10 w - Translate

ထိုင်းမှာ လည်ပတ်သင့်တဲ့ နာမည်ကြီး လမ်းဘေးဈေး (၅) ခု
ထိုင်းနိုင်ငံရဲ့ တကယ့်အနှစ်သာရကို ခံစားချင်တယ်ဆိုရင် ဈေးဝယ်စင်တာကြီးတွေကိုမေ့ပြီး လမ်းဘေးဈေးတွေကို လည်ပတ်သင့်ပါတယ်။ ဘန်ကောက်မှာသာမက ထိုင်းတစ်နိုင်ငံလုံးမှာ လမ်းဘေးဈေးများစွာ ရှိပြီး ထိုင်းနိုင်ငံရဲ့ တကယ့်ဘဝဟာ လမ်းဘေးဈေးတွေမှာ အသက်ဝင်နေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အထင်ရှားဆုံး လမ်းဘေးဈေး (၅) ခုကို အောက်မှာ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
၁။ Chatuchak Weekend Market (ဘန်ကောက်)
JJ Market လို့လည်း လူသိများတဲ့ ဒီဈေးကတော့ တော်တော်ကြီးကို ကျယ်ဝန်းပါတယ်။ ၂၇ ဧကကျယ်ပြီး ဆိုင်ခန်းပေါင်း ၁၅,၀၀၀ ကျော် ရှိပါတယ်။ အဲဒီမှာ ဖက်ရှင်အဝတ်အစားတွေကနေ ရှေးဟောင်းပစ္စည်းတွေ၊ လမ်းဘေးအစားအစာတွေအထိ အရာအားလုံးကို တစ်နေရာတည်းမှာ ရနိုင်ပါတယ်။ BTS Skytrain နဲ့သွားမယ်ဆိုရင် Mo Chit ဘူတာမှာ ဆင်းရမှာဖြစ်ပြီး MRT နဲ့ဆိုရင်တော့ Chatuchak Park ဘူတာမှာ ဆင်းရမှာပါ။ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်ပါတယ်။
၂။ Asiatique The Riverfront (ဘန်ကောက်)
ကျောက်ဖရား မြစ်ကမ်းဘေးမှာရှိတဲ့ ဒီညဈေးကတော့ ခေတ်မီတဲ့ အပြင်အဆင်နဲ့ ညဈေးရဲ့ ပုံစံကို ပေါင်းစပ်ထားပါတယ်။ ဂိုဒေါင်ဟောင်းတွေကို အသွင်ပြောင်းထားပြီး ဆိုင်ခန်းလေးတွေ၊ နိုင်ငံတကာ စားသောက်ဆိုင်တွေနဲ့ ဖျော်ဖြေရေးပွဲတွေလည်း ရှိပါတယ်။ အဲဒီမှာ နာမည်ကြီး ချားရဟတ်ကြီးကို စီးပြီး ဘန်ကောက်မြို့ရဲ့ညအလှကို ကြည့်နိုင်သလို၊ မွေထိုင်းပွဲတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ BTS Skytrain နဲ့ Saphan Taksin ဘူတာကို သွားပြီး အဲဒီကနေတစ်ဆင့် အခမဲ့ ပြေးဆွဲပေးတဲ့ လှေနဲ့ သွားနိုင်ပါတယ်။ ညနေ ၅ နာရီကနေ ညသန်းခေါင်အထိ နေ့စဉ်ဖွင့်ပါတယ်။
၃။ Yaowarat Road Night Market (ဘန်ကောက်)
ဘန်ကောက်မြို့ရဲ့ တရုတ်တန်းဖြစ်တဲ့ Yaowarat ဟာ နေဝင်သွားတာနဲ့ ကမ္ဘာကျော် လမ်းဘေးအစားအစာ နေရာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ နီယွန်ဆိုင်းဘုတ်တွေ၊ ဒယ်အိုးသံတွေနဲ့ ပင်လယ်စာကင်တွေရဲ့ရနံ့တွေက ဒီနေရာရဲ့ အမှတ်အသားပါပဲ။ အစားအသောက် ကြိုက်တဲ့သူတွေအတွက်တော့ တကယ့်ကို မမေ့နိုင်မယ့် အတွေ့အကြုံတစ်ခု ဖြစ်မှာပါ။ MRT မြေအောက်ရထားနဲ့ Wat Mangkon ဘူတာမှာ ဆင်းလိုက်တာနဲ့ ဈေးကို တန်းရောက်ပါတယ်။ များသောအားဖြင့် အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ ညနေ ၆ နာရီကနေ ညဉ့်နက်တဲ့အထိ ဖွင့်ပြီး တနင်္လာနေ့မှာတော့ ဆိုင်တော်တော်များများ ပိတ်ပါတယ်။
၄။ Sunday Walking Street (ချင်းမိုင်)
ချင်းမိုင်ကို တနင်္ဂနွေနေ့မှာ ရောက်နေတယ်ဆိုရင် Ratchadamnoen လမ်းမကြီးပေါ်မှာ ကျင်းပတဲ့ ဒီလမ်းဘေးဈေးကြီးကို သွားသင့်ပါတယ်။ ဘန်ကောက်က ဈေးတွေလို အလောတကြီး မဟုတ်ဘဲ အေးအေးဆေးဆေးနဲ့ ဖန်တီးမှုအငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုပါ။ လက်ဖြစ်ငွေထည်တွေ၊ လက်ဆိုးပိတ်စတွေ၊ ပန်းချီကားတွေလို လက်မှုပစ္စည်းမျိုးစုံကို တွေ့နိုင်ပါတယ်။ ဂီတဖျော်ဖြေပွဲတွေနဲ့ ရိုးရာအကတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ တနင်္ဂနွေနေ့ တစ်ရက်တည်းမှာပဲ ညနေ ၄ နာရီကနေ ညသန်းခေါင်အထိ ဖွင့်ပါတယ်။
၅။ Cicada Market (ဟွာဟင်း)
ဟွာဟင်းမှာရှိတဲ့ Cicada Market ကတော့ သာမန်ဈေးတစ်ခုထက် အနုပညာနဲ့ အစားအသောက် ပွဲတော်တစ်ခုနဲ့ ပိုတူပါတယ်။ ဒီဈေးကို အပိုင်းလေးပိုင်း ခွဲထားပါတယ်၊ အဲဒါတွေကတော့ အနုပညာနဲ့ လက်မှုပစ္စည်းတွေရောင်းတဲ့နေရာ၊ ဖျော်ဖြေပွဲတွေလုပ်တဲ့နေရာ၊ အစားအသောက်တန်းတွေနဲ့ အနားယူအပန်းဖြေနိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ သစ်ပင်တွေနဲ့ မီးရောင်တွေကြားမှာရှိတဲ့ ဒီဈေးရဲ့ ပုံစံက မှော်ဆန်တဲ့ ခံစားချက်ကို ပေးပြီး ညနေခင်း အချိန်ဖြုန်းဖို့အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ သောကြာနေ့ ကနေ တနင်္ဂနွေနေ့အထိ ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။
Credit..#

image

အင်္ဂလန်နှင့် လီဗာပူးတိုက်စစ်မှူးဟောင်းဟတ်စကီးရဲ့ သား ၂ ဦး မန်စီးတီးအတွက် ပထမဆုံးပွဲ ကစားခွင့် ရရှိလာကြ

စက်တင်ဘာ ၂၅

မနေ့ညတုန်းက ဟက်ဒါဖီးလ်သို့ ရောက်လာကြတဲ့ မန်စီးတီးပရိသတ်များဟာ ထုံးစံအတိုင်း ကစားသမားဟောင်းရဲ့ သီချင်းကို သီဆိုတဲ့အနေဖြင့် ယာယာနှင့် ကိုလိုတိုရေး ညီနောင်နှစ်ဦးတို့ရဲ့ သီချင်းကို သီဆိုခဲ့ကြပါတယ်။ မန်စီးတီးပရိသတ်များဟာ ယော့ခ်ရှိုင်းယားမှာ နောင်ထပ် ညီနောင်နှစ်ဦးကို မြင်တွေ့ကြရလိမ့်မယ်လို့ လုံးဝ ထင်မှတ်မထားခဲ့ကြပါဘူး။

ဒါပေမဲ့ ဂွါဒီယိုလာဟာ လိဂ် ၁ ကလပ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရချိန်မှာတော့ အရန်ခုံသို့ ‌လှည့်ပြီး တိုက်စစ်သမား ညီနောင်နှစ်ဦးဖြစ်တဲ့ ရီဂန်နှင့် ဂျာဒန်ဟက်စကီးညီနောင်တို့ကို လူစားဝင်ရောက်ကစားဖို့ ပြောကြားလာပါတယ်။

ဒီညီနောင်နှစ်ဦးက အင်္ဂလန်နှင့် လီဗာပူးတိုက်စစ်မှူးဟောင်းအီမီလီဟတ်စကီးရဲ့ သား ဖြစ်ပါတယ်။

သူတို့ဟာ အရန်ခုံမှာ မန်စီးတီးနည်းပြအဖွဲ့ဝင် ယာယာတိုရေးက ဘယ်လို ကစားရမယ်ဆိုတာ ညွှန်ကြားမှု ရရှိခဲ့ပြီးနောက်မှာတော့ လူစားဝင်ရောက် ကစားခဲ့ကြပါတော့တယ်။

မန်စီးတီးပရိသတ်များဟာ ညီနောင်နှစ်ဦး မန်စီးတီးအတွက် ပထမဆုံးပွဲ ကစားတာကို မျက်ဝါးထင်ထင် မြင်တွေ့လာကြရပါတယ်။

ဂွါဒီယိုလာက "ဒီကနေ့ အကယ်ဒမီက ကစားသမား ၆ ဦး ပွဲထွက်လူစာရင်းမှာ ပါဝင်တယ်။ ဟက်စကီးညီနောင်တို့ နှစ်ဦးက အရန်အဖြစ် ဝင်ကစားတယ်။ သူတို့အဖေနဲ့အမေတို့ သူတို့လေးတွေအတွက် အရမ်းဂုဏ်ယူနေကြမှာပါ။ အရမ်းမိုက်တယ်"လို့ ပြောကြားသွားပါတယ်။

အသက် ၁၇ နှစ် အရွယ်ရှိ ညီဖြစ်သူ ရီဂန်ုကိ မန်စီးတီးဝက်ဘ်ဆိုက်မှာ "tricky, clinical winger"လို့ ဖော်ကျူးထားပြီး ၂ နှစ်ကြီးတဲ့ အစ်ကိုဖြစ်သူ ဂျာဒန်ကိုလည်း "mature, hard-working" box-to-box midfielder လို့ ဖော်ကျူးထားပါတယ်။

၎င်းတို့ ညီနောင်နှစ်ဦးဟာ မန်စီးတီးအကယ်ဒမီသို့ ၈ နှစ်သား အရွယ်ကတည်းက ရောက်လာပြီးတဲ့နောက် အကယ်ဒမီပွဲတွေမှာ ပုံမှန်မြင်နေရတဲ့သူတွေ ဖြစ်ပါတယ်။

ဂျာဒန်က မန်စီးတီးယူ-၂၁ အသင်းခေါင်းဆောင်ဖြစ်အဖြစ် ၂၀၂၄ ခုနှစ်တုန်းက လိဒ်ကို ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ FA Youth Cup ဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့သူပါ။

သူတို့ ညီနောင်နှစ်ဦးက ကစားတဲ့ နေရာကွဲပြားပေမဲ့လည်း အရည်အချင်း အတူတူပဲလို့ ဖခင်ဖြစ်သူ ဟက်စကီးက ဆိုထားပါတယ်။

ဟတ်စကီးက "အငယ်ကောင်က အရမ်းမြန်တယ်။ အကြီးကောင်က ကျွန်တော့်လိုပဲ လူကောင်ကြီးတယ်။ သူတို့နှစ်ဦးလုံး အရည်အချင်းအတူတူပါ"လို့ ဆိုသွားပါတယ်။

ဟက်ဒါဖီးလ်နှင့်ပွဲမှာ ဂျာဒန်ဟာ ပွဲပြီးဖို့ ၁၄ မိနစ်အလိုမှာ အကယ်ဒမီကစားဖော် နီကိုအိုရိုင်လီအစား လူစားဝင်ရောက်ကစားခဲ့ပါတယ်။ နောက်မိနစ်အနည်းငယ်အကြာမှာ ရီဂန်က ဆာဗင်ဟိုအစား လူစားဝင်ကစားခဲ့ပါတယ်။

ဒီညီနောင်နှစ်ဦးဟာ အကောင်းဆုံး တိုးတက်နေမှုနှင့်အတူ အင်္ဂလန်တလွှား ကလပ်အများအပြားရဲ့ စိတ်ဝင်စားခြင်းခံနေရသူလည်း ဖြစ်ပါတယ်။

သူတို့ရဲ့ ဖခင်ဟတ်စကီးက လက်စတာအကယ်ဒမီသို့ အသက် ၉ နှစ် အရွယ်မှာ ရောက်လာပြီးတဲ့နောက် ၁၉၉၅ ခုနှစ်တုန်းက အသက် ၁၇ နှစ်အရွယ် ကျူပီအာနှင့်ပွဲမှာ ပထမဆုံးပရီးမီးယားလိဂ်ပွဲ ကစားခွင့်ရခဲ့ပါတယ်။

နောက်တစ်ရာသီမှာ လက်စတာသို့ တန်းဆင်းသွားရချိန်မှာတော့ ဟက်စကီးဟာ ပုံမှန်ကစားခွင့် ရလာခဲ့ပြီး ၃၅ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

သူဟာ လက်စတာကို ပရီးမီးယားလိဂ်သို့ တန်းပြန်တက်အောင် ကူညီပေးခဲ့ကာ နည်းပြမာတင်အိုနေးလ်လက်ထက် ၁၉၉၇ နှင့် ၁၉၉၉ အတွင်း အောင်မြင်တဲ့ရာသီတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

အရပ် ၆ ပေ၊ ၂ လက်မရှိ ဟက်စကီးဟာ လူကောင်းကြီးထွားပြီး ဗဟိုတိုက်စစ်မှူးဖြစ်ပါတယ်။ သူနှင့် အင်္ဂလန်တိုက်စစ်မှူးဟောင်းမိုက်ကယ်အိုဝင်တို့အတွဲက တကယ့်အတွဲကောင်း ဖြစ်ခဲ့ပါတယ်။

သူဟာ ၁၉၉၉ ခုနစ်မှာ အင်္ဂလန်အတွက် ပထမဆုံးပွဲကစားခွင့်ရပြီးတဲ့နောက် ၂၀၀၀ ခုနှစ်မှာ လီဗာပူးသို့ ပေါင် ၁၁ သန်းဖြင့် ပြောင်းခဲ့ပါတယ်။

သူဟာ အန်ဖီးလ်ပထမဆုံးရာသီမှာ ၅၆ ပွဲကစားခဲ့ရာမှာ ၂၂ ဂိုးသွင်းယူပြီး ယူရိုပါလိဂ်ဖလား၊ အက်ဖ်အေဖလား၊ လိဂ်ဖလားတို့ ဆွတ်ခူးခဲ့ပါတယ်။

သူဟာ လီဗာပူးမှာ ၅ ရာသီကြာ ကစားပြီးတဲ့နောက် ဘာမင်ဂမ်သို့ ပြောင်းခဲ့ကာ ၇၈ ပွဲတွင် ၁၆ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

သူဟာ ဝီဂန်၊ ဗီလာတို့မှာ ကစားပြီးတဲ့နောက် ဩစတြေးလျကလပ် နယူးကာဆယ်ဂျက်သို့ ပြောင်းခဲ့ကစားခဲ့ပါတယ်။

သူဟာ ဘော်လ်တန်နှင့်အတူ ချန်ပီယံရှစ်မှာ ကစားရင်း ကစားသမားဘဝ အဆုံးသတ်ခဲ့ပါတယ်။

သူဟာ အင်္ဂလန်အတွက် ၆၂ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသွင်းနိုင်ခဲ့ပြီး ကမ္ဘာ့ဖလား ၂ ကြိမ် ကစားခွင့်ရခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

တရုတ်အတွက် သူလျှိုလုပ်မှု ထိုင်ဝမ်သမ္မတရုံး ဝန်ထမ်းဟောင်းအပါအဝင် လေးယောက်ကို ထောင်ဒဏ်ချ

တိုင်ပေ၊ စက်တင်ဘာ ၂၅

တရုတ်နိုင်ငံအတွက် သူလျှိုလုပ်မှုကြောင့် ထိုင်ဝမ်သမ္မတရုံး ဝန်ထမ်းဟောင်းတယောက်အပါအဝင် လူလေးယောက်ကို ထိုင်ဝမ်တရားရုံးက ထောင်ဒဏ်လေးနှစ်မှ ၁၀ နှစ်အထိ ချမှတ်လိုက်ပါတယ်။

ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ဖောက်ဖျက်ကာ တရုတ်သူလျှိုသံသယရှိသူ သမ္မတရုံးဝန်ထမ်းကို အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) မှ နှင်ထုတ်ခံရပြီးနောက် တလအကြာ ဇွန်လမှာ လူလေးယောက်ကို တရားစွဲဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်ရေးအင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ တရုတ်ဟာ ကျွန်မှာ သူလျှိုစိမ့်ဝင်မှုတွေကို လုပ်ဆောင်နေတယ်လို့ ထိုင်ဝမ်က စွပ်စွဲထားပါတယ်။

ထောင်ဒဏ်ချခံလိုက်ရသူလေးယောက်ဟာ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ကာ နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပေါက်ကြားမှု၊ ခွဲခြားသတ်မှတ်ထားတဲ့ အမျိုးသားလုံခြုံရေး သတင်းအချက်အလက်ကာကွယ်ရေးဥပဒေ ဖောက်ဖျက်ကျူးလွန်ကြောင်း တိုင်ပေခရိုင်တရားရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

“သူတို့က သူလျှိုလုပ်၊ စုဆောင်း၊ ပေါက်ကြားပြီး ပေးပို့တဲ့ အချက်အလက်တွေဟာ အရေးကြီးတဲ့ သံတမန်ရေးဆိုင်ရာ ထောက်လှမ်းမှု ပါ၀င်နေတာကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ခက်ခဲတဲ့ သံတမန်ရေးရာ အခြေအနေတွေကို ပိုဆိုးသွားစေပါတယ်” ဟု တရားရုံးက ဆိုပါတယ်။

ဒါဟာ နိုင်ငံရဲ့ သံတမန်လုံခြုံရေးကို အန္တရာယ်ဖြစ်စေပြီး အလွန်စက်ဆုတ်ဖွယ်ကောင်းတဲ့ ကိစ္စဖြစ်ပြီး နိုင်ငံခြားရေး ၀န်ကြီးကဲ့သို့သော အဆင့်မြင့်အရာရှိတွေရဲ့ ခရီးစဉ်တွေကို မျှဝေခြင်းတွေလည်းလုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ဆယ်နှစ် အပြင်းထန်ဆုံး ပြစ်ဒဏ်မှာ ထိုင်ပေမြို့ ကောင်စီဝင်တယောက်ဆီမှာ ယခင်က အလုပ်လုပ်ခဲ့ဖူးတဲ့ Huang Chu-jung အတွက် ဖြစ်ပါတယ်။ သူဟာ ယခင်က နိုင်ငံခြားရေးဝန်ကြီး Joseph Wu ရဲ့ လက်ထောက် Ho Jen-chieh ထံမှ ရရှိခဲ့တဲ့ လျှို့ဝှက်အချက်အလက်တွေကို ကုဒ်ဝှက်ထားသောဆော့ဖ်ဝဲကိုအသုံးပြုပြီး တရုတ်အေးဂျင့်တွေကို ပေးပို့ခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။

Ho Jen-chieh ကိုတော့ ထောင်ဒဏ် ရှစ်နှစ်နဲ့ နှစ်လ ချမှတ်ခဲ့ပါတယ်။ ကျန်နှစ်ယောက်ကတော့ Chiu Shih-yuan နဲ့ Huang တို့ဖြစ်ပြီး ထောင်ဒဏ် ခြောက်နှစ်နဲ့ နှစ်လ၊ သမ္မတရုံးဝန်ထမ်းဟောင်း Wu Shang-yu တော့ ထောင်ဒဏ်လေးနှစ် ချမှတ်ခံခဲ့ရပါတယ်။

တရုတ်နဲ့ ထိုင်ဝမ်တို့ဟာ အချင်းချင်း ထောက်လှမ်းနေတာ ဆယ်စုနှစ်များစွာကြာနေပြီဖြစ်ပေမယ့် ထိုင်ဝမ်အတွက် ခြိမ်းခြောက်မှုဟာ တရုတ်ကျူးကျော်မှုဖြစ်နိုင်ခြေ ပိုများတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရိုကတော့ ယမန်နှစ်က တရုတ်သူလျှိုလုပ်မှုအတွက် တရားစွဲခံရသူ ၆၄ ယောက်ရှိပြီး ထောင်ဒဏ်အနှစ် ၂၀ အထိ ချမှတ်ခံရနိုင်ကြောင်း ပြောပါတယ်။

Ref:AFP

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

ခရီးသွားဒေသများ၌ ဟိုတယ်ဘိုကင်များ အပြည့်မဖြစ်သေး

စက်တင်ဘာ ၂၅

မြန်မာနိုင်ငံတွင် လက်ရှိ ခရီးသွားရာသီ၌ တစ်နိုင်ငံလုံးအတိုင်းအတာရှိ ဟိုတယ်များတွင် ကြိုတင်ဘိုကင် ယူထားမှုများ မပြည့်သေးကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးနေအောင်ကိုက ပြောသည်။

“ဒီလာမယ့်ပွင့်လင်းရာသီရောက်ရင် ဟိုတယ်နေရာတော်တော်များများက ဟိုတယ်တွေ booking ပြည့်နေတယ်။ အဲဒီတော့ ဘယ်နေရာတွေမှာ သွားလာနေကြလည်းဆိုတော့ ကျနော်တို့သွားလာလို့ရတဲ့ ခရီးစဉ်နယ်မြေ ဒေသတွေကတော့ ပုံမှန်ဆိုရင်ကျနော်တို့ ဘားအံသွားကြမယ်၊ ကျိုက်ထီးရိုးရှိမယ်ဆိုတော့ လာတဲ့ဧည့်သည်တွေ အတွက်ကို အခန်းမလုံလောက်တာတော့ မရှိနိုင်သေးဘူးပေါ့နော်။ ခုနကပြောသလို booking ပြည့်တယ် ဆိုတာကတော့ နေရာတချို့လောက်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နေရာတိုင်းတော့ booking ပြည့်နေတာတော့ မရှိသေးပါဘူး။ လက်တစ်လောမှာတော့ ဒါပေမယ့် အခုကျနော်တို့ ၂၀၂၄မှာလည်းပဲ ကျနော်တို့ပြည်တွင်းခရီးစဥ် ဒေသတွေတော်တော်များများမှာလည်းပဲ ပြည်တွင်းခရီးသွားတွေက အရင်နှစ်ကထက်တော့ အခုနှစ်က ပိုပြီးတော့မှ ခရီးသွားဧည့်သည်တွေပိုများလာတယ်။ ကျနော်တို့ကိန်းဂဏန်းအရ မဟုတ်ပေမယ့်လည်း လက်ရှိဟိုတယ်တွေဖွင့်လှစ်ရောင်းချနေတဲ့ အနေအထားပေါ်မှာ ကြည့်ခြင်းအားဖြင့် လက်ရှိမှာ ဒီပြည်တွင်း ခရီးသွားတွေက တောက်လျှောက်ကျနော်တို့တိုးတက်လာတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပုဂံ၊ ချောင်းသာ၊ ငွေဆောင်တို့၌ ဟိုတယ်အားလုံးနီးပါးဖွင့်လှစ်ထားပြီး ကြိုတင်ဘိုကင် ယူထားသူ များပြားနေကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သွားရောက်လည်ပတ်ခဲ့သော ပြည်တွင်းခရီးသွား များမှာ ၁၀ သန်းကျော် ရှိခဲ့ပြီး ယခုနှစ်တွင် ထိုပမာဏအထိ ပြည်တွင်းခရီးသွားနှုန်း မရှိနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ပြည်တွင်းခရီးသွားများသည် ကမ်းခြေဒေသများတွင် အများဆုံးလာရောက်ကြသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကြည့်ပါက ခရီးသွားလာမှုမှာ ကျဆင်းနေကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “ခရီးသွားတဲ့သူတွေကတော့ ပွင့်လင်းရာသီဆိုရင်တော့ ပိုလာမှာပေါ့နော်။ အခုပြည်တွင်းခရီးသွား ဆိုလို့ ရှိရင်တော့ စက်တင်ဘာလ ထဲကစပြီးတော့ ဖြေးဖြေးချင်းပြန်ပြီးတော့ ဒါပြန်များလာတယ်လို့ ပြောလို့ ရတယ်ပေါ့နော်။ ဒီပြည်တွင်း ခရီးသွားက ဒီကမ်းခြေဒေသထဲကိုပြန်ပြီးများလာတယ်။ အခုကမ်းခြေ ဟိုတယ်တွေလည်း အခု၉လပိုင်းပေါ့နော် ဒီစက်တင်ဘာလထဲကစပြီးတော့ ဧည့်သည်တွေ ဒါတော်တော်များများရရှိကြတယ်ဆိုတာ သိထားရတယ် ပေါ့လေ။ ပုံမှန်ကြည့်ရတာတော့ တစ်နိုင်ငံလုံးအတိုင်းအတာကတော့ မနှစ်ကလောက်ဘဲ အများဆုံးရရှိလိမ့်မယ် လို့ ကျနော်မျှော်မှန်းတယ်ပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကမ်းခြေဒေသတွေမှာတက်နေပေမဲ့လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခရီးသွားလာမှုအပိုင်းမှာကြတော့ နည်းနည်းကျဆင်းနေသေးတာ၊ မလည်ပတ် သေးတာ ကျနော်တို့တွေ့ရတယ်ပေါ့နော်။ ကျနော်တို့ပြည်တွင်းခရီးသွားက ခန့်မှန်းရခက်တယ် ဖြစ်နေတယ်။ အကုန်လုံးကလေ ကိုဗစ်မတိုင်ခင်ကတော့ ခရီးသွားခဲ့တာ ကျနော်တို့ ၁၀သန်းလောက်ရှိတယ်လို့ စစ်တမ်းတွေ အရသိရှိရတယ်ပေါ့နော်။ ဒါပေမယ့် ပြည်တွင်းခရီးသွား ၅သန်းလောက်ထိတော့ သွားလာနေကြတယ်လို့ ဒါကျနော်တို့ဘက်ကအကြမ်းဖျင်း ခန့်မှန်းလို့တော့ရပါတယ်ဗျ ပြည်တွင်းခရီးသွားကိုလေ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်က နိုင်ငံတဝန်း ပြည်တွင်းခရီးသွား ၅ ဒသမ ၈ သန်းသာ ရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာ ပြည်တွင်းခရီးသွား ၁၀ ဒဿမ ၅၁၇ သန်းရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စစ်တမ်းများအရ သိရသည်။

ပြည်တွင်းခရီးသွား အများဆုံးသွားလာကြသည့် ခရီးစဉ်ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုဂံ၊ ပုသိမ်၊ ကလော၊ မော်လမြိုင်၊ ချောင်းသာ၊ ငွေဆောင်၊ ပြင်ဦးလွင်၊ ညောင်ရွှေ၊ ကော့သောင်း၊ တာချီလိတ် စသည့်ဒေသများကို အများဆုံးသွားရောက်လည်ပတ်ကြကြောင်း သိရသည်။

ပုံ -ကမ်းခြေတွင် အပန်းဖြေနေသည့် ခရီးသွားများကိုတွေ့ရစဉ်

Credit - Central News Independence

#centralnewsnaypyitaw

image

❝ကျားဖြန့်ဂိုဏ်းမှ တရုတ်နိုင်ငံသား ၈၅ ဦးနှင့် နိုင်ငံခြားသား ၁၅ ဦးကို UWSA, WSP က တရုတ်ထံအပ်နှံ❞

စက်တင်ဘာ ၂၅

UWSA, WSP က ၎င်းတို့၏ဒေသအတွင်းမှ ဖမ်းဆီးရမိထားသော ကျားဖြန့်ဂိုဏ်းဝင် တရုတ်နိုင်ငံသား ၈၅ ဦးနှင့် နိုင်ငံခြားသား ၁၅ ဦး၊ စုစုပေါင်း ၁၀၀ ဦးတို့ကို ယနေ့ စက်တင်ဘာ ၁၅ ရက်တွင် တရုတ်နယ်စပ်ဂိတ်ဖြစ်သော Menga ဂိတ်မှတဆင့် တရုတ်အစိုးရထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း "ဝ" လူငယ့်အသံက ထုတ်ပြန်ထားသည်။

အဆိုပါ UWSA, WSP အနေဖြင့် ယခု ၂၀၂၅ ခုနှစ်၊ ၉ လအတွင်း ၎င်းတို့ဒေသအတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို (၁၂) ကြိမ်တိုင်အောင် ဖော်ထုတ်ဖမ်းဆီခဲ့ရာ တရုတ်နိုင်ငံသား (၄၃၃)ဦးနှင့် နိုင်ငံခြားသား (၁၅)ဦးတို့ကို ဖမ်းဆီးရရှိခဲ့သည်ဟု ဆိုထားသည်။

ဖမ်းဆီရရှိမှုအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ၂၀ ဦး၊ မတ်လအတွင်းက ၂၀ ဦး၊ ဧပြီလအတွင်း ၁၁၉ ဦး၊ ဇွန်လအတွင်းက ၆ ဦး၊ ဇူလိုင်လအတွင်းက ၁၄၅ ဦး၊ သြဂုတ်လအတွင်းက ၃၈ ဦးနှင့် ယခုစက်တင်ဘာလအတွင်း (၂၅ ရက်အထိ) ၈၅ ဦး၊ စုစုပေါင်း တရုတ်နိုင်ငံသား (၄၃၃)ဦးနှင့် နိုင်ငံခြားသား (၁၅)ဦးတို့ဖြစ်ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage
+4

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် “လူငယ်နှင့် အနာဂတ်မြန်မာ-သိပ္ပံနှင့် နည်းပညာ”အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

စက်တင်ဘာ ၂၅

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မနက်ပိုင်းတွင် မော်စကိုမြို့ရှိ Radission Collection ၌ ကျင်းပသည့် “လူငယ်နှင့် အနာဂတ်မြန်မာ-သိပ္ပံနှင့် နည်းပညာ”ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို ရုရှားနိုင်ငံရှိ တက္ကသိုလ်များ၌ ပညာသင်ကြားနေကြသည့် Ph.D၊ DS.c သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic Week) သို့ တက်ရောက်ရန်အတွက် စက်တင်ဘာ ၂၄ ရက် (ယမန်နေ့)ကတည်းက ရုရှားနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိနေခြင်းဖြစ်သည်။

imageimage
+5

🏵 တချို. ၈နာရီ အိပ်စက်ကြသော်လည်းနိုးလာတဲ့အခါ အိပ်ချင်မူးတူး ဖြစ်နေသေးတယ်။ စိတ်မကြည်လင်၊ မလန်းဆန်းဘူးဖြစ်နေတယ်။ ..................... 🏵 🏵 🏵 🏵
<<ဘာကြောင့်အဲဒီလိုဖြစ် ရတာလည်းဆိုရင် >>♥♥♥♥
စိတ်မှာတင်းကျပ်မှု၊
................
<<<ခန္ဓာကိုယ်တင်းကျပ်မှုတွေနဲ. အိပ်သွားလို့ဖြစ်ပါတယ်။
ဒါကြောင့် >>>♥♥
အားပြန်ပြည့်မှု မဖြစ်နိုင်တော့ဘူး။
သတိမထားပဲ ဆက်သွားလို့ အခန့်မသင့်ခဲ့လျှင် nervous
break down ဖြစ်နိုင်ပါတယ်။
ဆေးပညာ၏လက်တွေ့စမ်းသပ်ချက်။
အမေရိကမှာ ဆေးပညာရှင် တစ်ယောက်၊ ခန္ဓာကိုယ်မှာ electronicsenser တွေ
တပ်ထားပြီ ကွန်ပြူတာနှင့် ဆက်သွယ်ကာ၊ screenမှာ
စောင့်ကြည့် နေခဲ့ပါတယ်။
ခန္ဓာကိုယ်ကို relax လုပ်လိုက် ရင် blood pressure ကျသွားတာ တွေ.ရတယ်။
စိတ်နည်းနည်း ပူတာနဲ
heart beat က တက်လာပြီး၊ စိတ်နည်းနည်းအေးသွားတာနဲ heart beat က လျော့ကြသွားတယ်။
အိပ်ပျော်နေတဲ့အချိန်မှာလည်း အနည်းငယ်သာ လျော့ကြသွားပြီး၊tension တွေရှိနေတာ တွေ.ရတယ်။
၄င်းကို residual tension
လို.ခေါ်တယ်။
" လက်ကျန် တင်းကျပ်မှု " လို.ခေါ်တယ်။
ဘယ်လို အိပ်ကြမလဲ ?
( Enough is enough )
မအိပ်ခင်မှာ အချိန်နည်းနည်း တရားရှုမှတ်ပါ။
( ထိုင်၍ဖြစ်စေ၊လှဲ၍ဖြစ်စေ )
အိပ်မှတ်တဲ့အခါ
ကိုယ့်အသက်ရှုသံကပင် အကျယ်ကြီး
ဖြစ်နေတတ်တယ်။
မှတ်ရင်း၊ မှတ်ရင်း ရှုသံက နူးညံ့လာတယ်။
နောက်ကျရင် အသက်မှ
ရှုရဲ.လားထင်မှတ် ရလောက်အောင် နူးညံ့လာပါတယ်။
စိတ်ဆိုတာက တရားမှတ်နေရင်း အလုပ်ကိစ္စတွေးလိုက်၊ ဟိုတွေးလိုက်၊ သည်တွေးလိုက် ဖြစ်နေတတ်တယ်။
........................................
တစ်နေကုန် တွေးခဲ့
လုပ်ခဲ့ပြီးပြီ။ Enough is enough.
ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားအောင် ကြိုးစားမယ်လို့ဆုံးဖြတ်၍ တရားမှတ်အိပ်လိုက်ပါ။
အကျိုးကျေးဇူများ
အနည်းငယ် တရားရှုမှတ်၍ အိပ်စက်ခြင်းသည်
ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတတ်ပေသည်။
အိမ်မက်ဆိုးများ မမက်ပေ။ သောက အိမ်မက်များမမက်ပေ။
၄ နာရီခန်.အိပ်လိုက်ရလျှင် အားပြန်ပြည့်သွားပေသည်။
တရားရှုမှတ်ရင်းနဲ့
ခန္ဓကိုယ်ရော၊ စိတ်ကိုရော လျှော့ပြီးတော့
ငြိမ်းချမ်းသွားတဲ့အခါမှာ အိပ်ပျော်သွားလို့ရှိရင် လက်ကျန်တင်းကျပ်မှု ( residual tension )က အောက်ဆုံးအထိ
ရောက်သွားတယ်။ ၄င်း tension အကျွင်းအကျန်
မရှိမှသာ
အိပ်တဲ့အခါ ခန္ဓာကိုယ်ရော၊ စိတ်ပါ အားပြန်ပြည့်လာကြတယ်။
#ကျန်းမာရေးဗဟုသုတ
#creditပေးပါတယ်
#foryou
#စာပေ
#aungthuya
️ အိပ်တတ်ကြပါစေ။
🙏အရှင်နန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီး🙏

image