန်လွန်နေသည့် မြန်မာနိုင်ငံမှ ကုမ္ပဏီများ အနေဖြင့်သက်တမ်းတိုးမြှင့်လိုခြင်း ရှိ၊ မရှိကိုထောက်ခံတင်ပြပေးနိုင်ရေး ဆောင်ရွက်ပေးရန် သီးနှံကာကွယ်ရေးဦးစီးဌာနက အကြောင်းကြားလာကြောင်းသိရသည်။
MCA အသင်းဝင်ကုမ္ပဏီများမှGACC မှတ်ပုံတင် သက်တမ်းတိုးမြှင့်လိုပါက အသင်းရုံး ဖုန်း - ၀၉- ၄၂၀၀၂၀ ၈၆၉ သို့ ဒီဇင်ဘာ ၇ ရက်နောက်ဆုံးထား ဆက်သွယ်ပေးရန်အသိပေးထားသည်။

image