အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအစည်းဝေးသို့ အားကစားနှင့်လူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီးတက်ရောက်
ထိုင်းနိုင်ငံ ဗန်းကောက်ချွန်ဘူရီနှင့် ချင်းမိုင်မြို့တို့တွင် ကျင်းပပြုလုပ်မည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် South East Asia Games Federation Council Meetings (SEAGF) အစည်းအဝေးကို ဒီဇင်ဘာ(၉)ရက်ကနေ (၂၀)ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာအားကစားအဖွဲ့ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံပေါင်း(၁၁)နိုင်ငံမှ အကြီးအကဲများက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။