4 ရက် - ဘာသာပြန်ပါ။

ဥရောပထိပ်သီးလိဂ်(၅)ခုထဲမှာ ၂၀၂၅ ခုနှစ်အတွင်း အိမ်ကွင်းရှုံးပွဲမရှိတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် နာပိုလီ မှတ်တမ်းဝင်

နာပိုလီအသင်းဟာ ဥရောပထိပ်သီးလိဂ်(၅)ခုထဲမှာ ၂၀၂၅ ခုနှစ်အတွင်း အိမ်ကွင်းရှုံးပွဲမရှိတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
နာပိုလီအသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေအိမ်ကွင်းပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် မှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့တာပါ။
ဂျူဗင်တပ်စ်နဲ့ပွဲက နာပိုလီအသင်းအတွက် ၂၀၂၅ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရတဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်ဖြစ်ပြီး လာမယ့် စီးရီးအေပွဲစဉ်နှစ်ပွဲကိုတော့ အဝေးကွင်းတွေမှာသာ ယှဉ်ပြိုင်ကစားရမှာပါ။
နာပိုလီအသင်းဟာ ၂၀၂၅ ခုနှစ်အတွင်း စီးရီးအေအိမ်ကွင်းပွဲစဉ် (၁၇)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ (၁၃)ပွဲနိုင်၊ (၄)ပွဲသရေရလဒ်နဲ့ ရှုံးပွဲမရှိခဲ့ပါဘူး။
နာပိုလီအသင်းဟာ ၁၉၈၇ ခုနှစ်တုန်းက တစ်နှစ်အတွင်း အိမ်ကွင်းရှုံးပွဲမရှိအောင် စွမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ဒီနှစ်မှာ ထပ်မံစွမ်းဆောင်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်နဲ့ပွဲမှာ နာပိုလီအသင်းရဲ့ သွင်းဂိုးနှစ်ဂိုးစလုံးကို တိုက်စစ်မှူး ဟွိုင်လန်းက သွင်းယူပေးခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုလည်း ရယူနိုင်ခဲ့ပါတယ်။

image