ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရန် မဲရုံး ၅၀ အနက် ၄၁ ရုံးတွင် ပြီးစီးပြီးဖြစ်
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရန် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၅၀) တို့တွင် သတ်မှတ်ရက်များအလိုက် မဲရုံများ ဖွင့်လှစ်၍ ကြိုတင်ဆန္ဒမဲပေးခြင်းအစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုများအရ ဒီဇင်ဘာ ၈ ရက်နေ့ထိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၄၁) ရုံးတို့တွင် ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ပြည်ပရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲများ ဆက်လက်ပေးနိုင်ရေးအတွက် ကျန်ရှိသောရုံးများအနေဖြင့် သတ်မှတ်နေ့ရက်များအထိ မဲရုံများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
လာမည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ(၂၈)ရက်နေ့ ၌ အပိုင်း(၁) စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့ တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကအသိပေးထားပြီးဖြစ်သည်။
ယခုအချိန်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကြေညာထားပြီးဖြစ်သည်။